← Chapters

အခန်း ၉၉၂

Vol. 67 Ch. 992

အခန်း ၉၉၂

Vol. 67 Ch. 992

အခန်း ( ၉၉၂ ) အင်အားအပြည့်။

ကောင်းကင်ဧကရာဇ်၏ပလ္လင်မှာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို လွှမ်းမိုးရန်အတွက် အဓိပဓိအင်မော်တယ်ခုံရုံး အသုံးပြုခဲ့သော အဓိက ရတနာတစ်ပါး ဖြစ်သည်။

ယင်းက အခြား အင်မော်တယ်ရတနာများထက်ပင် ပိုအားကောင်း၏။

ယင်းက အစွမ်းထက်ဆုံး အင်မော်တယ်ရတနာ အင်မော်တယ်သတ်ဓားနှင့်ပင် အဆင့်တူလုနီးရှိသည်ဟု ခန့်မှန်းရပေသည်။

သို့သော်လည်း ယခုအချိန်တွင် လင်ယွမ် ထုတ်ဖော်လိုက်သည်က ကောင်းကင်ဧကရာဇ်၏ပလ္လင် အစစ်မဟုတ်ပေ။

သို့ရာတွင် အင်မော်တယ်ရတနာ အမှတ်အသားဖြစ်လျှင်ပင် စွမ်းအားက အံ့မခန်း ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း ကျိချင်းရီ ထုတ်ဖော်ခဲ့သော အင်မော်တယ်ရတနာ အမှတ်အသားထက်ပင် ဤဖိအားက ပို၍ပြင်းထန်သည်ဟု ခံစားမိခဲ့သည်။

ကျွင်းရှောင်ယောက်က လင်ယွမ်ကို ထပ်မံ ကြည့်လိုက်၏။

လင်ယွမ်၏ ခြေတံရှည်ရှည်များက အဖြူရောင်ခြေအိတ်များဖြင့် ဖုံးအုပ်ထားသည်ကို သူသတိပြုမိသည်။

သို့ရာတွင်... လင်ယွမ်မှာ ခြေအိတ်ဝတ်လေ့မရှိကြောင်း သူ မှတ်သားမိ၏။

ခြေအိတ်ဝတ်တတ်သည်မှာ နတ်သမီးယွမ် ဖြစ်သည်။

ထို့အပြင် နတ်သမီးယွမ်က သူ့ခန္ဓာကိုဖျက်ဆီးပြီး သူ့ဝိညာဉ်အား ပြန်ပေး၍ လင်ယွမ်နှင့် ပေါင်းစည်းခဲ့သည့်အချိန်ကို သူ သတိရမိ၏။

'ဖြစ်နိုင်တာက...'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် တစ်ခုခုကို မှန်းဆလိုက်မိသည်။

လင်ယွမ်က နတ်သမီးယွမ်၏ ဝိညာဉ်နှင့် လုံးဝ ပေါင်းစပ်သွားခြင်းပင်။

"ဖိနှိပ်လော့"

လင်ယွမ်က ကောင်းကင်ဧကရာဖ်၏ပလ္လင် အမှတ်အသားဖြင့် ဖိနှိပ်လိုက်သည်။ အင်မော်တယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။

အင်မော်တယ်ရတနာ အမှတ်အသားဖြင့် ဖိနှိပ်ခြင်းခံရလျှင် မည်သူမဆို အသွေးအသားများ ကြေမွပြီး သေဆုံးသွားရမည်ဟု ဆိုနိုင်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က မတုံ့ပြန်ခဲ့ပေ။

ယခုလေးတင် အတွေးဝင်သွားကြောင့် အနည်းငယ် အာရုံပြောင်းခဲ့သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်၏ ရုပ်သွင်က ပထမဆုံးအကြိမ် တုန်ခါပြီး နောက်ပြန်ဆုတ်သွားရတော့သည်။

ကြီးမား‌သော ဖိအားကြောင့် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က ခေါင်းလောင်းတစ်ခုပမာ တုန်ခါခဲ့ရသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ လက်ရှိခန္ဓာကိုယ်က ချင်ဧကရာဇ်၏ ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းဖြင့် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။

ယင်းက တကယ့် ကစဉ့်ကလျားခန္ဓာထက် အားမနည်းပေ။

ထို့ကြောင့် ကျွင်းရှောင်ယောက်သည် ပြင်းထန်သောဖိအားကို ခံစားခဲ့ရသော်လည်း လုံးဝ မထိခိုက်ခဲ့ပါ။

"အလုပ်ဖြစ်တယ်"

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်မှ ပါရမီရှင်များ စိတ်လှုပ်ရှားသွားကြသည်။ လင်ယွမ်က ကောင်းကင်ဧကရာဖ်၏ပလ္လင် အမှတ်အသားဖြင့် ကျွင်းရှောင်ယောက်ကို ဖိနှိပ်နိုင်သည်ဟု လွဲမှားစွာ တွေးထင်ခဲ့ကြခြင်း ဖြစ်၏။

ကျွင်းရှောင်ယောက်က အနည်းငယ် အာရုံပြောင်းခဲ့ခြင်းဖြစ်ကြောင်း သူတို့အားလုံး မသိခဲ့ပေ။

လင်ယွမ်ကိုယ်တိုင်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားကဲ့သို့ အခြားသူများကို ရင်ဆိုင်နေသော ကျွင်းရှောင်ယောက်၏ရုပ်သွင်ကို သူမ မြင်ခဲ့ဖူးသည်။

သို့ရာတွင်၊ သူမကို မြင်လိုက်ရပြီးနောက် ခဏတာ တုံ့ဆိုင်းသွားပေသည်။

'ဒါက... မဖြစ်နိုင်ဘူး...'

လင်ယွမ်လည်း ခေါင်းကိုခါယမ်းလိုက်သည်။

ယင်းက ရယ်စရာကောင်းအောင် လက်တွေ့မဆန်ကြောင်း သူ သိ၏။

အခြားသူများသာ သူမ၏အတွေးများကို သိသွားပါက ရူးနေပြီဟု သေချာပေါက် ထင်ကြမည် ဖြစ်သည်။

တိုင်းတပါးမှ ကစဉ့်ကလျားခန္ဓာက ကျွင်းရှောင်ယောက်နှင့် မည်သို့ဆက်စပ်နိုင်မည်နည်း။

လင်ယွမ်လည်း သူ့စိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားကာ ကောင်းကင်ဧကရာဖ်၏ပလ္လင် အမှတ်အသားဖြင့် ကျွင်းရှောင်ယောက်ကို ဆက်လက် ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

လင်ယွမ်၏ တိုက်ခိုက်မှုကိုမြင်တော့ မျက်နှာဖုံးအောက်မှ ကျွင်းရှောင်ယောက်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ယခင်က လင်ယွမ်သာဆိုလျှင် ကျွင်းရှောင်ယောက်က ချုပ်တည်းထားမည် မဟုတ်ပါ။

အင်မော်တယ်ခံရုံး၏ ဧကရာဇ်ငယ်နှင့် ကျွင်းမိသားစု၏ နတ်ဘုရားသားတော်တို့က သဘာဝအတိုင်းဆန့်ကျင်ဘက်များ ဖြစ်ကြသည်။

ယခုတော့ လင်ယွမ်သည် လင်ယွမ်သက်သက် မဟုတ်တော့ပေ။

သူမက နတ်သမီးယွမ်လည်း ဖြစ်သည်။

နတ်သမီးယွမ်နှင့် ပတ်သက်ပြီး ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရပေသည်။

ယခင်က သူဟာ နတ်သမီးယွမ်ကို စောင့်ရှောက်မည်ဟု ကတိပေးခဲ့သည်။

သို့သော်လည်း အဆုံးမှာတော့ နတ်သမီးယွမ်က သူ့ခန္ဓာကိုယ်ကိုဖျက်ဆီးကာ သူ့ဝိညာဉ်ကိုလည်း ပြန်ပေးခဲ့ရလေသည်။

နတ်သမီးယွမ်ကြောင့် ကျွင်းရှောင်ယောက်မှာ လင်ယွမ်ကို မထိခိုက်စေနိုင်တော့ပေ။

ကျွင်းရှောင်ယောက်လည်း စွမ်းအင်ခုခံကာကွယ်ခြင်း နတ်လက်စွပ်ကွင်း ဆယ့်ငါးခုကိုသာ အသက်သွင်းလိုက်ရသည်။

သို့သော်လည်း ကောင်းကင်ဧကရာဇ်ရာဇ်၏ပလ္လင် အမှတ်အသား၏ စွမ်းအားက တားဆီးရန်မလွယ်ပေ။

ယင်းကိုမြင်တော့ လင်ယွမ်၏ လှပသော မျက်လုံးများမှ သံသယများက ပို၍ ခိုင်မာလာခဲ့သည်။

အရိုးဖြူသခင်လေးနှင့် အခြားပါရမီရှင်များကတော့ ကျေနပ်စွာ ပြုံးလိုက်ကြ၏။

ကောင်းကင်ဧကရာဖ်၏ပလ္လင် အမှတ်အသားဖြင့် ကျွင်းရှောင်ယောက် ဖိနှိပ်ခြင်းခံနေရပြီဟု သူတို့အားလုံး ယုံကြည်နေကြပြီ။

"ဒါက အခွင့်ကောင်းပဲ"

ယင်းကိုမြင်တော့ အရိုးဖြူသခင်လေးက ထပ်မံ တိုက်ခိုက်လိုက်သည်။

သူ့နောက်ကျောမှ အဖြူရောင် အရိုးဓားတစ်လက် ရုတ်တရက် ထွက်ပေါ်လာ၏။

ဓားကိုယ်ထည်ကား လူ၏ကျောရိုးနှင့်တူပြီး အဆစ်တစ်ခုစီတွင် ကမ္ပည်းများ ရေးထိုးထားကာ စူးရှသည့် ရောင်ဝါများထွက်ပေါ်နေခဲ့ပေသည်။

ယင်းက ပါရမီရှင်တစ်ဦး၏ အရိုးဖြင့် သန့်စင်ထားပြီး အရိုးဖြူသခင်လေး၏ ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်ထားသော နတ်ရတနာတစ်ခု ဖြစ်သည်။

အရိုးဖြူဓားဖြင့် ထိုးလိုက်သည်နှင့် ထောင်နှင့်ချီသော ဓားအလင်းများက သူ့ပတ်ဝန်းကျင်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

တစ်ဖက်တွင်၊ သူတော်စင်ယာမာသည်လည်း ဤအခွင့်အရေးကောင်းကို ဆုပ်ကိုင်ခဲ့၏။

သူ့လက်ကို မြှောက်လိုက်သည်နှင့် မိစ္ဆာဝိညာဉ်ကဲ့သို့ သတ္တုလက်အိတ်တစ်ခု ပေါ်လာတော့သည်။

ယင်းမှာ အမှောင်ဘုရင်မျိုးရိုး၏ အင်မော်တယ်တစ်ပိုင်း ရတနာ၊ ယာမ၏လက် အမှတ်အသား ဖြစ်သည်။

ဤအင်မော်တယ်တစ်ပိုင်းရတနာ ယာမ၏လက်က အမှောင်အင်မော်တယ်ရတနာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟူသော ကောလဟာလများပင် ရှိသေးသည်။

အမှောင်ကမ္ဘာကို တစ်ချိန်က အမှောင်ထဲမှ အင်မော်တယ်ခုံရုံးဟု လူသိများသည်။

အဓိပဓိအင်မော်တယ်ခုံရုံးက ကောင်းကင်ဧကရာဇ်၏ပလ္လင်ကို ပိုင်ဆိုင်ထားသလို၊ အမှောင်ကမ္ဘာတွင်လည်း သဘာဝအတိုင်း အင်မော်တယ်ရတနာ ရှိပေသည်။

ယင်းကို ယာမဘုရင်ဆယ်ပါးဟု ခေါ်သည်။

ထိုအင်မော်တယ်ရတနာက အင်မော်တယ်ရတနာဆယ်ခုဖြင့် ဖွဲ့စည်းထားသည့် ထိပ်တန်း အင်မော်တယ်ရတနာတစ်ခုဖြစ်ကြောင်း ကောလာဟလများပင် ထွက်ပေါ်ခဲ့သေးသည်။

ယာမ၏လက်သည်ကား ယာမဘုရင်ဆယ်ပါးကို ဖွဲ့စည်းခဲ့သော အင်မော်တယ်ရတနာ ဆယ်ခုထဲမှ တစ်ခု ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူတော်စင်ယာမာက အင်မော်တယ်အမှတ်အသားကို ထုတ်လွှတ်လိုက်၍ အဆုံးမဲ့ နတ်ဆိုးမီးလျှံများ ကောင်းကင်တွင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ယာမ၏လက် ၏ စွမ်းအားရင်းမြစ်မှာ အဆုံးမဲ့ ငရဲမီးပင်လယ်ဖြစ်သောကြောင့် ၎င်း၏စွမ်းအားမှာ အလွန်အားကောင်းကာ အဆုံးမရှိပေ။

ယင်းက ကံကြမ္မာကို လောင်ကျွမ်းစေနိုင်သော ကြာနီကမ္မမီးလျှံထက် အားမနည်းသည်မှာ သေချာသည်။

ယာမ၏ပြစ်ဒဏ်၊ အမှောင်ကမ္ဘာ၏ကောင်းကင်မီးတောက်...

သူတော်စင်ယာမလည်း ယာမ၏လက်ဖြင့် အားကောင်းသော ဖျက်ဆီးခြင်း စွမ်းရည်ကို ထုတ်ဖော်လိုက်သည်။

အဆုံးမရှိသော အမှောင်မီးပင်လယ်ကြီး ထွက်ပေါ်လာ၏။

အမှောင်မီးပင်လယ်အတွင်း၌ သက်ရှိသတ္တဝါများ၏ အသက်ကို ဆွဲယူရန် လက်လှမ်းလိုက်သော ယာမမင်း၏ လက်ကဲ့သို့ ဧရာမ လက်ကြီးတစ်ဖက်လည်း ပေါ်လာတော့သည်။

တစ်ဖက်တွင် ယွီဟွာဝမ်သည်လည်း လှုပ်ရှားလိုက်သည်။ ယွီဟွာနတ်ဘုရားမင်းဆက်မှ ဧကရာဇ်လက်နက်၊ ယွီဟွာနတ်လှံဖြင့် တိုက်ခိုက်လိုက်၏။

နတ်လှံတစ်စင်း၏ အရိပ်က ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်နေသော နတ်အလင်းရောင်များဖြင့် ကျွင်းရှောင်ယောက်ဆီသို့ ပစ်ထိုးလိုက်တော့သည်။

ကူတိကျစ်သည်လည်း အင်မော်တယ်တစ်ပိုင်းလက်နက်၊ ဖူရှီနဂါးကျောက်စာတိုင်ဖြင့် တိုက်ခိုက်လိုက်သည်။

ရှေးဟောင်းတောင်ကြီးထက် မြင့်မားသော ကျောက်စာတိုင်ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။ နဂါးအမှတ်အသားများ ရေးထိုးထားသော ကျောက်စာတိုင် ကျဆင်းလာသည်နှင့် ဟင်းလင်းပြင်မှာ ပြိုကျသွားတော့သည်။

စန်းလီ၊ ယောင်ချင်း၊ ရှင်းလုနှင့် အခြားသူများကလည်း အံကိုကြိတ်ပြီး အစွမ်းကုန်ကြိုးစားကာ တိုက်ခိုက်ခဲ့ကြသည်။

မျိုးစေ့အဆင့် ပါရမီရှင်နှစ်ဦး၊ မျက်မှောက်ခေတ်၏ အဓိပဓိပါရမီရှင်နှင့် တားမြစ်ထားသော ပါရမီရှင်များ...

အမျိုးမျိုးသော အင်မော်တယ်ရတနာ အမှတ်အသား၊ အင်မော်တယ်တစ်ပိုင်း ရတနာ အမှတ်အသားနှင့် ဧကရာဇ်လက်နက်များ အမျိုးမျိုးလည်း ရှိသေးသည်။

စစ်မှန်သော အဓိပဓိများသည်ပင် ထိုကဲ့သို့ ဝိုင်းရံ တိုက်ခိုက်မှုအောက်တွင် သေခြင်းမှတပါး အခြားမရှိတန်ရာပေ။

သို့ရာတွင်၊ မျက်နှာဖုံးအောက်မှ ကျွင်းရှောင်ယောက်၏ အမူအရာက လျစ်လျူရှုခြင်းများ ပြည့်နှက်နေခဲ့သည်။

"ကောင်းကင်ဧကရာဇ်ရဲ့ပလ္လင် အမှတ်အသားက ငါ့ကို ကူကယ်ရာမဲ့ဖြစ်စေတယ်လို့ မင်းတို့ တကယ်ထင်နေကြတာလား"

ကျွင်းရှောင်ယောက် လှောင်ပြောင်လိုက်သည်။

သူက လင်ယွမ်ကိုသာ သက်ညှာသည်။

သို့ရာတွင်၊ ထိုအချက်က အခြားသူများ သူ့ကိုတိုက်ခိုက်ရန် အရည်အချင်းပြည့်မီသည်ဟု မဆိုလိုပေ။

"ငါ မင်းကို ကူညီပေးရဦးမလား"

ပုခုံးပေါ်မှ ရှောင်ယီက မေးလိုက်သည်။

"မလိုပါဘူး"

ကျွင်းရှောင်ယောက် ခပ်တိုးတိုးလေး ပြောလိုက်၏။

သူ့လက်ကို တစ်ချက်လှုပ်လိုက်ရာ သူ၏ ဘယ်ဘက်လက်မှ ‌ဓားအလင်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

တာ့လော့ဓားသန္ဓေ ပေါ်လာပြီ။

သူ၏ ညာလက်မှာတော့ အားကောင်းသော နတ်ဆိုးစွမ်းအားဖြင့် ရွှေနက်ရောင် လှံပုဆိန်တစ်လက် ပေါ်လာခဲ့သည်။ ထိုစဉ် လှံပုဆိန်လက်ကိုင်ရိုးမှ သွေးကြောမျှင်များ ပေါ်လာပြီး ကျွင်းရှောင်ယောက်၏ လက်မောင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။

တခဏအတွင်းမှာပင် သူ၏ အနက်ရောင်ဆံပင်များက အဖြူရောင်ပြောင်းသွားတော့သည်။

ဤအခိုက်တွင် ကျွင်းရှောင်ယောက်၏ အဖြူရောင်ဆံပင်များက လေထဲမှာ တဖျတ်ဖျတ်ခတ်နေသည်။ သူ၏ ဘယ်ဘက်လက်က တာ့လော့ဓားသန္ဓေကို ကိုင်ထားပြီး ညာဘက်လက်မှာတော့ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို ကိုင်ဆွဲထား၏။

သူ့ခန္ဓာကိုယ်ထဲမှ အနှိုင်းမဲ့နတ်ဘုရားသွေးကို အသက်သွင်းလိုက်ရာ သူ၏သွေးများကလည်း ချော်ရည်များကဲ့သို့ ပွက်ပွက်ဆူလာတော့သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က ချက်ချင်းပင် တောက်ပသော နတ်မီးတောက်များ လွှမ်းခြုံသွားသည်။

စတုတ္ထမြောက်ကျင့်စဉ်၊ ကောင်းချီးပေးခြင်း။

သူ၏ စွမ်းရည်အားလုံးက အဆများစွာ တိုးတက်လာခဲ့သည်။

ကျွင်းရှောင်ယောက်၏‌ နောက်ဘက်တွင် ကစဉ့်ကလျားစွမ်းအင်များက တဟုန်ထိုး တက်လာခဲ့သည်။

ကစဉ့်ကလျား မြူခိုးများကြား၌ မိုးနှင့်မြေကို ခွဲထုတ်နေသည့် နတ်ဆိုးနှင့်နတ်ဘုရားများ ရှိနေသကဲ့သို့ ကြောက်စရာကောင်းသော မြင်ကွင်းများလည်း ထွက်ပေါ်လာ၏။

ကစဉ့်ကလျားခန္ဓာ၏ သဘာဝရူပါရုံ၊ ကစဉ့်ကလျားကောင်းကင်ကိုဖွင့်ခြင်း။

ကျွင်းရှောင်ယောက်က ဘယ်ဘက်လက်မှ တာ့လော့ဓားသန္ဓေဖြင့် ကစဉ့်ကလျားကောင်းကင်ဖွင့်ခြင်း ကျင့်စဉ်ကို အသုံးပြုလိုက်သည်။

ကောင်းကင်ကို ခွဲခြမ်းသကဲ့သို့ ရွှေရောင်ဓားအလင်းတစ်ခု ပေါ်လာပြီး ဓားအရှိန်အဝါများကလည်း မိုင်သုံးသောင်းကို ပျံ့နှံ့သွား၏။

နတ်ဆိုးနတ်ဘုရား စွမ်းရည်ကိုတော့ ညာဘက်လက်မှနတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ဖြင့် ထုတ်ဖော်လိုက်တော့သည်။

ကောင်းကင်ဖျက်ဆီးခြင်းကျမ်း၊ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးနွယ်၏ သဘာဝစွမ်းရည်၊ ကောင်းကင်ကိုဖွင့်လှစ်ခြင်း သဘာဝရူပါရုံ၊ စတုတ္ထမြောက်ကျင့်စဉ် ကောင်းချီးပေးခြင်းတို့၏ ပေါင်းစပ်ခြင်းက စွမ်းအားများ အဆများစွာ တိုးလာစေခဲ့သည်။

ထို့အပြင် တာ့လော့ဓားသန္ဓေနှင့် နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ဖြင့် ထုတ်ဖော်ခြင်း ဖြစ်၏။

ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်က တိုက်ခိုက်ရေးစွမ်းအားအပြည့်နှင့် အင်အားအပြည့်ရှိသော စစ်နတ်ဘုရားကဲ့သို့...

ပျက်စီးခြင်းနယ်စပ်တစ်ခုလုံးနှင့် ကြယ်များကို တုန်လှုပ်သွားစေတော့သည်။

All Chapters