← Chapters

အခန်း ၉၈၇

Vol. 66 Ch. 987

အခန်း ၉၈၇

Vol. 66 Ch. 987

အခန်း ( ၉၈၇ ) နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်မျိုးနွယ်၏ သဘာဝစွမ်းရည်ကို ရရှိခြင်း။

ကျွင်းရှောင်ယောက် ခပ်တိုးတိုး ရယ်မောလိုက်သည်။

ဤနတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက အသက်မပြည့်သေးတာ သေချာလှပေသည်။ သူ့စိတ်က ရင့်ကျက်မှု မရှိသေးပေ။

အခြားသော မျိုးစေ့အဆင့် ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက ကြီးမားသော ကွာဟချက်တစ်ခု ရှိသည်။

သို့သော်လည်း ဤနတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက ငယ်ရွယ်သေးသည့်တိုင် အလွန်အားကောင်း၏။

သူ အရွယ်ရောက်လာပါက မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်ရန်ပင် ခက်ခဲသည်။

အနည်းဆုံးတော့ သူ့အဖေထက် အားနည်းမည် မဟုတ်တန်ရာပေ။

"ငါက အင်မော်တယ်နယ်မြေကြီးရဲ့ ကျင့်ကြံသူတစ်ဦးပါလို့ပြောရင် မင်း ယုံမှာလား"

ကျွင်းရှောင်ယောက်က သူ့မျက်နှာပေါ်မှ သရဲမျက်နှာဖုံးကိုချွတ်ပြီး အနည်းငယ် ပြုံးလိုက်တယ်။

"ငါ့ကို ငတုံးထင်လို့လား"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက ရန်လိုနေဆဲပင်။

"ဟင်း..."

ကျွင်းရှောင်ယောက်လည်း ခေါင်းကို အနည်းငယ်ခါယမ်းပြီး အရိပ်ပုလဲကို ထုတ်ယူလိုက်သည်။

ဤအရိပ်ပုလဲတွင် သူ၏ အစီအစဉ် အဆင့်ဆင့်ကို မှတ်တမ်းထင်ထား၏။

ယင်းက နောင်အခါတွင် အလွယ်တကူ ရှင်းပြနိုင်စေရန် ဖြစ်သည်။

"ကြည့်လိုက်"

ကျွင်းရှောင်ယောက်က အရိပ်ပုလဲအတွင်းသို့ စွမ်းအင်ပို့လွှတ်လိုက်သည်။

ရုတ်တရက်၊ မြင်ကွင်းအချို့ ထွက်ပေါ်လာ၏။

ဥပမာအားဖြင့်၊ ကောင်းကင်သင်္ချိုင်းတွင် ကျွင်းရှောင်ယောက် လှုပ်ရှားခဲ့သော အစီအမံများ၊ အသွင်ပြောင်းခြင်း၊ ခန္ဓာကိုယ် ပြန်လည်ပြုပြင်ခြင်း စသည်ဖြင့်...

တိုင်းတပါးသား သတ္တဝါများကို လှည့်စားသည့် မြင်ကွင်းများလည်း ရှိသည်။

ကံကြမ္မာဂိုဏ်းအတွက် တရားဟောခြင်းများလည်း ပါဝင်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး အံ့အားသင့်သွား၏။

"မင်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ကျွင်းရှောင်ယောက်လား"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး အနည်းငယ် တုန်လှုပ်သွားလေသည်။

သူဟာ ဤခေတ်မှမဟုတ်၍ အင်မော်တယ်နယ်မြေကြီးရှိ ကျွင်းရှောင်ယောက်၏ ယခင်နာမည်ကျော်ကြားမှုကို မသိပေ။

သို့သော်လည်း ရှေးဟောင်းမင်းမျိုးနွယ် ကျွင်းမိသားစုအကြောင်းကိုတော့ ကောင်းကောင်း သိသည်။

သူ၏ ဖခင်ဖြစ်သော နတ်ဆိုးနတ်ဘုရားဧကရာဇ်ပင်လျှင် ထိုအကြောင်းကို တချိန်က ပြောပြခဲ့ဖူး၏။

အင်မော်တယ်နယ်မြေကြီးကို တိုင်းတစ်ပါးမှ လုံးလုံးလျားလျားဖြတ်ကျော်ရန် ခက်ခဲရခြင်းအကြောင်းရင်းများထဲတွင် ကျွင်းမိသားစုက ‌အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။

ဤမိသားစုတွင် အလွန်နက်နဲသော နောက်ခံရှိသည်။

ထိုမိသားစု တစ်ခုတည်း၏ စွမ်းအားဖြင့် တိုင်းတစ်ပါးတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည်။

ထိုမှ ကျွင်းမိသားစုကို မည်မျှ ကြောက်ဖို့ကောင်းသလဲ တွေးကြည့်နိုင်ပေသည်။

နတ်ဆိုးနတ်ဘုရားဧကရာဇ်ကိုယ်တိုင်က နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်တို့ကို သတိပေးခဲ့ဖူးသည်။

ဖြစ်နိုင်လျှင်၊ ကျွင်းမိသားစုနှင့် ရန်သူ မဖြစ်ရပါ။ သူတို့လှုပ်ရှားပါက ကမ္ဘာတစ်ခုလုံး ပြိုကျသွားနိုင်သည်။

ကျွင်းမိသားစုနှင့် မိတ်ဆွေဖွဲ့နိုင်လျှင်တော့ အနာဂတ်တွင် မကြုံစဖူး သာလွန်သောလမ်းကို လျှောက်လှမ်းနိုင်လိမ့်မည်။

နတ်ဆိုးနတ်ဘုရားဧကရာဇ်၏ ထပ်ခါတလဲလဲ မှာကြားချက်များကြောင့် နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးလည်း ထိုအကြောင်းများကို နက်နက်နဲနဲ အမှတ်ရနေခဲ့ပေသည်။

"ဒါတွေက အမှန်တကယ်လား။ မင်းက တကယ်ပဲ တိုင်းတပါးမှာ လျှို့ဝှက်အလုပ်လုပ်နေတဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲလား"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက ယုံကြည်စပြုလာသော်လည်း သံသယရှိနေသေးသည်။

"ငါ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ အမှောင်အငွေ့အသက်က ဒီသွေးတစ်စက်ကနေ လာတာပါ"

ကျွင်းရှောင်ယောက်လည်း အနက်ရောင်သွေးစက်ကို ထုတ်ပြလိုက်လေသည်။

"အား၊ ဒါက ကြောက်စရာကြီးပါလား။ မြန်မြန်ပြန်သိမ်းထားလိုက်စမ်းပါ"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး ကြောက်ရွံ့တုန်လှုပ်ဟန်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားလေသည်။

သူ၏ ဦးမှင်နှစ်ခုဖြင့် ထိုအနက်ရောင်‌သွေးကို ခံစားကြည့်မိသောအခါ မှောင်မိုက်လွန်းသည့် အိပ်မက်ဆိုးတစ်ခုထဲသို့ ချက်ချင်း ကျရောက်ခဲ့သည်။

ဤအနက်ရောင် သွေးတစ်စက်က အလွန်ကြောက်စရာကောင်းပြီး နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးကို တုန်လှုပ်သွားစေခဲ့ပေသည်။

ကျွင်းရှောင်ယောက်လည်း ကောင်းကင်၏ အနက်ရောင်သွေးကို ပြန်သိမ်းထားလိုက်သည်။

အမှန်အတိုင်းပြောရလျှင်၊ ဤအနက်ရောင်သွေးစက်၏ လျှို့ဝှက်ချက်ကို သူကိုယ်တိုင် နားမလည်သေးပေ။

"အီး၊ ကြောက်စရာကောင်းလိုက်တာ၊ ငါယုံပါပြီ"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လည်း နှာသီးသို့ စီးကျ‌လာသော ချွေးများကို သုတ်လိုက်သည်။

ယခုတော့ ကျွင်းရှောင်ယောက်ကို အင်မော်တယ်နယ်မြေကြီးရှိ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်မှန်း ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ရန်လိုမှုများ မရှိတော့ဘဲ ပို၍ ပေါ့ပေါ့ပါးပါး ပြုမူလာခဲ့ပေသည်။

"ဒါပေမဲ့ မင်းရဲ့ လှည့်စားနိုင်စွမ်းက အတော်မြင့်မားတာပဲ။ အဲဒီ တိုင်းတပါးသားတွေကိုတောင် လှည့်စားနိုင်တယ်"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက ရယ်မောလိုက်သည်။

ကျွင်းရှောင်ယောက်ကိုလည်း အတော် လေးစားသွား၏။

"လှည့်ကွက်သေးသေးလးတွေပါ"

ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါနဲ့ ငါ့နာမည် ရှောင်ယီပါ"

ရှောင်ယီ အမည်ရှိသော နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက သူ့လက်တစ်ဖက်ကို ဆန့်လိုက်သည်။

"ကျွင်းရှောင်ယောက်"

ကျွင်းရှောင်ယောက်လည်း သူ့လက်ကို ဆန့်လိုက်၏။

သို့သော်လည်း လှုပ်ရှားမှုများက လမ်းတစ်ဝက်တွင် ရပ်သွားသည်။

လေထုက အနည်းငယ် အဆင်မပြေတော့ပေ။

ကျွင်းရှောင်ယောက်၏ လက်တစ်ချောင်းသည်ပင် ရှောင်ယီ၏ တကိုယ်လုံးထက် ကြီးမား ရှည်လားသည်။ ထို့ကြောင့် လက်ဆွဲနှုတ်ဆက်ရန် မသင့်ပေ။

ရှောင်ယီလည်း ကျွင်းရှောင်ယောက်၏ လက်ဖဝါးပေါ်သို့ တိုက်ရိုက်ခုန်တက်သွားသည်။

ထို့နောက်တွင်၊ ရှောင်ယီက ခေတ်ပြိုင်များ၏ အခြေအနေတချို့ကို‌ အတိုချုံးမေးခဲ့တယ်။

ကျွင်းရှောင်ယောက်ကလည်း ရိုးရှင်းပြီး သိလွယ်စေရန် ပြန်ဖြေခဲ့၏။

ယခုတော့ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးမှာ ကျွင်းရှောင်ယောက်ကို အပြည့်အဝ ယုံကြည်နေခဲ့ပြီ။

"စကားမစပ်၊ ဒီမှာ တခြားတစ်ခုခု ရှိသင့်တယ်"

ရှောင်ယီက နိယာမရေကန်ကို ကြည့်လိုက်သည်။

"အရင်ကတော့ ဝိညာဉ်တစ်သောင်း သွေးဆေးပင် ရှိပါတယ်။ ဒါပေမဲ့ ငါယူပြီးသွားပြီ"

ကျွင်းရှောင်ယောက်က အမှန်အတိုင်း ပြောလိုက်သည်။

"ဘာလို့ ငါ့ပစ္စည်းတွေကို ယူရတာလဲ"

ရှောင်ယီက မကျေမနပ်ဖြစ်သွားဟန်ဖြင့် လက်ပိုက်လိုက်၏။

ယင်းက သူ လျင်မြန်စွာ ကြီးထွားနိုင်ရန် ချန်ထားခဲ့ခြင်း မဟုတ်လော။

"ငါ မင်းရဲ့ပစ္စည်းတွေကို အလကားမယူပါဘူး။ ငါ့ရဲ့ ကစဉ့်ကလျားခန္ဓာသွေးတစ်စက်က ဝိညာဉ်တစ်သောင်း သွေးဆေးအစား လုံလောက်တယ်မဟုတ်လား"

ကျွင်းရှောင်ယောက် အနည်းငယ် ရယ်ချင်သွားမိသည်။

ဤပုရွက်ဆိတ်လေးက အနည်းငယ် နှမြောတတ်ပုံ ရလေသည်။

"မလုံလောက်ဘူးလို့ မင်းခံစားရရင် ငါမင်းကို ထပ်ပေးနိုင်ပါတယ်" ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။

ကစဉ့်ကလျားမိုးပြာရောင်ကြာပန်းတွင် ကစဉ့်ကလျားသွေးအနှစ်သာရ အများကြီးရှိသောကြောင့် အနည်းငယ်မျှ ပေးရခြင်းကို သူ ဂရုမစိုက်ပေ။

"ဘာလို့လဲ၊ အဲဒါက မင်းအတွက် အရေးမကြီးဘူးလား"

ရှောင်ယီ တုံ့ဆိုင်းသွားသည်။

"ငါခန့်မှန်းတာမမှားရင် မင်းအ‌ဖေက နတ်ဆိုးနတ်ဘုရားဧကရာဇ် ဖြစ်သင့်တယ်။ သူရဲကောင်းတစ်ယောက်ရဲ့ မျိုးဆက်အနေနဲ့ မင်းကို ဂရုစိုက်ပေးသင့်ပါတယ်"

ကျွင်းရှောင်ယောက် ပြုံးလိုက်၏။

ဤတစ်ခါတော့ ရှောင်ယီမှာ အနည်းငယ် ရှက်ရွံ့သွားလေသည်။

သူက အသေးအဖွဲကို တွန့်တိုနေသော်လည်း ကျွင်းရှောင်ယောက်က အလွန်ရက်ရောသည်။

ကျွင်းရှောင်ယောက်က သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"ဒါပေါ့၊ မင်း ငါ့ကို အခွင့်ကောင်းယူနေမိတယ်လို့ ခံစားရရင် နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်တွေနဲ့ သဘာဝစွမ်းရည်အကြောင်း ငါလေ့လာဖို့ စိတ်မ၀င်စားဘူး"

ထိုစကားကိုကြားတော့ ရှောင်ယီ ဆတ်ခနဲ ခေါင်းမော့လာသည်။

"တကယ်ဟုတ်တဲ့လူ၊ တကယ်တမ်း မင်းက ငါ့ရဲ့သဘာဝစွမ်းရည်ကို မျက်စိကျနေတာပဲ"

"ဟားဟားဟား၊ ငါက မင်းကို အခွင့်ကောင်းမယူပါဘူး။ နောင်ကျရင် ကစဉ့်ကလျားခန္ဓာ သွေးအနှစ်သာရအပြင် ရှေးဟောင်းမြင့်မ့တ်ခန္ဓာ သွေးအနှစ်သာရကိုလည်း ပေးနိုင်တယ်"

ကျွင်းရှောင်ယောက် ရယ်မောလိုက်၏။

ကျွင်းရှောင်ယောက်၏ စကားကြောင့် ရှောင်ယီ အသက်ရှုမြန်လာတော့သည်။

နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်များမှာ အင်အားနိယာမကို ထိန်းချုပ်သော သားရဲမျိုး ဖြစ်သည်။ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သွေးအနှစ်သာရဖြင့် လေ့ကျင့်နိုင်ပါက ပို၍မြန်မြန် တိုးတက်နိုင်လိမ့်မည်။

သူ၏ အနာဂတ်အလားအလာများသည်လည်း အကန့်အသတ်မရှိနိုင်တော့ပေ။

"မရဘူး၊ ငါတို့ဘိုးဘေးတွေက စည်းကမ်းတွေ ချမှတ်ထားတယ်၊ ဒါ ငါ့မျိုးနွယ်ရဲ့ အမွေခံ သဘာဝစွမ်းရည်ပဲ"

ရှောင်ယီက ခဏစဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။

သူတို့၏ မွေးရာပါ သဘာဝစွမ်းရည်က ရှားပါးလွန်းလှသည်။ ယင်းက အင်အားနိယာမ၏ ပြီးပြည့်စုံသော ဖွင့်ဆိုချက်ဖြစ်ပြီး အခြားသူများထံ အလွယ်တကူ မပေးပို့နိုင်ပေ။

ကျွင်းရှောင်ယောက်ကလည်း ထိုအဖြေကို မျှော်လင့်ထားပြီးသား ဖြစ်သည်။

သူက အင်မော်တယ်နတ်ဘုရားကျင့်စဉ်မှ အချက်အလက်တချို့ကို တိုက်ရိုက် လွှဲပြောင်းပေးလိုက်၏။

"ဒါ...ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ"

လေ့လာကြည့်ပြီးနောက် စိတ်အားထက်သန်မှုတို့က ရှောင်ယီ၏ မျက်လုံးများတွင် အထင်းသား ပေါ်လွင်လာတော့သည်။

သိကြသည့်အတိုင်း၊ နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်များက အဆုံးစွန် အင်အားနိယာမကို ချုပ်ကိုင်ထားသည့်အပြင်...

အလွန်အားကောင်းသော အသက်ဓာတ်လည်း ရှိသည်။

မဟုတ်ပါက နတ်ဆိုးနတ်ဘုရားဧကရာဇ် တစ်ဦးတည်းဖြင့် တိုင်းတပါးမှ အင်မော်တယ်ဘုရင်များစွာကို မည်သို့အနိုင်ယူနိုင်မည်နည်း။

သဘာဝကပ်ဘေးအဆင့် အင်မော်တယ်၏လက်ထဲတွင် မည်သို့ ကြာရှည်ရင်ဆိုင်နိုင်မည်နည်း။

ဤနည်းလမ်းကိုသာ ထပ်မံ ရရှိပါက နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်လေး ရှောင်ယီမှာ ပို၍ပင် ပြိုင်စံရှားသော ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။

"ဒီရိုးသားမှုက လုံလောက်ပြီ မဟုတ်လား"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်၏ သဘာဝစွမ်းရည်က ရှားပါးသော်လည်း၊ ရှင်သန်ခြင်းကျမ်းမှ အင်မော်တယ် နတ်ဘုရားကျင့်စဉ်မှာ သာမန်အရာ မဟုတ်ပေ။

ရှောင်ယီလည်း ခဏတာ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

"မတတ်နိုင်တော့ဘူးကွာ၊ ငါ့ဘိုးဘေးတွေကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချရတော့မှာပဲ"

"ဘိုးဘေးတို့ရေ... ရှောင်ယီကို ခွင့်လွှတ်ပါတော့။ ရှောင်ယီက ပိုပြီး သန်မာလာချင်လို့ပါ"

ရှောင်ယီ၏ အမူအရာနှင့် စကားများကို နားထောင်ရင်း ကျွင်းရှောင်ယောက် အနည်းငယ် ဆွံ့အသွားသည်။

သို့သော်လည်း နောက်ဆုံးမှာတော့ အင်မော်တယ်နတ်ဘုရားကျင့်စဉ်နှင့် နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်၏ သဘာဝစွမ်းရည်ကို လဲလှယ်နိုင်ခဲ့ပေသည်။

ရှောင်ယီလည်း သူ့ခန္ဓာကိုယ်ရှိ နိယာမအရိုးဖြင့် ကျွင်းရှောင်ယောက်ကို နားလည်နိုင်စေခဲ့သည်။

"ငါ ပေးစရာရှိတာကိုတော့ ပေးပြီးပြီနော်။ မင်းဘယ်လောက်ထိ နားလည်နိုင်မလဲဆိုတာက မင်းအပေါ်မှာပဲ မူတည်တယ်"

ရှောင်ယီ ပြောလိုက်သည်။

အမှန်အတိုင်းပြောရလျှင်၊ ကျွင်းရှောင်ယောက်ကို အပြည့်အဝ နားလည်နိုင်မည်ဟု သူ မထင်ပေ။

ဤသဘာဝစွမ်းရည်က အလွန်တရာ နားလည်ရခက်သည်။

သို့ရာတွင်၊ သူ့ရှေ့မှလူက ဘယ်လို မကောင်းဆိုးရွားမှန်း သူ မသိသေး၍ ဖြစ်ချေသည်။

သူ၏ မွန်းစတားဆန်သော နားလည်နိုင်စွမ်းကို ဘေးဖယ်ထားလျှင်ပင် စစ်နတ်ဘုရားကျမ်း ရှိသည်။

သူ့အတွက် သဘာဝစွမ်းရည်နှင့် သိုင်းပညာအမျိုးမျိုးကို နားလည်ရန် မခက်ခဲပေ။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်နှင့် ရှောင်ယီလည်း နိယာမရေကန်ထဲမှာ တင်ပျဉ်ခွေထိုင်လိုက်ကြသည်။

သူတို့က အင်မော်တယ်နတ်ဘုရားကျင့်စဉ်နှင့် နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်၏ သဘာဝစွမ်းရည်ကို အသီးသီး နားလည်ဆင်ခြင်လိုက်ကြ၏။

သို့ရာတွင်၊ ကျွင်းရှောင်ယောက် မသိတာက အခြားတစ်ဖက်မှာ လျှို့ဝှက်စွာ ပူးပေါင်းကြံစည်မှုများ ရှိနေပြီ။

ပျက်စီးခြင်းနယ်စပ်၏ အခြားတစ်ဖက်တွင်...

ပုံရိပ်လေးခု ရှိနေသည်။

အဆိုပါ ပုံရိပ်လေးခုက သွေးနတ်ဆိုး ဧကရာဇ်သားတော်၊ ကျိမန်ဧကရာဇ်သားတော်နှင့် ယွင်တို့ ဖြစ်၏။

နောက်ဆုံးတစ်ဦးကတော့ အပြာရောင်အဝတ်အစားနှင့် အပြာရောင် ဆံပင်ပိုင်ရှင် ပိအန်းမင်းသားပင်။

"ထူးဆန်းလိုက်တာ၊ လီကျိုးမင်နဲ့ တခြားသူတွေ ရုတ်တရက်ကြီး အဆက်အသွယ်ပြတ်သွားကြတယ်။ ဖြစ်နိုင်တာက..."

ပိအန်းမင်းသားက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့ကို ခေါက်ထားလိုက်စမ်းပါ။ အခြေအနေတွေ ဘယ်လိုရှိလဲ"

သွေးနတ်ဆိုးဧကရာဇ်သားတော်က မေးလိုက်သည်။

"ကောင်းသင့်တယ်"

ပိအန်းမင်းသား ပြောလိုက်၏။

"ကောင်းတယ်၊ ကစဉ့်ကလျားခန္ဓာက သွေးစတေးခံနယ်မြေကို ဦးတည်နေတယ်ဆိုတာ သူတို့သိပါစေ။ သူတို့တွေ ဝိုင်းဝန်းတိုက်ခိုက်လို့ သူသေသွားတော့လည်း ကောင်းတာပဲ"

ကျိမန်ဧကရာဇ်သားတော်က ပြုံးပြီး ပြောလိုက်သည်။

"ဟားဟားဟား၊ အမှန်ပါပဲ။ ငါတို့ကိုယ်တိုင် လှုပ်ရှားမယ်ဆိုရင် ပြဿနာရှိဦးမယ်။ နောက်ဆုံးတော့ အကြီးအကဲ တော်တော်များများက ကစဉ့်ကလျားခန္ဓာကို အရမ်းတန်ဖိုးထားကြတယ်လေ"

ယွင်က ထူးခြားသောလေသံဖြင့် ရယ်မောလိုက်၏။

"တကယ်လို့ အောင်မြင်ခဲ့ရင် အင်မော်တယ်တစ်ပိုင်းရဲ့ မျက်နှာသာပေးခံရပြီး ငါတို့အားလုံး အနာဂါတ်မှာ စစ်ဘုရားဖြစ်လာဖို့ အခွင့်အရေးရလိမ့်မယ်"

သွေးနတ်ဆိုးဧကရာဇ်လည်း ပြုံးလိုက်သည်။

ပိအန်းမင်းသားကတော့ မျက်လုံးကို အနည်းငယ်မှေးပြီး အဝေးကို လှမ်းမျှော်ကြည့်လိုက်လေသည်။

"ယွီရှောင်ယောက်၊ ဒီတစ်ခေါက် အင်မော်တယ်နယ်မြေကြီးမှာရှိတဲ့ မျိုးစေ့အဆင့်ပုဂ္ဂိုလ် တော်တော်များများကတောင် ကွပ်မျက်သူအဖွဲ့တစ်ခုကို ဖွဲ့လိုက်ပြီ။ ဒီကပ်ဘေးကနေ မင်း လွတ်မြောက်နိုင်မှာလား"

All Chapters