← Chapters

အခန်း ၉၉၃

Vol. 67 Ch. 993

အခန်း ၉၉၃

Vol. 67 Ch. 993

အခန်း ( ၉၉၃ ) တားဆီးမရနိုင်သူ။

ကောင်းကင်သင်္ဂြိုဟ်တောအုပ်တစ်ခုလုံး ပြင်းထန်သော အတက်အကျလှိုင်းများဖြင့် ပြည့်နေသည်။ ထိုသို့သော စွမ်းအားမျိုးက ဖော်ပြ၍ပင် မရပေ။

ဤအခိုက်တွင် ကျွင်းရှောင်ယောက်က စွမ်းအားအပြည့်ရှိသော စစ်နတ်ဘုရားနှင့် တူသည်။

ဘယ်ဘက်လက်တွင် တာ့လော့ဓားသန္ဓေရှိပြီး ညာဘက်လက်က နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်အား ကိုင်ဆောင်ထား၏။ ကစဉ့်ကလျားကောင်းကင်ဖွင့်ခြင်း သဘာဝရူပါရုံနှင့် အနှိုင်းမဲ့နတ်ဘုရားသွေးကြောင့် သူ့ခန္ဓာတစ်ခုလုံးက ပူလောင်ပြင်းပြနေသေးသည်။

"သတ်"

ကျွင်းရှောင်ယောက်ထံမှ ကြောက်စရာကောင်းလောက်အောင် ကြုံးဝါးသံတစ်ခု ထွက်ပေါ်လာပြီး ကြယ်ကောင်းကင်ကြီး တုန်ခါသွားရသည်။

"ဝုန်း"

ကြီးမားပြီး မြင့်မြတ်သော စွမ်းအင်လှိုင်းများက ကောင်းကင်ယံကို ဖြတ်သန်းသွား၏။

ဟင်းလင်းပြင်က အက်ကွဲကြောင်းကြီးများပေါ်လာပြီး ကစဉ့်ကလျား အငွေ့အသက်များလည်း ထွက်ပေါ်လာတော့သည်။

"မြန်မြန် ဆုတ်ကြ"

အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များလည်း ကြောက်လန့်တကြား အော်ဟစ်ရင်း ကသောမျောပါး ဆုတ်သွားကြသည်။

သို့တိုင် လူတချို့မှာ ဟင်းလင်းပြင်အက်ကြောင်းများထဲသို့ တိုက်ရိုက်မျိုချခံလိုက်ရသေးသည်။

ဤပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အနည်းငယ် အား‌နည်းသော ယောင်ချင်း၊ စန်းလီ၊ ရှင်းလုနှင့် အင်မော်တယ်ခုံရုံး၏ မျိုးဆက်သစ်များ အော်ဟစ်လိုက်ကြရသည်။

သူတို့အားလုံး မခုခံနိုင်ဘဲ ခန္ဓာကိုယ်များ ပေါက်ကွဲသွား၏။ သူတို့၏ ရှေးဦးဝိညာဉ်ပင်လျှင် ဖျက်ဆီးခံလိုက်ရတော့သည်။

ယွီဟွာဝမ်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ သူ့ပါးစပ်အတွင်းမှ သွေးများအန်ထွက်လာပြီး အဖြူရောင်ဝတ်ရုံကို စွန်းထင်းသွားစေခဲ့၏။

ကူတိကျစ်သည်လည်း ပြင်းထန်စွာ ဆုတ်ခွာသွားရသည်။ ဖူရှီနဂါးကျောက်စာတိုင်က ပြန်လွင့်၍ သူ့ရင်ဘတ်ကို ဝင်ဆောင့်ပေရာ သွေးများအန်ထွက်လာပြန်တော့သည်။

"ချီးပဲ၊ ဒီကစဉ့်ကလျားခန္ဓာ..."

ကူတိကျစ်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေပြီး သနားစဖွယ်ဖြစ်ခဲ့သည်။

သူ့ကံကြမ္မာကိုလည်း အမှန်တကယ် စိတ်ပျက်သွားသလို ခံစားလိုက်ရ၏။

အဆုံးစွန်ရှေးဟောင်းလမ်းနှင့် ရှန်းရွှီ၏ကမ္ဘာတွင် ကျွင်းရှောင်ယောက်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

ယခု သူမရှိတော့သည့်အခါမှာလည်း၊ ပျက်စီးခြင်းစစ်မြေပြင်တွင် တိုင်တပါးမှ ကစဉ့်ကလျားခန္ဓာ၏ ဖိနှိပ်ခြင်းအား ခံနေရပြန်ပြီ။

ယင်းက သနားစရာကောင်းသည် ဟူသော စကားလုံးနှင့်ပင် မဖော်ပြနိုင်တော့ပေ။

လင်ယွမ်၊ အရိုးဖြူသခင်လေးနှင့် သူတော်စင်ယာမာတို့ကတော့ အခြေအနေ အနည်းငယ် ပိုကောင်းသည်။

ကောင်းကင်ဧကရာဇ်၏ပလ္လင် အမှတ်အသား၏‌ ထောက်ပံ့မှုဖြင့် လင်ယွမ်၏ နှုတ်ခမ်းထောင့်မှ သွေးစတချို့သာ ပေါ်လာခဲ့လေသည်။

အရိုးဖြူသခင်လေးနှင့် သူတော်စင်ယာမာတို့မှာလည်း မည်သို့ပင်ဆိုစေကာမူ မျိုးစေ့အဆင့် ပါရမီရှင်များ ဖြစ်နေဆဲပင်။

သို့သော်လည်း၊ ဤအခိုက်တွင် သူတို့နှစ်ဦးစလုံး၏ မျက်လုံးများက အံ့အားသင့်မှုနှင့် မယုံကြည်နိုင်ခြင်းများ ပေါ်လွင်နေခဲ့သည်။

"ဒီလို ပူးပေါင်းဖိနှိပ်တာကတောင် သူ့ကို အနိုင်မယူနိုင်ဘူးလား"

သူတော်စင်ယာမာ၏ နှလုံးသားထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုစဉ်...

ကစဉ့်ကလျား ပုံရိပ်တစ်ခုက လေဟာပြင်ကို ဖြတ်သန်းသွားခဲ့သည်။

ရွှေနက်ရောင် လှံပုဆိန်တစ်လက်က သူတော်စင်ယာမာအား ခုတ်ပိုင်းလာ၏။

"အတင့်ရဲလိုက်တာ"

သူတော်စင်ယာမာ တုန်လှုပ်သွားခဲ့သည်။ တချိန်တည်းမှာပင် ဒေါသထွက်သွား၏။

မူလက သူတို့ဟာ ကစဉ့်ကလျားခန္ဓာကို ဝိုင်းရံဖိနှိပ်ခဲ့ကြခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့်၊ သူတို့အားလုံးကို ကစဉ့်ကလျားခန္ဓာ တစ်ဦးတည်းက တန်ပြန်ဖိနှိပ်ခဲ့ပြီ။

ဤသတင်းသာ ပျံ့နှံ့သွားပါက မည်မျှ ရှက်စရာကောင်းလိုက်ပါမည်နည်း။

"ဝုန်း"

သူတော်စင်ယာမာလည်း ယာမ၏လက် အမှတ်အသားနှင့် နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို ရင်ဆိုင်လိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကစဉ့်ကလျားအလင်းရောင်များ တဖျတ်ဖျတ်တောက်လာသည်။

"ဝုန်း"

လှံပုဆိန်က ယာမ၏လက် အမှတ်အသားကိုကျော်ပြီး သူတော်စင်ယာမ၏လက်ကို တိုက်ရိုက် ဖြတ်တောက်လိုက်၏။

သွေးများက ကောင်းကင်တွင် ဖြာခနဲ ဖြစ်သွားသည်။

တချိန်တည်းမှာပင် တောက်ပသော ဓားအလင်းတန်းတစ်ခုက သူတော်စင်ယာမာ၏ ရင်ဘတ်ကို ထိုးဖောက်ပြီး နောက်ဘက်သို့ ဖောက်ထွက်သွားတော့သည်။

ထို့နောက် ကျွင်းရှောင်ယောက်က နတ်ဘုရားတစ်ပါးကို့ ခြေတစ်ချက်လှမ်းပြီး သူတော်စင်ယာမာ၏ ရင်ဝကို ဆောင့်နင်းချလိုက်သည်။

"ဝုန်း"

သူတော်စင်ယာမ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွား၏။

တာ့လော့ဓားသန္ဓေ၏ ဓားအလင်းအောက်က သူတော်စင်ယာမာ၏ ရှေးဦးဝိညာဉ်ကိုပါ တိုက်ရိုက် ဖြတ်သန်းသွားတော့သည်။

အမှောင်ဘုရင်မျိုးရိုးမှ မျိုးစေ့အဆင့် ပါရမီရှင် သူတော်စင်ယာမာ ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်အားလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေသည်။

မျိုးစေ့အဆင့် အဓိပဓိ ပါရမီရှင်ကို အလွယ်တကူ သတ်နိုင်သည်။

တိုင်းတပါးမှ ကစဉ့်ကစလျားခန္ဓာက ကြောက်စရာကောင်းလွန်းသည်။

"နောက်ဆုတ်မှ"

ယင်းကိုမြင်တော့ ကူတိကျစ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ အမြန်ဆုတ်သွားသည်။

သူသည် လွန်စွာ ပါးနပ်သူ ဖြစ်၏။

ဝိုင်းရံခြင်း အောင်မြင်ပါက၊ အောင်ပွဲ၏ ဘုန်းအသရေကို ဆွတ်ခူးရန် သဘာဝအတိုင်း အလျင်အမြန် ၀င်ရောက်လာသူ ဖြစ်လိမ့်မည်။

သို့ရာတွင်၊ အခြေအနေမကောင်းသောကြောင့် ပထမဆုံး ဆုတ်ခွာရန်ကြိုးစားနေပြီ ဖြစ်သည်။

သူဆုတ်သွားတာကိုမြင်တော့ ယွီဟွာဝမ်လည်း နောက်ပြန်ဆုတ်သွားတယ်။

ထိုအခါ လင်ယွမ်လည်း လှပသော မျက်လုံးများနှင့် ကျွင်းရှောင်ယောက်ကို တစ်ချက်ကြည့်ပြီး ဆုတ်သွား၏။

ထိုအခြေအနေကြောင့် အရိုးဖြူသခင်လေးလည်း စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ကစဉ့်ကလျားခန္ဓာ၏ သွေးအနှစ်သာရကိုယူရန် သူ့စိတ်ကူးက မအောင်မြင်နိုင်တော့ပေ။

သူသည်လည်း ထွက်သွားရန် ကြိုးစားလိုက်သည်။ သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ ပုံရိပ်က သူ့ထံသို့ရောက်လာပြီ။

"ဟာကွာ"

အရိုးဖြူသခင်လေး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

တိုင်းတပါးမှ ကစဉ့်ကလျားခန္ဓာက အဘယ်ကြောင့် သူ့ကို ပထမဆုံး ပစ်မှတ်ထားရသနည်း။

ကျွင်းရှောင်ယောက်က အပိုစကားများမပြောဘဲ အရိုးဖြူသခင်လေးကို တိုက်ခိုက်လိုက်သည်။

သူဟာ မြင့်မြတ်ဝိညာဉ်ကျွန်းအပေါ်မှာ အထင်မြင်ကောင်း အနည်းငယ်မျှပင် မရှိပေ။

နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို လွှဲယမ်းခုတ်ပိုင်းလိုက်သည်နှင့် ဟင်းလင်းပြင်က အက်ကွဲသွားရသည်။

မူလက လူအများကြီးနှင့် ဝိုင်းရံစဉ်မှာပင် ကျွင်းရှောင်ယောက်ကို သူတို့ ရင်မဆိုင်နိုင်ခဲ့ပါ။

ယခုတော့ တစ်ယောက်တည်း တိုက်ခိုက်နေရသောကြောင့် အရိုးဖြူသခင်လေးမှာ ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်ဖြစ်ရန် အလားအလာ လွန်စွာနည်းပါးသွားသည်။

လှံပုဆိန်က အရိုးဖြူသခင်လေး၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။

သူ၏ ရှေးဦးဝိညာဉ်ပင်လျှင် မလွတ်မြောက်နိုင်ဘဲ ပျက်သုဉ်းသွား၏။

ထို့နောက် ကျွင်းရှောင်ယောက် လှည့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်ရှိ အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်အားလုံးနီးပါး မရှိတော့ပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

လုံယောက်အာပင်လျှင် တိတ်တဆိတ် ထွက်ပြေးသွားခဲ့ပြီ။

သို့သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်တော့ပါ။

အင်မော်တယ်နယ်မြေကြီးကို ပြန်ရောက်သောအခါမှ လုံယောက်အာကို ဂရုစိုက်နိုင်သည်။

ကူတိကျစ်နှင့် ယွီဟွာဝမ်ကိုတော့...

ကျွင်းရှောင်ယောက်ဆန္ဒရှိလျှင် လိုက်ဖမ်းနိုင်သည်။

သို့ရာတွင်၊ ထိုသို့မလုပ်ခဲ့ပေ။

အကြောင်းပြချက်က ရှင်းသည်။

ထိုသူများကို မစီရင်မီ အင်မော်တယ်နယ်မြေကြီးသို့ သူပြန်ရောက်သည်အထိ စောင့်ဆိုင်းချင်ခဲ့ပေသည်။

အချိန်တန်လျှင်...

သူတို့ ဂရုတစိုက် အကွက်ချ၍ သတ်ဖြတ်ခဲ့သော ရန်သူက မသေဆုံးသည့်အပြင်... ပို၍ သန်မာလာပြီး ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း မြင်စေလိမ့်မည်။

ထိုအခါ၊ ကူတိကျစ်နှင့် အခြားသူများ မည်သို့ခံစားရမလဲ သူ သိချင်မိ၏။

ကျွင်းရှောင်ယောက်က လူများကို သတ်မည့်အပြင် စိတ်နှလုံးကိုပါ ချေမှုန်းလိုသည်။

ကူတိကျစ်ကို ယခုသတ်လိုက်ပါက၊ သူ့အတွက် လွယ်ကူလွန်းလိမ့်မည်။

"အခု သွေးစတေးခံနယ်မြေကိုသွားဖို့ အချိန်ကျပြီ"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

ထို့နောက်၊ တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် ခပ်တိုးတိုး ရယ်မောလိုက်၏။ သို့ရာတွင် သူက ဂရုမစိုက်တော့ပေ။

ကျွင်းရှောင်ယောက် ထွက်သွားပြီးနောက်...

ခဏအကြာတွင် မိုးပြာရောင်အဝတ်အစားများ ဝတ်ထားသော လှပသောရုပ်သွင်တစ်ခု လေထဲတွင် ပေါ်လာခဲ့သည်။

သူမက ကျိချင်းရီ။

သူမက ဖရိုဖရဲဖြစ်နေသော ပတ်ဝန်းကျင်နှင့် သူတော်စင်ယာမ၊ အခြားသူများ၏ အလောင်းများကို ကြည့်လိုက်လေသည်။

သူမ၏ ဆောင်းဦးရေစက်ကဲ့သို့ ကြည်လင်သော မျက်လုံးများက လေးနက်မှုနှင့် နက်နက်နဲနဲ တွေးခေါ်မှုအရိပ်အမြွက်တို့ တောက်ပလာခဲ့သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူတို့တွေ သူ့ကို မကိုင်တွယ်နိုင်သေးဘူး"

"သူက ဘယ်သူလဲ။ တကယ်ပဲ သူလား၊ ဒါပေမဲ့... ဒါက လုံးဝ ယုတ္တိမတန်ဘူးလေ"

"ဧကရာဇ်ကြီးတောင်မှ သူ့ရဲ့ အကြောင်းနဲ့ အကျိုးကို ကောင်းကင်ဆီကနေ လုံးဝ ဖုံးကွယ်ထားလို့ မရဘူး။ သူက ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ”

"ဒါပေမဲ့ အဲဒီလို အပြုအမူနဲ့ ဟန်ပန်က အရမ်းဆင်တူလွန်းတယ်"

ကျိချင်းရီလည်း သူ့စိတ်ထဲမှ တွေးလိုက်သည်။

သို့ရာတွင် သူမ မည်သို့ပင် စဉ်းစားနေစေကာမူ၊ ကျွင်းရှောင်ယောက်က အချိန်ခရီးသွားဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ထို့အပြင် သူက ဗလာနယ်ကံကြမ္မာ ဖြစ်သည်။

ကျိချင်းရီ မည်မျှပင် ဉာဏ်ကောင်းနေပါစေ၊ ရှန်းရွှီကမ္ဘာမှ ကျွင်းရှောင်ယောက်၏ အစီအစဉ်များကို လုံးဝ မှန်းဆ၍မရပေ။

သို့သော်လည်း တိုင်းတပါးမှ ကစဉ့်ကလျားခန္ဓာနှင့် ကျွင်းရှောင်ယောက်အကြား ဆက်နွှယ်မှု ရှိနိုင်သည်ဟု သံသယ ဖြစ်ခဲ့သည်။

ထိုအချက်တစ်ခုတည်းနှင့်ပင် သူမက လူအများစုထက် သာနေပြီ။

အမှန်လည်း၊ ဤမျှရယ်စရာကောင်းသော ကိစ္စများကို မည်သူမျှ တွေးတောကြမည် မဟုတ်ပါ။

"ထားပါ။ သူ ဟုတ်တာ မဟုတ်တာကို ငါလည်း ဂရုမစိုက်ဘူး၊ ဒါပေမဲ့ သူက တကယ်ကို အစွမ်းထက်တယ်"

"ငါတကယ်သိချင်မိတယ်။ သူသာ အင်မော်တယ်နယ်မြေကြီးရဲ့ ကစဉ့်ကလျားခန္ဓာနဲ့ တိုက်ခိုက်ရင် ဘယ်သူက ပိုပြီးသန်မာမလဲ။ ဘယ်သူက ပိုပြီးတော့ အားနည်းမလဲ"

ကျိချင်းရီ၏ မျက်လုံးများက နက်နဲလာပြီး နေရာမှ လှည့်ထွက်သွားသည်။

ကျွင်းရှောင်ယောက် ချန်ရစ်ခဲ့သော အမှတ်အသားက သူ့မျက်နှာတွင် ပူနွေးနွေးလေး ရှိသေးသည်။

တစ်ဖက်တွင်...

ကျွင်းရှောင်ယောက်က လေထုကိုဖြတ်သန်းပြီး ခရီးဆက်နေခဲ့သည်။

ရုတ်တရက်၊ သူ့ခြေလှမ်းများက ရပ်တန့်သွား၏။

သူရပ်လိုက်သည်နှင့် နောက်ဘက်တွင် လှပသော ရုပ်သွင်တစ်ခုလည်း ပေါ်လာတော့သည်။

လင်ယွမ် ဖြစ်သည်။

"နင် တကယ်ပဲ ဘယ်သူလဲ"

လင်ယွမ်က တောက်ပသော မျက်လုံးများနှင့် ကျွင်းရှောင်ယောက်၏ ကျောပြင်ကို စိုက်ကြည့်လိုက်၏။

ထိုအကြည့်တွင် ကြောက်ရွံ့မှု၊ စိုးရိမ်မှုနှင့် မျှော်လင့်ချက် အရိပ်အမြွက်တို့လည်း ရှိနေတော့သည်။

All Chapters