အခန်း ၉၉၁
Vol. 67 Ch. 991
အခန်း ( ၉၉၁ ) နတ်ဆိုးနတ်ဘုရား ကောင်းကင်ခွင်းလက်သီး။
တိုင်းတပါး၏ ကစဉ့်ကလျားခန္ဓာ၊ စစ်နတ်ဘုရားနန်းတော်၏ စစ်နတ်ဘုရား၊ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးအနက်မှ တစ်ပါး။
အထောက်အထားတစ်ခုစီတိုင်းက ဧရာမ တောင်ကြီးတစ်လုံးကဲ့သို့ အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များအပေါ်တွင် ကြီးမားသောဖိအားများ သယ်ဆောင်လာခဲ့ကြပေသည်။
ယခင်က တိုင်းတပါးတွင် အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် ပါရမီရှင် ဆယ်ဦးကို ဆက်တိုက်သတ်ခဲ့သော စစ်နတ်ဘုရားတစ်ပါး ရှိခဲ့ဖူးသည်။
ယခုလည်း မျိုးစေ့အဆင့် ပါရမီရှင်နှစ်ဦးနှင့် မျိုးဆက်သစ် ထိပ်သီး တားမြစ်ပါရမီရှင် အများအပြား ပေါ်လာပြီ။
ပတ်ဝန်းကျင်ရှိ အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များလည်း အလွန်စိတ်လှုပ်ရှားနေပြီး ကစဉ့်ကလျားခန္ဓာကို အောင်မြင်စွာ ဝန်းရံထားနိုင်ပါ့မလားဟု တွေးတောလိုက်မိကြသည်။
"ဝုန်း"
အရိုးဖြူသခင်လေးက အပိုစကားများမပြောဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
သူက သူ့ခန္ဓာအသွင်ပြောင်းပြီး တိုးတက်မှုရှိစေရန် ကစဉ့်ကလျားခန္ဓာ သွေးအနှစ်သာရကို ရယူချင်၏။
အရိုးဖြူသခင်လေးက လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်ရာ နိယာမစွမ်းအားများက ဧရာမ အရိုးလက်အဖြစ်သို့ ပြောင်းလဲသွားပြီး ကျွင်းရှောင်ယောက်ကို ဖမ်းဆုပ်လိုက်တော့သည်။
မျိုးစေ့အဆင့် ပါရမီရှင်များက ယေဘုယျအားဖြင့် အဓိပဓိနယ်ပယ်တွင်ရှိပြီး နိယာမစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်ကြသည်။
ဧရာမအရိုးလက်ကြီးကို နိယာမနှင့် နတ်သံကြိုးများက ရစ်ပတ်ထား၏။ အရိုးလက်ကြီးက အရှိန်အဟုန်ဖြင့် ကျွင်းရှောင်ယောက်ကို ဖမ်းဆုပ်ရန် ကြိုးစားလာတော့သည်။
ကျွင်းရှောင်ယောက်က သူ့လက်ကို မြှောက်လိုက်သောအခါ ကစဉ့်ကလျား စွမ်းအင်များ တဟုန်ထိုး တက်လာခဲ့သည်။
"ဝုန်း"
နှစ်ဖက်တိုက်မိပြီးနောက် ပြင်းထန်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး အရိုးလက်ကြီးမှာ တိုက်ရိုက် ကွဲကြေသွား၏။
ကစဉ့်ကလျားစွမ်းအင်များလည်း ပတ်ဝန်းကျင်ကို ဖြာထွက်သွားတော့သည်။
သစ်ပင်ကြီးများ ပြိုလဲပြီး မြေပြင်တွင်လည်း အက်ကြောင်းကြီးများ ပေါ်လာခဲ့သည်။
"ဒုန်း၊ ဒုန်း၊ ဒုန်း"
အရိုးဖြူသခင်လေးလည်း လေထဲတွင် ခြေလှမ်းများစွာ ဆုတ်သွားရလေသည်။ သူ ခြေတစ်ချက်လှမ်းလိုက်တိုင်း လေထုက တုန်ခါသွားရသည်။
"ကစဉ့်ကလျားခန္ဓာက တကယ်ကို မျှော်လင့်ထားတဲ့အတိုင်းပဲ"
အရိုးဖြူသခင်လေး၏ အမူအရာက ပို၍ လေးနက်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်က မြင့်မြတ်ဝိညာဉ်၏အရင်းမြစ် ဖြစ်သည်။ ယင်းက အလွန်သန်မာပြီး ထိပ်သီးရတနာများထက်ပင် အားမနည်းပေ။
ရလဒ်အနေဖြင့် ယခုအခါ ထိပ်တိုက်ရင်ဆိုင်ခြင်းတွင် သူ့ခန္ဓာကိုယ်မှ အက်ကွဲသံတချို့ ထွက်ပေါ်လာခဲ့ရပြီ ဖြစ်သည်။
"အတူတူသွားရအောင်၊ ဘာမှ လျှိုထားစရာ မလိုတော့ဘူး"
သူတော်စင်ယာမာက ပြောလိုက်သည်။
ယေဘူယျအားဖြင့်၊ ဤမျိုးစေ့အဆင့် ပါရမီရှင်များနှင့် အထွတ်အထိပ် တားမြစ်ပါရမီရှင်များမှာ သူတို့၏ဂုဏ်သိက္ခာဖြင့် တစ်စုံတစ်ယောက်ကို ဝန်းရံတိုက်ခိုက်ကြမည် မဟုတ်ပေ။
သို့ရာတွင် တိုင်းတပါးမှ ကစဉ့်ကလျားခန္ဓာက သူတို့အတွက် အနည်းငယ်ထူးခြားပြီး အားကောင်းသည့်ရန်သူဖြစ်သည်။
သူ့ကို ဖြေရှင်းရန်အတွက် စည်းစောင့်နေစရာ မလိုပေ။
အပေါ်ယံ ဂုဏ်သိက္ခာများက အရေးမကြီးတော့ပါ။
ကစဉ့်ကလျားခန္ဓာကို သတ်နိုင်သရွေ့ အရာအားလုံးက ထိုက်တန်သည်။
သူတော်စင်ယာမာက သူ့လက်ကိုမြှောက်လိုက်သောအခါ ကောင်းကင်နတ်ဆိုးမီးတောက် တောက်လောင်လာခဲ့သည်။
ယင်းမှာ ငရဲပြည်မှ ငရဲမီးတောက် ထွက်ပေါ်လာသကဲ့သို့ ဖြစ်၏။
ကောင်းကင်နတ်ဆိုးမီးတောက်က အလွန်ကြောက်စရာကောင်းပြီး လောင်ကျွမ်းမိသည့်နှင့် ဖယ်ရှားမရနိုင်တော့ပေ။
ကျွင်းရှောင်ယောက်က စွမ်းအင်ခုခံကာကွယ်ခြင်းကို အသက်သွင်းလိုက်သောအခါ သူ့ပတ်ဝန်းကျင်တွင် နတ်လက်စွပ်ကွင်း ဆယ့်ငါးခု ပေါ်လာခဲ့သည်။
"မော့ကျဲဧကရာဇ်မျိုးနွယ်ရဲ့ နည်းလမ်းပဲ"
ကောင်းကင်နတ်ဆိုးမီးတောက်က နတ်လက်စွပ်ကွင်း ဆယ့်ငါးလွှာကို မဖြတ်နိုင်ကြောင်း မြင်ရပြီးနောက် သူတော်စင်ယာမာ မျက်မှောင်ကြုတ်လိုက်သည်။
သူဟာ နှစ်ပေါင်းများစွာ အိပ်စက်နေခဲ့သော်လည်း တိုင်းတစ်ပါးအကြောင်းကို သိသေးသည်။
ဤကစဉ့်ကလျားခန္ဓာမှာ မော့ကျဲဧကရာဇ်မျိုးနွယ်မှ ဆင်းသက်လာသူမဟုတ်ကြောင်း သေချာသည်။
သို့သော်လည်း သူ့တွင် မော့ကျဲဧကရာဇ်မျိုးနွယ်ပိုင် နည်းလမ်းများ ရှိ၏။
ယင်းက အမှန်တကယ် ထူးဆန်းသည်။
"သတ်"
ကူတိကျစ်နှင့် အခြားသူများလည်း လှုပ်ရှားလိုက်ကြသည်။
ကူတိကျစ်က သူ့လက်နှစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်တော့ လေထဲတွင် ကျန်းကွာပုံရိပ် ပေါ်လာခဲ့သည်။
ရုတ်တရက်၊ မိုးနှင့်မြေကြားတွင် လေပြင်းတိုက်ပြီး မိုးကြိုးထစ်ချုန်းသံများ ထွက်ပေါ်လာ၏။
နောက်ဆုံးတွင် မိုးကြိုးအကျဉ်းထောင်အဖြစ် ပြောင်းလဲသွားပြီး ကျွင်းရှောင်ယောက်အပေါ် ကျလာတော့သည်။
ယင်းက ကျန်းကွာ၏ မိုးကြိုးလှောင်အိမ် ဖြစ်သည်။
ဤနောက်ပိုင်းတွင် ကူတိကျစ်က သူ၏ ဖူရှီမြင့်မြတ်ခန္ဓာအား ပို၍ နားလည်လာခဲ့သည်ဟု ဆိုရမည်။
ယင်းက အသန်မာဆုံး စွမ်းရည်ရှစ်မျိုးကို ထိန်းချုပ်နိုင်သည်။
သို့ရာတွင်၊ မျက်နှာဖုံးအောက်မှ ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲပေ။
သူက ရှေ့သို့ဆက်လျှောက်သွားရာ ပတ်ဝန်းကျင်မှ ကစဉ့်ကလျားစွမ်းအင်များက ဒီရေကဲ့သို့ လှိုင်းထလာပြီး မိုးကြိုးလှောင်အိမ်ဆီသို့ ရိုက်ခတ်သွားခဲ့သည်။
လှောင်အိမ်တစ်ခုလုံး ကွဲကြေသွား၏။
ကစဉ့်ကလျား နတ်ဘုရားဘုရင်ကဲ့သို့၊ ကျွင်းရှောင်ယောက်က လှောင်အိမ်ကိုဖျက်ဆီးပြီး ကူတိကျစ်ကိုတိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ကျွင်းရှောင်ယောက်အတွက်တော့ ကူတိကျစ်မှာ တိုင်းတစ်ပါးသတ္တဝါများထက် ပို၍ ရွံရှာဖွယ်ကောင်းသည်။
သို့သော်လည်း... အခြားရှုထောင့်မှ ကြည့်လျှင်...
ကူတိကျစ် မရှိပါက၊ ရှန်းရွှီကမ္ဘာတွင် သူ၏အစီအစဥ်များကို အလွယ်တကူ အကောင်အထည် ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် အတိုင်းအတာတစ်ခုအထိ၊ ကူတိကျစ်သည် ကျွင်းရှောင်ယောက်အတွက် လုပ်ဆောင်ပေးနေသော လူသား ကိရိယာတစ်ခုနှင့် တူသည်။
သို့ရာတွင်၊ ဤအချက်ကြောင့်တော့ ကျွင်းရှောင်ယောက်မှာ ကူတိကျစ်ကို ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
လက်သီးချက် ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်ကြီး တုန်လှုပ်သွားသည်။
ကောင်းကင်ယံတွင် ထင်ယောင်ထင်မှား ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
ယင်းက ကောင်းကင်ကို မော့ကြည့်နေသော ပုရွက်ဆိတ်တစ်ကောင်...
ထိုပုရွက်ဆိတ်၏ လက်သီးအောက်တွင် ကျယ်ပြောလှသော ကောင်းကင်ကြီး နှစ်ခြမ်းကွဲသွားရ၏။
မိုးနှင့်မြေက အက်ကွဲသွားပြီး ကြယ်များလည်း ကြွေကျကုန်တော့သည်။
ဤသည်မှာ နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်မျိုးနွယ်၏ တားမြစ်နည်းလမ်းများထဲမှ တစ်ခု...
နတ်ဆိုးနတ်ဘုရား ကောင်းကင်ခွင်း လက်သီးပင်။
ယင်းက နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်မျိုးနွယ်၏ ဘိုးဘွားများ နားလည်ခဲ့သော တားမြစ်နည်းလမ်း ဖြစ်သည်။ ဤနည်းလမ်းကို နတ်ဆိုးနတ်ဘုရားမျိုးနွယ်၏ သဘာဝစွမ်းရည်များဖြင့် ပေါင်းစပ်ပြီး သွေးမျိုးဆက်မှတဆင့် အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းခဲ့ပေသည်။
လက်သီးချက် ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် ကောင်းကင်နှင့်မြေပြင်ပြိုကျပြီး စကြာဝဠာကြီးပင် ထက်ခြမ်းကွဲသွားခဲ့ပုံရသည်။ ဤမြင်ကွင်းမျိုးက အလွန်ကြောက်စရာကောင်း၏။
ကျွင်းရှောင်ယောက်၏ ပခုံးပေါ်မှ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးလည်း အလွန်အံ့အားသင့်သွားသည်။ တချိန်တည်းမှာပင် သူ့တစ်ကိုယ်လုံး ထုံကျဉ်သွား၏။
သူတို့မျိုးနွယ်ဝင်များပင်လျှင် ဤနည်းလမ်းကို အလွယ်တကူ နားမလည်နိုင်ပေ။
ကျွင်းရှောင်ယောက်က တကယ်ကို မကောင်းဆိုးရွားတစ်ကောင် ဖြစ်သည်။
ယင်းက ကျွင်းရှောင်ယောက်၏ နောက်သို့လိုက်ရန် ရှောင်ယီ၏ ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာလာစေခဲ့သည်။
ဤလက်သီး၏စွမ်းအားက လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီး၏ မပြည့်စုံသော ကျင့်စဉ်စွမ်းအားကိုပင် ကျော်လွန်ခဲ့ပေသည်။
ဟုတ်သည်၊ လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီး၏ ပြီးပြည့်စုံသော ကျင့်စဉ်ဖြစ်လျှင်တော့ မတူညီသော အခြေအနေတစ်ခု ဖြစ်လိမ့်မည်။
နောက်ဆုံးတွင်၊ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးနွယ်၏ သဘာဝစွမ်းရည်ကို လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးတွင် ပေါင်းစည်းနိုင်ပါက စွမ်းအားနှစ်ဆတိုးလာမည် ဖြစ်သည်။
"ဝုန်း"
လက်သီးချက်အောက်တွင် ကောင်းကင်ကြီး ကွဲအက်သွား၏။
ယင်းကိုမြင်တော့ ကူတိကျစ်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ အသန်မာဆုံး ခုခံခြင်းစွမ်းရည်ကို အလျင်စလို ထုတ်ဖော်လိုက်သည်။
ကန်းဟဲရှ၊ တောင်ပေါင်းတစ်ထောင်။
ကူတိကျစ်၏ရှေ့တွင် ဓမ္မတောင်များကဲ့သို့ တောင်ကြီးများ ရုတ်ချည်း ပေါ်လာခဲ့သည်။
သို့သော်လည်း ဤလက်သီးချက်အောင်တွင် တောင်အားလုံး ပြိုကျသွား၏။
ကူတိကျစ်လည်း ဖူရှီအင်မော်တယ်မျိုးရိုး၏ ဖူရှ်ီနဂါးကျောက်စာချပ်ကိုထုတ်ယူကာ ထပ်မံ ပိတ်ဆို့လိုက်သည်။
သို့သော်၊ လက်သီးချက်ကို မရပ်တန့်နိုင်သေးပါ။
"ဖူး"
ကူတိကျစ်၏ ပါးစပ်ထဲမှ သွေးအန်ပြီး ပြင်းထန်စွာ ဆုတ်သွားခဲ့ရသည်။
ကစဉ့်ကလျားစွမ်းအင်နှင့် နတ်ဆိုးနတ်ဘုရား ကောင်းကင်ခွင်းလက်သီးကို ဖူရှီမြင့်မြတ်ခန္ဓာသည်ပင် မခံနိုင်ပေ။
အရိုးများ အက်ကွဲသွားပြီး တွင်းအင်္ဂါများ တုန်ခါကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…”
ကူတိကျစ်၏ မျက်နှာက မယုံနိုင်ခြင်းများဖြင့် ဖြူဖျော့သွားသည်။
ဤသည်က သူ့ကိုယ်သူ စွမ်းအားကင်းမဲ့သော ခံစားချက်အား ဒုတိယအကြိမ် ကြုံတွေ့ရခြင်းပင်။
နောက်ဆုံးအကြိမ်က ရှန်းရွှီကမ္ဘာတွင် ဖြစ်သည်။ ထိုစဉ်က ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးတို့ ပူးပေါင်းခဲ့ကြသော်လည်း ထိုအဖြူရောင်ဝတ်လူကို အနိုင်မယူနိုင်ခဲ့ပါ။
ယခုလည်း ထိုခံစားချက်က ထပ်မံပေါ်လာပြီ ဖြစ်သည်။
အကယ်၍၊ ထိုသူသာ တိုင်းတပါး၏ ကစဉ့်ကလျားခန္ဓာဖြစ်မှန်း မသေချာပါက ကျွင်းရှောင်ယောက် ပြန်ပေါ်လာပြီဟု ထင်မိမည် ဖြစ်သည်။
"သတ်"
ယောင်ချင်း၊ စန်းလီနှင့် အခြားသူများလည်း လှုပ်ရှားခဲ့ကြသည်။
သူတို့က အင်မော်တယ်ခုံရုံးမှ မျိုးဆက်သစ် ပါရမီရှင်များ ဖြစ်၏။
သူတို့က သက်ဆိုင်ရာ အင်မော်တယ်မျိုးရိုးများမှ မျိုးစေ့အဆင့် ပါရမီရှင်များ မဟုတ်ကြသော်လည်း အင်မော်တယ်အဆင့်အခွင့်အလမ်းများဖြင့် လေ့ကျင့်နိုင်ခဲ့သည်။ ယခုအခါ သူတို့၏ခွန်အားက အဓိပဓိတစ်ပိုင်းနယ်ပယ်သို့ပင် ရောက်ရှိနေပြီး အားနည်းသူများ မဟုတ်ကြပေ။
သူတို့နှင့် ရင်ဆိုင်ရာတွင် ကျွင်းရှောင်ယောက်က ကြင်နာမှုကင်းသည်။
တစ်နည်းအားဖြင့်ဆိုရသော် သူက အဓိပဓိ အင်မော်တယ်ခုံရုံး တစ်ခုလုံးအပေါ် အမြင်ကောင်းမရှိပါ။
ကျွင်းရှောင်ယောက်၏ လက်သီးချက်ကြောင့် သုံးဦးစလုံး ဒဏ်ရာပြင်းထန်စွာရရှိပြီး ခန္ဓာကိုယ်များ ကွဲအက်သွားကြသည်။
အခြားတစ်ဖက်တွင်၊ လင်ယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
အကြောင်းမှာ၊ ထိုလူရိပ်က အနည်းငယ် ရင်းနှီးသလို ဖြစ်နေသောကြောင့်ပင်။
ယင်းက ရင်းနှီးကျွမ်းဝင်သော ပုံစံမျိုး ဖြစ်သည်။
"လင်ယွမ်၊ မင်း ဘာတွေကြောင်နေတာလဲ။ ကောင်းကင်ဧကရာဇ်ရဲ့ ပလ္လင် တံဆိပ်နဲ့ သူ့ကို မြန်မြန်ဖိနှိပ်လိုက်တော့လေ"
ကူတိကျစ်က အော်ဟစ်လိုက်သည်။
ဤတော့မှ လင်ယွမ်၏ မျက်လုံးများက အရောင်ပြောင်းပြီး သတိပြန်ဝင်ခဲ့လေသည်။
လေဟာပြင်ထဲတွင် တောက်ပသော နတ်အလင်းများနှင့် မြင့်မြတ်သောပလ္လင်တစ်ခု ပေါ်လာခဲ့သည်။
ယင်းက အစွမ်းထက်သော စွမ်းအားမျိုးဖြင့် မိုးနှင့်မြေအပြင် အရာအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိပုံရ၏။
တချိန်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို ဖိနှိပ်ခဲ့သော အဓိပဓိ အင်မော်တယ်ခုံရုံး၏ အင်မော်တယ်ရတနာ၊ ကောင်းကင်ဧကရာဇ်၏ ပလ္လင် အမှတ်အသား ပေါ်လာပြီ။