← Chapters

အခန်း ၁၀၀၃

Vol. 67 Ch. 1003

အခန်း ၁၀၀၃

Vol. 67 Ch. 1003

အခန်း ( ၁၀၀၃ ) ရန်သူအားလုံးကို သုတ်သင်ခြင်း။

ထို့နောက် ကျိုးယိုးတောင်၏ ဆက်ခံသူ...

အခြား ရှေးဟောင်းတော်ဝင်မျိုးနွယ်များ၏ မျိုးစေ့ပါရမီရှင်များတွင်လည်း သွေးရောင် မန္ဒလာပန်းများ ပွင့်လာကြ၏။

ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ မျိုးစေ့အဆင့် ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲကာ ရှေးဦးဝိညာဉ်များပင်လျှင် ပျက်သုဉ်းသွားတော့သည်။

အဓိပဓိ ကျင့်ကြံခြင်းအခြေခံဖြင့်ပင် အနည်းငယ်မျှ မခုခံနိုင်ခဲ့ကြပေ။

"မဟုတ်ဘူး၊ ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ရွှမ်ဟောက်ချုံလည်း အရူးတစ်ယောက်ကဲ့သို့ ရွှေရောင်နဂါးလှံကို ကိုင်ဆောင်ပြီး ကျွင်းရှောင်ယောက်ဆီသို့ ပြေးသွားသည်။

ကျွင်းရှောင်ယောက်က မျက်ခုံးကို အနည်းငယ်ပင့်တင်လိုက်၏။

"ဝမ်"

ရွှမ်ဟောက်ချုံ၏ ခန္ဓာကိုယ်မှ မန္ဒလာပန်းများ ပွင့်လန်းလာပြီး သူသည်လည်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"မဟုတ်ဘူး... ငါဒီမှာသေလို့မဖြစ်ဘူး။ ငါက နေနတ်ဘုရားတောင်ရဲ့ မျိုးစေ့အဆင့် ပါရမီရှင်တစ်ယောက်၊ ဒီခေတ်ကြီးမှာ ငါ တန်ပြန်တိုက်ခိုက်ရဦးမှာ"

ရွှေကျီးကန်းသူတော်စင်လေးက သူ့အတောင်များကိုခတ်ပြီး ပျံသန်းထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့ရာတွင်...

"‌ဝမ်"

မန္ဒလာပန်းပွင့်လာပြီး သူ့လည်း ဖုန်မှုန့်ဖြစ်သွားသည်။

နောက်ဆုံးတော့ ဟွမ်းနီ တစ်ဦးတည်းသာ ကျန်တော့သည်။

ဤအခိုက်တွင် နီးကပ်လာသော သေခြင်းတရားကြောင့် ကြောက်ရွံ့တုန်လှုပ်ပြီး ယခင်ကဲ့သို့ အေးစက်ပြီး ရက်စက်ခြင်းမျိုး မရှိတော့ပေ။

နှာရည်များပင် ပျော်ကျလာပြီး မျက်ရည်စက်လက် ဖြစ်ခဲ့သည်။

ထို့နောက်တော့ လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် ဒူးထောက်ထိုင်ကာ ကျွင်းရှောင်ယောက်ဆီသို့ လျှောက်သွားသည်။

"ငါ မှားသွားပါတယ်၊ ငါ နင့်ရဲ့ ကျွန်ဖြစ်ရမယ်ဆိုရင်တောင် ဆန္ဒရှိပါတယ်"

ဟွမ်းနီမှာ ကြောက်ရွံ့စွာဖြင့် ငိုကြွေးရင်း ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အေးစက်စက် အရိပ်အမြွက်တို့ဖြင့် တွန့်ကွေးသွား၏။

သူက ဟွမ်းနီ၏မေးစေ့ကို လက်နှင့်ကိုင်ကာ ဆွဲမော့လိုက်ပြီး လျစ်လျူရှုစွာ မေးလိုက်သည်။

"ပြောစမ်းပါဦး၊ ငါတို့ကမ္ဘာရဲ့ ဘယ်သူက မင်းတို့ကို သတင်းပေးတာလဲ"

"ဒါက..."

ဟွမ်းနီ အံ့အားသင့်သွားသည်။ ကျွင်းရှောင်ယောက်က သူ့ကို ထိုမေးခွန်းမျိုး မေးလာမည်ဟု မမျှော်လင့်ထားပေ။

ပုံမှန်ဆိုလျှင်၊ ဤအရာက လျှို့ဝှက်ချက်အဖြစ် ထားရမည် ဖြစ်သည်။

သို့သော်လည်း ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းသော ကျွင်းရှောင်ယောက်၏ မျက်လုံးများကိုကြည့်ရင်း...

ဟွမ်းနီ၏စိတ်ထဲတွင် တုန်လှုပ်ချောက်ချားသွား၏။

ယခုလေးတင် နတ်ဘုရား၏ စတေးခြင်းကြောင့် ကြောက်ရွံ့မှုများကလည်း လောလောလတ်လတ် ရှိသေးသည်။

ကျွင်းရှောင်ယောက်က ကျက်သရေရှိသော သေမင်းနတ်ဘုရားနှင့် မခြားပေ။

ဟွမ်းနီတွင် သူ့ကို ရင်ဆိုင်ရန် ခွန်အားမရှိတော့ပါ။

အခြေအနေများကို ညှိနှိုင်းရန် အခွင့်အလမ်းပင် မရှိပေ။

"ငါ... ငါ ပြောပြပါမယ်။ အဲဒါ ပိအန်းမင်းသား၊ သွေးနတ်ဆိုးဧကရာဇ်သားတော်၊ ကျိမန်ဧကရာဇ်သားတော်နဲ့ တခြားသူတွေပါ"

"သူတို့က နင် သွေးစတေးခံနယ်မြေကို သေချာပေါက်လာမယ်တဲ့။ အဲဒီအတွက် ငါတို့ရဲ့ သုတ်သင်ခြင်းနည်းလမ်းတွေကို အသင့်ပြင်ထားဖို့ ပြောခဲ့တာ"

ဟွမ်းနီလည်း အနည်းငယ်မျှ မတုံ့ဆိုင်းဝံ့ဘဲ အခြေအနေအားလုံးကို ပြောလိုက်သည်။

"သေစမ်း"

အဝေးမှ အမှောင်ထဲတွင်ရှိသော ပိအန်းမင်းသားနှင့် အခြားသူများလည်း ယင်းကိုမြင်တော့ မျက်နှာမသာမယာ ဖြစ်သွားကြသည်။

ဤအခြေအနေမျိုး ဖြစ်လာမည်ဟု ဘယ်တုန်းကမှ သူတို့ မမျှော်လင့်ခဲ့ပေ။

"သွားကြရအောင်"

ပိအန်းမင်းသားနှင့် အခြားသူများလည်း ချက်ချင်းဆုတ်ခွာကန် ဆုံးဖြတ်လိုက်ကြသည်။

တိုင်းတစ်ပါးသို့ ပြန်သွားနိုင်သမျှ၊ သူတို့နောက်ကွယ်မှ ဧကရာဇ်မျိုးနွယ်၏ ပံ့ပိုးမှုကို ခံရလိမ့်မည်။

သူတို့၏ ပူးပေါင်းကြံစည်မှုကို သိသွားကြလျှင်ပင် အလွန်ဆုံး အကျဉ်းချပြီး အပြစ်ပေးခြင်းသာ ပြုနိုင်မည် ဖြစ်သည်။

"မင်းတို့ ထွက်သွားနိုင်မယ် ထင်တာလား"

ကျွင်းရှောင်ယောက်က လှောင်ပြောင်လိုက်သည်။

ယခုအခါ သာမန် အဓိပဓိများက သူ့ရှေ့တွင် ပုရွက်ဆိတ်များနှင့် မခြားတော့‌ပေ။

ဧကရာဇ်ငယ်ခုနစ်ပါးအဆင့် ပါရမီရှင်များပင်လျှင် အနည်းငယ် အကောင်ပိုကြီးသော ပုရွက်ဆိတ်များထက် မပိုတော့ပါ။

ကျွင်းရှောင်ယောက်က သူ၏လက်ကို တစ်ဖန်မြှောက်လိုက်သည်။ နတ်ဘုရား၏စတေးခြင်း စွမ်းအားက လေထဲတွင်ပြည့်ပြီး ပိအန်းမင်းသားနှင့် အခြားသူများကို လှောင်ပိတ်လိုက်၏။

ဤနည်းလမ်းက အလွန်ကြောက်စရာကောင်းသည်။

၎င်း၏စွမ်းအားက ကျွင်းရှောင်ယောက်၏ မျှော်လင့်ချက်ထက်ပင် ကျော်လွန်သွားခဲ့ပြီ။

ပိအန်းမင်းသားနှင့် အခြားသူများလည်း သူတို့၏ကိုယ်ပေါ်တွင် မန္ဒလာပန်းများ ပေါက်လာသည်ကို တွေ့လိုက်ကြရသည်။

ပိအန်းမင်းသားလည်း မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း လူလုံးထွက်ပြကာ အော်ဟစ်လိုက်လိုက်လေသည်။

"မင်း ဘာလုပ်နေတာလဲ၊ ကိုယ့်လူအချင်းချင်း သတ်ပစ်ချင်နေတယ်။ ငါ့အနောက်မှာ ပိအန်းဧကရာဇ်မျိုးနွယ် ရှိတယ်နော်"

"မင်း ငါတို့နောက်ကွယ်က ဧကရာဇ်မျိုးနွယ်တွေ ဒေါသထွက်မှာကို မကြောက်ဘူးလား"

သွေးနတ်ဆိုး ဧကရာဇ်သားတော်လည်း အေးစက်စက်ဖြင့် အော်ပြောလိုက်၏။

"မင်းတို့က အင်မော်တယ်နယ်မြေကြီးကလူတွေနဲ့ ပူးပေါင်းပြီး ငါ့ကိုသတ်ဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူးလား"

ကျွင်းရှောင်ယောက်က အေးစက်စက် ပြုံးလိုက်သည်။

အမှန်အတိုင်းဆိုရလျှင်၊ ပိအန်းမင်းသားနှင့် အခြားသူများ အမှောင်ထဲမှ လှုပ်ရှားနေသည်မှာ ကြာပြီ ဖြစ်သည်။

ထို့ကြောင့် သူတို့ကို အစောကြီးကတည်းကသတ်ရန် ဆုံးဖြတ်ခဲ့၏။

သူသာ သူတို့ကိုသတ်လိုပါက အချိန်မရွေး သတ်နိုင်သည်။

သို့ရာတွင်၊ ဤအတိုင်းသတ်၍မဖြစ်သေးဘဲ အကြောင်းပြချက် လိုသေးသည်။

မထင်မှတ်ဘဲ၊ ဟွမ်းနီက သူလိုချင်သော အခြေအနေတစ်ခုကို အမှန်တကယ် တင်ပြလာခဲ့သည်။

သို့သော်...

ဤအရာက ကျွင်းရှောင်ယောက်အား မသိမသာ မျက်မှောင်ကြုတ်သွားစေခဲ့သည်။

ယင်းက အင်မော်တယ်နယ်မြေကြီး၏ ရှေးဟောင်းတော်ဝင်မျိုးနွယ်တချို့မှာ တိုင်းတပါးမှ ဧကရာဇ်မျိုးနွယ်များနှင့် လျှို့ဝှက်သဘောတူညီမှု သို့မဟုတ် ပေါင်းစည်းခြင်း၏ အဓိပ္ပာယ်ပင်လော။

ယင်းက ရှေးဟောင်းတော်ဝင်မျိုးနွယ်များ သက်သက်လော သို့တည်းမဟုတ်... အခြား အင်မော်တယ်အင်အားစုများလည်း ပါဝင်သေးသလော။

ကျွင်းရှောင်ယောက်လည်း ကမ္ဘာနှစ်ဖက်ကြားရှိ ဆက်ဆံရေးသည် သူထင်သလောက် မရိုးရှင်းဘဲ အနည်းငယ် ရှုပ်ထွေးသည်ဟု ခံစားလိုက်မိသည်။

ဟုတ်သည်၊ ရှေးဟောင်းတော်ဝင်မျိုးနွယ်များနှင့် တိုင်းတပါးကြား ဆက်စပ်မှုကို စုံစမ်းလိုပါက...

သူ၏ အထောက်အထားကို ဖော်ပြပြီး အင်မော်တယ်နယ်မြေကြီးသို့ ပြန်ရောက်သည်အထိ စောင့်ဆိုင်းရလိမ့်မည်။

ယခုအချိန်မှာတော့ ဤစိတ်အနှောင့်အယှက်ဖြစ်စေသော ယင်ကောင်များကို ရှင်းပစ်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။

"သေ"

ကျွင်းရှောင်ယောက်က စကားအများကြီးပြောရန် စိတ်ကူးမရှိပါ။

နတ်ဘုရား၏စတေးခြင်း စွမ်းရည်က ပိအန်းမင်းသားနှင့် အခြားသူများကို လွှမ်းခြုံသွားခဲ့သည်။

"မဟုတ်ဘူး၊ မင်းဒီလိုလုပ်လို့မရဘူးလေ။ ငါ့နောက်မှာ တစ်ယောက်ယောက်ရှိတယ်..."

ပိအန်းမင်းသားက အော်ဟစ်လိုက်သည်။

သို့သော်လည်း သူ၊ သွေးဧကရာဇ်နတ်ဆိုးသားတော်၊ ကျိမန်ဧကရာဇ်သားတော်နှင့် အခြားသူများ စကားပင် မဆုံးနိုင်လိုက်ပေ။

မန္ဒလာပန်းများက အပြည့်အဝ ပွင့်လန်းလာပြီး သူတို့၏ ရှေးဦးဝိညာဉ်နှင့် ခန္ဓာကိုယ်များ ဖုန်မှုန့်အဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့ကြရသည်။။

သူတို့မပြောသော်လည်း နောက်ကွယ်မှလူကို ကျွင်းရှောင်ယောက် ခန့်မှန်းမိ၏။

ယင်းက ဘုရင်ဖုဖုန်းမှ တပါး၊ အခြားသူ မဖြစ်နိုင်ပေ။

ဘုရင်ဖုဖုန်းက ကျွင်းရှောင်ယောက်၏ သတ်ပစ်ရမည့်စာရင်းတွင် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။

ပိအန်းမင်းသားနှင့် အခြားသူများ သေဆုံးသွားတော့ အားကောင်းသော နိယာမ အစိတ်အပိုင်းများနှင့် စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ထပ်မံခံစားလိုက်ရသည်။

"ဒီခံစားချက်က အံ့သြစရာကောင်းလွန်းတယ်။ နိယာမအပိုင်းအစတွေကို စုဆောင်းရတာက ကောင်းကင်အင်မော်တယ်သစ်သီးတွေနဲ့ လေ့ကျင့်တာထက် အများကြီး ပိုမြန်တာပဲ"

ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။

ကျင့်ကြံခြင်းကမ္ဘာတွင် လူသားစားသော နတ်ဆိုးကျင့်ကြံခြင်း အမျိုးအစားများ ပေါ်လာသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

ရန်သူ၏ သွေးမျိုးဆက်နှင့် ရုပ်ခန္ဓာစွမ်းအင်များကို တိုက်ရိုက်ဝါးမျိုပြီး သန့်စင်ခြင်းက ကောင်းမွန်လွန်းလှသည်။

ဤနည်းလမ်းက နတ်ဆိုးကျင့်စဉ်နှင့် သိပ်မကွာတော့ပေ။

ဟုတ်သည်၊ ကျွင်းရှောင်ယောက်က နိယာမအပိုင်းအစများကို စုဆောင်းရန် ဤနည်းလမ်းကို အသုံးပြုမည်တော့ မဟုတ်ပေ။

သူက ထိုမျှရူးသွပ်သူ မဟုတ်ပေ။

ယခုတော့ ဤအနက်ရောင်ရှေးဟောင်းကျောက်စာတိုင်တွင် မှတ်တမ်းတင်ထားသောမျိုးနွယ်က ရှေးဟောင်းသမိုင်းတွင် နစ်မြုပ်သွားခဲ့ရခြင်း၏ အကြောင်းရင်းကို နားလည်သွားပြီ ဖြစ်သည်။

ဤ‌အနက်ရောင်ရှေးဟောင်းကျောက်စာတိုင်တွင် မှတ်တမ်းတင်ထားသော မျိုးနွယ်က...

သွေးစတေးခြင်းစွမ်းအားကို အရူးအမူး အသုံးပြုခြင်းကြောင့် ပျက်စီးရခြင်း ဖြစ်လိမ့်မည်။

'ကောင်းကင်နက်မျိုးနွယ်...'

ကျွင်းရှောင်ယောက်လည်း သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။

"ငါ...ငါပြောပြီးပြီ။ နင်ငါ့ကိုလွှတ်ပေးလို့ရမလား။ နင့်ရဲ့ ကျွန်ဖြစ်ရမယ်ဆိုရင်တောင် ဆန္ဒရှိပါတယ်"

ဟွမ်းနီက တုန်ယင်နေသောလေသံဖြင့် ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က ဘာမျှမပြောပေ။

မန္ဒလာပန်းများက ဆက်လက် ပွင့်လန်းလာခဲ့သည်။

ဟွမ်းနီလည်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး သေဆုံးသွားတော့သည်။

"သေပြီ၊ အားလုံးသေပြီ။ ကမ္ဘာနှစ်ဖက်က ပါရမီရှင် တစ်ဒါဇင်ကျော်စလုံးကို ကစဉ့်ကလျားခန္ဓာက တစ်ချက်တည်း သုတ်သင်ပစ်လိုက်ပြီ"

ကျန်သော ပါရမီရှင်အားလုံး တုန်လှုပ်သွားကြသည်။

ယင်းက ရိုးရိုးရှင်းရှင်း တွေးကြည့်ရန်ပင် မလွယ်တော့ပေ။

တချိန်က အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် ပါရမီရှင်ဆယ်ယောက်ကို သတ်ဖြတ်ခဲ့သော တိုင်းတပါး၏ စစ်နတ်ဘုရားပင်လျှင်...

ကြောက်ခမန်းလိလိ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုပြီးမှသာ ပြိုင်ဘက်အားလုံးကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့တိုင် သူသည်လည်း ဒဏ်ရာအပြင်းအထန် ရခဲ့သေးသည်။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်ကတော့...

သူ့လက်ကို မြှောက်လိုက်ရုံဖြင့် ပြိုင်ဘက်အားလုံးကို တိုက်ရိုက် ချေမှုန်းပစ်ခဲ့သည်။

ယင်းက ကြောက်စရာကောင်းလွန်းလှပေသည်။

"ဆုတ်၊ ဆုတ်ကြ"

အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များလည်း ကြောက်လန့်တကြားဖြင့် ဆုတ်ခွာသွားကြသည်။

တိုင်းတစ်ပါးမှ ပါရမီရှင်များပင်လျှင် အလိုလို ဆုတ်သွားကြ၏။

သူတို့က ကျွင်းရှောင်ယောက်ကို လေးစားသော်လည်း...

ကျွင်းရှောင်ယောက်၏ လက်ဆမှာ ကြောက်စရာကောင်းလွန်းသည်။

ထို့ကြောင့် သူတို့အားလုံး၏ မသိစိတ်မှ ကြောက်ရွံ့တုန်လှုပ်ခဲ့ရပေသည်။

"အခု ကောင်းကင်ဧကရာဇ်က သူ့ကိုရင်ဆိုင်ဖို့ ယုံကြည်မှုရှိတယ်လို့ နင်ထင်သေးလား"

ကျွင်းချင်းရန်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

"ဒါက..."

ကျွင်းရင်ဟွမ်လည်း ဘာပြောရမည်မှန်း မသိတော့ပေ။

ဤကစဉ့်ကလျားခန္ဓာ ပြသထားသော အင်အားက ကောင်းကင်ကိုပင် အံတုနိုင်လွန်းသည်။

အင်မော်တယ်နယ်မြေကြီးတွင် ကျွင်းပေါင်လီအပြင် သူ့ကိုရင်ဆိုင်နိုင်သူက လူအနည်းငယ်သာ ရှိလိမ့်မည်။

'နတ်ဘုရားသားတော်ဖြစ်ရင် ဘာဖြစ်မလဲ…'

ကျွင်းချင်းရန်လည်း သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။

ပြိုင်စံရှားလောက်သော ထိုရုပ်သွင်ကို သူ သတိရမိ၏။

အကယ်၍ သူ အသက်ရှင်နေသေးပါက၊ ဤကစဉ့်ကလျားခန္ဓာအား တားဆီးနိုင်လိမ့်မည်။

အရပ်ရပ်မှ ဆုတ်ခွာသွားသော ပါရမီရှင်များကို မြင်တွေ့ရသော်လည်း...

ကျွင်းရှောင်ယောက်က ပြုံးရုံပြုံးပြီး ဂရုမစိုက်တော့ပေ။

အဓိပဓိနယ်ပယ်ကို ချိုးဖောက်ပြီး ခန္ဓာနိယာမကို သိပ်သည်းခဲ့သည်။

ကမ္ဘာဦးကျမ်း၏ တတိယပုံစံကိုလည်း ဖန်တီးနိုင်ခဲ့၏။

ထိုအတွက် ကျွင်းရှောင်ယောက် လွန်စွာ စိတ်ကျေနပ်ခဲ့ရသည်။

ယခုတော့ နောက်ဆုံးတစ်ခုသာ ကျန်တော့သည်။

ကျွင်းရှောင်ယောက်လည်း ကောင်းကင်ယံမှ ပျံသန်းရင်း သွေးအိုင်ထဲတွင် လဲကျနေသော စူးဟုန်ယီအနီးမှာ ဆင်းသက်လိုက်သည်။

ဤအခိုက်တွင်၊ ခြေလက်များ ပြတ်တောက်သွားသော စူးဟုန်ယီ၏ ခန္ဓာကိုယ်က အသက်ငွေ့ငွေ့သာ ကျန်တော့သည်။

"သခင်... သခင်လေး... ဟုန်ယီ... အသုံးမကျဘူး"

စူးဟုန်ယီက အားအင်နည်းပါးသော လေသံလေးဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

"ဒါ ဘယ်လိုဖြစ်ရမှာလဲ"

ကျွင်းရှောင်ယောက်လည်း ပြုံးပြီး သွေးအိုင်ထဲမှ စူးဟုန်ယီကို ပွေ့ယူလိုက်၏။

အတစ်ခုခုကြောင့် ဤမြင်ကွင်းကို အဝေးမှမြင်နေရသော လင်ယွမ်၏ နှလုံးသားထဲမှာ နားမလည်နိုင်စွာ အဆင်မပြေသလို ခံစားခဲ့ရသည်။

စူးဟုန်ယီကို ပွေ့ယူလိုက်ခြင်းကြောင့် ကျွင်းရှောင်ယောက်၏ အဖြူရောင်အဝတ်အစားများမှာ သွေးများ စွန်းပေသွားသည်။

"စတေးခံ ယဇ်ပူဇော်ခြင်းစွမ်းအားကို ထိန်းချုပ်တဲ့ ကောင်းကင်နက်မျိုးနွယ်ကြီး မင်းနဲ့အတူ နေအလင်းရောင်ကို ပြန်မြင်ရလိမ့်မယ်"

"ကြီးမြတ်တဲ့ အမှောင်နတ်ဘုရား နိုးထဖို့ အချိန်တန်ပြီ"

All Chapters