← Chapters

အခန်း ၁၀၀၀

Vol. 67 Ch. 1000

အခန်း ၁၀၀၀

Vol. 67 Ch. 1000

အခန်း ( ၁၀၀၀ ) ဒီခေတ်ရဲ့ ဒဏ္ဍာရီကို ငါရေးမယ်။

အရိုင်းဆန်သည်၊ ရိုးရှင်းကာ လွတ်လပ်၏၊ အချုပ်အနှောင်လည်း မရှိပေ။

အဖြူရောင် ဆံပင်ရှည်များက လေထဲတွင် တဖျတ်ဖျတ် လူးလွန့်နေသည်။

ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို ကိုင်ဆွဲပြီး စစ်နတ်ဘုရားကဲ့သို့ လေထဲတွင် ရပ်နေ၏။

ကောင်းကင်ကို လွှမ်းခြုံထားသည့် မိုးကြိုးကပ်ဘေး၏ရှေ့တွင် ကျွင်းရှောင်ယောက်၏ရုပ်သွင်က သေးငယ်လွန်းသကဲ့သို့ ထင်ရသည်။

သို့သော်လည်း သူ့ရပ်တည်ပုံက လှံတစ်စင်းကဲ့သို့ ဖြောင့်မတ်ပြီး အနိုင်မခံအရှုံးမပေးပေ။

ပျက်စီးခြင်းစပ်မှ မျက်လုံးအကြည့်များစွာက ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြသည်။

ဒဏ္ဍာရီလာ အဆုံးစွန်ကပ်ဘေးကို ရင်ဆိုင်နေသော လူတစ်ယောက်။

ဤကပ်ဘေးမျိုးက ဘေးမှ ရပ်ကြည့်နေသူများ၏ နှလုံးသားများကိုပင် တုန်ခါသွားစေရန် စွမ်းဆောင်နိုင်သည်။

သူကတော့ အကြောက်အရွံ့မရှိသလို ခပ်အေးအေးပင်။

"တိုင်းတပါးမှာ ဒီလို ထူးကဲတဲ့လူတစ်ယောက် ရှိနေသေးတာပဲ"

အင်မော်တယ်နယ်မြေကြီးမှ လူငယ်ပါရမီရှင်များ ရေရွတ်လိုက်ကြသည်။

တချိန်တည်းမှာပင်၊ သူတို့၏ အင်မော်တယ်နယ်မြေကြီးတွင် တစ်ချိန်က ဤမျှလောက် အံ့မခန်း ထူးကဲသော လူတစ်ဦး ရှိခဲ့ဖူးသည်ကို ပြန်လည်သတိရလိုက်မိ၏။

ကံမကောင်းစွာဖြင့်၊ အင်မော်တယ်နယ်မြေကြီး၏ ရပ်တည်မှုကိုကာကွယ်ရင်း ထိုပုဂ္ဂိုလ်မှာ သူ့ကိုယ်သူ စတေးသွားခဲ့ပေသည်။

အဆုံးစွန်ကပ်ဘေးကို ဖြတ်ကျော်နေသော အဖြူရောင်ဝတ် ရုပ်သွင်ကိုကြည့်ရင်း လင်ယွမ်၏ မျက်လုံးများက စိတ်ရှုပ်ထွေးမှုတို့ ပေါ်လာခဲ့သည်။

ထိုလူ၏ တူညီသော အနေအထားက သူမကို စိတ်ရှုပ်ထွေးစေခဲ့၏။

တစ်ဖက်မှာတော့ ကူတိကျစ်၏ အမူအရာက လေးနက်နေသည်။

ယခင်က သူ့အပေါ်တွင် ဖျောက်ဖျက်မရနိုင်သော အကြောက်တရားတစ်ခု သယ်ဆောင်လာခဲ့သော ကျွင်းရှောင်ယောက်က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ယခုအခါ နောက်တစ်မျိုး ပေါ်လာပြန်ပြီ။

အဆုံးစွန်ကပ်ဘေးအောက်တွင် ဤကစဉ့်ကလျားခန္ဓာ ကွယ်ပျောက်သွားလိမ့်မည်ဟုသာ သူမျှော်လင့်နိုင်ခဲ့သည်။

လူအားလုံး၏ အာရုံစိုက်မှုအောက်တွင်...

မိုးကြိုးများက တဖျတ်ဖျတ် လက်လာပြန်သည်။

ကျွင်းရှောင်ယောက်လည်း လှံပုဆိန်ဖြင့် သူ့ရှေ့မှရုပ်သွင်ကို တိုက်ခိုက်လိုက်၏။

လှံပုဆိန်ခုတ်ချက်က ကောင်းကင်ဧကရာဇ်တစ်ပါးကဲ့သို့ နတ်ငါးပါးရထားကို စီးနင်းထားသော ရုပ်သွင်ကို ဖြတ်သန်းသွားခဲ့သည်။

ထို့နောက်၊ ကျွင်းရှောင်ယောက်၏ နောက်ကွယ်တွင် ကစဉ့်ကလျားမြင်ကွင်းတစ်ခု ပေါ်လာပြီး တုနှိုင်းမရအောင် လှပသော အမျိုးသမီးကို ဖိနှိပ်လိုက်သည်။

အမျိုးသမီး၏ပုံရိပ်က ပြင်းထန်စွာ တုန်ခါသွားသည်။

ထို့နောက် ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်ပြီး အမျိုးသမီး၏လည်ပင်းကို ဖမ်းဆုပ်လိုက်၏။

"ဝုန်း"

ပေါက်ကွဲသံနှင့်အတူ အမျိုးသမီး၏ပုံရိပ်က အလင်းစက်လေးများကဲ့သို့ ကောင်းကင်တွင် ပျံ့ကျဲသွားတော့သည်။

ဤမြင်ကွင်းက လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။

ထိုအရာများက သမိုင်းတွင် သြဇာအရှိဆုံး ပါရမီရှင်များမှ ကျန်ရစ်ခဲ့သော ပုံရိပ်များ ဖြစ်၏။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ရှေ့မှာတော့ ဘာမျှပင် မလုပ်နိုင်ရှာခဲ့ပေ။

သူပြောခဲ့သလိုပင်...

ကျွင်းရှောင်ယောက်က ခေတ်အားလုံးကို ကြီးစိုးမည့်သူ ဖြစ်သည်။

"ဝုန်း"

တိမ်တိုက်များကြားတွင် ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်တစ်ခု ထပ်မံပေါ်လာခဲ့သည်။

ယင်းက ရှေးဦးနတ်ဘုရားကဲ့သို့ အလွန်ကြီးမားသော ခန္ဓာကိုယ်ရှိသည့် တည်ရှိမှုတစ်ခု ဖြစ်၏။ သူ့တကိုယ်လုံးကိုလည်း မြူမှုန်များက ဖုံးလွှမ်းထားသေးသည်။

ထိုပုံရိပ်ကြီး၏ရှေ့တွင် ကျွင်းရှောင်ယောက်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ တကယ်ကို သေးငယ်လွန်းလှသည်။

"ဟင်၊ အဲဒီရောင်ဝါက..."

ထိုရုပ်သွင်ကို မြင်လိုက်ရပြီးနောက် လူအတော်များများ တုန်လှုပ်သွားကြသည်။

"အဲဒါ ဒဏ္ဍာရီလာဧကရာဇ် ငယ်ရွယ်စဉ်ကလား၊ ဒါမှမဟုတ် ကောင်းကင်ဧကရာဇ် ငယ်ရွယ်စဉ်ကပဲလား"

ပါရမီရှင်များစွာတို့ တုန်လှုပ်ချောက်ချားစွာ ရေရွတ်လိုက်၏။

ထိုဖိအားက သာမန် ဧကရာဇ်ထက် များစွာကြီးမားသည်။

ရှေးနတ်ဘုရားကဲ့သို့ ပုံရိပ်ကြီးက လက်တစ်ဖက်ကိုဆန့်ပြီး ကျွင်းရှောင်ယောက်ကို ဖိနှိပ်လိုက်သည်။

သူ့လက်ဖဝါးက ကျယ်ပြောလှသော ကောင်းကင်ကို ဖုံးအုပ်ထားပြီး လက်ငါးချောင်းကလည်း ကောင်းကင်ထောက်တိုင်များကဲ့သို့ ဖြစ်၏။

လက်ငါးချောင်းတောင်ကြီးကဲ့သို့ ကျွင်းရှောင်ယောက်ကို ဖိနှိပ်လာတော့သည်။

ထိုပုံရိပ်ကိုရင်ဆိုင်ရသောအခါ ကျွင်းရှောင်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ယင်းက သာမန်ဧကရာဇ်အဆင့်ထက် ကျော်လွန်သော တည်ရှိမှု ဖြစ်၏။

သို့သော်လည်း၊ သူ့စိတ်ထဲတွင် ကြောက်ရွံ့ခြင်းတော့ မရှိပေ။

"ငါ့ရှေ့လမ်းကို အင်မော်တယ်တွေ၊ နတ်ဆိုးနဲ့ နတ်ဘုရားတွေတောင် တားဆီးလို့မရဘူး။ ငါ့ရဲ့အထက်မှာ ဘယ်သူက ရပ်တည်ဝံ့တာလဲ"

ကစဉ့်ကလျားသွေးနှင့် အနှိုင်းမဲ့သွေးက သူ့ခန္ဓာကိုယ်အနှံ့ ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။

ခန္ဓာနိယာမကလည်း လင်းလက်တောက်ပလာ၏။

မေယုကမ္ဘာများ၏ စွမ်းအားကလည်း တစ်ခုပြီးတစ်ခု ပေါ်လာပြီး လေထုမှာ တုန်ခါလာရတော့သည်။

ကျွင်းရှောင်ယောက်လည်း နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ဖြင့် ကစဉ့်ကလျား ကောင်းကင်ဖွင့်ခြင်း နည်းလမ်းကို ထုတ်ဖော်လိုက်သည်။

"ဝုန်း"

ထိုအချိန်တွင်၊ ကောင်းကင်ထက်ကြီးမားသော ဧရာမလက်ဝါးကြီးက ကျွင်းရှောင်ယောက်ကို တိုက်ရိုက် ဖိချသွား၏။

ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ယာယီ တိတ်ဆိတ်သွားတော့သည်။

"စစ်နတ်ဘုရား"

တိုင်းတပါးမှ လူများလည်း ဝမ်းနည်းပက်လက်ဖြစ်ပြီး အော်ဟစ်လိုက်ကြသည်။

“ပြီးပြီ…”

အင်မော်တယ်နယ်မြေကြီးမှ လူများကတော့ နဖူးမှချွေးကို လက်ခုံဖြင့် သုတ်လိုက်ကြ၏။

အငယ်၍၊ ဤကဲ့သို့သော ကောင်းကင်ဘုံကို အံတုနိုင်သော မကောင်းဆိုးရွားသာ အဆုံးစွန်ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ပါက...

အင်မော်တယ်နယ်မြေကြီးအတွက် ကောင်းမွန်လိမ့်မည် မဟုတ်ပေ။

လင်ယွမ်လည်း မျက်နှာလေးဖြူဖျော့ပြီး အသက်ရှူရန် မေ့သွားသည်။

အကြောင်းတစ်ခုခုကြောင့် သူမ၏နှလုံးသားမှာ တုန်လှုပ်သွား၏။

"ဟာကွာ..."

ရွှေကျီးကန်းသူတော်စင်လေးနှင့် အခြား ရှေးဟောင်းတော်ဝင်မျိုးနွယ်မှ လူများကတော့ အနည်းငယ် စိတ်ပျက်သွားကြသည်။

သူတို့မှာ ကစဉ့်ကလျားခန္ဓာကိုသတ်ရန် နဝမမြောက် ရှေးဟောင်းသတ်ဖြတ်ခြင်း အစီရင်ကြီးကိုပင် တည်ဆောက်ခဲ့သော်လည်း အဆုံးမှာတော့ မအောင်မြင်နိုင်တော့ပေ။

အားလုံးက ဇာတ်သိမ်းပြီးသွားပြီဟု ထင်နေချိန်တွင်...

"ဝုန်း"

ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ဆုပ်ကိုင်ထားသော ဧရာမလက်ကြီးက အက်ကြောင်းများ ပေါ်လာသည်။

ကစဉ့်ကလျားအလင်းများ ထွက်ပေါ်လာ၏။

ထို့နောက်...

"ဝုန်း"

အတွင်းမှ လူရိပ်တစ်ခု ပြေးထွက်လာတော့သည်။

ထိုလူရိပ်က လျင်မြန်စွာ ပျံတက်သွားပြီး လှံပုဆိန်ဖြင့် ရှေးနတ်ဘုရားပုံရိပ်၏ ဦးခေါင်းကို ဖြတ်ချလိုက်သည်။

"ဝုန်း"

ထိုလူရိပ်ကြီး ပေါက်ကွဲသွားပြီး တံဆိပ်လည်း ပျက်စီးသွားတော့သည်။

လူအားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့အားလုံး မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။

"ဒီခေတ်ရဲ့ ဒဏ္ဍာရီကို ငါရေးမယ်"

ကျွင်းရှောင်ယောက်၏ ကြီးစိုးသောလေသံက မိုင်ပေါင်းများစွာ အဝေးကို ပျံ့လွင့်သွားခဲ့သည်။

ထိုစကားသံအဆုံးတွင် တဂျုန်းဂျုန်းမြည်သံများ ပေါ်လာခဲ့၏။

ကျွင်းရှောင်ယောက်၏ စကားသံကြောင့် ကောင်းကင်လည်း‌ ဒေါသထွက်သွားခဲ့ပုံရသည်။

"ဒီလို စကားမျိုးက... သူက ဒဏ္ဍာရီလာဖြစ်ဖို့ ဆုံးဖြတ်ထားတာများလား"

"မင်းပြောချင်ရင်တောင် မပြောအပ်တဲ့ စကားဆိုတာ ရှိတယ်"

ယင်းကိုကြားတော့ လူငယ် အတော်များများ အံ့ဩသွားကြသည်။

တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာခြင်းသည်ပင် ပါရမီရှင်အများစုအတွက် အဖိုးတန်အိမ်မက်တစ်ခု ဖြစ်နေပြီ။

ဒဏ္ဍာရီကို ရေးသားရန်တော့ တွေးကြည့်ရန်ပင် ခက်လှသည်။

ခေတ်ကာလ တစ်လျှောက်လုံးတွင် ထိုအဆင့်ကို ရောက်ခဲ့သူက အနည်းငယ်သာ ရှိသည် မဟုတ်လော။

ကောင်းကင်အထက်တွင်...

ကျွင်းရှောင်ယောက်က ရှေးပါရမီရှင်များ၏ ပုံရိပ်များကို ဖျက်ဆီးနေခဲ့သည်။

တချိန်တည်းမှာပင် မိုးကြိုးနဂါးများ၊ မိုးကြိုးငှက်များ၊ ဖီးနစ်များစသည်ဖြင့် မိုးကြိုးကပ်ဘေးများက အဆက်မပြတ် ကျဆင်းနေ၏။

ကောင်းကင်က ကျွင်းရှောင်ယောက်ကို ဤကမ္ဘာမှ ဖယ်ရှားနိုင်ရန် အသည်းအသန် ကြိုးစားနေသကဲ့သို့ပင်။

"လာစမ်း၊ မိုးကြိုးအားလုံး ငါ့အပေါ်ကို ကျစမ်းပါစေ။ မင်း ကောင်းကင်ဘုံ ငါ့ကို ဘယ်လိုဖျက်ဆီးမှာလဲဆိုတာ ငါကြည့်ချင်တယ်"

ကျွင်းရှောင်ယောက်လည်း သူ့လက်ကို တိုက်ရိုက်ဝှေ့ယမ်းပြီး မိုးကြိုးများကို ရိုက်ထုတ်လိုက်သည်။

ပထမဆုံး သူဖွဲ့စည်းထားသည်မှာ ခန္ဓာနိယာမ ဖြစ်၏။

ယင်းက ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်ကို ကိုယ်စားပြုသည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ သို့မဟုတ် ကစဉ့်ကလျားခန္ဓာဖြစ်စေ...

ခန္ဓာနိယာမကို သိပ်သည်းပြီးပါက ပို၍ ပြီးပြည့်စုံစေရန်အတွက် ကောင်းကင်ကပ်ဘေး၏စွမ်းအားကို အသုံးပြုရန် လိုအပ်သည်။

ထို့အပြင် မေယုကမ္ဘာသုံးထောင်လည်း ရှိသေးသည်။ အဆုံးစွန်ကပ်ဘေး၏စွမ်းအားဖြင့် ထပ်မံဖွဲ့စည်းနိုင်သည်။

"ဝုန်း"

မိုးကြိုးကပ်ဘေးက ရေလှိုင်းကြီးများကဲ့သို့ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။

ဤမျှပြင်းထန်သော ကပ်ဘေးမိုးကြိုးက အဓိပဓိကိုပင် သေဆုံးသွားစေနိုင်လောက်၏။

အနည်းငယ် မှားယွင်းလျှင်ပင် ပြာဖြစ်သွားလိမ့်မည်။

"ကြောက်စရာကောင်းလိုက်တာ"

ပါရမီရှင်အားလုံး ပင့်သက်ရှိုက်လိုက်မိကြသည်။

အဓိပဓိအဆင့် မျိုးစေ့များပင်လျှင် တုန်လှုပ်ရ၏။

နောက်ဆုံးတွင်၊ သူတို့ တွေ့ကြုံခဲ့ရသည့် အမြင့်ဆုံးကပ်ဘေးက လက်ရှိ အဆုံးစွန်ကပ်ဘေးနှင့်ယှဉ်လျှင် ဖော်ပြစရာပင် မရှိပေ။

ယှဉ်လို့တောင် မရပါ။

မိုးကြိုးလှိုင်းများ၏အောက်တွင်...

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ် တစ်လက်မတိုင်းက ကြွယ်ဝသော နိယာမစွမ်းအားများဖြင့် ပြည့်နှက်လာခဲ့သည်။

မေယုကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားသော ဆဲလ်များလည်း ရှိသေးသည်။

ယခုအခါ၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က အသွေးအသားသက်သက် မဟုတ်တော့ပါ။

ထိုအစား အင်အားအမျိုးမျိုး၏‌ ပေါင်းစည်းမှု ဖြစ်သည်။

တချိန်တည်းမှာပင် ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းအခြေခံကလည်း မြင့်မားလာ၏။

အဓိပဓိနယ်ပယ် အစောပိုင်းအဆင့်။

အဓိပတိနယ်ပယ် အလယ်လတ်အဆင့်။

အဓိပဓိနယ်ပယ် နှောင်းပိုင်းအဆင့်။

ထိုအချင်းရာကိုသာ အပြင်လူများသိပါက သွေးပျက်ချောက်ချားသွားရမည်။

အဓိပဓိနယ်ပယ်တွင်ပင် အဆက်မပြတ် ချိုးဖြတ်နိုင်သူများက ကောင်းကင်ဘုံကို အံတုနိုင်သော တည်ရှိမှုများ၊ ထာဝရဘီလူးများနှင့် ကျိုးကြောင်းဆီလျော်မှုမရှိသော ထာဝရကွဲလွဲမှုများ ဖြစ်ကြမည်မှာ သေချာသည်။

All Chapters