← Chapters

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း ( ၉၉၅ ) ရှေးဟောင်းတော်ဝင်မျိုးနွယ်၏ ကွပ်မျက်သူအဖွဲ့။

ရှေးဟောင်းတော်ဝင်မျိုးနွယ်မှာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ လျစ်လျူရှု၍ မရနိုင်သော အင်အားတစ်ခု ဖြစ်သည်။

ရှေးခေတ်ကဆိုလျှင် သူတို့က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကို လွှမ်းမိုးခဲ့သေးသည်။

ကျွင်းမိသားစု၊ အင်မော်တယ်ခုံရုံးနှင့် မရေမတွက်နိုင်သော ခေတ်ကာလများအထိ ဆင်းသက်လာခဲ့သည့် ရှေးဟောင်းအင်အားအနည်းငယ်မှလွဲ၍...

အခြား အင်မော်တယ်အင်အားစုများမှာ ရှေးဟောင်းတော်ဝင်မျိုးနွယ်များ၏ ရှေ့မှောက်တွင် အင်အားစုငယ်များအဖြစ်သာ မှတ်ယူနိုင်သည်။

ဤအကြောင်းကြောင့်ပင် ရှေးဟောင်းတော်ဝင်မျိုးနွယ်၏ အမွေအနှစ်များကို လျစ်လျူရှု၍ မရနိုင်ပေ။

ယခုအခါ၊ ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ မျိုးစေ့အဆင့် ပါရမီရှင် ဆယ်ဦးကျော်က ကွပ်မျက်သူအဖွဲ့ကို ဖွဲ့စည်းရန် အတူတကွ စုရုံးခဲ့ကြပြီ ဖြစ်သည်။

သူတို့၏ ပစ်မှတ်ကတော့ သဘာဝအတိုင်း ကျွင်းရှောင်ယောက် ဖြစ်၏။

နေနတ်ဘုရားတောင်၏ ရွှေကျီးကန်း သူတော်စင်လေး။

နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူမှ ဟွမ်းနီ။

နဂါးနန်းတော်မှ ရွှမ်ဟောက်ချုံ။

ကျိုးယိုးတောင်၏ ဆက်ခံသူများ၊ စသည်ဖြင့်...

တစ်ဦးစီက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များကြားတွင် မလွှမ်းမိုးနိုင်သော တည်ရှိမှုများ ဖြစ်ကြသည်။

သူတို့ မွေးဖွားစဉ်ကလည်း ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။

ဤမျိုးစေ့ပါရမီရှင်များက ရှေးဟောင်းတော်ဝင်မျိုးနွယ်များ ထွန်းကားလာစေရေးအတွက် မျှော်လင့်ချက်များထဲမှ တစ်ခုဖြစ်သည်ဟုပင် အကြီးအကဲအများအပြားက ယုံကြည်ခဲ့ကြသည်။

ယခုတော့၊ ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ မျိုးစေ့အဆင့် ပါရမီရှင် တစ်ဒါဇင်ကျော်က အဖွဲ့တစ်ခုအဖြစ် အမှန်တကယ် ပေါင်းစည်းနေခဲ့ကြပြီ။

မျိုးဆက်သစ်လူငယ်များတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှေးဟောင်းတော်ဝင်မျိုးနွယ်များ၏ မျိုးစေ့အဆင့် ပါရမီရှင် ဆယ်ဦးကျော် ပူးပေါင်းဖြေရှင်းရန် အရည်အချင်း ပြည့်မီခြင်းမရှိပေ။

ကျွင်းရှောင်ယောက်က ပထမဆုံး ဖြစ်သည်။

"ကစဉ့်ကလျားခန္ဓာ သေသွားရင်တောင် ငါတို့‌အားလုံး ပူးပေါင်းတိုက်ခိုက်ရတာက အချိန်ဖြုန်းရာကျတယ်၊ ဒါပေမဲ့ နောင်မျိုးဆက်တွေအတွက် နာမည်ကျော်ကြားစေဖို့ လုံလောက်ပါတယ်"

ကျိုးယိုးတော်ဝင်မျိုးနွယ်၏ ဆက်ခံသူတစ်ဦးက အေးစက်စက်ဖြင့် ပြောလိုက်သည်။

သူ့ခန္ဓာမူကား လူသားပုံစံမဟုတ်ဘဲ သားရဲပုံစံ ဖြစ်၏။

သူ့တွင် ဝံပုလွေဦးခေါင်းနှင့် ဦးချိုများရှိသည်။ သူ့ခန္ဓာကိုယ်ကို အနက်ရောင် အကြေးခွံများက ဖုံးလွှမ်းထားပြီး နောက်ကျောဘက်မှာလည်း အမြီးကိုးချောင်း ရှိ၏။

ကျိုးယိုးက ရှေးဦး မိစ္ဆာသားရဲကြီးများထဲမှ တစ်ကောင် ဖြစ်ချေသည်။

ထို့အပြင် ကျိုးယိုးတောင်က ကျိုးယိုးမျိုးနွယ်ဖြင့် ဖွဲ့စည်းထားသော ရှေးဟောင်းတော်ဝင်မျိုးနွယ် ဖြစ်သည်။

သို့သော်လည်း ကျိုယိုးတောင်၏ ဤဆက်ခံသူမှာ နတ်ဆိုးနတ်ဘုရားမျိုးနွယ်မှ ရှောင်ယီကဲ့သို့ သွေးမျိုးဆက် သန့်စင်ခြင်းမရှိပေ။

သူက ကျိုးယိုးတောင်၏ မျိုးဆက်ဖြစ်သော်လည်း မျိုးဆက်များစွာ ခြားထားသည်။

ရှောင်ယီကဲ့သို့ ဧကရာဇ်မင်း၏ တိုက်ရိုက်မျိုးဆက် မဟုတ်ချေ။

သို့သော်ငြားလည်း ကျိုးယိုးတောင်မှ ဆက်ခံသူ၏ အင်အားကို လျှော့တွက်၍မရပေ။

"ငါတို့ သွေးစတေးခံနယ်မြေရဲ့ နက်နဲရာကို တိုက်ရိုက်သွားကြရအောင်။ ဒီနေရာဟာ တိုင်းတစ်ပါးက အမှောင်အင်မော်တယ်ရဲ့ အကြွင်းအကျန်တွေလို့ ငါကြားတယ်"

ရွှမ်ဟောက်ချုံက ပြောလိုက်သည်။

"ကစဉ့်ကလျားခန္ဓာကို ချေမှုန်းလိုက်ရင် ဘယ်လိုအကျိုးကျေးဇူးရမှာလဲ"

"ဒါက သေချာပေါက် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုပေါ့။ ပြီးတော့ အနာဂတ်မှာ ဒီကမ္ဘာကြီးနှစ်ခုရဲ့ တည်ဆောက်ပုံကို သက်ရောက်မှုရှိလိမ့်မယ်"

ဤလူများက ကစဉ့်ကလျားခန္ဓာကို မသတ်ရသေးသော်လည်း တောက်ပသော အနာဂတ်ကို ကြိုတင်စိတ်ကူးယဉ်နေကြပြီ။

သူတို့အဖွဲ့လည်း သွေးစတေးခံနယ်မြေ၏ နက်နဲရာသို့ ဆက်လက်ဝင်ရောက်ခဲ့ကြသည်။

သူတို့သာမကဘဲ ကမ္ဘာနှစ်ဖက်မှ အခြားပါရမီရှင်များလည်း ပိုမို နက်ရှိုင်းစွာ ဝင်ရောက်ခဲ့၏။

ရှေးဟောင်းတော်ဝင်မျိုးနွယ်၏ ကွပ်မျက်သူအဖွဲ့က သွေးစတေးခံနယ်မြေ၏ နက်နဲရာသို့ ဝင်ရောက်သွားချိန်တွင်...

ကျွင်းရှောင်ယောက်သည်လည်း နောက်ဆုံးမှာ သွေးစတေးခံနယ်မြေသို့ ရောက်ရှိလာခဲ့သည်။

သွေးများ စိမ့်ထွက်နေသော ကောင်းကင်ယံမှ အက်ကြောင်းကိုကြည့်ရင်း...

ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။

မျှော်လင့်ထားသည့်အတိုင်း၊ ပျက်စီးခြင်းနယ်စပ်တွင် သာမန်အခြေအနေများ မရှိပေ။

"အထဲမှာ အရမ်းကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ ရှိနေတယ်လို့ ငါခံစားရတယ်"

ကျွင်းရှောင်ယောက်၏ ပခုံးပေါ်ရှိ ရှောင်ယီ၏ ဦးမှင်နှစ်ခုက အနည်းငယ် တုန်ခါသွားသည်။

သူ၏ ပုရွက်ဆိတ်အာရုံက သွေးစတေးခံနယ်မြေ၏ ထူးကဲမှုနှင့် ကြောက်စရာကောင်းခြင်းတို့ကို ခံစားရပေသည်။

"ဒီနေရာဟာ တိုင်းတစ်ပါးက အမှောင်အင်မော်တယ်ရဲ့ သင်္ချိုင်းမြေလို့ ငါကြားတယ်။ ကြည့်ရတာ စိတ်ဝင်စားစရာတော့ ပိုကောင်းဦးမှာပဲ"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက်၏ အဘိဓာန်တွင် "ကြောက်ရွံ့ခြင်း"ဟူသော စကားလုံး မရှိပေ။

အင်မော်တယ်နယ်မြေကြီးတွင် အံ့ဖွယ်ခုနစ်ပါး ရှိသကဲ့သို့...

တိုင်းတပါးတွင်လည်း ထူးခြားဆန်းကျယ်သော လျှို့ဝှက်နေရာများ ရှိသည်။

အနာဂတ်တွင်၊ ကျွင်းရှောင်ယောက်က ထိုနေရာများကိုပင် စူးစမ်းရန် စဉ်းစားထား၏။

သွေးစတေးခံနယ်မြေက ကျွင်းရှောင်ယောက်အတွက် အဘယ်မှာ ပြောပလောက်မည်နည်း။

ကျွင်းရှောင်ယောက်လည်း လက်နှစ်ဖက်ကို နောက်ပစ်ပြီး လျှောက်သွားသည်။

ကြီးမြတ်သော သွေးစတေးခံနယ်မြေတွင် မျက်စိတဆုံး မြင်နိုင်သလောက်က အနီရောင်များ ဖြစ်သည်။

မြေပြင်သည်ပင် သွေးများစွန်းနေသကဲ့သို့ နီနေ၏။

ဤအခိုက်တွင် မိုးနှင့်မြေကြားမှ လေပြင်းတိုက်ခတ်သံနှင့် အော်ဟစ်ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။

သွေးစွန်းနေသော မြေပြင်ပေါ်တွင် အနက်ရောင် မြူမှုန်များလည်း ရုတ်တရက် လွင့်ပျံလာ၏။

ဝိညာဉ်အတက်အကျဖြင့် အမုန်းဝိညာဉ်များလည်း ထွက်ပေါ်လာတော့သည်။

ထိုဝိညာဉ်များ၏ မျက်နှာများက နာကြည်းခြင်းများ ပြည့်နှက်နေပြီး အဆုံးမဲ့ မုန်းတီးခြင်းအငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။

"ဟမ်၊ ဒါက..."

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက် ပို၍ သိချင်လာ၏။

သူ၏ အကြားအမြင် ဗဟုသုတက သာမန်ထက်ထူးကဲသောကြောင့် တစ်ချက်ကြည့်ရုံဖြင့် အခြေအနေအား သိလိုက်သည်။

ယင်းက မြေကြီးထဲမှ ဝိညာဉ်တစ်ကောင် ထွက်ပေါ်လာသကဲ့သို့ပင်။

မြေကြီးထဲမှဝိညာဉ်ဟု ခေါ်ရခြင်းမှာ သူတို့က အကြောင်းရင်းတစ်ခုခု၏ နာကြည်းခြင်းကြောင့် မကျွတ်လွတ်နိုင်ဘဲ တစ်နေရာတည်းတွင် စုရုံးကာ သွေးဆာနေသော နတ်ဆိုးဝိညာဥ်များ ဖြစ်လာခြင်းကြောင့်ပင်။

ဤသွေးစတေးခံနယ်မြေက နာမည်အတိုင်း ဆိုးရွားခြင်းနှင့် သေခြင်းတို့ကို ကိုယ်စားပြုပေသည်။

ဤမြေဝိညာဉ်များက သွေးစတေးခံနယ်မြေမှ မစွန့်ခွာနိုင်ဘဲ ဤနေရာတွင် ထာဝရချုပ်နှောင်ခံထားခဲ့ရသည်။

မြေဝိညာဉ်များ၏ ခွန်အားက သူတို့၏နာကြည်းမှု၊ မုန်းတီးမှုတို့နှင့် တိုက်ရိုက်အချိုးကျသည်။

ယခု ပေါ်လာကြသော မြေဝိညာဉ်များတွင် အနိမ့်ဆုံး သူတော်စင်နယ်ပယ် ခွန်အားရှိ၏။

သွေးစတေးခံနယ်မြေက ပျက်စီးခြင်းနယ်စပ်၏ တားမြစ်နယ်မြေများထဲမှ တစ်ခုဖြစ်လာသည်မှာ အံ့သြစရာ မဟုတ်ပေ။

ယင်းက သာမန်လူများ ဖြတ်ကျော်နိုင်သောအရာ မဟုတ်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်အတွက်တော့ ဤသည်မှာ ဘာမျှမခက်ပါ။

ကစဉ့်ကလျားစွမ်းအင်များက သူ့ပတ်ဝန်းကျင်မှာ လှိုင်းထလာပြီး ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ အရာအားလုံးကို နစ်မြှုပ်သွားစေခဲ့သည်။

ကစဉ့်ကလျား လှိုင်းလုံးကြီးအတွင်းရှိ မြေဝိညာဉ်များအားလုံး တိုက်ရိုက်ပျက်သုဉ်းသွား၏။

ကျွင်းရှောင်ယောက်လည်း ရှေ့ကို ဆက်လျှောက်သွားတော့သည်။

အတွင်းသို့ ရောက်လာလေလေ၊ မြင်ကွင်းများက ပြောင်းလာလေ ဖြစ်သည်။

မြေပြင်တစ်ခုလုံးက အက်ကြောင်းကြီးများ ဖြစ်ပေါ်နေခဲ့သည်။

အထဲမှာလည်း အပျက်အစီးများ အများကြီး ရှိ၏။

ဤနယ်မြေတွင် မြက်ပင်များပင်လျှင် မပေါက်ရောက်ပေ။

ဤသွေးစတေးခံနယ်မြေတွင် အလွန်ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း မြင်နိုင်သည်။

ထိုတိုက်ပွဲက ဤနေရာ၏ တက်ကြွမှုကို လုံးဝ ဖျက်ဆီးခဲ့လိမ့်မည်။

"ဒီနေရာမှာ ရှေးယခင်က ဧကရာဇ်အဆင့် တိုက်ပွဲကြီး ဖြစ်ခဲ့ပုံရတယ်"

ကျွင်းရှောင်ယောက် တွေးလိုက်သည်။

ထိုသို့ဖြစ်လေလေ၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် ပို၍ သိချင်စိတ်တို့ ဖြစ်လာလေပင်။

ဤနေရာတွင် မည်သို့သော လျှို့ဝှက်ချက်များ ရှိနေပါသနည်း။

ကျွင်းရှောင်ယောက်လည်း ဆက်လက်ဝင်ရောက်ခဲ့သည်။

အတွင်းသို့ နက်နဲစွာ ဝင်ရောက်လာပြီးနောက် အဓိပဓိနှင့် နှိုင်းယှဉ်နိုင်သော မြေဝိညာဉ်များကိုပင် မြင်လာခဲ့ရသည်။

ထိုအင်အားမှာ အလွန်အားကောင်း၏။

အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့များနှင့် တိုင်းတစ်ပါးမှ ဧကရာဇ်သားတော်တို့ပင်လျှင် ပြင်းပြင်းထန်ထန် မတိုက်ခိုက်ရဘဲ ဖြတ်ကျော်ရန်မလွယ်ပေ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ အလျားလိုက်တွန်းထုတ်ပြီး တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။

ကျွင်းရှောင်ယောက်၏ မဟာနေမင်း သထ္ထကထာကဲ့သို့ ဝိညာဉ်ကျင့်စဉ်များက ထိုအမုန်းဝိညာဉ်များအတွက် သဘာဝရန်ဘက်ကြီးကဲ့သို့ပင်။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က သွေးစတေးခံနယ်မြေ၏ နက်နဲရာသို့ လုံးလုံးလျားလျား ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့...

အမြင့်ပေတစ်သောင်းကျော်ရှိသော အရိုးဖြူတောင်တန်းကြီးက သွေးစတေးခံနယ်မြေအတွင်း၌ လဲလျောင်းနေသည်။

အနီရောင် မြေပြင်ပေါ်၌ ကြီးမားသော အရိုးဖြူတောင်တန်းတစ်ခု ရှိနေခြင်း...

ဤမြင်ကွင်းက လွန်စွာ အံ့ဖွယ်ကောင်းခဲ့ပေသည်။

အရိုးဖြူတောင်ထိပ်မှာတော့ နက်မှောင်သော ရှေးဟောင်းကျောက်စာတိုင်တစ်ခု ရှိနေသည်။

ရှေးဟောင်း ကျောက်စာတိုင်ရှေ့မှာလည်း သွေးစွန်းနေသော ပန်းများ ပွင့်နေ၏။

ကျွင်းရှောင်ယောက် ဂရုတစိုက်ကြည့်လိုက်တော့ ထိုကျောက်စာတိုင်က အလွန်ရှေးကျကြောင်း မြင်လိုက်ရသည်။

ပန်းများကတော့ သွေးရောင်မန္ဒလာပန်း ဖြစ်၏။

သွေးစတေးခံနယ်မြေတွင် အသက်ဓာတ်များမရှိကြောင်း သိထားကြရမည် ဖြစ်သည်။

သို့တိုင်၊ အနက်ရောင် ရှေးဟောင်းကျောက်စာတိုင်ရှေ့မှာတော့ ကြက်သွေးရောင်မန္ဒလာလန်းတို့ ပေါက်နေပြီ။

ယင်းက ထူးခြားပြီး အံ့ဖွယ်ဖြစ်သည်။

ကြက်သွေးရောင် မန္ဒလာပန်းပွင့်တွင် အလွန်အစွမ်းထက်သော စွမ်းအင်နှင့် နိယာမစွမ်းအားတို့ ပါဝင်နေကြောင်း သူ ခံစားရ၏။

ယင်းမှာ ကျွင်းရှောင်ယောက် ယခင်ရရှိခဲ့သော ဝိညာဉ်သွေးဆေးထက်ပင် ပို၍ အားကောင်းသည်။

ယင်းက အဓိပဓိနယ်ပယ်သို့ ချိုးဖြတ်ရန် ကြိုးစားနေသူများအတွက် တုနှိုင်းမရသော ရတနာတစ်ခုပင်။

"မန္ဒလာပန်း..."

ဤပန်းမှာ ကလဲ့စားချေခြင်းနှင့် စွဲလမ်းခြင်းကို ကိုယ်စားပြုသော ပန်းဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း မန္ဒလာပန်းက တိုင်းတပါးမှ မည့်သည့်မျိုးနွယ်နှင့် ပတ်သက်သနည်းဟု တွေးလိုက်မိလေသည်။

သို့သော်လည်း သူ့မှတ်ဉာဏ်ထဲတွင် ထိုအကြောင်းများ လုံးဝ မရှိပေ။ အနည်းဆုံးတော့ မျက်မှောက်ခေတ်၏ တိုင်းတပါးတွင် မရှိတော့ဘူးဟု ထင်ရသည်။

"ရှေးသမိုင်းမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်တဲ့ တိုင်းတပါးရဲ့ မျိုးနွယ်တစ်ခုပဲလား"

ရုတ်တရက်၊ သူ့မျက်လုံးအကြည့်က အရိုးတောင်ပေါ်ကို ကျရောက်သွားသည်။

သေသေချာချာ ကြည့်လိုက်ပြီးနောက် ကျွင်းရှောင်ယောက် အနည်းငယ် အသက်ရှူမြန်သွား၏။

အရိုးဖြူတောင်ကို အဝေးမှလှမ်းကြည့်လိုက်မှ...

ယင်းမှာ ဧရာမ ဦးခေါင်းတစ်လုံးဖြစ်ကြောင်း မြင်လိုက်ရတော့သည်။

All Chapters