အခန်း ၉၉၆
Vol. 67 Ch. 996
အခန်း ( ၉၉၆ ) ရှေးသမိုင်းတွင် ပျောက်ကွယ်သွားသော မျိုးနွယ်စုတစ်ခု။
ပထမတော့ ကျွင်းရှောင်ယောက်လည်း သတိမပြုမိပေ။
ယခု အသေအချာကြည့်ပြီးမှ ပေတစ်သောင်းကျော်မြင့်မားသော အရိုးတောင်ကြီးမှာ တကယ်ကို အရိုးဖြူ အရိုးခေါင်းကြီးတစ်ခုဖြစ်ကြောင်း အံ့အားသင့်ဖွယ် မြင်လိုက်ရသည်။
ယင်းက ကြောက်စရာကောင်းလွန်းလှပေသည်။
ဦးခေါင်းတစ်လုံးတည်းက ဧရာမတောင်ကြီးနှင့် တူနေသည်။
အတိုင်းအတာတစ်ခုအထိ၊ အရွယ်အစားနှင့် ခွန်အားက တိုက်ရိုက်အချိုးကျပေသည်။
"ဒီဦးခေါင်းက ဒီနေရာမှာ ကျဆုံးသွားတဲ့ အမှောင်အင်မော်တယ်များလား"
ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်သည်။
ထိုစဉ် တစ်စုံတစ်ခုကို သူ ထပ်မံ သတိပြုမိသွား၏။
ဦးခေါင်းခွံဖြူဖြူ၏ နဖူးတွင် အမှတ်အသားတစ်ခု ရှိနေသည်။
သေသေချာချာကြည့်ပါက ယင်းမှာ ခြောက်ထောင့်ကြယ်နှင့်တူကြောင်း မြင်ရလိမ့်မည်။
"ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက တစ်ပါးလား"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသည်။
ယခင်က စစ်နတ်ဘုရားနန်းတော်မှ အကြီးအကဲမူဟာ တိုင်းတပါးမှ အင်မော်တယ်ဘုရင်တစ်ပါး သွေးစတေးခံနယ်မြေတွင် ကျဆုံးခဲ့ကြောင်းကို ပြောခဲ့သည်။
သို့ရာတွင်၊ ဖျက်ဆီးခြင်းဘုရင်ဟုတော့ မပြောခဲ့ပေ။
ယခုမှသာ ကျွင်းရှောင်ယောက် သိလိုက်ရ၍ အံ့ဩသွားခဲ့ရသည်။
တချိန်တည်းမှာပင်၊ သိုလှောင်ခြင်းမှော်ရတနာအတွင်းမှ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်က အနည်းငယ် တုန်ခါလာကြောင်း သူ သတိပြုလိုက်မိ၏။
လှံပုဆိန်ကို တောက်ပသော သွေးအလင်းရောင်အလွှာတစ်ခုကလည်း လွှမ်းခြုံလာတော့သည်။
ကျွင်းရှောင်ယောက်လည်း ပို၍ သိချင်လာခဲ့သည်။
ထို့နောက် ရှေ့သို့လျှောက်လှမ်းသွားရာ အနက်ရောင် ရှေးဟောင်းကျောက်စာတိုင်နှင့် သွေးရောင် မန္ဒလာပန်းရှိရာ ဦးခေါင်းထိပ်သို့ ရောက်သွားခဲ့ပေသည်။
"ကြောက်စရာကောင်းလိုက်တာ၊ ဒါက အတော်လေးကို ထူးဆန်းတာပဲ"
ကျွင်းရှောင်ယောက်၏ ပုခုံးပေါ်မှ ရှောင်ယီမှာ အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေသည်။
သူ၏ ပုရွက်ဆိတ်အာရုံဖြင့်ပင် ဤကျောက်စာတိုင်ကြီးကို မစမ်းသပ်ဝံ့ခဲ့ပေ။
သူက ကျွင်းရှောင်ယောက်၏ အင်္ကျီလက်အတွင်းသို့ ပြန်ဝင်ပြေးသွားသည်။
ကျွင်းရှောင်ယောက်လည်း သူ့လက်ကို ဝှေ့ယမ်းပြီး ရှေးဟောင်း ကျောက်စာတိုင် အနီးတစ်ဝိုက်မှ သွေးရောင် မန္ဒလာပန်းများအားလုံးကို ယူလိုက်သည်။
သွေးရောင်မန္ဒလာပန်းနှင့် ဝိညာဉ်သွေးဆေး။
ထို့အပြင် အတွင်းစကြာဝဠာမှ အင်မော်တယ်သစ်ပင်ပေါ်ရှိ အင်မော်တယ်သစ်သီးများ။
ဤအရင်းအမြစ်များက ကျွင်းရှောင်ယောက်၏ ခန္ဓာနိယာမကို သိပ်သည်းကာ အဓိပဓိနယ်ပယ်သို့ ချိုးဖြတ်စေရန် လုံလောက်သည်။
သို့သော်လည်း ထို့ထက်ပိုပြီး ကျွင်းရှောင်ယောက် စိတ်ဝင်စားသည်က ဤအနက်ရောင် ရှေးဟောင်းကျောက်စာတိုင်ကိုပင်။
သူ ကြည့်လိုက်သောအခါ...
ရှေးဟောင်းကျောက်စာတိုင် တစ်ခုလုံးကို ရှေးကျသော စာလုံးများက ဖုံးလွှမ်းထားကြောင်း မြင်လိုက်ရသည်။
အစပိုင်းတွင် သွေးစွန်းနေသော ရှေးစာလုံး ခုနစ်လုံး ရှိ၏။
အမုန်းတရား၊ အမုန်းတရား၊ အမုန်းတရား၊ အမုန်းတရား၊ အမုန်းတရား၊ အမုန်းတရား၊ အမုန်းတရား။
သွေးနှင့် ရေးထားပုံရသော...
အမုန်းစကား ခုနစ်လုံးက ဤလောကရှိ သက်ရှိသတ္တဝါအားလုံးနှင့် ကံကြမ္မာကို ဆန့်ကျင်နေပုံရသည်။
'ဒါက အရိုးဖြူ ဦးခေါင်းခွံ ပိုင်ရှင်ပဲလား'
ကျွင်းရှောင်ယောက် တွေးလိုက်မိသည်။
ဤစကားခုနစ်ခွန်းကို မရေးမီတွင် ဖျက်ဆီးခြင်းဘုရင်မှာ အဘယ်အရာမျိုးကို ဖြတ်သန်းခဲ့ရသနည်း။
ထို့နောက် အောက်ခြေတွင် ရေးထွင်းထားသော ပုံတစ်ပုံကို မြင်လိုက်ရသည်။
တိမ်မည်းများကြားမှ နတ်ဘုရားလော နတ်ဆိုးလော၊ မသည်းကွဲသော ပုံစံတစ်ခုက မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
ရှေးနတ်ဆိုးနတ်ဘုရားကဲ့သို့ သူ့ကိုယ်ခန္ဓာက ကမ္ဘာကြီးကို ပြည့်စေခဲ့၏။
သူ၏ မျက်လုံးအစုံက သွေးမီးအိမ်ကဲ့သို့ ကောင်းကင်တွင် လင်းလက်နေသေးသည်။
ထို့အပြင်၊ ထိုနတ်ဆိုးနတ်ဘုရား၏ အနီးတဝိုက်တွင် သွေးနီရောင် မန္ဒလာပန်းများ ပွင့်နေသည်။
ထိုအခိုက်တွင် မြေပြင်ပေါ်ရှိ အာရုံခံစားနိုင်စွမ်းရှိသော သတ္တဝါများအားလုံး တုန်လှုပ်ချောက်ချားခဲ့ရသည်။
သူတို့အားလုံး ငရဲဆယ့်ရှစ်ထပ်တွင် ရှိနေသကဲ့သို့ အော်ဟစ်ငိုကြွေးရ၏။
ဤသည်ကား သက်ရှိသတ္တဝါအားလုံးကို စားသုံးသော နတ်ဆိုး၏ပုံတည်း။
ထိုပုံအောက်မှာတော့ အလွန်ရှုပ်ထွေးသော ရှေးဟောင်း စာသားတစ်ခု ပါရှိသည်။
ကျွင်းရှောင်ယောက်၏ နားလည်နိုင်စွမ်းဖြင့်ပင်...
အချိန်တိုအတွင်း နားလည်ရန် ခက်သည်။
သို့ရာတွင်၊ သူ သေချာတာတစ်ခုကတော့ ယင်းမှာ သက်ရှိသတ္တဝါအားလုံး၏ သွေးနှင့် ယဇ်ပူဇော်ခြင်းပင်။
ထိုအထဲမှ အချက်အလက်တချို့ကို ကျွင်းရှောင်ယောက် သိခဲ့သည်။
"Big black heaven"
"Maikokutian..."
ထိုစကားလုံး သုံးလုံးကို ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။
စစ်နတ်ဘုရားနန်းတော်၏ စာကြည့်တိုက်တွင် ယင်းက ရှေးသမိုင်းတွင် နစ်မြုပ်နေသော မျိုးနွယ်စုတစ်ခုဟု မှတ်သားထား၏။
သို့သော်လည်း ဤမျိုးနွယ်နှင့်ပတ်သက်သော မှတ်တမ်းများက အလွန်နည်းပါးပြီး အချက်အလက်များစွာ မရှိပေ။
ကျွင်းရှောင်ယောက်လည်း သက်ရှိများကိုစတေးခြင်းအား ထပ်မံကြည့်လိုက်သည်။
သူပိုကြည့်လေ၊ သူ့မျက်လုံးထဲမှ အံ့သြခြင်းများက ပို၍ ကြီးမားလာလေပင်။
"သက်ရှိသတ္တဝါအားလုံးကို သွေးစတေးခြင်းက ဒီဧကရာဇ်မျိုးနွယ်ရဲ့ အဓိကအမွေဖြစ်သင့်တယ်"
အားလုံးသိကြသည့်အတိုင်း၊ တိုင်းတပါးမှ ဧကရာဇ်မျိုးနွယ်များတွင် ကိုယ်ပိုင် အမွေခံနည်းလမ်းများ ရှိကြသည်။
ဥပမာအားဖြင့် မင်ကျောက်ဧကရာဇ်မျိုးနွယ်၏ မင်ကျောက်မျက်လုံး၊ မော့ကျဲဧကရာဇ်မျိုးနွယ်၏ စွမ်းအင်ခုခံကာကွယ်ခြင်း စသည်တို့ ဖြစ်သည်။
သက်ရှိသတ္တဝါအားလုံးကို သွေးစတေးခြင်းက ဤဧကရာဇ်မျိုးနွယ်စု၏ အဓိကစွမ်းရည် ဖြစ်လိမ့်မည်။
တစ်နည်းဆိုရသော်၊ ယဇ်ပူဇော်ခြင်း၏ စွမ်းအား ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။ နိယာမ ကမ္ပည်းအမျိုးမျိုးလည်း ပေါ်လာ၏။
အကယ်၍ ကျွင်းရှောင်ယောက်သာ သာမန်အတိုင်း နားလည်လိုပါက များစွာကြိုးစားရပေလိမ့်မည်။
သို့သော်လည်း စစ်နတ်ဘုရားကျမ်းဖြင့် ကျွင်းရှောင်ယောက်ဟာ အချိန်တိုအတွင်း နားလည်နိုင်ခဲ့သည်။
ကျွင်းရှောင်ယောက်၏ မသိစိတ်မှ ကြိုတင်သတိပေးချက်တစ်ခုလည်း ရှိ၏။
အကယ်၍ သူသာ သက်ရှိသတ္တဝါအားလုံးကို သွေးစတေးခြင်းအား နားလည်နိုင်ပါက ဤဧကရာဇ်မျိုးနွယ်စု၏ သဘာဝစွမ်းရည် အနှစ်သာရကို နားလည်နိုင်လိမ့်မည်။
ထို့နောက် ၎င်းကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပြီး သူ၏ ကိုယ်ပိုင်သဘာဝစွမ်းရည်ဖြစ်သော ကမ္ဘာဦးကျမ်း၌ ပေါင်းစပ်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် တတိယမြောက်ပုံစံကို နားလည်နိုင်လိမ့်မည်။
ကမ္ဘာဦးကျမ်းက ကျွင်းရှောင်ယောက်၏ ကိုယ်ပိုင် နတ်ဘုရားစွမ်းရည် ဖြစ်သည်။
လှုံ့ဆော်မှုမရှိဘဲ၊ ကျွင်းရှောင်ယောက်သည်ပင် တိုက်ခိုက်ရေးနည်းလမ်းများကို တီထွင်နိုင်မည် မဟုတ်ပါ။
ကမ္ဘာဦးကျမ်းတွင် ယခုအချိန်အထိ လှုပ်ရှားမှု နှစ်ခုသာ ရှိခြင်းက ထိုလှုံ့ဆော်မှုများ လိုနေသေးသောကြောင့် ဖြစ်သည်။
နတ်ဘုရား၏အလင်း။
နတ်ဘုရား၏ပြစ်ဒဏ်။
ကျွင်းရှောင်ယောက်က ပို၍ကြောက်စရာကောင်းသော နည်းလမ်းများကို တီထွင်ရန် ဤသက်ရှိသတ္တဝါအားလုံးကို သွေးစတေးခြင်းအား အသုံးပြုလိုခဲ့ပေသည်။
ထိုနည်းလမ်းက နတ်ဘုရား၏အလင်းနှင့် နတ်ဘုရား၏ ပြစ်ဒဏ်... အလင်းနှင့် အမှောင် ပေါင်းစပ်မှုကိုတောင် သေချာပေါက် ကျော်လွန်ရလိမ့်မည်။
ဆုံးဖြတ်ချက်ချပြီးနောက် ကျွင်းရှောင်ယောက်လည်း တုံ့ဆိုင်းမနေဘဲ ပြင်ဆင်မှုများကို စတင်ခဲ့သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် ကျွင်းရှောင်ယောက်က ကမ္ဘာဦးကျမ်း၏ တတိယပုံစံကို နားလည်ရုံမျှမက...
အဓိပဓိနယ်ပယ်ကိုလည်း ချိုးဖြတ်လိုသည်။
ထိုအချိန်က တိုတောင်းမည်မဟုတ်တာတော့ အသေချာပင်။
သူ လေ့ကျင့်သည်နှင့် တပြိုင်နက်၊ အာရုံစိုက်ပြီး စိတ်အနှောင့်အယှက်မဖြစ်စေရန် လိုအပ်သည်။
ကျွင်းရှောင်ယောက်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ တားမြစ်ကမ္ပည်းများ ပေါ်လာခဲ့သည်။
သူက အရိုးဖြူတောင်ပတ်ပတ်လည်တွင် တားမြစ်အင်မော်တယ် တံဆိပ်တော်၏ စတုတ္ထမြောက် တံဆိပ်တော်ကို ချမှတ်လိုက်၏။
သူက ဤနေရာကို ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းများ မဖြစ်စေရန် တားဆီးထားလိုက်ခြင်းပင်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်က စွမ်းအင်ခုခံကာကွယ်ခြင်း၏ နတ်လက်စွပ်ကွင်း ဆယ့်ငါးခုကိုလည်း ထုတ်ဖော်ထားခဲ့သည်။
"မျိုးစေ့အဆင့် ပါရမီရှင်တွေတောင် ဖြတ်ကျော်ချင်ရင် ခဏအတွင်းမှာတော့ မဖြစ်နိုင်ပါဘူး"
ကျွင်းရှောင်ယောက်လည်း အနက်ရောင် ရှေးဟောင်းကျောက်စာတိုင်ကြီးရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
ထို့နောက် အတွင်းစကြာဝဠာမှ အင်မော်တယ်သစ်သီးများ၊ ဝိညာဉ်သွေးဆေးနှင့် သွေးရောင်မန္ဒလာပန်းများကို ထုတ်ယူလိုက်၏။
အင်မော်တယ်အရင်းအမြစ်နှင့် ဆေးလုံးကဲ့သို့ အခြားအရင်းအမြစ်များစွာလည်း ရှိသေးသည်။
စစ်နတ်ဘုရားနန်းတော်၏ စစ်နတ်ဘုရားအနေဖြင့် ကျွင်းရှောင်ယောက် ရရှိသော အရင်းအမြစ်များမှာ အလွန်ကြောက်စရာကောင်းသည်။
ရှောင်ယီကိုတော့ ကျွင်းရှောင်ယောက်က အတွင်းစကြာဝဠာထဲကို ပစ်ထည့်လိုက်၏။
ကမ္ဘာ့သစ်ပင်နှင့်အတူ၊ အတွင်းစကြာဝဠာက ပြောင်းလဲလာပြီး နိယာမများ ကနဦးပြည့်စုံကာ သက်ရှိများ နေထိုင်၍ရနေပြီ ဖြစ်သည်။
သို့ရာတွင်၊ ပြင်ပကမ္ဘာနှင့်တော့ မတူသေးပေ။
အပြည့်အ၀ပြင်ဆင်ပြီးနောက်၊ ကျွင်းရှောင်ယောက်လည်း စတင်လေ့ကျင့်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်ကြာသွားပြီ။
သွေးစတေးခံနယ်မြေ၏ အခြားနေရာတစ်ခုတွင်...
စူးဟုန်ယီက ပိုမို နက်နဲရာသို့ ဦးတည်လာနေသည်။
မမြင်နိုင်သော ကြိုးတစ်ချောင်းက သူမကို သွေးစတေးခံနယ်မြေ၏ နက်နဲရာသို့ ဆွဲငင်နေပုံရ၏။
"ဒါက တကယ်ပဲ ဘာဖြစ်နေတာလဲ"
စူးဟုန်ယီ စိတ်ရှုပ်ထွေးနေခဲ့မိသည်။
သူမ၏ ဇာစ်မြစ်ကို သူ မသိပါ။
သူ သတိရလာကတည်းက ကျွန်လင်မယားမှ မွေးစားခဲ့သည်။
သူ့မိဘများက ဘယ်သူလဲ၊ ဘယ်မျိုးနွယ်က လာသလဲ... သူမ လုံးဝ မသိပေ။
ယခုတော့ စူးဟုန်ယီ၏ နှလုံးခုန်သံ မြန်လာခဲ့ရပြီ ဖြစ်သည်။
အမှန်တရားတစ်ခုနှင့် နီးစပ်လာသလိုလည်း ယောင်ဝါးဝါး ခံစားနေမိပြီ ဖြစ်၏။
ထိုအခိုက်တွင် သူ့အရှေ့ရှိ မြူခိုးများကြားမှ မြေဝိညာဉ်များ ပေါ်လာသည်။
ဤမြေဝိညာဉ်များ ပေါ်လာသည်နှင့် တပြိုင်နက်...
စူးဟုန်ယီ၏၏ ခန္ဓာကိုယ်ကလေးမှာလည်း သိသိသာသာ တုန်လှုပ်သွားသည် ။
ကျွင်းရှောင်ယောက် ဖိနှိပ်ထားသော ကျိန်စာစွမ်းအားက တစ်စုံတစ်ခုမှ ဆွဲငင်ခံရဟန်ဖြင့် လှုပ်ရှားလာ၏။
မြေဝိညာဉ်များ၏ အေးစက်ပြီး ကြောက်စရာကောင်းသော မျက်လုံးအကြည့်များက စူးဟုန်ယီဆီသို့ တခဏချင်း ကျရောက်လာတော့သည်။
ထို့နောက် သူတို့အားလုံး စူးဟုန်ယီဆီသို့ ပြေးသွားကြသည်။
သို့ရာတွင်၊ စူးဟုန်ယီ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိပေ။
သွေးနီရောင် မျက်လုံးအစုံကလည်း ပို၍ နီလာပုံရသည်။
"ဟုန်ယီရဲ့အသက်ကို သခင်လေးက ကယ်တင်ခဲ့တာ။ မဟုတ်ရင် သေခဲ့ပြီးလောက်ပြီ။ ဒီလိုကြုံခဲ့ဖူးတဲ့ ငါက သေခြင်းတရားကို ကြောက်နေဦးမယ် ထင်တာလား"
ရေရွတ်ပြောဆိုရင်း စူးဟုန်ယီ သတိမထားမိခင်မှာပင်...
သူမ၏ သွေးရောင် မျက်လုံးများမှ မန္ဒလာပန်းပွင့်သဏ္ဍာန် ရုတ်တရက် ပေါ်လာခဲ့သည်။
စူးဟုန်ယီ၏ မျက်လုံးများတွင် သွေးရောင်မန္ဒလာပန်းပွင့် ပေါ်လာသည်နှင့်...
ထိုမြေဝိညာဉ်များအားလုံး ထူးဆန်းပြီး ကြောက်စရာကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်သွားကြသည်။
ထို့နောက်မှာတော့ အနက်ရောင်မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး အားလုံး ပျောက်ကွယ်သွားတော့သည်။
ယင်းက တိုက်ခိုက်ရန် ဟန်ပြင်ထားသည့် စူးဟုန်ယီကို အံ့အားသင့်သွားစေခဲ့သည်။
သို့သော်လည်း ဤပုံမှန်မဟုတ်သော မြင်ကွင်းက စူးဟုန်ယီအား သွေးစတေးခံနယ်မြေ၏ နက်နဲရာတွင် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေမည်ဟု ပို၍ပင် သေချာလာစေတော့သည်။
စူးဟုန်ယီလည်း မတုံ့ဆိုင်းတော့ဘဲ ပို၍နက်နဲစွာ ဝင်သွားသည်။
သူမ၏မျက်လုံးများမှ သွေးရောင် မန္ဒလာပန်းများကြောင့် မည်သည့်အတားအဆီးမှ မကြုံတွေ့ဘဲ ဝင်ရောက်သွားနိုင်ခဲ့၏။
အဓိပဓိအဆင့် မြေဝိညာဉ်များသည်ပင် စူးဟုန်ယီအနီးသို့ မချဉ်းကပ်ဝံ့ခဲ့ပေ။
သို့ရာတွင်၊ သွေးစတေးခံနယ်မြေ၏ နက်နဲရာသို့ ဝင်ရောက်လိုသော အခြားပါရမီရှင်များကတော့ စူးဟုန်ယီလောက် ကံမကောင်းကြပါ။
သို့ရာတွင်၊ နက်နဲရာကို အလွန်လျင်မြန်စွာ ဝင်သွားနိုင်သော သန်မာသူများလည်း ရှိသည်။
ဥပမာအားဖြင့် သွေးနတ်ဆိုးဧကရာဇ်သားတော်၊ ကျိမန်ဧကရာဇ်သားတော်နှင့် အခြားသူများ ဖွဲ့စည်းထားသည့်တိုင်းတပါးမှ အမဲလိုက်အဖွဲ့...
သူတို့က အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်ရှင်များကို လိုက်လံရှာဖွေရင်း သွေးစတေးခံနယ်မြေ၏ နက်နဲရာဆီသို့ လျင်မြန်စွာ ချီတက်လာခဲ့ကြပေသည်။
အင်မော်တယ်နယ်မြေကြီးဘက်မှာလည်း ရှေးဟောင်းတော်ဝင်မျိုးနွယ်များ ဖွဲ့စည်းထားသည့် ကွပ်မျက်သူအဖွဲ့က နက်နဲရာသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။
"ဟင်၊ အဲဒါက..."
နဂါးနန်းတော်မှ ရွှမ်ဟောက်ချုံက ရွှေဖြင့်ပြုလုပ်ထားပုံရသော ရွှေရောင်မျက်လုံးများဖြင့် အရိုးဖြူတောင်ကြီးကို လှမ်းကြည့်လိုက်၏။
"တွေ့ပြီ၊ အဲဒါက သူပဲ"
ရုတ်တရက်၊ ရှေးဟောင်းတော်ဝင်မျိုးနွယ်မှ ပါရမီရှင်တစ်စု၏ မျက်လုံးများက တစ်နေရာကို ကျရောက်သွားတော့သည်။