← Chapters

အခန်း ၁၀၀၁

Vol. 67 Ch. 1001

အခန်း ၁၀၀၁

Vol. 67 Ch. 1001

အခန်း ( ၁၀၀၁ ) ငါက အဓိပဓိပဲ၊ ဒီလောကကြီးကို ငါ အုပ်စိုးမယ်။

ကျွင်းရှောင်ယောက်၏ ရုပ်သွင်က မိုးကြိုးရေတံခွန်တွင် နစ်မြုပ်သွားခဲ့သည်။

မိုးနှင့်မြေကြားတွင် ပြင်းထန်ကျယ်လောင်သော မိုးခြိမ်းသံအမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။

ထိုသို့သော အင်အားမျိုးတွင် အဓိပဓိများပင်လျှင် ချဉ်းကပ်ဝံ့ခြင်း မရှိပါ။ အနည်းငယ်မျှ သတိမထားမိလျှင်ပင် ရုပ်ခန္ဓာသည် ကွဲကြေသွားလိမ့်မည်။

ဤအခိုက်တွင်၊ ပတ်ဝန်းကျင်ရှိ မည်သူမျှ ကျွင်းရှောင်ယောက်၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပါ။

တဖျတ်ဖျတ်တောက်နေသော မိုးကြိုးများက အားလုံး၏ မြင်ကွင်းကို ကွယ်သွားစေခဲ့သည်။

မိုးကြိုးပစ်ခွင်းသံများကိုသာ ဆက်လက် ကြားခဲ့ရပေသည်။

အကြိမ်တစ်ရာ။

အကြိမ်တစ်ထောင်။

အကြိမ်တစ်သောင်း။

အဆက်မပြတ် ပစ်ခွင်းနေသော မိုးကြိုးများက မိုးနှင့်နြေကို ထောက်ပံ့ထားသော မိုးကြိုးတိုင်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်လာခဲ့ရသည်။

ဤမြင်ကွင်းက လူတိုင်း၏ ရင်ထဲတွင် ကိန်းအောင်သွားပြီ။

လူအားလုံး နှလုံးခုန်မြန်လာသလို ခံစားခဲ့ကြရသည်။

အင်မော်တယ်နယ်မြေကြီးဖြစ်စေ၊ တိုင်းတပါးမှ လူများဖြစ်စေ...

ဤအခိုက်တွင် သူတို့အားလုံး၏ ဝိညာဉ်များ ခန္ဓာကိုယ်မှ ထွက်သွားတော့မလို ခံစားခဲ့ကြရပေသည်။

သူတို့အားလုံး၏ အကြည့်များက မိုးကြိုးလျှပ်စီးများအပေါ်တွင် စုပြုံနေခဲ့သည်။

အချိန်များ ကုန်လွန်လာခဲ့ပြီ။

ပြိုးပြိုးပြက်ပြက် တောက်ပနေသော လျှပ်စီးများလည်း တဖြည်းဖြည်း အားပျော့လာခဲ့ပြီ ဖြစ်၏။

ဒဏ္ဍာရီလာ အဆုံးစွန်ကပ်ဘေးကြီး ဆုံးခန်းတိုင်တော့မည်။

"ပြီးသွားပြီလား"

"ဘာအခြေအနေကြီးလဲ"

"ကစဉ့်ကလျားခန္ဓာ အောင်မြင်သွားပြီလား"

အရပ်ရပ်မှ ပါရမီရှင်များလည်း အားနည်းလာသော မိုးကြိုးလျှပ်စီးတန်းကို စောင့်ကြည့်နေခဲ့သည်။

မိုးကြိုးများက လျင်မြန်စွာ အားနည်းသွားသည်ကို လူတိုင်း ခံစားရ၏။

တစ်စုံတစ်ခုက မိုးကြိုးများ၏စွမ်းအားကို စုပ်ယူနေသကဲ့သို့ပင်။

နောက်ဆုံးတွင်...

တဖြည်းဖြည်း ပျောက်ကွယ်သွားသော မိုးကြိုးလျှပ်စီးများကြားမှ လူရိပ်တစ်ခု ပေါ်လာသည်ကို လူတိုင်းမြင်လိုက်ကြရသည်။

ထိုလူရိပ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နိယာမစွမ်းအားများ စီးဆင်းနေသည်။

နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကိုလည်း လက်တစ်ဖက်တွင် ကိုင်စွဲထား၏။

အဖြူရောင် ဆံပင်ရှည်များကလည်း လေထဲမှာ လူးလွန့်လှုပ်ရှားနေသေးသည်။

အောင်မြင်သွားပြီ။

ထိုအခိုက်တွင် လူတိုင်း၏ နှလုံးသားက ခဏတာ အေးခဲသွားသည်။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က အဆုံးစွန်ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ပြီး အဓိပဓိတစ်ပါး ဖြစ်လာခဲ့ပြီ။

နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို အလွယ်တကူ ဝှေ့ယမ်းလိုက်သည်နှင့် ဟင်းလင်းပြင်က အက်ကွဲသွားခဲ့သည်။

ယခင်ကဆိုလျှင် ကြီးမားသော အင်အားဖြင့်သာ ဟင်းလင်းပြင်အား ဖြိုခွင်းနိုင်သည်။

ယခုမူကား၊ နိယာမများကို ထိန်းချုပ်ခြင်းဖြင့် အလွယ်တကူ ဆုပ်ဖြဲနိုင်နေပြီ။

ကျွင်းရှောင်ယောက်၏ ခွန်အားက အဓိပဓိနယ်ပယ် နှောင်းပိုင်းအဆင့်တွင် တည်ငြိမ်သွားခဲ့သည်။

အဓိပဓိနယ်ပယ်တွင် အဆင့်ငယ်သုံးခုကို ဆက်တိုက် ဖြတ်‌ကျော်နိုင်သည်။

ယင်းက ထိပ်သီးပါရမီရှင်များပင် မယှဉ်နိုင်သော အမြန်နှုန်းတစ်ခု ဖြစ်နေပြီ။

ထို့နောက်မှာတော့၊ ကျွင်းရှောင်ယောက်မှာ အခြားနိယာမများကို ဖွဲ့တည်နေသရွေ့...

အဓိပတိနယ်ပယ်၌ ဖြတ်ကျော်ခြင်းက အလွန်ရိုးရှင်းပြီး ပိတ်ဆို့မှုများ မရှိဘူးဟု ဆိုနိုင်သည်။

ထို့အပြင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာနိယာမက ပြီးပြည့်စုံပြီး အဆုံးစွန်သို့ ရောက်သွားပြီ။

အကြောင်းမှာ ခေတ်ကာလတစ်လျှောက်လုံးတွင် လူအနည်းငယ်သာ အဆုံးစွန်ကပ်ဘေးကို လွတ်မြောက်နိုင်ခဲ့ကြသောကြောင့် ဖြစ်သည်။

အဆုံးစွန်ကပ်ဘေး၏ စွမ်းအားကို စုပ်ယူပြီး ခန္ဓာကိုယ်လေ့ကျင့်ရန်အတွက် အသုံးပြုခြင်းဆိုပါက ကြားပင် မကြားခဲ့ဖူးပေ။

ကျွင်းရှောင်ယောက်က ရှေးယခင်လူများ မလုပ်နိုင်တာကို လုပ်ခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ မေယုကမ္ဘာသုံးထောင်မှာလည်း မေယုကမ္ဘာ ငါးရာနှစ်ဆယ်ကို တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီ။

ယင်းက ယခင်ကထက် နှစ်ဆခန့် ပိုများသည်။

ထိုသို့ဖြစ်ရခြင်းမှာ၊ ကျွင်းရှောင်ယောက်က အဆုံးစွန်ကပ်ဘေး၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကိုသုံးပြီး မေယုကမ္ဘာကို ချဲ့ထွင်ခဲ့ခြင်းကြောင့်ပင်။

မေယုကမ္ဘာသုံးထောင်မှာ ခန္ဓာကျမ်းမှ ကျွင်းရှောင်ယောက် နားလည်ခဲ့သော ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းလမ်းလည်း ဖြစ်သည်။

ထို့ကြောင့်ပင်၊ သူက ရှေးဟောင်းမြင့်မြတ်ခန္ဓာ သို့မဟုတ် ကစဉ့်ကလျားခန္ဓာပင်ဖြစ်စေ... ယင်းက မေယုကမ္ဘာ တိုးပွားလာခြင်းကို ထိခိုက်မှုရှိမည် မဟုတ်ပါ။

ကျွင်းရှောင်ယောက်က အဆုံးစွန်ကပ်ဘေး၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဆွဲယူပြီး ခန္ဓာနှင့် နိယာမများကို သန့်စင်ရန် အသုံးပြုခဲ့သည်။

ယခုဆိုလျှင်၊ ကျွင်းရှောင်ယောက်၏ ခွန်အားက လုံးဝ ပြောင်းလဲသွားခဲ့ပြီ။

သူ၏ နိယာမများက ပို၍ အားကောင်းလာခဲ့သည်။

သူ့ခန္ဓာကိုယ်အတွင်းမှ အရိုး၊ ကြွက်သားနှင့် သွေးများက ကြည်လင်နေပြီး အမျိုးမျိုးသော နိယာမများနှင့် နတ်သံကြိုးများ ရောယှက်နေ၏။

အရိုးများတွင် ရေးထွင်းထားသော ကမ္ပည်းအမှတ်အသားများလည်း ရှိသေးသည်။

"တကယ်ကြီး အောင်မြင်တယ်၊ ကစဉ့်ကလျားခန္ဓာက အဆုံးစွန်ကပ်ဘေးကို တကယ်ကြီး ဖြတ်ကျော်နိုင်ခဲ့ပြီ"

"ဒါက တကယ်ပဲလား၊ အိပ်မက်မက်နေသလို ဘာဖြစ်လို့ ငါခံစားနေရတာလဲ"

နှစ်ဖက်စလုံးမှ ပါရမီရှင်များ စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။

မဖြစ်နိုင်တဲ့ အံ့ဖွယ်အမှုတစ်ခုကို မျက်မြင်တွေ့ခဲ့ရသော်လည်း...

သူတို့အားလုံး သတိမဝင်နိုင်ကြသေးပေ။

ကျွင်းရှောင်ယောက်လည်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း အထွတ်အထိပ်သို့ ရောက်နေပြီဟု ခံစားလိုက်ရသည်။

အဆင့်မတက်မီကပင် ကျွင်းရှောင်ယောက်က မည်သည့်အရာကိုမျှ မကြောက်ခဲ့ပါ။

ယခုအခါ အရာအားလုံးကို လျစ်လျူရှုနိုင်ပြီ ဖြစ်သည်။

ဧကရာဇ်သားတော်များ၊ နတ်ဘုရားမများ... သူတို့အားလုံးက ယခုအခါ သူ့မျက်လုံးထဲတွင် ပုရွက်ဆိတ်များထက် မပိုတော့ပေ။

ကျွင်းရှောင်ယောက်လည်း ပတ်ဝန်းကျင်ကို အထက်စီးမှကြည့်ရင်း ကြီးစိုးသောလေသံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါက အဓိပဓိပဲ၊ ဒီလောကကြီးကို ငါအုပ်စိုးမယ်"

စကားသံအဆုံးတွင်၊ ခန္ဓာနိယာမက ဟင်းလင်းပြင်ကို တုန်ခါသွားစေခဲ့သည်။

ပျက်စီးခြင်းနယ်စပ်တွင် အောင်မြင်မှုရရှိပြီး အဓိပဓိနယ်ပယ်သို့ ရောက်ခဲ့ပြီ။

ယင်းက မသေမျိုးဖြစ်လာရန် သူ့ရည်မှန်းချက်နှင့် ဝေးကွာနေသေးသော်လည်း...

အဓိပဓိနယ်ပယ်က အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်သည်။

သူတော်စင်များပင်လျှင် အဆင့်မြင့်အင်အားစုများ၌ ထိပ်သီးပုဂ္ဂိုလ်ကြီးများ ဖြစ်နေပြီ။

သို့ဆိုလျှင် အဓိပဓိက တကယ့်ဆရာကြီး ဖြစ်သည်။

အင်မော်တယ်အင်အားစုများကြားတွင်ပင် သူတို့က ထိပ်တန်းအဆင့်တွင် ရှိပေသည်။

အားနည်းသော အင်အားစုများကြားတွင်၊ အဓိပဓိများက ဘိုးဘေးအဆင့်တည်ရှိမှု ဖြစ်လာနိုင်သည်။

ယခုအခါ ကျွင်းရှောင်ယောက်က သူ့နောက်ကွယ်မှ မိသားစု၏ အဟန့်အတားကို အားကိုးစရာမလိုတော့ပါ။

သူ့တစ်ယောက်တည်း အမှန်တကယ် ရပ်တည်နိုင်နေပြီ ဖြစ်သည်။

"ဟမ့်၊ လေသံက မိုးလောက်ကြီးပါ့။ အခုမှ အဆင့်တက်တာဆိုတော့ သူ အခြေခံခိုင်မာဦးမှာ မဟုတ်ဘူး။ ငါတို့ကို လှည့်စားနေတာပဲ ဖြစ်ရမယ်"

ရွှေကျီးကန်းသူတော်စင်လေးက အခြားသူများကို အော်ပြောလိုက်သည်။

အဆုံးစွန်ကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီးနောက် ကျွင်းရှောင်ယောက်ကို အထွတ်အထိပ်အခြေအနေတွင် ရှိနေဦးမည်ဟု သူ လုံး၀ မယုံကြည်ပေ။

ယင်းက အခြားသူများကို တမင်ခြောက်လှန့်နေခြင်းသာ ဖြစ်မည်။

"နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်၊ အသက်သွင်းစို့"

ရွှမ်ဟောက်ချုံ အော်ပြောလိုက်၏။

ကျွင်းရှောင်ယောက် အဆင့်တက်သွားလျှင်ပင် သူတို့အမြင်မှာ အဓိပဓိတစ်ပါး ဖြစ်နေဆဲပင်။

သူတို့နှင့် အဆင့်ချင်းတူသည်။

ထို့အပြင်၊ သူတို့ဘက်မှာ လူဆယ်ယောက်ကျော်ရှိပြီး ကျွင်းရှောင်ယောက်က တစ်ဦးတည်း ဖြစ်၏။

နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်ဖြင့် ကစဉ့်ကလျားခန္ဓာကို သတ်ခြင်းမှာ လွယ်ကူရိုးရှင်းပေလိမ့်မည်။

"ဝုန်း"

ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ မျိုးစေ့အဆင့် ပါရမီရှင်ဆယ်ဦးကျော်၏ လှုံ့ဆော်မှုဖြင့်...

ဧရာမအရိုးဖြူတောင် ပတ်ပတ်လည်တွင် အစီရင်ကြီးတစ်ခု ထမြောက်လာခဲ့သည်။

ပတ်ဝန်းကျင်၊ ဟင်းလင်းပြင်ကိုပင် အလုံပိတ်သွား၏။

တစ်ချက်ကြည့်ရုံဖြင့်၊ မျက်စိကျိန်းစပ်စေလောက်သော သတ်ဖြတ်ခြင်း အလင်းတန်းများလည်း ထွက်ပေါ်လာတော့သည်။

ယင်းမှာ နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်၏ ရိုးရှင်းသောပုံစံဖြစ်သော်လည်း အဓိပဓိကိုသတ်ရန် လုံလောက်သည်။

ထို့အပြင်၊ ယင်းကို ထိပ်သီးပါရမီရှင် ဆယ်ဦးကျော်က ထိန်းချုပ်ထားသောကြောင့် ၎င်း၏စွမ်းအားမှာ ပို၍ပင် အားကောင်းလာတော့သည်။

နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်ကို မြင်ရသော်လည်း ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးဆေးတည်ငြိမ်ဆဲ ဖြစ်သည်။

သူက နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကိုပင် ဖယ်ရှားလိုက်၏။

သူ၏ အဖြူရောင်ဆံပင်များလည်း အနက်ရောင်သို့ ပြန်ပြောင်းသွားတော့သည်။

"သူ လက်လျှော့လိုက်ပြီလား"

ကျိုးယိုးတောင်၏ ဆက်ခံသူက ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ပြုံးလိုက်သည်။

ကစဉ့်ကလျားခန္ဓာ၏ အသွေးအသားကို မြည်းစမ်းကြည့်ရန် သူ မစောင့်နိုင်တော့ပေ။

"သူ့ကို သတ်လိုက်ကြစို့"

ဟွမ်းနီလည်း သူမ၏ လက်သည်းများကို ထောင်ကြည့်ရင်း အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဝှစ်၊ ဝှစ်၊ ဝှစ်"

နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်မှ သတ်ဖြတ်ခြင်းအလင်းတစ်ခုက ထွက်ပေါ်လာသည်။

အလင်းတန်းက ကောင်းကင်ကိုခွဲပြီး ကျွင်းရှောင်ယောက်ထံ တိုးဝင်သွား၏။

ကောင်းကင်ယံမှ ကြယ်များပင် ကြွေကျရပြီး ထိုစွမ်းအားက အကန့်အသတ်မရှိပေ။

သို့ရာတွင်၊ သတ်ဖြတ်ခြင်းအလင်းကို ရငခဆိုင်ရသည့်တိုင် ကျွင်းရှောင်ယောက်က ရှောင်တိမ်းခြင်း သို့မဟုတ် တုံ့ပြန်ခြင်း မပြုသေးပါ။

"ဝုန်း"

အားကောင်းသော သတ်ဖြတ်ခြင်းအလင်းက ကျွင်းရှောင်ယောက်အပေါ်သို့ ကျရောက်သွားပြီး နိယာမလှိုင်းလုံးများ ဖြစ်ပေါ်လာခဲ့ရသည်။

"သေသွားပြီလား"

ရှေးဟောင်းတော်ဝင်မျိုးနွယ်မှ ပါရမီရှင် တစ်ဒါဇင်ကျော်လည်း စူးစိုက်ကြည့်လိုက်ကြသည်။

သို့သော်လည်း နောက်မြင်ကွင်းကြောင့် သူတို့၏အမူအရာများ ပြောင်းလဲသွားပြီး တကိုယ်လုံး အေးခဲသွား၏။

ကျွင်းရှောင်ယောက်က ခုခံကာကွယ်နည်းများ သို့မဟုတ် သူ၏ နတ်လက်စွပ်ကွင်း ဆယ့်ငါးခုကိုပင် အသုံးမပြုပေ။

နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်၏ တိုက်ခိုက်မှုကို သူ့ခန္ဓာကိုယ်ဖြင့် ရိုးရိုးရှင်းရှင်း တားဆီးခဲ့သည်။

သို့ရာတွင်၊ သူ့ခန္ဓာကိုယ်ပေါ်မှ အရေပြားမှ သွေးတစ်စက်မှမကျဘဲ ခြစ်ရာပင် မထင်ပေ။

"ဒါက... မဟုတ်သေးဘူး"

ရှေးဟောင်းတော်ဝင်မျိုးနွယ်မှ မျိုးစေ့အားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။

ကြောက်လွန်းသဖြင့် လိပ်ပြာလွင့်မတတ်ပင် ဖြစ်သွားရ၏။

နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်ကို ခန္ဓာကိုယ်သက်သက်ဖြင့် ခုခံခြင်းက ကောင်းကင်ကိုပင် ဆန့်ကျင်နေပြီ။

ကျွင်းရှောင်ယောက်က လက်တစ်ဖက်ဖြင့် သူ့အဝတ်အစားများမှ မရှိသောဖုန်မှုန့်များကို ခါထုတ်ဟန် ပြုလိုက်သည်။

"သေချာတာပေါ့၊ ငါထင်ထားတဲ့အတိုင်းပဲ။ ခန္ဓာနိယာမက ငါ့ရဲ့ ရုပ်ခန္ဓာကို အသွင်ပြောင်းမှု ဖြစ်စေတယ်"

ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။

ယခုလေးတင် ကျွင်းရှောင်ယောက်က သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို စမ်းသပ်လိုက်ခြင်း ဖြစ်၏။

ရလဒ်က သူ့ကို စိတ်မပျက်စေခဲ့ပေ။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်များ၏ ခန္ဓာကိုယ်က အလွန်ကြံ့ခိုင်သောကြောင့် မသေနိုင်သော ပိုးဟပ်များဟု ခေါ်ကြသည်။

ယခုတော့ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ထက် သန်မာနေပြီ။

ယခင်ကထက် အဆများစွာ သန်မာနေပြီ ဖြစ်သည်။

"အခု ငါ့အလှည့်ရောက်ပြီ"

ကျွင်းရှောင်ယောက်က သူ၏ ညာဘက်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။

ကြီးစွာသော ဤကြောက်ရွံ့မှုမျိုးက ကမ္ဘာကြီးကို ချေမှုန်းပစ်တော့မည်ကဲ့သို့ပင်။

ဤသည်မှာ အနက်ရောင်ကျောက်စာတိုင်နှင့် သက်ရှိသတ္တဝါအားလုံး၏ သွေးစတေးခြင်းမှ နားလည်သဘောပေါက်ခဲ့သော အနှစ်သာရ ဖြစ်သည်။

ထို့နောက်၊ ယင်းကို သူ့ကိုယ်ပိုင် သဘာဝစွမ်းရည် ကမ္ဘာဦးကျမ်းသို့ ပေါင်းစပ်လိုက်၏။

ကမ္ဘာဦးကျမ်း၏ တတိယပုံစံကို ဖန်တီးနိုင်ခဲ့ပြီ။

ဤအကွက်၏ စွမ်းအားက မည်မျှပြင်းထန်မည်ကိုတော့...

ကျွင်းရှောင်ယောက် ကိုယ်တိုင်တောင်မှ မသိသေးပေ။

သို့ရာတွင်၊ ယခုသိရတော့မည် ဖြစ်သည်။

All Chapters