← Chapters

အခန်း ၉၈၃

Vol. 66 Ch. 983

အခန်း ၉၈၃

Vol. 66 Ch. 983

အခန်း ( ၉၈၃ ) ရင်းနှီးမိသော။

"မင်း..."

ရုတ်တရက် ထွက်ပေါ်လာသူကြောင့် ကောင်းကင်ပိုးသားတော် အံ့အားသင့်သွားသည်။

ချက်ချင်းလှည့်ပြီး လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်ရာ နိယာမစွမ်းအားများက တဟုန်ထိုး တက်လာခဲ့၏။

ယင်းက ကောင်းကင်ပိုးတောင်ကြား၏ မဟာနတ်ဘုရားသိုင်းတစ်ခု ဖြစ်သည်။

သို့သော်လည်း အဖြူရောင်ဝတ် အမျိုးသားက သာမာန်ကာလျှံကာပုံစံဖြင့် သူ၏လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ကစဉ့်ကလျားစွမ်းအင်များ တဟုန်ထိုးတိုးလာပြီး ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ လက်ဝါးကြီးက အစစ်နှင့် အလွန်တူပြီး လက်ဗွေရာများကိုပင် မြင်နေရသေးသည်။ ယင်းက လွန်စွာ လျှို့ဝှက်ဆန်းကျယ်သည်။

"ဝုန်း"

ပြင်းထန်သော ပေါက်ကွဲမှုလှိုင်းများ ထွက်ပေါ်လာပြီး ရှေးဟောင်းမြို့ကြီးတစ်ခုလုံး တုန်လှုပ်သွား၏။

အကယ်၍ ရှေးဟောင်းမြို့တော်တစ်ခုလုံးကိုသာ ခရမ်းရောင်ရွှေအလွှာဖြင့် ဖုံးအုပ်ထားခြင်းမရှိပါက၊ ဤတိုက်ခိုက်မှုကြောင့် ပျက်စီးသွားလောက်သည်။

"အား"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ပိုးသားတော်၏ ခန္ဓာကိုယ်က အမြောက်ဆန်ကဲ့သို့ လွင့်စဉ်သွားပြီး လေထဲတွင်လည်း သွေးစတချို့ လွင့်သွား၏။

"ဟာ"

နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူတို့ နှစ်ယောက်စလုံး အံ့သြသွားကြသည်။

ကောင်းကင်ပိုးသားတော်က အိပ်စက်နေရာမှ နိုးထလာသော အဓိပဓိနယ်ပယ် မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

အင်မော်တယ်နယ်မြေကြီး၏ မျိုးဆက်သစ်လူငယ်များကြားတွင် သူက ထိပ်တန်းအဆင့် ဖြစ်နေပြီ။

ယခုမူကား လက်ဝါးတစ်ချက်ဖြင့် လွင့်စဉ်သွားခဲ့ပြီ ဖြစ်သည်။

သူတို့၏ ကစဉ့်ကလျားခန္ဓာသခင် နိုးထလာလျှင်ပင် ကောင်းကင်ပိုးသားတော်ကို ဖိနှိပ်လိုပါက သုံးလေးကွက်ခန့် သုံးရဦးမည်။

"အဓိပဓိတစ်ပိုင်း ကျင့်ကြံခြင်းအခြေခံနဲ့ ငါ့ကို ဒဏ်ရာရစေနိုင်တယ်။ ပြီးတော့ ကစဉ့်ကလျားခန္ဓာကို ပိုင်ဆိုင်ထားတာက... မင်း... မင်းက တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာပဲ"

ကောင်းကင်ပိုးသားတော်လည်း မနေနိုင်ဘဲ အော်ပြောလိုက်မိသည်။

သာမန် အဓိပဓိတစ်ပိုင်းဖြစ်ပါက သူ့ကို တိုက်ခိုက်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် ခြားနားမည် မဟုတ်ပေ။

အသေခံမည်ကို သံသယဖြစ်ဖွယ်မရှိပေ။

ယခုမူကား၊ ဤလျှို့ဝှက်ဆန်းကြယ်သောလူမှာ သူ့ကို အလွယ်တကူ ဒဏ်ရာရစေနိုင်သည်။

ထို့အပြင် သူ့ခန္ဓာကိုယ်က ကစဉ့်ကလျားအငွေ့အသက်များ ဖုံးလွှမ်းနေသေးသည်။

တစ်ဖက်လူ၏ အထောက်အထားက ထင်ရှားနေပြီ ဖြစ်သည်။

တိုင်းတပါး၏ ကစဉ့်ကလျားခန္ဓာ၊ စစ်နတ်ဘုရားနန်းတော်၏ စစ်နတ်ဘုရားနှင့် ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးအနက် တစ်ပါးဖြစ်သူ။

"တကယ်ကို သူပဲ"

နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူတို့ နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။

သူတို့၏နယ်ပယ်က ဤကစဉ့်ကလျားခန္ဓာနှင့် တူညီပြီး အဓိပဓိတစ်ပိုင်းတွင် ရှိသည်။

သို့သော်...

ဤကစဉ့်ကလျားခန္ဓာသာ သူတို့ကို သတ်ချင်ပါက တိုက်ကွက်တစ်ခုပင်လျှင် များလွန်းပြီဟု ခံစားခဲ့ကြရပေသည်။

"ဟင်"

ကျိချင်းရီက အရောင်လက်နေသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

အဖြူရောင်ဝတ်စုံနှင့် ထိုလူက တစ်စုံတစ်ယောက်ကို အလိုအလျောက် သတိရသွားစေခဲ့၏။

"မဖြစ်နိုင်ဘူး"

ကျိချင်းရီလည်း တိတ်တိတ်လေး ခေါင်းကိုခါယမ်းလိုက်လေသည်။

ကမ္ဘာပေါ်တွင် အဖြူရောင်အဝတ်အစား ဝတ်ဆင်သူက အများအပြားရှိသည်။ လူတစ်ဦးတည်းအတွက် သီးသန့် မဟုတ်ပေ။

"သူက..."

မင်းသမီးလုံကျိ၊ ယွိချန်ကျွမ့်နှင့် ရန်ယုမန်တို့လည်း အနည်းငယ် အံ့အားသင့်သွားကြသည်။

အမှန်အတိုင်းပြောရလျှင်၊ ထိုလူ ဝင်လာကာစက ရင်းနှီးပြီးသား ပုံစံမျိုးကို မြင်ရသောကြောင့် အော်ဟစ်မိမလိုပင် ဖြစ်ခဲ့သေးသည်။

သို့ရာတွင်၊ တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်ရှိ မှုန်ဝါးဝါး ကစဉ့်ကလျားစွမ်းအင်နှင့် မျက်နှာပေါ်ရှိ သရဲမျက်နှာဖုံးတို့ သူတို့ကို ပြောပြနေခဲ့သည်။

ယင်းက ထင်ယောင်ထင်မှားတစ်ခုသာပင်။

"အတူတူလှုပ်ရှားကြရအောင်"

ကောင်းကင်ပိုးသားတော်၏ အမူအရာက လေးနက်သွားခဲ့သည်။

အဓိပဓိတစ်ပိုင်းအဆင့် လူတစ်ဦးနှင့် ရင်ဆိုင်ခြင်းမှ ဤဖိအားမျိုးကို ခံစားရမည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

နေမင်းကာကွယ်သူ၊ လမင်းကာကွယ်သူနှင့် အခြားသူများအတွက်လည်း အလားတူပင် ဖြစ်သည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ဤနေရာတွင် အသိမိတ်ဆွေများနှင့်တွေ့ရန် သူ မမျှော်လင့်ထားပေ။

သို့သော်လည်း မင်းသမီးလုံကျိတို့သုံးဦးနှင့် ကောင်းကင်ပိုးသားတော်တို့မှာ ပြဿနာဖြစ်နေကြောင်း သူ သတိပြုမိခဲ့သည်။

ကျွင်းရှောင်ယောက်က သူတို့ကို ပွင့်ပွင့်လင်းလင်း မကူညီနိုင်သော်လည်း ဤအခက်အခဲများကိုတော့ ဖြေရှင်းပေး၍ရသေးသည်။

"သတ်"

ကောင်းကင်ပိုးသားတော်က သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။

သူက ရည်မှန်းချက်ကြီးနေသေးသည်။

အကယ်၍ သူသာ ဤတိုင်းတပါးသား ကစဉ့်ကလျားခန္ဓာကို သတ်နိုင်ပါက မည်သို့သော ဆုလာဘ်နှင့် ဂုဏ်ကျက်သရေကို ရရှိမည်နည်း။

သူတို့ နှစ်ယောက်စလုံးသာ အဓိပဓိနယ်ပယ်တွင် ရှိနေပါက၊ ကောင်းကင်ပိုးသားတော်မှာ ဤအကြောင်းကို တွေးပင်မတွေးဘဲ ခြေကုန်သုတ်ပြေးမည် ဖြစ်သည်။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူဟာ အဓိပဓိတစ်ပိုင်းဖြစ်သောကြောင့် အခွင့်အလမ်းရှိဦးမည်ဟု သူထင်မှတ်ခဲ့ပေသည်။

နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူလည်း ပြိုင်တူ လှုပ်ရှားလိုက်ကြသည်။

ကျိချင်းရီမူကား ခဏစဉ်းစားပြီးနောက် စူးစမ်းချင်စိတ်ဖြင့် လှုပ်ရှားလိုက်၏။

မင်းသမီးလုံကျိတို့ သုံးဦးမှာတော့ အနည်းငယ် တုံ့ဆိုင်းနေခဲ့ကြသည်။

ကစဉ့်ကလျား အငွေ့အသက်များနှင့် ထိုလူက တစ်စုံတစ်ယောက်နှင့် ခပ်ဆင်ဆင်တူနေ၏။

သို့သော်လည်း ကစဉ့်ကလျားခန္ဓာက မိန်းကလေးသုံးယောက်၏ နှလုံးသားထဲမှ အဓိပ္ပါယ်မဲ့သော အတွေးများကို ဖြတ်တောက်ရန် လုံလောက်ခဲ့ပေသည်။

"ဒီကနေ ထွက်သွားကြရအောင်"

ရန်ယုမန်က ငေးမောနေသော မိန်းကလေးနှစ်ယောက်ကိုကြည့်ကာ ခပ်တိုးတိုးလေး ပြောလိုက်သည်။

ထိုမှသာ မင်းသမီးလုံကျိနှင့် ယွိချန်ကျွမ့်လည်း သတိပြန်ဝင်လာကြလေသည်။

သူတို့အားလုံး အဖြူရောင်ဝတ်စုံနှင့် အမျိုးသားကို လေးလေးနက်နက်ကြည့်လိုက်သည်။ ထို့နောက်တော့ ချက်ချင်းလှည့်ကာ ကျစ်ကျင်းရှေးဟောင်းမြို့မှ ထွက်သွားကြတော့သည်။

မင်းသမီးလုံကျိတို့ ထွက်သွားသည်ကို ခံစားမိသဖြင့် ကျွင်းရှောင်ယောက်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဤမိန်းကလေးသုံးယောက် သူ့ကိုတိုက်ခိုက်မည်ကို အမှန်တကယ် သူ စိုးရိမ်မိ၏။ ထိုသို့ဖြစ်လျှင် အနည်းငယ် လုပ်ရကိုင်ရခက်လိမ့်မည်။

ကံကောင်းထောက်မစွာ၊ သူတို့အားလုံးက ထက်မြက်သော အမျိုးသမီးများဖြစ်ကြပြီး အခြေအနေကို မည်သို့စီရင်ရမှန်း သိကြသည်။

"‌နတ်ပိုးကောင် ပိတ်လှောင်ခြင်းကျင့်စဉ်"

ကောင်းကင်ပိုးသားတော်က ကောင်းကင်ပိုးတောင်ကြား၏ နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်ဖော်လိုက်သည်။

သူ့နောက်တွင် နိယာမစွမ်းအားက ပိုးချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကျွင်းရှောင်ယောက်ဆီသို့ ပစ်လွင့်သွား၏။

ကောင်းကင်ပိုးတောင်ကြား၏ ဤလျှို့ဝှက်နည်းလမ်းက ကောင်းကင်နှင့်မြေပြင်ကို တံဆိပ်ခတ်နိုင်သည်ဟု ဆိုကြသည်။ ယင်းက တစ်ဖက်ရန်သူကို ပိုးအိမ်လုံးအဖြစ် တံဆိပ်ခတ်ပြီး ပြန်လည်သန့်စင်နိုင်ပေသည်။

ဤတိုက်ကွက်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ပိုးသားတော်၏ နိယာမစွမ်းအား ထိန်းချုပ်နိုင်စွမ်းမှာ အလွန်မြင့်မားနေပြီဟု သိနိုင်သည်။

နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူလည်း လှုပ်ရှားခဲ့ကြသည်။

အင်မော်တယ်နယ်မြေကြီးရှိ ကစဉ့်ကလျားခန္ဓာ၏ နောက်လိုက်များအနေဖြင့် သူတို့၏ ပင်ကိုယ်စွမ်းရည်နှင့် ခွန်အားများမှာ အလွန်သန်မာသည်။ သူတို့က ကြယ်တာရာကာကွယ်သူထက် များစွာပို၍ အစွမ်းထက်၏။

ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးကလည်း ပြင်းထန်သော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသည်။

တချိန်တည်းမှာပင်၊ ကျိချင်းရီကလည်း တိုက်ခိုက်၏။ သူမ၏ စွမ်းအားက ကာကွယ်သူနှစ်ဦးနှင့် မတိမ်းမယိမ်း ရှိပေသည်။

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်နှင့် တောင်ဖြိုတံဆိပ်တော်ကို ထုတ်ဖော်လိုက်သည်။

ဤသည်မှာ စစ်နတ်ဘုရားကျမ်းမှ နားလည်ခဲ့သော နည်းလမ်းတစ်ခု ဖြစ်၏။

ယင်းက မဟာနတ်ဘုရားသိုင်းကဲ့သို့ အစွမ်းထက်ခြင်းမျိုး မရှိသော်လည်း ကျွင်းရှောင်ယောက်၏လက်ထဲတွင် ကြောက်စရာကောင်းသော သိုင်းပညာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့အပြင်၊ ကစဉ့်ကလျားစွမ်းအင်ကလည်း ထောက်ပံ့ထားသေး၏။ မူလကတည်းက အားကောင်းသော တိုက်ခိုက်မှုမှာ ပို၍ ပြင်းထန်လာတော့သည်။

"ဝုန်း"

ထိပ်တိုက် တွေ့ဆုံပြီးနောက် ကျိချင်းရီ၊ နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူတို့ လွင့်စဉ်သွားကြသည်။

ကျိချင်းရီကတော့ အခြေအနေပိုကောင်းသည်။ သို့ရာတွင်၊ ပုဝါအောက်မှ သူ့မျက်နှာလေးက အနည်းငယ် ဖြူဖျော့သွား၏။

နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူဆိုပါက သွေးအန်ထွက်ပြီး အရိုးများ အက်ကွဲကာ ချက်ခြင်း ပြင်းထန်စွာ ဒဏ်ရာရသွားကြတော့သည်။

ထိုအချိန်တွင် ကောင်းကင်ပိုးသားတော်၏ အဆုံးစွန် တိုက်ခိုက်မှုက ရောက်လာပြီ ဖြစ်သည်။

နိယာမစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ချည်မျှင်များက ကျွင်းရှောင်ယောက်၏ပတ်ပတ်လည်တွင် ခဏချင်း ပြည့်သွား၏။ ပိုးလုံးအိမ်တစ်ခုကဲ့သို့ ကျွင်းရှောင်ယောက်ကို ချက်ချင်း ဝိုင်းပတ်လိုက်ကြပြီ။

"သန့်စင်လော့"

ကောင်းကင်ပိုးသားတော် အော်ဟစ်လိုက်သည်။ နိယာမစွမ်းအင်များက တဟုန်ထိုး တက်လာပြန်၏။

ယင်းက နိယာမမီးလျှံအဖြစ်နှင့် ပိုးလုံးကို လောင်ကျွမ်းတော့သည်။

အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦးအနေဖြင့် ကောင်းကင်ပိုးသားတော်တွင် ကျွမ်းကျင်မှုတချို့ရှိကြောင်း ထင်ရှားသည်။

နောက်ဆုံးတွင်၊ ဤမျိုးစေ့အဆင့် ပါရမီရှင်များ ၎င်းတို့၏ခေတ်ကို လွှမ်းမိုးနိုင်ခဲ့ကြသည်မှာ အကြောင်းမဲ့မဟုတ်ပေ။

"ဟမ့်၊ ကစဉ့်ကလျားခန္ဓာဆိုရင်တောင် ဘာဖြစ်လဲ"

ကောင်းကင်ပိုးသားတော်၏ မျက်နှာက ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

အကယ်၍ ကစဉ့်ကလျားခန္ဓာ၏ သွေးနှင့် အရင်းမြစ်စွမ်းအင်ကို ရရှိနိုင်ပါက...

အသွင်ပြောင်းခြင်းဆယ်ခု နတ်ပိုးကောင်အဖြစ်သို့ သူ အသွင်ပြောင်းနိုင်ခြေသည် တစ်ရာရာခိုင်နှုန်းနီးပါး ဖြစ်လိမ့်မည်။

သို့သော်...

ကောင်းကင်ပိုးသားတော်၏ အိပ်မက်ကလေး မပြီးဆုံးမီတွင်...

"ရွှမ်း"

ဓားအလင်းတစ်ခုက ပိုးအိမ်ကို ခွဲထွက်လာခဲ့သည်။

တောက်ပလွန်းသော ဓားအလင်းတစ်ခုက အလွန်မြန်ပြီး ကောင်းကင်ပိုးသားတော်၏ မျက်ခုံးနှစ်ခုကြားကို ချက်ချင်း ထိုးဖောက်သွား၏။

သူ မတုံ့ပြန်နိုင်မီပင် သူ၏ရှေးဦးဝိညာဉ်က ပျက်သုဉ်းသွားခဲ့ပြီ။

အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် ပါရမီရှင် ကောင်းကင်ပိုးသားတော် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

All Chapters