← Chapters

အခန်း ၉၉၈

Vol. 67 Ch. 998

အခန်း ၉၉၈

Vol. 67 Ch. 998

အခန်း ( ၉၉၈ ) အဆုံးစွန်ကပ်ဘေး။

မဟာသူတော်စင်နယ်ပယ်သည် အလွန်အားကောင်းသော်လည်း စစ်မှန်သော အဓိပဓိ၏ရှေ့မှောက်တွင် ခုခံရန် စွမ်းအားမရှိသေးပါ။

စူးဟုန်ယီမှာ သာမန်မဟုတ်ဘဲ သူတောင်းစားဘဝမှ မဟာသူတော်စင်တစ်ပါးပင် ဖြစ်လာနိုင်ခဲ့သည်။

သို့ရာတွင်၊ ကံမကောင်းစွာဖြင့် ရှေးဟောင်းတော်ဝင်မျိုးနွယ်များ၏ မျိုးစေ့များနှင့် ရင်ဆိုင်ရတော့ ရထားကိုတားဆီးရန် ကြိုးစားနေသော နှံကောင်ကဲ့သို့ ဖြစ်ခဲ့ရသည်မှာ စိတ်မကောင်းစရာပင်။

သွေးအိုင်ထဲတွင် စူးဟုန်ယီ လဲကျသွားသည်။

သူမက အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီးဖြစ်သော်လည်း ယခုတော့ သူမ၏ ၀တ်စုံမှာ သွေးစွန်းနေသဖြင့် ပို၍ပင် ရဲရဲနီတော့သည်။

ဒဏ်ရာဒဏ်ချက်များစွာ ရရှိထားသည့်ကြားမှ၊ သွေးအိုင်ထဲမှ ရုန်းကန်ထလိုက်သည်။

သူမ၏ ဒဏ်ရာများက အလွန်နက်ရှိုင်းပြီး အရိုးကိုပင် မြင်ကြရ၏။

စူးဟုန်ယီလည်း သွေးတစ်ပွက်ကို အန်ထုတ်ရင်း အရိုးဖြူတောင်ရှေ့တွင် ထပ်မံ ရပ်လိုက်သည်။

ဤအခိုက်တွင် သူမ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကလေးက သူ့သခင်လေးအတွက် ထိုးဖောက်၍မရ‌နိုင်သော တံတိုင်းကြီးကဲ့သို့ပင်။

သူမက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"ဟုန်ယီ အသက်ရှိနေသရွေ့ သခင်လေးကို ဘယ်သူမှ မနှောင့်ယှက်ရဘူး"

"ခစ်ခစ်၊ တကယ်ကို သစ္စာရှိတဲ့ ခွေးတစ်ကောင်ပဲ"

ယင်းကိုမြင်တော့ ဟွမ်းနီက လှောင်ပြောင်ရယ်မောလိုက်၏။

ဟုတ်သည်၊ ယခုလေးတင် သူမက အမှန်တကယ် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။ မဟုတ်ပါက စူးဟုန်ယီ သေဆုံးသွားသည်မှာ ကြာပြီ ဖြစ်သည်။

သူမက ကျွင်းရှောင်ယောက်၏ နောက်လိုက်ကို ကျွင်းရှောင်ယောက်ရှေ့တွင် ညှဉ်းပန်းနှိပ်စက်ရန် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ စိတ်ကို မတည်ငြိမ်စေရန်‌ နှောင့်ယှက်လို၏။

လေ့ကျင့်နေစဉ်တွင် နှောင့်ယှက်ခံရပါက သတိမထားမိလျှင် ရူးသွပ်သွားနိုင်သည်။

ထိုသို့ဖြစ်လျှင် အကျိုးဆက်က ပြင်းထန်လိမ့်မည်။

ခန္ဓာကိုယ်နှင့် ရှေးဦးဝိညာဉ်ပျက်သုဉ်းပြီး သေဆုံးခြင်းပင် ဖြစ်နိုင်သည်။

ဟွမ်းနီလည်း ရောင်စုံ ငှက်မွှေးဓားပျံများဖြင့် ဆက်လက် တိုက်ခိုက်ခဲ့လေသည်။

သူမ၏မျက်လုံးထဲတွင် စူးဟုန်ယီက ရုန်းကန်နေရသော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

"ဖြောင်း"

အရိုးအသား အပိုင်းပိုင်း ပေါက်ကွဲသံကို ကြားလိုက်ရသည်။

စူးဟုန်ယီ၏ လက်နှစ်ဖက် ပြတ်တောက်သွားပြီး ကောင်းကင်တွင် သွေးများ ဖျန်းကျသွား၏။

သွေးများက စူးဟုန်ယီ၏ ရှည်လျားသော အနက်ရောင်ဆံပင်များကို သွေးကဲ့သို့ နီရဲသွားစေတော့သည်။

စူးဟုန်ယီ တစ်ဖန် လဲကျသွားခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်တစ်ဖက်ရှိ အမှောင်ထုထဲမှ ရုပ်ပုံများစွာ ပေါ်လာသည်။

သို့သော်လည်း သူတို့အငွေ့အသက်များကို မည်သူမျှ သတိမပြုမိစေရန် ဖုံးကွယ်ထား၏။

အံ့ဩစရာကောင်းအောင် ယင်းက ပိအန်းမင်းသား၊ သွေးနတ်ဆိုးဧကရာဇ်သားတော်၊ ကျိမန်ဧကရာဇ်၏သားတော်နှင့် အခြားသူများ ဖြစ်တော့သည်။

"အိုး၊ သူတို့တွေက လှုပ်ရှားနေပြီပဲ"

"ကစဉ့်ကလျားခန္ဓာက တကယ်ကြီး ဉာဏ်အလင်းပွင့်ပြီး အဆင့်တက်ဖို့ ကြိုးစားနေတာလား။ အတော်သတ္တိကောင်းတာပဲ"

ပုံမှန်အားဖြင့် ဤအခြေအနေတွင် သူတို့လှုပ်ရှားသင့်သည်။

သူတို့သာလျှင် ရှေးဟောင်းတော်ဝင်မျိုးနွယ်များ၏ မျိုးစေ့အဆင့် ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီလိမ့်မည်။

သို့သော်လည်း သူတို့က မလှုပ်ရှားဘဲ အမှောင်ထဲမှသာ စောင့်ကြည့်နေခဲ့သည်။

တောင်ပေါ်တွင် ပုန်းအောင်းပြီး ကျားနှစ်ကောင်၏ တိုက်ပွဲကိုကြည့်၏။ အဆုံးတွင် တံငါသည်က အကျိုးအမြတ် ရလိမ့်မည်။

"အရင်ဆုံး အခြေအနေကို ကြည့်ကြသေးတာပေါ့။ သူတို့တွေ ကစဉ့်ကလျားခန္ဓာကို မသတ်နိုင်မှ အခွင့်အရေးရှာပြီး လှုပ်ရှားမယ်"

ပိအန်းမင်းသားက‌ အေးစက်သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"လူတစ်ဦးတည်းက ကမ္ဘာနှစ်ဖက်စလုံးကလူတွေကို သူ့ကိုဝိုင်းသတ်ကြရအောင် လုပ်နိုင်တယ်။ ဒီကစဉ့်ကလျားခန္ဓာက တကယ်ကို တစ်ခုခုပဲ"

သွေးနတ်ဆိုးဧကရာဇ်သားတော်က လှောင်ပြောင်ပြောဆိုလိုက်၏။

တစ်ဖက်တွင်၊ ဟွမ်းနီက ကြွက်နှင့်ကစားနေသော ကြောင်တစ်ကောင်ကဲ့သို့ လှုပ်ရှားနေဆဲပင်။

စူးဟုန်ယီ၏ ခန္ဓာကိုယ်တွင် အရိုးထိ နက်ရှိုင်းစွာ မြင်နေရသော အမာရွတ်များစွာ ရှိနေပြီ ဖြစ်သည်။

အချို့သော ကိုယ်တွင်အင်္ဂါ အစိတ်အပိုင်းများကိုပင် ယောင်ဝါးဝါး မြင်နေရပြီ။

သို့သော်လည်း စူးဟုန်ယီက အံကြိတ်ပြီး ရပ်တည်နေခဲ့သည်။

ကျွင်းရှောင်ယောက်က သူမကို ကယ်တင်ခဲ့သူ ဖြစ်သည်။

သူမ၏ အသက်သည် ယခင်ကတည်းက ကျွင်းရှောင်ယောက်နှင့် သက်ဆိုင်၏။

ထိုအတွက်၊ စူးဟုန်ယီသည် ကျွင်းရှောင်ယောက်အတွက် သေဆုံးသွားခြင်းကြောင့် နောင်တရမည် မဟုတ်ပေ။

"ဒီခွေးမ..."

စူးဟုန်ယီက အံကိုခဲပြီး တောင့်ခံနေသေးကြောင်း မြင်လိုက်ရတော့ ဟွမ်းနီ၏မျက်နှာတွင် မကျေမနပ်ဖြစ်ခြင်း အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ထို့နောက် ရောင်စုံငှက်မွှေးများဖြင့် ပြုလုပ်ထားသော ရတနာယပ်တောင်ကို ကိုင်ဆွဲလိုက်၏။

ယပ်တောင်ကို တစ်ချက် ခပ်လိုက်သည်။

မီတာထောင်ချီသော ရောင်စုံအလင်းတန်းများ ပြေးထွက်သွား၏။

စူးဟုန်ယီ၏ ခြေထောက်နှစ်ဖက်လုံးကို ပြတ်တောက်သွားတော့သည်။

သွေးအိုင်ထဲတွင် စူးဟုန်ယီ လဲကျသွားသည်။

လက်နှင့်ခြေများ ပြတ်တောက်သွားပြီးနောက် မတ်တပ်ပင်လျှင် မရပ်နိုင်တော့ပေ။

"သခင်လေး... ဟုန်ယီ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ မတားဆီးနိုင်တော့ဘူး၊ တောင်းပန်ပါတယ်..."

သွေးထွက်လွန်၍ စူးဟုန်ယီ မူးဝေပြီး သတိလစ်တော့မလို ဖြစ်လာခဲ့သည်။

သို့တိုင်၊ ကျွင်းရှောင်ယောက်အတွက် စဉ်းစားပေးနေသေးသည်။

ကျွင်းရှောင်ယောက်ဘက်မှာတော့...

သဘာဝအတိုင်း၊ ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသမျှကို သူ သတိပြုမိသည်။

သို့သော်လည်း သူ့စိတ်က အလွန်ငြိမ်းအေးပြီး စူးဟုန်ယီ၏ အခြေအနေကြောင့် ပြောင်းလဲခြင်းမျိုး မရှိပေ။

ပုံမှန်အားဖြင့်၊ ကျွင်းရှောင်ယောက်၏ စရိုက်အရ သူ့ရှေ့တွင် ကောင်းကင်တိုင်တောင် လဲသွားလျှင်ပင် အမူအရာပြောင်းလဲမည် မဟုတ်ပါ။

ဤအခိုက်တွင် အမှားများမလုပ်မိအောင် ပြင်းပြင်းထန်ထန် အာရုံစိုက်ရန် လိုအပ်သည်။

ထို့ကြောင့် စူးဟုန်ယီ၏ ကြေကွဲဖွယ်အခြေအနေကို သတိပြုမိသော်လည်း မကြားဘိသကဲ့သို့ ဆက်နေခဲ့ပေသည်။

ဟုတ်သည်၊ သူက သွေးအေးလွန်း၍တော့ မဟုတ်ပါ။

ယခုအချိန်တွင် သူ အာရုံမများလိုသောကြောင့် ဖြစ်သည်။

ထို့အပြင်...

သက်ရှိသတ္တဝါအားလုံးကို သွေးစတေးခြင်းကို နားလည်ပြီးနောက်...

နောက်ဆုံးတွင် အချို့အရာများ၏ အမှန်တရားကို သူ နားလည်လာခဲ့သည်။

စူးဟုန်ယီ မသေနိုင်ပေ။

အနည်းဆုံးတော့ သွေးစတေးခံနယ်မြေတွင် သူမ ဘယ်တော့မှသေမည် မဟုတ်ပေ။

ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က စိတ်အေးချမ်းစွာဖြင့် ဆက်လက် လေ့ကျင့်နိုင်ခဲ့သည်။

စူးဟုန်ယီကို ညှဉ်းပန်းနှိပ်စက်နေသည့်တိုင် ကျွင်းရှောင်ယောက်က မလှုပ်ရှားကြောင်း မြင်ရပြီးနောက်...

ဟွမ်းနီနှင့် အခြားသူများလည်း ထိုသို့လုပ်ရန် လက်လျှော့သွားကြသည်။

ရက်အနည်းငယ်ကြာသွားပြီ။

နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်းအစီရင်ကိုလည်း ချမှတ်ထားပြီးပြီ ဖြစ်သည်။

"နောက်ဆုံးတော့ အောင်မြင်သွားပြီ၊ နောက်ဆုံးတော့ ကစဉ့်ကလျားခန္ဓာ ငါတို့အိတ်ကပ်ထဲကို ရောက်ပြီ"

ရွှေကျီးကန်းသူတော်စင်လေး၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

"ကစဉ့်ကလျားခန္ဓာကို သတ်တာက ဒီခေတ်မှာ အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုပဲ။ ငါတို့ရဲ့ နာမည်တွေက သမိုင်းတွင်ကျန်ရစ်လိမ့်မယ်"

ရွှမ်ဟောက်ချုံလည်း စိတ်လှုပ်ရှားမှု အရိပ်အမြွက်တို့ကို လှစ်ဟလာခဲ့ကြလေသည်။

ထိုစဉ်၊ အရိုးဖြူတောင်တစ်ဝိုက်တွင် အံ့ဩဖွယ်ကောင်းသည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

အဓိပတိများပင်လျှင် သေခြင်းတရား အငွေ့အသက်ကို ခံစားနိုင်ကြ၏။

ရှေးဟောင်းတော်ဝင်မျိုးနွယ်၏ မျိုးစေ့အဆင့်ပါရမီရှင် ဆယ်ယောက်ကျော်မှာလည်း အသီးသီး နေရာယူပြီး နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်းအစီရင်ကို အသက်သွင်းရန် ပြင်ဆင်နေကြပြီ။

ထိုအခိုက်မှာ...

"ဂျိန်း"

ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်တခွင်လုံး တိမ်မည်းများပြည့်နှက်ပြီး မှောင်မိုက်အုံ့ဆိုင်းသွား၏။

"ဘာတွေဖြစ်နေတာလဲ"

ပါရမီရှင်တချို့လည်း လှုပ်ရှားမှုများ ရပ်တန့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

ကောင်းကင်တွင် စုဝေးနေသော ကပ်ဘေးတိမ်တိုက်များကို မြင်လိုက်ရ၏။

"ဖြစ်နိုင်တာက..."

လူအများ၏မျက်လုံးများက ဧရာမ အရိုးတောင်ပေါ်ရှိ ကျွင်းရှောင်ယောက်သို့ ရုတ်တရက် ကျရောက်သွားကြသည်။

မယုံကြည်နိုင်ခြင်းများက သူတို့အားလုံး၏ မျက်နှာ‌တွင် ပေါ်လာ၏။

ရွှေကျီးကန်းသူတော်စင်လေး၊ ရွှမ်ဟောက်ချုံနှင့် အခြားသူများလည်း စိတ်ထဲတွင် လှုပ်ရှားသွားတော့သည်။

ဧရာမအရိုးတောင်ထိပ်တွင်...

ကျွင်းရှောင်ယောက်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ့ပတ်ဝန်းကျင်တွင် ကစဉ့်ကလျား မြူခိုးများတက်လာပြီး အံ့မခန်း အငွေ့အသက်များကလည်း လေထဲမှာ ပြည့်သွား၏။

အင်မော်တယ်သစ်သီးများ၊ ဝိညာဉ်သွေးဆေး၊ သွေးရောင် မန္ဒလာပန်း စသည်တို့ အားလုံးကိုလည်း သူ့ခန္ဓာကိုယ်ထဲသို့ သန့်စင်ပြီးသွားပြီ။

ဤအခိုက်တွင် ခိုင်မာသော နိယာမစွမ်းအားက သူ့ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်စွမ်းအင်များနှင့် ရောထွေးနေခဲ့သည်။

ယင်းက ပြီးပြည့်စုံသော နိယာမအဖြစ် အုပ်စုဖွဲ့ခြင်း၊ ပေါင်းစည်းနေခြင်းပင်။

ဤနိယာမက ကျွင်းရှောင်ယောက်နှင့်သာ အပြည့်အဝ သက်ဆိုင်သည်။

"အချိန်ကျပြီ"

ကျွင်းရှောင်ယောက်က မတ်တပ်ထရပ်လိုက်သည်။ ကြီးမားပြီး ဖိနှိပ်ချုပ်ချယ်သော အရှိန်အဝါက ပရိသတ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

အဓိပဓိအဆင့် ပါရမီရှင်များပင်လျှင် အသက်ရှူမဝသလို ခံစားလိုက်ကြရလေသည်။

"ဒါ... ဒါက အဓိပတိနယ်ပယ်ကို ချိုးဖြတ်သွားတော့မှာလား"

လူအများ၏ မျက်နှာများက ဖြူဖျော့သွားကာ အော်ဟစ်လိုက်ကြသည်။

"ဂျိန်း"

မိုးကြိုးထစ်ချုန်းသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

မိုးကြိုးလျှပ်စီးများက မှောင်မိုက်သော ကောင်းကင်ကို လင်းထိန်သွားစေခဲ့၏။

အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ မိုးပြာ၊ အပြာ၊ ခရမ်းရောင်၊ အနက်ရောင်၊ အဖြူရောင်၊ ကစဉ့်ကလျားအရောင်များလည်း ရှိသေးသည်။

အရောင်အမျိုးမျိုးရှိသော မိုးကြိုးများ တဖျတ်ဖျတ်လက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် မထင်မှတ်လောက်သော ပုံရိပ်များ ထူထပ်စွာ ထွက်ပေါ်လာ၏။

ရှေးသမိုင်းမှ မြင့်မြတ်သော အဓိပဓိငယ်တစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

"ဒါ... ဒါက အဆုံးစွန်ကပ်ဘေးဒုက္ခပဲ"

ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးလှိုင်းများကို မြင်ရပြီးနောက် သွေးစတေးခံနယ်မြေနှင့် ပျက်စီးခြင်းနယ်စပ်တစ်ခုလုံးမှ လူများ တုန်လှုပ်သွား၏။

ကမ္ဘာနှစ်ဖက်မှ ပုဂ္ဂိုလ်ကြီးများပင် သတိပြုမိပြီး အံ့အားသင့်သွားကြတော့သည်။

All Chapters