← Chapters

အခန်း ၉၉၉

Vol. 67 Ch. 999

အခန်း ၉၉၉

Vol. 67 Ch. 999

အခန်း ( ၉၉၉ ) ရှေးသမိုင်းမှ အထင်ကရပုဂ္ဂိုလ်များ ပေါ်လာပြီ။

စစ်မှန်သော အဓိပတိ ဖြစ်လာလိုပါက အဓိပဓိ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်ရန် လိုအပ်သည်။

ဤကပ်ဘေးကို မလွန်နိုင်ဘဲ ကျဆုံးသွားသော ပါရမီရှင်များ မရေမတွက်နိုင်အောင် ရှိ၏။

အမှန်တကယ် ဖြတ်ကျော်နိုင်သူက များများမရှိပေ။

ထို့အပြင် ကပ်ဘေးဖြတ်ကျော်သူ၏ စွမ်းအားအပေါ် မူတည်ပြီး ဖြစ်ပေါ်လာသော အဓိပဓိကပ်ဘေးမှာလည်း ကွဲပြားသည်။

ကောင်းကင်ကပ်ဘေး သုံဆင့်၊ ကောင်းကင်ကပ်ဘေး ခြောက်ဆင့်၊ ကောင်းကင်ကပ်ဘေး ကိုးဆင့် စသည်ဖြင့်။

ကပ်‌ဘေးအဆင့် မြင့်မားလာလေ၊ ရှင်သန်ရန် ပို၍ခက်ခဲလေပင်။

ဟုတ်သည်၊ ဖြတ်ကျော်နိုင်ခဲ့လျှင်လည်း စွမ်းအားက ပို၍ ကြီးမားပေလိမ့်မည်။

သို့သော်လည်း ခေတ်များတစ်လျှောက်တွင် အကြိမ်ရေနည်းပါးသော ကပ်ဘေးများသာ အဖြစ်များခဲ့သည်။

ထိုအထဲတွင်... အချက်အလက် အလွန်နည်းပါးပြီး၊ ထိုကပ်ဘေးကို ဖြတ်ကျော်ဖူးသူ ရှိမရှိပင် မသေချာသော ကပ်ဘေးမျိုးလည်း ရှိသေးသည်။

ထိုကပ်ဘေးကို အဆုံးစွန်ကပ်ဘေးဟု ခေါ်သည်။

ဤကပ်ဘေးတွင် အကြိမ်ပေါင်း ထောင်နှင့်ချီသော မိုးကြိုးများဖြင့် ရိုက်ခတ်၏။

ထို့အပြင်၊ အတိတ်နှင့် ပစ္စုပ္ပန်တွင် အသန်မာဆုံး ကပ်ဘေးဖြတ်ကျော်သူများ ချန်ထားခဲ့သည့် အမှတ်အသားများကိုလည်း ပေါ်လွင်စေဦးမည်။

ထိုကပ်ဘေးမျိုးကို ဖြတ်ကျော်နိုင်ပါက အနာဂတ်မှာ အနည်းဆုံး ဧကရာဇ်အဆင့်သို့ ရောက်နိုင်သည်။

သို့သော်လည်း ဖြတ်ကျော်နိုင်မှုနှုန်းက အလွန် နည်းပါးလှပေသည်။

သို့ရာတွင်၊ ဤကပ်ဘေးမျိုးကို မည်သူက ဖြစ်စေနိုင်သနည်း။

မိုးနှင့်မြေ၏ နိယာမနှင့် အရာအားလုံးထက် ကျော်လွန်နိုင်သူများသာ ဤကပ်ဘေးမျိုးကို ရင်ဆိုင်ရနိုင်သည်။

"ဘုရားရေ၊ ဒါက အဆုံးစွန်ကပ်ဘေးကြီးပဲ"

"ကစဉ့်ကလျားခန္ဓာက ကြောက်စရာကောင်းလိုက်တာ"

မရေမတွက်နိုင်သော ပါရမီရှင်များ ပင့်သက်ရှိုက်လိုက်မိကြသည်။

သူတို့အတွက် ဤသည်မှာ ရှေးသမိုင်းတွင်သာ ရှိခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ကောင်းကင်ကပ်ဘေးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ထောင်နှင့်ချီသော မိုးကြိုးထစ်ချုန်းသံများက ကျယ်ပြောသော စကြဝဠာကြီးကို တုန်လှုပ်စေခဲ့သည်။

ပြင်းထန်သော ကပ်ဘေးဒုက္ခများကို ဖြတ်ကျော်ခဲ့သည့် ပုဂ္ဂိုလ်ကျော်များ၏ ပုံရိပ်များလည်း ပေါ်လာခဲ့၏။

အဆုံးစွန် ကပ်ဘေးဒုက္ခကြောင့် လူတိုင်း တုန်လှုပ်ခဲ့ရပြီ။

ဤအခိုက်တွင် လူတိုင်း၏ နှလုံးသားက တဆတ်ဆတ် တုန်ယင်နေခဲ့သည်။

ပျက်စီးခြင်းနယ်စပ်၏ ဟင်းလင်းပြင်အတွင်းမှာလည်း ပုံရိပ်များစွာတို့ ပေါ်လာသည်။

ယင်းက နယ်စပ်တွင် အမြဲစောင့်ကြပ်နေသော ဧကရာဇ်တစ်ပိုင်းအဆင့် ပါရမီရှင်များ ဖြစ်၏။

"အဲဒါက... တိုင်းတစ်ပါးက ကစဉ့်ကလျားခန္ဓာပဲ"

"ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးထဲက တစ်ပါးဆိုတဲ့အတိုင်း တကယ်ကို မရိုးရှင်းဘူး။ နယ်စပ်ကို ရောက်လာခဲ့တဲ့ ဖျက်ဆီးခြင်းဘုရင်ကို မင်းတို့ မှတ်မိကြသေးလား"

"အဲဒီတိုင်းတပါးသား ကစဉ့်ကလျားခန္ဓာရဲ့ အချက်အလက်တွေက တမင် ဖုံးကွယ်ထားသလိုပဲ၊ ရှာလို့မရဘူး"

"မဖြစ်ဘူး၊ အဲဒီကစဉ့်ကလျားခန္ဓာကို ဖျက်ဆီးပစ်မှ ရမယ်"

"ငါတို့ လှုပ်ရှားဖို့အတွက် သူ့ကိုဖိတ်ခေါ်လိုက်ရမလား"

"ဒီလိုလုပ်ရင် ပြဿနာဖြစ်နိုင်တယ်"

"မတတ်နိုင်ဘူးလေ၊ သူက ဖျက်ဆီးခြင်းဘုရင်ဖြစ်တဲ့အပြင် ကစဉ့်ကလျားခန္ဓာလည်း ဖြစ်နေသေးတယ်။ ဒီလိုတည်ရှိမှုမျိုးကို ဆက်ပြီး ရှင်သန်ခွင့်ပေးရင် အနာဂတ်မှာ ကြောက်စရာကောင်းတာတွေ ဖြစ်လာလိမ့်မယ်"

နယ်ခြားစောင့်အကျော်အမော်များလည်း လေးနက်သော အမူအရာများဖြင့် အသံပို့လွှတ်ပြီး အချင်းချင်း ဆက်သွယ်ပြောဆိုနေခဲ့သည်။

ထိုအချိန်တွင်...

ပျက်စီးခြင်းနယ်စပ်၊ သွေးစတေးခံနယ်မြေမှာ...

နီးကပ်လာသော အဆုံးစွန်ကပ်ဘေးက အရပ်ရပ်ကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

"ဆုတ်၊ မြန်မြန်ပြန်ဆုတ်ကြ"

ရွှမ်ဟောက်ချုံ အော်ဟစ်လိုက်၏။

ယင်းက အဆုံးစွန်ကပ်ဘေးဒုက္ခ ဖြစ်သည်။

သူတို့ကဲ့သို့ မျိုးစေ့အဆင့် ပါရမီရှင်များ ဖြတ်ကျော်ခဲ့သော ကပ်ဘေးအရေအတွက်ပင်လျှင် အဆင့်ခြောက် သို့မဟုတ် အဆင့်ကိုးသာ ရှိကြသည်။

အဆုံးစွန် ကပ်ဘေးကိုတော့ စိတ်ပင်မကူးဝံ့ပေ။

ဤကပ်ဘေးမျိုးတွင် ပါဝင်ပတ်သက်မိပါက၊ အဓိပဓိများပင်လျှင် ကျဆုံးသွားလိမ့်မည်။

"ဂျိန်း... ဂျိန်း"

ပတ်ဝန်းကျင်မှလူများ ဆုတ်ခွာသွားစဉ်တွင် မရေမတွက်နိုင်သော မိုးကြိုးထစ်ချုန်းသံများ ထပ်မံ ထွက်ပေါ်လာသည်။

"ကစဉ့်ကလျားခန္ဓာ သေချာပေါက် သေလိမ့်မယ်။ ဒီကပ်ဘေးကနေ သူ မလွတ်မြောက်နိုင်တော့ဘူး"

ရွှေကျီးကန်းသူတော်စင်လေး ရေရွတ်လိုက်သည်။

ဤအဆုံးစွန်ကပ်ဘေး၏ စွမ်းအားက သူတို့တည်ဆောက်ခဲ့သော နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်းအစီရင်၏ ရိုးရှင်းသောပုံစံထက်ပင် များစွာ ပိုအားကောင်း၏။

မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

အရိုးဖြူတောင်ထိပ်တွင် ရပ်နေသော ကျွင်းရှောင်ယောက်၏ အဖြူရောင် အဝတ်အစားများက တဖျတ်ဖျတ်ခတ်လာခဲ့သည်။

ရွှေကျီးကန်းသူတော်စင်‌လေးနှင့် အခြားသူများကိုတော့ သူက လုံးဝ ဂရုမစိုက်ပေ။

သူတို့အားလုံးက လူရွှင်တော်များချည်း ဖြစ်သည်။

"အဆုံးစွန် ကပ်ဘေးဒုက္ခတဲ့လား"

ကျွင်းရှောင်ယောက်လည်း သူ့ခေါင်းကိုမော့ပြီး ကောင်းကင်ကိုကြည့်လိုက်သည်။

ဤကပ်ဘေးမျိုးမှာ မည်သူမျှ မလွတ်မြောက်နိုင်သော သေမင်းတမန်ဟု ဆိုနိုင်သည်။

သို့သော်၊ ကျွင်းရှောင်ယောက်အတွက်တော့...

ထိုမျှသာ။

ကျွင်းရှောင်ယောက်က ကောင်းကင်သို့ ပျံတက်သွားပြီး သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ကစဉ့်ကလျား စွမ်းအင်များက သူ့ခန္ဓာကိုယ်တဝိုက် ပျံ့နှံ့သွားပြီး လေဟာပြင်ကို ဖြိုချပစ်လိုက်၏။

သူ့ခန္ဓာကိုယ်အတွင်းမှ နိယာမတစ်ခုက တောက်ပနေပြီး ချီနှင့်သွေးများ ဆူပွက်လာတော့သည်။

ခန္ဓာကျမ်း။

"ကောင်းကင်ကပ်ဘေးဒုက္ခက ငါ့ရဲ့ ခန္ဓာနိယာမကို ပိုပြီး ပြီးပြည့်စုံစေတယ်"

ဤသည်မှာ လူတိုင်းကြောက်ရသည့် ကပ်ဘေးကြီး ဖြစ်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်အတွက်တော့ ယင်းမှာ အလွန်ကောင်းမွန်သော ဆေးဝါးတစ်မျိုး ဖြစ်၏။

"ဝုန်း"

ကျွင်းရှောင်ယောက်က ကောင်းကင်သို့ ခြေတစ်ချက်လှမ်းပြီး ဟင်းလင်းပြင်ကို ဖြိုချပစ်လိုက်သည်။

ခန္ဓာနိယာမကို လေ့ကျင့်ပြီးနောက် သူ၏ ရုပ်ခန္ဓာစွမ်းအားက သာမန်ထက်များစွာ ကျော်လွန်နေခဲ့ပြီ။

သို့တိုင်၊ သူ၏ ရုပ်ခန္ဓာက ပို၍ အားကောင်းလာနေပြီ ဖြစ်သည်။

ယင်းက နိယာမကဲ့သို့ တည်ရှိမှုအဖြစ် ပြောင်းလဲ၏။

ထို့အပြင်၊ ဤမတိုင်မီက လေ့ကျင့်ထားသည့် မေယုကမ္ဘာသုံးထောင်လည်း ရှိသေးသည်။ ခန္ဓာကိုယ်အားကောင်းလာသည်နှင့်အမျှ မေယုကမ္ဘာများလည်း ပို၍ တိုးပွားလာခဲ့သည်။

နှစ်ရာ့ခြောက်ဆယ်မှ ဆက်လက် တိုးလာခဲ့၏။

နှစ်ရာခုနစ်ဆယ်။

နှစ်ရာရှစ်ဆယ်။

နှစ်ရာကိုးဆယ်။

"ဝုန်း"

ထစ်ချုံးသံနှင့်အတူ မိုးကြိုးများက တစ်ခုနှင့်တစ်ခု ရောထွေးပြီး ကျဆင်းလာခဲ့သည်။

ကောင်းကင်ပြိုကျသလို အနီးနားပတ်ဝန်းကျင်က ပြိုကျသွား၏။

ကျွင်းရှောင်ယောက်လည်း ကောင်းကင်မိုးကြိုးကို မျက်နှာချင်းဆိုင်ပြီး လက်သီးဖြင့်ထိုးလိုက်သည်။

ကောင်းကင်ခွင်းလက်သီး။

"ဝုန်း"

ကျယ်လောင်သော အသံတစ်ချက်နှင့် ကျယ်ပြောလှသော ကောင်းကင်ကြီးသို့ ပေါက်ကွဲသွား၏။

မိုင်ပေါင်းများစွာ ရှည်လျားသော ဟင်းလင်းပြင်အက်ကြောင်းများ ပြန့်ကျဲသွားတော့သည်။

ယင်းက ကမ္ဘာပျက်ကပ်ဘေးတစ်ခုကဲ့သို့ ဖြစ်သည်။

အလင်းရောင်များ တဖျတ်ဖျတ်လက်ပြီး အဆက်မပြတ် ကျဆင်းလာခဲ့၏။

တစ်ချိန်တည်းမှာပင် ကပ်ဘေးတိမ်တိုက်များကြားတွင် လူငယ်လူရွယ် ပုံရိပ်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာတော့သည်။

ချောမောခန့်ညားသည့် အမျိုးသား၊ လှပသည့် အမျိုးသမီး... အံ့ဖွယ်ကောင်းသည့် အငွေ့အသက်များဖြင့် လူငယ်များဖြစ်သည်။

ဤလူငယ်များက ခေတ်အဆက်ဆက်မှ အသန်မာဆုံးပါရမီရှင်များ ချန်ရစ်ခဲ့သော အထင်ကရ ပုံရိပ်များပင်။

မည်သည့် ပုံရိပ်မဆို၊ လက်ရှိ မျိုးစေ့အဆင့် ပါရမီရှင်တချို့ထက် ပို၍ အားကောင်းကြသည်။

"ကြောက်စရာကောင်းလှချေလား၊ ဒါက ဘယ်လိုကပ်ဘေးမျိုးလဲ"

"အဲဒီကစဉ့်ကလျားခန္ဓာ တကယ်ကို သေပြီပဲ"

အဝေးသို့ ဆုတ်ခွာသွားသော ပါရမီရှင်အားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။

အကယ်၍၊ ထိုနေရာတွင် သူတို့ဖြစ်ပါက အသက်ရှူချိန် အနည်းငယ်မျှပင် မခံနိုင်ဘဲ ပြာကျသွားလိမ့်မည်။

အဆုံးမဲ့မိုးကြိုးများကြားတွင် ကျွင်းရှောင်ယောက်က နတ်ဘုရားဘုရင်ကဲ့သို့ တည်ငြိမ်စွာ ရပ်နေခဲ့သည်။

"ကောင်းကင်ဘုံ... မင်းတောင်မှ ငါ့ကိုရှုံးနိမ့်ပြီးပြီ။ ဒီကပ်ဘေးလောက်က ငါ့ကို ဘာလုပ်နိုင်မှာလဲ"

ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။

အနက်ရောင် သူ့ဆံပင်များက တဖျတ်ဖျတ် လှုပ်ရှားနေသည်။ အဖြူရောင်ဝတ်စုံကလည်း လေထဲတွင် လူးလွန့်လျက်ရှိ၏။

အလွန်တရာ ကြောက်စရာကောင်းသည့် ကပ်ဘေးမျိုးနှင့် ရင်ဆိုင်နေရခြင်းဖြစ်သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းပေ။

သူ့ကံကြမ္မာကို မည်သည့်စည်းမျဉ်းနှင့်မှ ချုပ်ကိုင်ခံမည် မဟုတ်ပါ။

သူ့ကံကြမ္မာက သူ့လက်တွင် ရှိသည်။

ကျွင်းရှောင်ယောက်လည်း ကစဉ့်ကလျား လက်ဝါးတံဆိပ်တော်ဖြင့် သူ့ရှေ့မှ မိုးကြိုးများကို ချေမှုန်းပစ်လိုက်သည်။

ကစဉ့်ကလျားစွမ်းအားများပေါ်လာပြီး ကျယ်ပြောသော ကောင်းကင်ကိုပင် ဖုံးလွှမ်းသွား။

မိုးကြိုးကပ်ဘေးဒုက္ခသည်ပင် နစ်မြုပ်သွားခဲ့ရသည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ရှေ့မှာ ရှေးအကျော်အမော် ပုံရိပ်များစွာ ပေါ်လာခဲ့သည်။

ကောင်းကင်ဧကရာဇ်ကဲ့သို့ နတ်ငါးပါးရထားကို မောင်းနှင်သော ထိပ်တန်းသူရဲကောင်းတစ်ဦး...

ပြန်လည်ဝင်စားသော အင်မော်တယ်ကဲ့သို့၊ ထူးထူးခြားခြား လှပသော နတ်သမီးတစ်ပါး...

အစရှိသဖြင့်၊ ထူးကဲသော ပုံရိပ်များ ပေါ်လာကြ၏။

ထိုပုံရိပ်များကို ရင်ဆိုင်ရင်း ကျွင်းရှောင်ယောက်က လွတ်လပ်ပေါ့ပါးစွာ ပြုံးလိုက်သည်။

"သမိုင်းထဲက အကျော်အမော်တွေဖြစ်ရင်တောင် ဘာလဲ၊ ဒီခေတ်မပြောနဲ့... အတိတ်နဲ့ ပစ္စုပ္ပန်မှာ ဘယ်သူက ငါနဲ့ ယှဉ်ပြိုင်နိုင်မှာလဲ"

ကျွင်းရှောင်ယောက်လည်း သူ့လက်ကို တစ်ချက်ဝှေ့ယမ်းပြီး နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို ထုတ်ယူလိုက်၏။ သူ၏ ဆံပင်များလည်း ခဏချင်းမှာပင် ဖြူဆွတ်သွားတော့သည်။

လှံပုဆိန် ဝှေ့ယမ်းခြင်းနှင့်တူ မိုးကြိုးအားလုံး ပျောက်ကွယ်သွားရသည်။

ရှေးသမိုင်းမှ အကျော်အမော်အားလုံးက ဖြတ်သွားဖြတ်လာမျှသာ ဖြစ်ကြသော်လည်း သူ၏အမည်မှာ ခေတ်အဆက်ဆက် ထင်ကျန်ရစ်လိမ့်မည်။

All Chapters