← Chapters

အခန်း ၉၈၉

Vol. 66 Ch. 989

အခန်း ၉၈၉

Vol. 66 Ch. 989

အခန်း ( ၉၈၉ ) အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များ ဝိုင်းရံကြခြင်း။

"ဧည့်သည်လား"

ရှောင်ယီ အံ့အားသင့်သွားပြီး သူ့‌ဦးခေါင်းပေါ်ရှိ ဦးမှင်နှစ်ခုပင်လျှင် တုန်ခါသွားသည်။

အရှိန်အဝါတချို့ကို သူလည်း ခံစားရ၏။

ယင်းက အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူ၏ အရှိန်အဝါများပင် ဖြစ်တော့သည်။

"မင်း ဘာဆက်လုပ်မယ်လို့ စီစဉ်ထားလဲ။ အင်မော်တယ်နယ်မြေကြီးကို ပြန်သွားဖို့ စီစဉ်ထားတယ်ဆိုရင်တော့ ငါ့ရဲ့ အထောက်အထားကို ဖော်ထုတ်လို့မဖြစ်ဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ရှောင်ယီ အနည်းငယ် တုံ့ဆိုင်းသွား၏။

သူ အိပ်စက်နေတာ ကြာခဲ့ပြီမို့၊ အင်မော်တယ်နယ်မြေကြီးကို အမှန်တကယ် ပြန်ချင်နေပြီ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ မကောင်းဆိုးရွားဆန်သော အရည်အချင်းအရ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးနွယ်၏ သဘာဝစွမ်းရည်ကို သူ နားလည်ဆင်ခြင်ရန် ကူညီပေးနိုင်သည်။

ထိုသို့တွေးမိသောအခါ ရှောင်ယီ အနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။

ယင်းက ပေါင်လုံးကြီးသော သူဌေးကြီး ဖြစ်၏။

ထို့အပြင် သူက ကျွင်းမိသားစု၏ နတ်ဘုရားသားတော် ဖြစ်နေသေးသည်။

ထိုပေါင်ကြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားနိုင်ပါက၊ အနာဂတ်တွင် အင်မော်တယ်နယ်မြေကြီးမှာ မည်သို့သော ဘေးဒုက္ခများ ကြုံရပါစေ... အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလိမ့်မည်။

ထို့အပြင်၊ ယခု အင်မော်တယ်နယ်မြေကြီးမှာ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်၏ အရိပ်ခြေရာများ မရှိတော့ပါ။

အင်မော်တယ်နယ်မြေကြီးကို ပြန်သွားလျှင်ပင် သူ့အမျိုးအနွယ်များကို တွေ့နိုင်လိမ့်မည် မဟုတ်ပေ။

ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ ပြောလိုက်သည်။

"ငါ... ငါမင်းနောက်ကို လိုက်လို့ရမလား"

ကျွင်းရှောင်ယောက်က ရှောင်ယီကို တစ်ချက်ကြည့်လိုက်၏။

အမှန်အတိုင်းပြောရလျှင် ထိုအခြေအနေအတွက် သူ မအံ့ဩပေ။

ထိုအစား၊ ယင်းမှာ သူ၏ အစီအစဉ်အတွင်း၌ ရှိခဲ့သည်။

"ဒါပေမဲ့ ငါက တိုင်းတပါးကို ပြန်ရဦးမှာ"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

"ကောင်းတာပေါ့၊ ငါလည်း တိုင်းတပါးကို လိုက်ခဲ့မယ်။ မင်းပြောသလို... ကိုယ့်ရန်သူအကြောင်းကိုလည်း ကောင်းကောင်းသိမှ တိုက်ပွဲတိုင်းမှာ အောင်နိုင်လိမ့်မယ် မဟုတ်လား။ ရန်သူကို အနိုင်ယူချင်ရင် ရန်သူအကြောင်းကို အရင်နားလည်ရမယ်"

ရှောင်ယီက လက်သီးသေးသေးလေးကို တင်းတင်းဆုပ်ပြီး ပြောလိုက်လေသည်။

သူ့အဖေဟာ တိုင်းတစ်ပါးမှ ကျွမ်းကျင်သူ၏လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

သူ့မျိုးနွယ်မှ ညီအကို မောင်နှမ အတော်များများလည်း တိုင်းတစ်ပါးသား ပါရမီရှင်များနှင့် တိုက်ပွဲမှာ ကျဆုံးခဲ့ရ၏။

တိုင်းတစ်ပါးကြောင့် တစ်မိသားစုလုံး ကျဆုံးခဲ့ရသည်ဟု ဆိုနိုင်သည်။

ဤမုန်းတီးမှုမျိုးက အရိုးထဲထိ ရေးထွင်းထားပြီးသား ဖြစ်နေပြီ။

ထို့ကြောင့် ရှောင်ယီလည်း တိုင်းတပါးသို့သွားရောက်ပြီး ရန်သူ၏ အသေးစိတ်အချက်အလက်များနှင့် နည်းလမ်းများကို သိချင်သည်။

"ကောင်းပြီလေ၊ မင်းငါ့နောက်ကို လိုက်ချင်တယ်ဆိုရင် လိုက်လို့ရပါတယ်။ ဒါပေမဲ့ မင်းငါ့ရဲ့ အစေခံအဖြစ် လိုက်ပါမှရမယ်၊ ဒီအတွက်တော့ မင်း ဒုက္ခခံရဦးမှာပဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး၊ ဒီအခြေအနေက ဘာမှမဟုတ်ဘူး"

ရှောင်ယီက အလွန်ပြတ်သားပေသည်။

ထို့နောက် ရှောင်ယီက ကျွင်းရှောင်ယောက်၏ ပုခုံးပေါ်တက်လိုက်သည်။

ကျွင်းရှောင်ယောက်လည်း သရဲမျက်နှာဖုံးကို ဖြည်းညှင်းစွာထုတ်ပြီး သူ့မျက်နှာပေါ်တွင် တပ်လိုက်၏။

ထို့နောက် ကျစ်ကျင်းရှေးမြို့ဟောင်းမှ ထွက်လာတော့သည်။

"ခဏလေး..."

ရှောင်ယီက ရုတ်တရက် ပြောဆိုပြီး လက်ဟန်သင်္ကေတစ်ခုကို ပြုလိုက်သည်။

တခဏချင်းမှာပင််၊ ခရမ်းရောင်ရွှေအလွှာ ဖုံးလွှမ်းထားသော ရှေးဟောင်းမြို့တော်ကြီးတစ်ခုလုံး လျင်မြန်စွာ ကျုံ့သွား၏။

နောက်ဆုံးတွင်၊ ရှေးဟောင်းမြို့ငယ်လေးအဖြစ်သို့ ပြောင်းလဲသွားပြီး ရှောင်ယီ၏လက်ထဲတွင် ပေါ်လာတော့သည်။

ထို့မြို့ဟောင်းကလည်း ရတနာတစ်ခု ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း ကောင်းကင်သင်္ဂြိုလ်တောအုပ်၏ အလယ်ဗဟိုမှ အေးအေးလူလူ လမ်းလျှောက်ထွက်ခဲ့လေသည်။

ထိုစဉ် အဝေးမှ လေတိုးသံများကို ကြားလိုက်ရသည်။

ယင်းက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များ ဖြစ်၏။ သူတို့၏ အရှိန်အဝါများကလည်း အားကောင်းလွန်းပေသည်။

"တွေ့ပြီ၊ တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာကို တွေ့ပြီ"

ကျွင်းရှောင်ယောက်ကို မြင်ရပြီးနောက် အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများ၏ မျက်လုံးများ ဝင်းလက်သွားကြသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အငွေ့အသက်များကို သတိပြုမိပြီးနောက် ထိုပါရမီရှင်အားလုံး အမူအရာ အနည်းငယ် ပြောင်းသွားကြ၏။

ကျွင်းရှောင်ယောက်က သူ့အရှိန်အဝါများကို တမင်တကာ မထုတ်ဖော်ခဲ့ပေ။

သို့သော်လည်း သူ့ပတ်ဝန်းကျင်မှ လှိုင်းတွန့်နေသော လေဟာပြင်က သူ့အင်အားကို သက်သေပြခဲ့သည်။

သို့ရာတွင်... အားလုံးက တုံ့ဆိုင်းနေခြင်းမျိုး မရှိပါ

"သတ်"

အင်မော်တယ်နယ်မြေကြီး၏ ရာနှင့်ချီသော ပါရမီရှင်များက တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။

အဆုံးစွန်နည်းလမ်းများ၊ မဟာနတ်ဘုရားစွမ်းရည်များနှင့် ထိပ်တန်း တားမြစ်နည်းလမ်အမျိုးမျိုးက အဖျက်အဆီးလှိုင်းတစ်ခုအဖြစ် ပြောင်းလဲပြီး ကျွင်းရှောင်ယောက်ထံ တိုးဝင်သွား၏။

ထိုကဲ့သို့သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပါက အဓိပဓိများပင်လျှင် သတိထားရမည်ဟု ဆိုနိုင်သည်။

ယင်းကိုမြင်တော့ မျက်နှာဖုံးအောက်မှ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။

သို့ရာတွင်၊ သူ့မှာ အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများကိုသတ်ရန် စိတ်ကူးမရှိသောကြောင့် ခုခံကာကွယ်ခြင်းများကိုသာ လုပ်ဆောင်ခဲ့ပေသည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တဝိုက်တွင် နတ်လက်စွပ်ကွင်းအလွှာများ ပေါ်လာခဲ့သည်။

နတ်လက်စွပ်ကွင်းအလွှာများ ပေါ်လာသည်နှင့် တပြိုင်နက်၊ နတ်ဘုရားစွမ်းရည်အားလုံး ချုပ်နှောင်ခံလိုက်ရသလို တုံ့ခနဲ ဖြစ်သွား၏။

ကျဆုံးသွားသော မော့ကျဲဧကရာဇ်သားတော်သာ ဤနေရာတွင် ရှိနေပါက ဒေါသထွက်လွန်းသဖြင့် သွေးအန်လိမ့်မည်။

ယင်းက မော့ကျဲဧကရာဇ်မျိုးနွယ်၏ သဘာဝ နတ်ဘုရားစွမ်းရည် ဖြစ်ပြီး နတ်ဘုရားစွမ်းရည်များကို ခုခံနိုင်စွမ်း ရှိသည်။

ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က ယင်းကို နားလည်ဆင်ခြင်ခဲ့ခြင်း ဖြစ်ချေသည်။

စစ်နတ်ဘုရားကျမ်းက အခြား နတ်ဘုရားစွမ်းရည်များကို နားလည်ဆင်ခြင်နိုင်စွမ်း ရှိ၏။

ထို့အပြင် ကျွင်းရှောင်ယောက်မှာ မူလကတည်းက စွမ်းအင်ခုခံကာကွယ်ခြင်း ရှိသည်။

သို့သော်လည်း ယခုအချိန်တွင် ကျွင်းရှောင်ယောက်ဟာ ယင်းကို အသုံးမပြုနိုင်တော့ပေ။

ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ သူ၏ စွမ်းအင်ခုခံကာကွယ်ခြင်း စွမ်းရည်ကို ခုခံကာကွယ်ခြင်း နတ်လက်စွပ်အဖြစ်သို့လည်း ပြောင်းလဲ‌နိုင်ခဲ့သည်။

ခုခံကာကွယ်ခြင်း နတ်လက်စွပ်ကွင်း ဆယ့်ငါးခုက ကျွင်းရှောင်ယောက်ကို လွှမ်းခြုံထား၏။

ဤအခိုက်တွင် ကျွင်းရှောင်ယောက်က မကိုင်လှုပ်နိုင်သော တောင်ဘုရင်ကဲ့သို့ပင်။

ပြင်းထန်သော တိုက်ခိုက်မှုများက ကျွင်းရှောင်ယောက်အပေါ်သို့ ကျရောက်လာသော်လည်း ခဏချင်း အားနည်းသွားကြသည်။

အဆုံးတွင်၊ နတ်လက်စွပ် ကာကွယ်ရေးအလွှာ ဆယ့်ငါးခုကိုပင် မဖြတ်နိုင်ဘဲ အင်အားကုန်ခမ်းသွားတော့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များ အလွန်တုန်လှုပ်သွားကြသည်။

"ဒါက မော့ကျဲဧကရာဇ်မျိုးနွယ်ရဲ့ စွမ်းအင်ခုခံကာကွယ်ခြင်း နတ်လက်စွပ်ပဲ"

ဗဟုသတကြွယ်ဝသော ပါရမီရှင်တစ်ယောက်က အော်ဟစ်လိုက်သည်။

"တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာက ဘယ်ဧကရာဇ်မျိုးနွယ်ကလဲဟ"

အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များ တုန်လှုပ်သွားကြသည်။

ကျွင်းရှောင်ယောက်လည်း လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။ သူက အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများကို တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။

နောက်ဆုံးတွင်၊ သူက အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူတစ်ဦးဖြစ်၍ အကြောင်းပြချက်မရှိဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မည် မဟုတ်ပါ။

ဟုတ်သည်၊ ရန်ဘက်အင်အားစုများမှ လူများနှင့် ရင်ဆိုင်ရလျှင်တော့ ကျွင်းရှောင်ယောက်ဟာ ဤမျှကြင်နာလိမ့်မည် မဟုတ်ချေ။

"တိုက်ခိုက်ကြ"

ယင်းကိုမြင်တော့ အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများက ထပ်မံ တိုက်ခိုက်လိုက်၏။

"တော်လောက်ပြီ"

ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်သည်။

ကောင်းကင်ယံမှ နတ်ဘုရင်တစ်ပါး ဆင်းသက်လာသကဲ့သို့ ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာခဲ့၏။

ကစဉ့်ကလျားလှိုင်းများ ပြန့်နှံ့ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိ ပါရမီရှင်အားလုံး သွေးများ အန်ထွက်ကုန်တော့သည်။

ထိုသည်မှာပင် ကျွင်းရှောင်ယောက်က သူ့အင်အားကို လျှော့ချထားခဲ့သည်။

ထိုသို့မဟုတ်ပါက၊ အင်မော်တယ်နယ်မြေကြီး၏ ထိုပါရမီရှင်အားလုံး အသားတစ်များအဖြစ် ပေါက်ကွဲသွားလိမ့်မည်။

ထိုစဉ်...

အဝေးမှ နဂါးအငွေ့အသက်များ ပေါက်ကွဲထွက်ပြီး လှပသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

ပိုးသားကဲ့သို့ ရှည်လျားသော ခရမ်းရောင်ဆံပင်များကလည်း လေထဲတွင် တဖျပ်ဖျပ်လွင့်နေ၏။

ထိုမိန်းကလေးသည်ကား အမှန်တကယ် လုံယောက်အာပင်တည်း။

"အသျှင်ခန္ဓာ ရောက်လာပြီ"

လုံယောက်အာ ရောက်လာခြင်းကို မြင်ရပြီးနောက် အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များ စိတ်လှုပ်ရှားသွားခဲ့ကြသည်။

လုံယောက်အာသည်လည်း အင်မော်တယ် အခွင့်အလမ်းနှင့် အသွင်ပြောင်းခဲ့ကြ၏။

ယခုအခါ သူမ၏ ကျင့်ကြံခြင်းက အဓိပဓိတစ်ပိုင်းအဆင့်သို့ ရောက်နေပြီ။

ကောင်းကင်အသျှင်ခန္ဓာအပြင် သူ့မှာ ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ ရွှေရောင် ရှေးနဂါးမျိုးသွေးမျိုးဆက်လည်း ရှိသည်။

လုံယောက်အာ၏ လက်ရှိအင်အားက အဓိပဓိနှင့်ပင် ယှဉ်နိုင်ပေသည်။

ထို့အပြင်၊ သူမက ရှင်သန်ခြင်းကျမ်းကိုလည်း လေ့ကျင့်ထားသောကြောင့် အားကောင်းသော ပြန်လည်ကောင်းမွန်နိုင်စွမ်း ရှိသည်။

ထို့ကြောင့်ပင် ဤအတောအတွင်း ပျက်စီးခြင်းနယ်စပ်၌ လုံယောက်အာဟာ အောင်မြင်မှုများစွာ ရရှိခဲ့ပေသည်။

အသျှင်ခန္ဓာ၏ အရှိန်အဝါက နယ်စပ်တလျှောက် ကျော်ကြားနေခဲ့ပြီ ဖြစ်သည်။

"နင်က တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာလား"

လုံယောက်အာက ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်က သရဲမျက်နှာဖုံးကို မျက်နှာထပ်တွင် ဝတ်ထားသည်။ အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ကစဉ့်ကလျားအငွေ့အသက်များက လွှမ်းထား၏။

သူမနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသူက...

သူမကို အိပ်မက်ဆိုးများ မက်စေခဲ့သော ကျွင်းရှောင်ယောက် ဖြစ်မည်ဟုတော့ သူ ထင်မထားခဲ့ပေ။

"တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာကို နင်းချေပြီးတော့ ငါ့ရဲ့ အသျှင်ခန္ဓာကို တည်ဆောက်မယ်"

လုံယောက်အာက အော်ပြောပြီး ကျွင်းရှောင်ယောက်ဆီသို့ ပြေးသွားသည်။

ယခင်က သူသည် မြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာတိုက်ပွဲတွင် အပြတ်သတ် ရှုံးနိမ့်သောကြောင့် အသျှင်ခန္ဓာမျိုးရိုးအတွက် အမည်းစက်ကြီးတစ်ခု ဖြစ်ခဲ့ရပေသည်။

ထို့ကြောင့် ယခုအခါ သူမက အသျှင်ခန္ဓာ၏ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရန်အတွက် တိုင်းတပါးမှ ကစဉ့်ကလျားခန္ဓာအား ဖိနှိပ်ချင်သည်။

ယုံကြည်မှုအပြည့်ဖြင့် ပြေးလာနေသော လုံယောက်အာကိုကြည့်ရင်း ကျွင်းရှောင်ယောက်လည်း ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

သူ ယခင်က ပြောခဲ့ဖူးသည်။

လုံယောက်အာသာ သူ့ကို ထပ်မံရန်စပါက ခွေးမတစ်ကောင် ဖြစ်လာခြင်းမျိုး သူမကို မြည်းစမ်းကြည့်စေရန် စိတ်မ၀င်စားပေ။

ထို့အပြင်၊ သူက နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးနွယ်၏ သဘာဝစွမ်းရည်ကို စမ်းသပ်ရန် သဲအိတ်တစ်ခု လိုနေသည်။

ကျွင်းရှောင်ယောက်က သူ့လက်ကို မြှောက်လိုက်သောအခါ နတ်ဆိုးများနှင့် နတ်ဘုရားများ၏ အသွင်အပြင်များက အဆုံးစွန်အင်အားဖြင့် ထွက်ပေါ်လာခဲ့သည်။

ကစဉ့်ကလျား အငွေ့အသက်များကလည်း ကောင်းကင်သို့ ထိုးတက်သွားပြီး ပျက်စီးခြင်းနယ်စပ် ကောင်းကင်ကို တုန်ခါသွားစေခဲ့၏။

"ဒါက..."

လုံယောက်အာ တုန်လှုပ်သွားမိသည်။

ထိုစွမ်းအားမျိုးက သူတို့ နဂါးမျိုးနွယ်၏ စွမ်းအားကိုပင် လွှမ်းမိုးသွားနိုင်ပေသည်။

"ဝုန်း"

ကျွင်းရှောင်ယောက်က ကောင်းကင်ကြီး ထာဝရ မှောက်သွားသကဲ့သို့ လက်ဝါးတစ်ဖက်ကို ရိုက်ထုတ်လိုက်သည်။

လုံယောက်အာလည်း ရွှေရောင်ရှေးဟောင်းနဂါးနှင့် အသျှင်ခန္ဓာသွေးမျိုးဆက်နှစ်ခုကို အလျင်အမြန် အသက်သွင်းလိုက်၏။

ခရမ်းရောင်သွေးစွမ်းအင်က ကောင်းကင်သို့ စီးဆင်းသွားပြီး နဂါးစွမ်းအင်များဖြင့် ကောင်းကင်ကို လှုပ်ခါသွားစေတော့သည်။

လေဟာပြင်ကို ပြိုကျစေသည့် ကြီးစိုးနေသော လက်သီးတစ်ချက် ထွက်ပေါ်လာခဲ့သည်။

"ဝုန်း"

နှစ်ဖက်တိုက်မိပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။ လုံယောက်အာ အနောက်ကိုပြန်လွင့်သွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့၏။

ကျွင်းရှောင်ယောက်က လေထဲကိုဖမ်းဆုပ်ဟန်ပြုလိုက်ရာ ကစဉ့်ကလျားစွမ်းအင်က ကြိုးတစ်ချောင်းအဖြစ် ပြောင်းသွားသည်။ ထို့နောက် လုံယောက်အာ၏ ခန္ဓာကို ရိုက်ချလိုက်၏။

"အာ့"

နာကျင်စွာ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာပြီး လုံယောက်အာ၏ နှင်းဖြူဖွေးဖွေး ခန္ဓာကိုယ်ပေါ်တွင် ကြာပွတ်အမှတ်အသားတစ်ခု ရုတ်တရက် ပေါ်လာတော့သည်။

ထိုအော်သံကို ကြားလိုက်ရတော့ မျက်နှာဖုံးအောက်မှ ကျွင်းရှောင်ယောက်၏ မျက်လုံးများက ထူးဆန်းသော အရိပ်အယောင်များ ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုအသံမှာ နာကျင်စွာ ညည်းတွားနေသော်လည်း ပျော်ရွှင်မှုအရိပ်အမြွက်တို့ ရောထွေးနေပုံရ၏။

အနှီ လုံယောက်အာက နှိပ်စက်ခံရခြင်းကို အမှန်တကယ် စွဲလမ်းနေသလော။

All Chapters