← Chapters

အခန်း ၉၉၇

Vol. 67 Ch. 997

အခန်း ၉၉၇

Vol. 67 Ch. 997

အခန်း ( ၉၉၇ ) နှစ်ဖက်လူများ တိုက်ခိုက်ကြခြင်း။

"ဒါက တကယ်ကို ကစဉ့်ကလျားခန္ဓာပဲ၊ သူက ရောက်တောင်ရောက်နေပြီ"

အရိုးဖြူတောင်ပေါ်မှ အဖြူရောင်ဝတ်ရုပ်သွင်ကို မြင်လိုက်ရပြီးနောက် ရှေးဟောင်းတော်ဝင်မျိုးနွယ်မှ ကွပ်မျက်သူများ အံ့ဩသွားကြသည်။

မူလက သူတို့ဟာ အတွင်းကိုကြိုဝင်ပြီး သတ်ဖြတ်ခြင်းအစီရင်အား ကြိုတင်ပြင်ဆင်ထားရန် စိတ်ကူးထားခဲ့သည်။

ယခုတော့ ပစ်မှတ်မှာ သူတို့အရင် ဦးစွာကြိုရောက်နေခဲ့ပြီ။

"သူက တစ်ယောက်တည်းပါပဲ၊ ဒါပေမဲ့ သူက ငါတို့ထက်တောင် ပိုမြန်သေးတယ်"

ရှေးဟောင်းတော်ဝင်မျိုးနွယ်မှ ကွပ်မျက်သူများက ထူးခြားမှုကို သတိပြုမိသွားကြသည်။

ယင်းက ကစဉ့်ကလျားခန္ဓာ၏ အင်အားကို မြင်စေခဲ့ပေသည်။

လူတစ်ဦးတည်း၏ စွမ်းအားဖြင့် သွေးစတေးခံနယ်မြေ၏ နက်နဲရာသို့ ဦးဆုံး ရောက်ရှိနိုင်ခဲ့သည်။

သွေးစတေးခံနယ်မြေ၏ နေရာအနှံ့မှာ မြေဝိညာဉ်များရှိကြောင်း သိထားရဦးမည်။

သူတို့ကဲ့သို့ ကွပ်မျက်သူအဖွဲ့ပင်လျှင် ဝင်ရောက်ရန် အချိန်တော်တော်ကြာခဲ့သည်။

"သူ ဘာတွေလုပ်နေတာလဲ၊ အဆင့်တက်ဖို့ ကြိုးစားနေတာများလား"

ကျွင်းရှောင်ယောက်၏ အနေအထားက မျိုးစေ့အဆင့် ပါရမီရှင်များ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

"ဟမ့်၊ ဒီလိုနေရာမျိုးမှာ အဆင့်တက်ဖို့ ကြိုးစားဝံ့တယ်။ သေချင်နေတာပဲ"

ကျိုးယိုးတောင်၏ ဆက်ခံသူက လှောင်ပြောင်ပြောဆိုလိုက်သည်။

နတ်ဘုရားစွမ်းအင်ကို လှုံ့ဆော်လိုက်သောအခါ သူ့နောက်ကျောမှ အမြီးကိုးခုက တုန်ခါသွား၏။ အမြီးကိုးခု၏အဆုံးမှ ဦးခေါင်းကိုးလုံးက ပါးစပ်များကိုဟပြီး ခရမ်းရောင်အလင်းများကို မှုတ်ထုတ်လိုက်တော့သည်။

ယင်းက အလွန်ကြောက်စရာကောင်းသော ငရဲကိုးခုနတ်ဆိုးအလင်း ဖြစ်သည်။ ထိုအလင်းနှင့် ထိမှန်ပါက ခန္ဓာကိုယ်ကော ရှေးဦးဝိညာဉ်ပါ ပျက်သုဉ်းသွားလိမ့်မည်။

သို့သော်လည်း ငရဲကိုးခုနတ်ဆိုးအလင်းက အရိုးဖြူတောင်သို့ ချဉ်းကပ်သွားသည်နှင့် တပြိုင်နက် မမြင်နိုင်သော မမြင်နိုင်သော အတားအဆီးကြောင့် ပျောက်ကွယ်သွားခဲ့သည်။

နတ်လက်စွပ်ကွင်း ဆယ့်ငါးခုကြောင့်လည်း စွမ်းအင်အားလုံးနီးပါး ကွယ်ပျောက်သွားရ၏။

ယင်းက သဲပုံပေါ်သို့ ရေတစ်စက်ကျသလို ထူးခြားမှုတို့ မရှိခဲ့ပေ။

"ဒါက..."

ကျိုးယိုးတောင်၏ ဆက်ခံသူလည်း ခဏတာ အံ့အားသင့်သွားသည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအရာများ ပေါ်လာခဲ့၏။

"ငါလုပ်မယ်"

ရွှမ်ဟောက်ချုံ တိုက်ခိုက်လိုက်သည်။ ရွှေရောင်နဂါးဘုရင်လှံက နဂါးအရိပ်တစ်ခုထွက်ပေါ်လာပြီး ကောင်းကင်သို့မော့၍ ဟိန်းဟောက်လိုက်၏။

သို့တိုင်၊ ဤတိုက်ခိုက်မှုကလည်း အသုံးမဝင်သေးပေ။

"ဒါက မော့ကျဲဧကရာဇ်မျိုးနွယ်ရဲ့ သဘာဝစွမ်းရည်ပဲ။ နောက်ပြီး ဟင်းလင်းပြင်ကာကွယ်ရေးနည်းလမ်းလည်း ရှိသေးတယ်"

"အချိန်တွေမဖြုန်းတော့နဲ့၊ နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်ကို ဖွဲ့စည်းကြရအောင်။ အဲဒီအခါကျရင် ကစဉ့်ကလျားခန္ဓာ ခုခံရင်တောင် အသုံးမဝင်တော့ဘူး"

ဟွမ်းနီက ပြောလိုက်သည်။

"အမှန်ပဲ၊ သတ်ဖြတ်ခြင်းအစီရင်ကို တည်ဆောက်ကြမယ်။ သူ့ကိုဖမ်းပြီး သတ်ကြတာပေါ့"

ရွှေကျီးကန်း သူတော်စင်လေးကလည်း ပြော၏။

ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ ပါရမီရှင်များလည်း စတင် လှုပ်ရှားလိုက်တော့သည်။

သူတို့က အစီရင်အတိုင်း အရိုးဖြူတောင်၏ ထောင့်နေရာတိုင်းတွင် ဆင်းသက်ခဲ့ကြသည်။

တခဏချင်းမှာပင်၊ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက လေထုကို လွှမ်းခြုံသွား၏။

ရှေးခေတ်ကတည်းက နဝမမြောက် ကြောက်စရာအကောင်းဆုံး သတ်ဖြတ်ခြင်း အစီရင်ကြီး ချမှတ်ပြီ။

ဟုတ်သည်၊ ယင်းက ပြီးပြည့်စုံခြင်းတော့ မဟုတ်ပေ။

နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်းအစီရင်ကို အမှန်တကယ်ပြီးမြောက်ရန် ကြီးမားသောအရင်းအမြစ်များနှင့် ထိပ်တန်းကျွမ်းကျင်သူများ၏ ထိန်းချုပ်မှုကို လိုအပ်သည်။

ရွှေကျီးကန်းသူတော်စင်လေးနှင့် အခြားသူများက ထူးချွန်သော်လည်း ပြီးပြည့်စုံသော နဝမမြောက် သတ်ဖြတ်ခြင်းအစီရင်ကို ထိန်းချုပ်ရန် မလုံလောက်သေးပေ။

ထို့ကြောင့် ယင်းမှာ နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်းအစီရင်၏ ရိုးရှင်းသော ပုံစံအဖြစ်သာ မှတ်ယူနိုင်သည်။

သို့သော်လည်း ဤရိုးရှင်းသောပုံစံက အဓိပဓိများကို သတ်ဖြတ်ရန် လုံလောက်သည်ထက် ပိုသေးသည်။

ယင်းက ကြက်တစ်ကောင်ကိုသတ်ရန် ပုဆိန်ကို အသုံးပြုသကဲ့သို့ ဖြစ်သည်။

ထိုအချိန်တွင် အဝေး နေရာအနှံ့မှ ရုပ်ပုံအချို့ ပေါ်လာသည်။

သူတို့က တိုင်းတပါးမှ ဧကရာဇ်တစ်ပိုင်းနှင့် ဧကရာဇ်မျိုးနွယ်စုမှ ပါရမီရှင်များ ဖြစ်၏။

"အဲ... အဲဒါ စစ်နတ်ဘုရားပဲ"

"သေစမ်း၊ စစ်နတ်ဘုရားကို ဘယ်လိုတောင် ကြံစည်ဝံ့တာလဲ"

ရွှေကျီးကန်းသူတော်စင်လေးနှင့် တခြားသူများ အစီရင်ဖွဲ့ထားကြောင်း မြင်ရပြီးနောက်...

သွေးစတေးခံနယ်မြေကို နက်နဲစွာ ဝင်လာကြသော တိုင်းတစ်ပါးမှ ပါရမီရှင်များ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များ ပြည့်သွားသည်။

ယခုဆိုလျှင်၊ ကျွင်းရှောင်ယောက်က တိုင်းတပါးရှိ မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားထဲမှ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ။

သို့ဖြစ်ပေရာ၊ ဝိုင်းရံတိုက်ခိုက်ခြင်းကြောင့် ကျွင်းရှောင်ယောက် ကျဆုံးမည်ကို ကြည့်မနေနိုင်တာ သဘာဝ ဖြစ်သည်။

"ဟမ့်၊ ဘယ်သူက တားဆီးနိုင်မှာလဲ"

ရှေးဟောင်းတောင်ဝင်မျိုးနွယ်မှ ပါရမီရှင်တစ်ဦးက လှောင်ပြောင်ပြီး တိုက်ခိုက်လိုက်သည်။

ဧကရာဇ်သားတော် သို့မဟုတ် နတ်ဘုရားမအဆင့် ပါရမီရှင်မဟုတ်ပါက လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။

တစ်ဖက်တွင် အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်တချို့ပေါ်လာပြီး တိုင်းတစ်ပါးမှ ပါရမီရှင်များနှင့် စတင်တိုက်ခိုက်လိုက်ကြသည်။

ချက်ချင်းပင်၊ မြင်ကွင်းက ရုတ်ရုတ်သဲသဲနှင့် သွေးထွက်သံယို တိုက်ပွဲများ၏ နယ်ပယ် ဖြစ်လာတော့သည်။

မုန်တိုင်း၏ဗဟိုတွင်ရှိနေသည့် ကျွင်းရှောင်ယောက်သည်လည်း ဤအရာအားလုံးကို သဘာဝအတိုင်း ခံစားမိခဲ့သည်။

သို့ရာတွင် သူက ဘာမျှမလုပ်ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့ပေသည်။

ဤတစ်ကြိမ်တွင်၊ သူလာရောက်ရခြင်း၏ ရည်ရွယ်ချက်က အဓိပတိနယ်ပယ်သို့ ဖြတ်ကျော်ပြီး အခွင့်အလမ်းကောင်းကို သိရှိနားလည်ရန် ဖြစ်သည်။

ထိုအရာများနှင့်ယှဉ်လျှင်၊ လက်ရှိအခြေအနေက အရေးမကြီးပါ။

နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်းအစီရင်ကိုလည်း ဂရုမစိုက်ပေ။

အာရုံထွေပြားစေသော အတွေးများကို ဘေးဖယ်ပြီး ဆက်လက် လေ့ကျင့်နေလိုက်သည်။

တစ်ဖက်တွင်...

ရွှမ်ဟောက်ချုံနှင့် အခြားသူများက အစီရင်တည်ဆောက်ရင်း တိုက်ခိုက်နေခဲ့သည်။ သူတို့က တားမြစ်တံဆိပ်တော်နှင့် နတ်လက်စွပ်ကွင်းဆယ့်ငါးခုကို ချိုးဖြတ်ရန် ကြိုးစားနေ၏။

ကျွင်းရှောင်ယောက်၏ လေ့ကျင့်ခြင်းကို နှောင့်ယှက်နိုင်ပါက ကောင်းသည်။ သူ စိတ်ဖောက်ပြီး ရူးသွပ်သွားပါက ပို၍ ကောင်းလိမ့်မည်။

ထိုစဉ်၊ အဝေးမှ အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများ ထပ်မံပေါ်လာခဲ့သည်။

ယခင်က ပြေးခဲ့ရသော လုံယောက်အာ၊ ယွီဟွာဝမ်၊ ကူတိကျစ်နှင့် အခြားသူအားလုံး ပါဝင်ကြ၏။

လင်ယွမ်လည်း ရှိသည်။

ကောင်းကင်သင်္ဂြိုဟ်တောအုပ်မှ ဆုတ်ခွာပြီးနောက် သွေးစတေးခံနယ်မြေဖွင့်လှစ်ကြောင်း သိရသောကြောင့် တိုက်ရိုက် လှမ်းလာခဲ့ကြခြင်းပင်။

ယခင်တစ်ကြိမ်က သင်ခန်းစာရခဲ့ဟန်ဖြင့် ဤတစ်ကြိမ်မှာတော့ သူတို့က သတိထားကာ အဝေးမှသာ ကြည့်နေခဲ့ကြသည်။

'နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်၊ သူတို့က ဒီကစဉ့်ကလျားခန္ဓာကိုသတ်ဖို့ သေချာပြင်ဆင်ထားတာပဲ'

ကူတိကျစ်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ကစဉ့်ကလျားခန္ဓာကို သူ အမှန်တကယ် ကြောက်နေပြီ။

သူ့ကိုသတ်ရန် မျှော်လင့်ချက်မရှိပါက ဘယ်တော့မှ ရူးရူးမိုက်မိုက်နှင့် ရှေ့ကိုလှမ်းမည် မဟုတ်ပေ။

လုံယောက်အာသည်လည်း ကြောက်ရွံ့မှု၊ ရှက်ရွံ့ခြင်းများနှင့် သတိထားကာ ရပ်နေခဲ့သည်။

လင်ယွမ်မူကား...

နဝမမြောက် သတ်ဖြတ်ခြင်းအစီရင်၏ အလယ်ဗဟိုမှ ကျွင်းရှောင်ယောက်ကို မြင်ရပြီးနောက်... အကြောင်းတစ်ခုခုကြောင့် သူမ၏ နှလုံးသားထဲတွင် တင်းကြပ်လာတော့သည်။

သို့သော်... သူမက ရှေ့ကိုမတိုးသွားခဲ့ပေ။

သူမ ရူးသွပ်‌နေပြီး အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်ရာထူးကိုပင် မလိုချင်မှ၊ တိုင်းတစ်ပါးမှ ကစဉ့်ကလျားခန္ဓာကို ကူညီမည် ဖြစ်သည်။

ထိုသို့လုပ်ပါက သစ္စာဖောက်အဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး အကျိုးဆက်များမှာလည်း ပြင်းထန်လိမ့်မည်။

ထိုအချိန်တွင်၊ တစ်ဖက်မှ ပုံရိပ်နှစ်ခု ပေါ်လာခဲ့သည်။

ယင်းက အမှန်တကယ်ပင် ကျွင်းချင်းရန်နှင့် ကျွင်းရင်ဟွမ်တို့ ဖြစ်၏။

"ဒီကစဉ့်ကလျားခန္ဓာကို ကောင်းကင်သားတော်ပဲ ဖြေရှင်းနိုင်လိမ့်မယ်"

ကျွင်းရင်ဟွမ်က ပြောလိုက်သည်။

သူရည်ညွှန်းသော ကောင်းကင်သားတော်က သဘာဝအတိုင်း ကျွင်းမိသား၏ လျှို့ဝှက်သွေးကြောမှ ကျွင်းပေါင်လီပင်။

ဟုတ်သည်၊ ယခုအချိန်မှာတော့ ကျွင်းမိသားစုက ပင်မသွေးကြော သို့မဟုတ် လျှို့ဝှက်သွေးကြောကဲ့သို့ ခွဲခြားခြင်းမျိုး မရှိတော့ပေ။

ကျွင်းမိသားစု တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။

"ကောင်းကင်သားတော်တင် ဘယ်ကပါ့မလဲ။ နတ်ဘုရားသားတော်သာ ဒီမှာရှိရင် သူလည်း ဖြေရှင်းနိုင်လောက်တယ်"

ကျွင်းချင်းရန်လည်း သက်ပြင်းချပြီး ပြောလိုက်၏။

ကောင်းကင်သားတော်နှင့် နတ်ဘုရားသားတော်။

သူတို့အားလုံး ဤနေရာတွင် ရှိနေပါက ကျွင်းမိုရှောင်၊ ကျွင်းလုံခန်း၊ ကျွင်းမိသားစု၏ အခြား မျိုးစေ့အဆင့် ပါရမီရှင်များနှင့် မည်မျှ တန်ခိုးကြီးထွားလိုက်မည်နည်း။

"အတိတ်က အတိတ်မှာကျန်ခဲ့ပါပြီ။ ဒါကို အခုပြန်ပြောနေလို့ ဘာထူးမှာလဲ"

ကျွင်းရင်ဟွမ်က ခေါင်းကိုအနည်းငယ် ခါယမ်းလိုက်သည်။

နှစ်အနည်းငယ်ကြာခဲ့ပြီ။

ကျွင်းမိသားစု၏ လူအတော်များများသည်ပင် ကျွင်းရှောင်ယောက် တကယ်သေသွားပြီဟု ယုံကြည်ခဲ့ကြသည်။

ကျွင်းမိသားစုမှ အကြီးတန်းအဖွဲ့ဝင်များ၏ အတွေးအမြင်ကိုတော့ မျိုးနွယ်စု၏ အခြားအဖွဲ့ဝင်များ သဘာဝအတိုင်း မသိနိုင်ကြပေ။

ဤအခိုက်အတန့်တွင်၊ အနီရောင်မီးတောက်ကဲ့သို့ ရုပ်သွင်တစ်ခုက အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူတချို့၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

အကြောင်းမူ၊ ထိုရုပ်သွင်က ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ မျိုးစေ့များဆီသို့ တိုက်ရိုက်ရောက်ရှိသွားသောကြောင့်ပင်။

"ဟမ့်၊ မဟာသူတော်စင်တစ်ပါးကများ... သေချင်နေတာလား"

အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်တချို့က လှောင်ပြောင်လိုက်ကြသည်။

ထိုအနီရောင်မီးတောက်ကဲ့သို့ ရုပ်သွင်ကတော့ သဘာဝအတိုင်း စူးဟုန်ယီ ဖြစ်၏။

ဤအတောအတွင်း၌ စူးဟုန်ယီ၏ ကျင့်ကြံခြင်းက လျင်မြန်စွာတိုးတက်လာပြီး သူတော်စင်နယ်ပယ်မှ မဟာသူတော်စင်နယ်ပယ်သို့ ရောက်နေပြီ။

သူမ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားတစ်မျိုးက လျင်မြန်စွာ နိုးထလာနေခြင်းကြောင့် ဖြစ်သည်။

ဤအခိုက်တွင် ရွှေကျီးကန်းသူတော်စင်လေးနှင့် အခြားသူများက ကျွင်းရှောင်ယောက်ကို ဖိနှိပ်ရန် အစီရင်တည်ဆောက်နေကြောင်း မြင်လိုက်ရ၏။

စူးဟုန်ယီလည်း သူမ၏ လုံခြုံရေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာတော့သည်။

"သခင်လေးရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်ဝံ့ရင် ဘယ်သူမဆို သေရမယ်"

စူးဟုန်ယီ၏ သွေးနီရောင် မျက်လုံးအစုံက ပို၍ရဲလာခဲ့သည်။ သွေးရောင် မန္ဒလာပန်းပွင့်ပုံရိပ်လည်း မျက်လုံးအိမ်အတွင်း၌ ဝေဝါးဝါး ပေါ်လာ၏။

"သူက... အဲဒီ ကစဉ့်ကလျားခန္ဓာရဲ့ နောက်လိုက်တစ်ယောက်လား"

ရွှမ်ဟောက်ချုံက မေးလိုက်သည်။

"ဟမ့်၊ မဟာသူတော်စင်နယ်ပယ်လေးနဲ့ ရထားကိုတားဆီးဖို့ ကြိုးစားနေတဲ့ နှံကောင်တစ်ကောင်ပါပဲ။ သူ့သခင်ကို မကာကွယ်နိုင်တဲ့အပြင် သူလည်း ဒီနေရာမှာ သေရလိမ့်မယ်"

ကျိုးယိုးတောင်၏ ဆက်ခံသူက အေးစက်စက်ဖြင့် လှောင်ပြောင်ပြောဆိုလိုက်သည်။ သူ့နောက်ကျောမှ အမြီးကိုးချောင်းက လှုပ်ရှားလာပြီး စူးဟုန်ယီကိုသတ်ရန် ဟန်ပြင်လိုက်၏။

"ခဏလေးနေဦး၊ သူက ကစဉ့်ကလျားခန္ဓာရဲ့ နောက်လိုက်တစ်ယောက်ပဲ။ သူ့နောက်လိုက်ကို သူ့ရှေ့မှာ ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ရင် ကစဉ့်ကလျားခန္ဓာ စိတ်အေးအေးထားနိုင်ဦးမှာလား။ ဒါမှမဟုတ် ရူးများ ရူးသွားလေမလား"

နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူမှ ဟွမ်းနီက အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။

သက်တန့်ရောင် တောင်ပံများနှင့် သူမ၏အသွင်က ချစ်စရာလေးပင်။

သို့ရာတွင် သူပြောလိုက်သောစကားက ရက်စက်လွန်းပေသည်။

"အင်း၊ အကြံကောင်းပဲ"

ရှေးဟောင်းတော်ဝင်မျိုးနွယ်၏ ပါရမီရှင်များလည်း ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။

ယင်းက ပွဲတော်ကြီးမတည်ခင် အမြည်းသဘောမျိုး မှတ်ယူနိုင်ပေသည်။

ဟွမ်းနီက ပထမဆုံး လှုပ်ရှားလိုက်သည်။ သူမ၏ နောက်ကျောမှ အတောင်များတုန်ခါသွားသည်။ ရောင်စုံနတ်ပန်းပွင့်များက ဓားပျံများအဖြစ်သို့ ပြောင်းလဲသွားပြီး စူးဟုန်ယီကို ပစ်ခွင်းလိုက်၏။

အဓိပဓိနှင့် မဟာသူတော်စင်ကြားမှ ကွာခြားမှုက ကြီးမားလွန်းရကား...

ပြတ်ရှသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

အရိုးကျိုးသံများလည်း ကြားကြရ၏။

စူးဟုန်ယီလည်း သွေးအိုင်ထဲ လဲကျသွားတော့သည်။

All Chapters