← Chapters

အခန်း ၉၈၆

Vol. 66 Ch. 986

အခန်း ၉၈၆

Vol. 66 Ch. 986

အခန်း ( ၉၈၆ ) နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ် ရှင်ပြန်ထမြောက်ခြင်း။

ရှေးဟောင်းမင်းမျိုးနွယ် မိသားစုတွင် မွေးဖွားခဲ့သူအနေဖြင့် သူ၏ မြင်နိုင်စွမ်းက သဘာဝအတိုင်း ထူးကဲသည်။

ခရမ်းရောင်ရွှေပိုးအိမ်ထဲတွင် ထုပ်ပိုးထားသော တည်ရှိမှုသေးသေးလေးက ဒဏ္ဍာရီလာ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ဖြစ်ကြောင်း ချက်ချင်း သတိပြုမိ၏။

အပေါ်ယံကြည့်ပါက ယင်းမှာ အလွန်သေးငယ်ပြီး ထင်ရှားခြင်းမရှိသော ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။

သို့ရာတွင်၊ ဤမျိုးနွယ်က သွေးသန့်စင်သော အစစ်အမှန်နဂါးများထက်ပင် ရှားပါးသည်။

သူတို့က နိယာမအင်များကို ကျွမ်းကျင်ကြ၏။

သူတို့မျိုးနွယ်က ထူးကဲသော နတ်ဘုရားများနှင့် နတ်ဆိုးများ၏ သဘာ

ဝစွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားကြသေးသည်။

'ဒါနဲ့ ဒီမျိုးနွယ်မှာ အားကောင်းတဲ့ နတ်ဘုရားနဲ့နတ်ဆိုးရဲ့ သဘာဝစွမ်းရည်တွေ ရှိတယ်။ ဒါက ငါဆုပ်ကိုင်ထားတဲ့ ခွန်ပန် မဟာနတ်ဘုရားသိုင်းနဲ့ မိုးကြိုးဧကရာဇ်ရဲ့ မဟာနတ်ဘုရားသိုင်းတွေနဲ့ နှိုင်းယှဉ်နိုင်လိမ့်မယ်'

ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ တွေးလိုက်သည်။

နတ်ဘုရားနှင့်နတ်ဆိုးများ၏ သဘာဝစွမ်းရည်က ကျွင်းရှောင်ယောက်ကို ဆွဲဆောင်နိုင်ခြင်းမှာ အကြောင်းရင်းတစ်ခု ရှိသေးသည်။

ထိုနည်းလမ်းကို ပိုင်နိုင်ပါက အင်အားနိယာမကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

အဓိပဓိနယ်ပယ်တွင် နိယာမတစ်ခုကို ပို၍ နားလည်ပါက၊ အဆင့်တူ အခြားအဓိပဓိများထက် ပို၍အားကောင်းပေလိမ့်မည်။

"ကောင်းကင်ပိုးသားတော်နဲ့ အခြားသူတွေက အဲဒါကို မက်မောနေကြတာ အံ့ဩစရာမရှိတော့ပါဘူး။ ငါတောင်မှ စိတ်လှုပ်ရှားမိတယ်"

ကျွင်းရှောင်ယောက် တစ်ယောက်တည်းရေရွတ်ရင်း ပြုံးလိုက်မိသည်။

ထို့နောက်တွင်၊ သူ့မျက်လုံးအကြည့်က တစ်ဖန် ရွေ့လျားသွားပြီး ဝိညာဉ်တစ်သောင်း ဆေးပင်ပေါ်သို့ ကျရောက်လာသည်။

"ဒါက ဝိညာဉ်တစ်သောင်း သွေးဆေးပင်ပဲ"

ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။

ဤတော့မှသာ ကျွင်းရှောင်ယောက်လည်း ကျစ်ကျင်းရှေးဟောင်းမြို့တော်အပြင်ဘက်မှာ ကြီးမားသော ဝင်္ကပါကြီးများ ဘာကြောင့်ရှိနေမှန်း နောက်ဆုံးတွင် သူနားလည်သွားသည်။

ထိုဝင်္ကပါက ကောင်းသင်္ဂြိုဟ်တောအုပ်ထဲတွင် ကျဆုံးသွားသော သက်ရှိများ၏ တာအိုခန္ဓာများ၊ တာအိုအရိုးကဲ့သို့ စွမ်းအင်အားလုံးကို စုစည်းနေခြင်း ဖြစ်ချေသည်။

နောက်ဆုံးတွင်၊ ထိုစွမ်းအင်များက ကျစ်ကျင်းရှေးမြို့တော်၏ မြေအောက်၌ စုစည်းပြီး ဝိညာဉ်တစ်သောင်း သွေးဆေးပင်အဖြစ် ပေါက်ရောက်လာခဲ့သည်။

ယင်းက နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးအတွက် နိယာမရေကန်ကို စွမ်းအင်ထောက်ပံ့နေသည်ဟုလည်း ဆို၍ရပေသည်။

ဝိညာဉ်တစ်သောင်းသွေးဆေးပင်က ကြီးမြတ်သောဆေးတစ်မျိုးဖြစ်သည်။ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး ၎င်း၏ပိုးအိမ်မှ ခွဲထွက်လာသောအခါ၊ သဘာဝအတိုင်း စားသောက်ပြီး လျင်မြန်စွာ ကြီးထွားနိုင်လိမ့်မည်။

"သူတို့က တကယ်ကို ကြိုးစားအားထုတ်ခဲ့တာပဲ"

ကျွင်းရှောင်ယောက်လည်း သက်ပြင်းချလိုက်မိသည်။

ခရမ်းရောရွှေပိုးအိမ်အတွင်း၌ အလွန်သန့်စင်ပြီး အားကောင်းသော အငွေ့အသက်တစ်ခုကို သူ ခံစားရ၏။

ယင်းက နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ် ဧကရာဇ်မျိုးနွယ်မှ တိုက်ရိုက်ဆင်းသက်လာသူ ဖြစ်နိုင်သည်။

တစ်နည်းဆိုရသော်၊ ဧကရာဇ်၏သားတော် တစ်ပါးပင်။

"နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးနွယ်မှာ အားကောင်းတဲ့ အကျော်အမော်တွေ အများကြီးရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ အကျော်ကြားဆုံးကတော့ နတ်ဆိုးနတ်ဘုရားဧကရာဇ် ဖြစ်သင့်တယ်"

ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။

နတ်ဆိုးနတ်ဘုရားဧကရာဇ်က ကမ္ဘာနှစ်ခုကြားစစ်ပွဲတွင် ပါဝင်ခဲ့ပြီး စစ်မှန်သော သူရဲကောင်းတစ်ဦး ဖြစ်၏။

အင်မော်တယ်ဘုရင်တစ်ပါးထက်မက သူ့လက်ထဲတွင် ကျဆုံးခဲ့ကြရပေသည်။

သို့သော်လည်း နောက်ဆုံးတွင် တိုင်းတစ်ပါးမှ စွမ်းအားအကြီးဆုံး သဘာဝကပ်ဘေးအဆင့် အင်မော်တယ်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

သို့တိုင်၊ အချိန်အတော်ကြာအောင် တိုက်ခိုက်နေသေးပြီး အခြား အင်မော်တယ်ဘုရင်များဖြင့် ပူးပေါင်းတိုက်ခိုက်မှ ကျဆုံးခဲ့ရခြင်း ဖြစ်ချေသည်။

ထိုမှ ဤမျိုးနွယ်စု၏ ရှင်သန်နိုင်စွမ်းကို မြင်နိုင်သည်။

"အသက်ကျမ်းထဲက အင်မော်တယ်ကျင့်စဉ်ကိုသာ ဒီနတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးကို သင်ပေးလိုက်မယ်ဆိုရင် တကယ့် မသေမျိုးအဖြစ် ‌ပြောင်းလဲသွားမလား မသိဘူး"

ထိုအကြောင်းကိုတွေးရင်း ကျွင်းရှောင်ယောက် အနည်းငယ် စိတ်ဝင်စားသွားမိသည်။

သို့သော်လည်း ဤနတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်၏ သဘောထားကို အရင်ကြည့်ရဦးမည်

ကျွင်းရှောင်ယောက်က လုပ်စရာများကို စတင် စဉ်းစားနေပြီ ဖြစ်သည်။

သို့သော်၊ ဤနတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးကို နောက်လိုက်အဖြစ် လက်ခံမည် မဟုတ်ပေ။

နောက်ဆုံးတွင်၊ တစ်ဖက်လူက သူရဲကောင်းတစ်ယောက်မှ ဆင်းသက်လာခဲ့သူ ဖြစ်သည်။ သူ့ကို သူငယ်ချင်း သို့မဟုတ် ညီလေးတစ်ယောက်အဖြစ် ခေါ်ယူရင်တော့ သင့်လိမ့်မည်။

"ဒါပေမဲ့ ဝိညာဉ်တစ်သောင်းသွေးဆေးပင်က ငါ့အတွက် အသုံးဝင်တယ်"

ကျွင်းရှောင်ယောက်က မယဉ်ကျေးဘဲ ဝိညာဉ်တစ်သောင်း သွေးဆေးပင်ကို တိုက်ရိုက်ယူကာ သူ၏ အတွင်းစကြဝဠာထဲသို့ ထည့်လိုက်သည်။

နောက်ဆုံးတွင်၊ ကောင်းကင်အင်မော်တယ်သစ်သီး တစ်မျိုးတည်းဖြင့် အဓိပဓိနယ်ပယ်သို့ ချိုးဖြတ်ရန် မဖြစ်နိုင်ပေ။

ဝိညာဉ်‌တစ်သောင်းသွေးဆေးက သူ၏ လိုအပ်ချက်ကို ဖြေရှင်းပေးခဲ့သည်။

"အင်း၊ ငါမင်းကို အခွင့်ကောင်းမယူပါဘူး"

ခဏစဉ်းစားပြီးနောက် ကျွင်းရှောင်ယောက်က သူ့လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

သူ့လက်ချောင်းထိပ်တွင် လှုပ်ရှားနေသော‌ သွေးတစ်စက် ပေါ်လာခဲ့၏။

ယင်းက သာမန် သွေးတစ်စက်မျှသာ မဟုတ်ပေ။

ကစဉ့်ကလျားခန္ဓာ၏ နှလုံးသွေး ဖြစ်သည်။

ဤကစဉ့်ကလျားသွေးအနှစ်သာရ တစ်စက်က ဝိညာဉ်တစ်သောင်းသွေးဆေးထက် များစွာပို၍ တန်ဖိုးကြီးပေသည်။

ကစဉ့်ကလျားသွေးစက်က ခရမ်းရောင်ရွှေပိုးအိမ်ပေါ်သို့ ကျရောက်သွားသောအခါ...

အတက်အကျ စွမ်းအင်လှိုင်းများက ပို၍ အားကောင်းလာခဲ့သည်။

ထိုအတက်အကျက ဧရာမ မိစ္ဆာသားရဲကြီး နိုးထလာသကဲ့သို့ ဖြစ်၏။

သို့ရာတွင်၊ တကယ်တမ်းမှာတော့ ယင်းက လက်ချောင်းအရွယ် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်ချေသည်။

"ကလစ်၊ ကလစ်"

ခရမ်းရောင်ရွှေပိုးအိမ်က စတင်ကွဲအက်လာခဲ့သည်။

နောက်ဆုံးတွင် ပိုးအိမ်ထဲမှ သတ္တဝါလေးတစ်ကောင် ထွက်ပေါ်လာသည်။

လက်တစ်ချောင်းသာသာရှိသော ပုရွက်ဆိတ်လေးတစ်ကောင် ဖြစ်၏။

သူ့တကိုယ်လုံးကလည်း နတ်ရွှေနှင့် သွန်းထားသကဲ့သို့ ရွှေခရမ်းရောင် ဖြစ်တော့သည်။

သူ့တွင် စုစုပေါင်း ခြေခြောက်ချောင်းရှိပြီး ပထမနှစ်ချောင်းက လူသားလက်နှင့်တူသည်။ ထိုလက်နှစ်ဖက်တွင် လူကဲ့သို့ လက်ဖဝါးများပင် ရှိသေးသည်။

သူ့ကိုကြည့်ရသည်မှာ လူတူသတ္တဝါလေးတစ်ကောင်နှင့်ပင် တူသေးသည်။

သူ့ဦးခေါင်းပေါ်မှာတော့ ပုရွက်ဆိတ်တို့၏ အမွှေးလေးနှစ်ချောင်းကဲ့သို့ ဦးမှင်နှစ်ခု ရှိ၏။

ယခုအချိန်တွင် နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက အခြေအနေကို ရိပ်မိပုံမပေါ်သေးဘဲ သူ့ခေါင်းကို လက်ဖြင့်ကုပ်နေသည်။

သို့သော်၊ သူ့ဦးချိုလေးက အမှောင်အငွေ့အသက်များကို ခံစားမိဟန်ဖြင့် ရုတ်တရက် တုန်ခါသွားသည်။

"တိုင်းတပါးသားတွေ၊ သေရမယ်"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်၏ ပါးစပ်မှ ကလေးဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ကျွင်းရှောင်ယောက်ကို တွေ့လိုက်သောအခါ သူ့မျက်လုံးများက ချက်ချင်းနီရဲပြီး မုန်းတီးမှုမီးတောက်များ ပေါက်ကွဲထွက်လာခဲ့၏။

သူက အလွန်လျင်မြန်သော အရှိန်ဖြင့် လေထဲသို့ ခုန်တက်ကာ ကျွင်းရှောင်ယောက်ကို လက်သီးဖြင့် ထိုးနှက်တော့သည်။

သူ့ကိုကြည့်ရသည်မှာ သာမန် ပုရွက်ဆိတ်လေးတစ်ကောင်မျှ ဖြစ်သည်။ သို့ရာတွင်၊ သူ့လက်သီးက အင်အားနိယာမများ ပါဝင်ပြီး အလွန်ကြောက်စရာကောင်း၏။

"အဓိပဓိနယ်ပယ်..."

ကျွင်းရှောင်ယောက်လည်း နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး၏ နယ်ပယ်ကို ချက်ချင်း သတိပြုလိုက်မိသည်။

ပြောရလျှင်၊ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးသည်လည်း အချိန်အတော်ကြာ အိပ်စက်နေသော မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦး ဖြစ်ချေသည်။

ထို့အပြင် သူက ဧကရာဇ်တစ်ပါးမှ တိုက်ရိုက်ဆင်းသက်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အဓိပဓိနယ်ပယ် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားတာ ပုံမှန် ဖြစ်ချေသည်။

ကျွင်းရှောင်ယောက်လည်း တားဆီးရန် သူ့လက်တစ်ဖက်ကို မြှောက်လိုက်သည်။

အရွယ်အစား ကွာခြားလွန်းသဖြင့် သူတို့တိုက်ခိုက်ကြပုံမှာ အနည်းငယ် ရယ်စရာကောင်း၏။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ ဧရာမသားရဲတစ်ကောင်၏ ဖိနှိပ်ခြင်းကဲ့သို့ ခံစားလိုက်ရသည်။

ယင်းက ရှေးဦး ကြယ်တာရာဝါးမျို သားရဲကြီးကို ရင်ဆိုင်လိုက်ရသလိုပင်။

ထိုစွမ်းအားမျိုးက ကောင်းကင်ကို တုန်လှုပ်စေသည်။

ကံကောင်းထောက်မစွာဖြင့် ကျွင်းရှောင်ယောက်ဟာ ကစဉ့်ကလျားခန္ဓာဖြစ်သည်။ သူ၏ အရည်အချင်းကလည်း အလွန်အားကောင်း၏။

ထိုသို့မဟုတ်ပါက၊ ထိပ်သီး တာအိုခန္ဓာဆယ်ခုအပြင် မည်သည့် တာအိုခန္ဓာမှ မတားဆီးနိုင်ဘဲ တစ်ချက်တည်း ပေါက်ကွဲသွားလောက်သည်။

"ကစဉ့်ကလျားခန္ဓာလား"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး ခဏတာ အံ့အားသင့်သွားသည်။ သို့သော်လည်း ဒေါသတကြီးဖြင့် ဆက်လက် တိုက်ခိုက်လိုက်၏။

"ခဏလေး၊ အလျင်မလိုပါနဲ့"

ကျွင်းရှောင်ယောက်က ရှင်းပြရန် ဟန်ပြင်လိုက်သည်။

"မင်းလို တိုင်းတပါးသားနဲ့ ပြောစရာ ဘာစကားမှမရှိဘူး"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက အလွန်ပြတ်သားသည်။ သူက လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်၏။

သူ့တကိုယ်လုံးမှာလည်း ခရမ်းရွှေရောင်၊ အနီရောင် စွမ်းအင်များက ဆူပွက်ပြီး ပြည့်နှက်နေသေးသည်။

ယင်းက နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ် ပိုင်ဆိုင်ကြသော သွေးမျိုးဆက်စွမ်းအား ဖြစ်သည်။

"ဝုန်း၊ ဝုန်း"

ကျွင်းရှောင်ယောက်နှင့် နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက လက်သီးချက်များစွာ ဖလှယ်ခဲ့ကြသည်။

တိုက်ခိုက်ရင်း၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အံ့သြလာမိ၏။

ဤအခိုက်တွင် သူက အစွမ်းကုန် မတိုကိခိုက်သော်လည်း ကစဉ့်ကလျားခန္ဓာ ဖြစ်နေသေးသည်။

ယခုတော့ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးဟာ သူ့ထက် မနိမ့်ကျသည့် အင်အားမျိုးဖြင့် တိုက်ခိုက်နေခဲ့သည်။

အဆုံးစွန်အင်အားနိယာမကို ကျွမ်းကျင်ပိုင်နိုင်သော နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်တစ်ကောင် ဖြစ်ထိုက်ပါပေသည်။

"ခဏနေဦး၊ ငါက တိုင်းတပါးသား မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူက နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ကို အမှန်အတိုင်းဝန်ခံရန် စဉ်းစားလိုက်၏။

"ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့၊ ငါ့ရဲ့ပုရွက်ဆိတ်အာရုံက မင်းရဲ့ညစ်ပတ်ပြီး မှောင်မိုက်တဲ့အငွေ့အသက်ကို ခံစားနိုင်တယ်"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်က ကလေးသံလေးဖြင့် အော်ဟစ်လိုက်သည်။

သူ့ဦးခေါင်းပေါ်ရှိ ဦးမှင်က အလွန်ထက်မြက်သော အာရုံခံနိုင်စွမ်း ရှိပေသည်။

ကျွင်းရှောင်ယောက် အကူအညီမဲ့သွားသည်။ သို့သော်လည်း သူ နားလည်နိုင်ပေသည်။

နောက်ဆုံးတွင်၊ သူ၏ဖခင်က တိုင်းတပါးသားများ၏လက်တွင် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

‌ကျွင်းဝူဟွေ့သာ တိုင်းတပါးတွင် သေဆုံးသွားပါက သူသည်လည်း ရူးသွပ်သွားလိမ့်မည်။

"ငါသာ ရန်သူဖြစ်ခဲ့ရင် မင်းကိုနှိုးဖို့ ကစဉ့်ကလျားသွေးအနှစ်သာရနဲ့ အားဖြည့်ပေးပါ့မလား"

ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးလည်း ဤတော့မှ သတိပြုမိပြီး အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

သူ့ခန္ဓာထဲတွင် အားကောင်းသော ကစဉ့်ကလျားစွမ်းအင်များကို ခံစားရ၏။ ယင်းက နိုးထကာစဖြစ်သော သူ့ခန္ဓာကိုယ်ကို အာဟာရဖြစ်စေသည်။

ယင်းမှာ ကစဉ့်ကလျား သွေးအနှစ်သာရ ဖြစ်ချေသည်။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးလည်း တိုက်ခိုက်မှုကို ခေတ္တရပ်လိုက်သည်။ သို့တိုင် သူ၏ ပြူးကျယ်သော မျက်လုံးများက ရန်လိုစိတ်ဖြင့် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေသေးသည်။

"မင်းဘာတွေ ကြံစည်နေတာလဲ၊ ငါ့ကိုလှည့်ဖြားဖို့ မကြိုးစားနဲ့"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက အလွန်သတိရှိသည်။

All Chapters