← Chapters

အခန်း ၁၀၀၄

Vol. 67 Ch. 1004

အခန်း ၁၀၀၄

Vol. 67 Ch. 1004

အခန်း ( ၁၀၀၄ ) ကောင်းကင်နက်မျိုးနွယ်၏ လျှို့ဝှက်ချက်။

ကျွင်းရှောင်ယောက်လည်း စူးဟုန်ယီကို စိတ်ဝင်စားခဲ့သည်။

သို့ရာတွင်၊ စူးဟုန်ယီကိုယ်တိုင်က သူမဟာ ဘယ်မျိုးနွယ်က လာတယ်ဆိုတာ မသိဘူးဟု ပြောထား၏။

ငယ်စဉ်ကတည်းက အဖေအမေကို မသိရဘဲ မွေးစားမိဘများနှင့် ကြီးပြင်းခဲ့ရသည်။

သို့သော်လည်း စူးဟုန်ယီ၏ဝမ်းဗိုက်တွင် မပီပြင်သော ခြောက်ထောင့်ကြယ် အမှတ်အသားတစ်ခု ရှိနေသည်ကို ကျွင်းရှောင်ယောက် မြင်ခဲ့‌ရပေသည်။

ထိုအချိန်ကတည်းက ကျွင်းရှောင်ယောက်ဟာ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးနှင့် ပတ်သက်သင့်သည်ဟု မှန်းဆမိခဲ့သည်။

ယခု၊ ဤဧရာမအရိုးဖြူ အရိုးခေါင်းကြီးတွင်လည်း ခြောက်ထောင့်ကြယ် အမှတ်အသားတစ်ခုကို တွေ့နေရပြီ။

ထို့အပြင်၊ ယခု စူးဟုန်ယီကို ပွေ့ချီလိုက်သောအခါမှ...

သွေးကဲ့သို့ နီရဲနေသော စူးဟုန်ယီ၏ မျက်လုံးများတွင် မန္ဒလာပန်းပွင့်ပုံစံများ ရှိနေကြောင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြန်သည်။

ဤနှစ်ခုကြားတွင် ဆက်နွှယ်မှုမရှိဘူးဟု ဆိုလာပါက ကျွင်းရှောင်ယောက် ယုံကြည်တော့မည် မဟုတ်ပေ။

'ငါခန့်မှန်းထားတာ မမှားဘူးဆိုရင် အရာအားလုံးက အဓိပ္ပါယ်ရှိပြီး ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခု ရှိသင့်တယ်'

ကျွင်းရှောင်ယောက်က‌ တွေးလိုက်သည်။

ဥပမာအားဖြင့်...

ကမ္ဘာနှစ်ဖက်ကြားမှ အကြိုစစ်ပွဲစတင်သည့်အချိန်တွင် ကြီးမြတ်သော သွေးစတေးခံနယ်မြေ၌ လှုပ်ရှားမှုရှိခြင်းသည် အဘယ်ကြောင့် တိုက်ဆိုင်နေသနည်း။

အကြောင်းမူကား ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က စူးဟုန်ယီ၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအားများကို နိုးထစေရန်နှင့် ကျိန်စာစွမ်းအားကို ဖိနှိပ်ရန် ကစဉ့်ကလျားသွေးကို အသုံးပြုသည့်အချိန် ဖြစ်နေသောကြောင့်ပင်။

ကျိန်စာစွမ်းအားကို ဖိနှိပ်ပြီးနောက် စူးဟုန်ယီ၏စွမ်းအား နိုးထလာခြင်းက ကြီးမြတ်သော သွေးစတေးခံနယ်မြေနှင့် ပဲ့တင်ထပ်ခဲ့သည်။

စူးဟုန်ယီ၏ ခန္ဓာကိုယ်ရှိ ကျိန်စာစွမ်းအား၏ အရင်းအမြစ်ကို ရှင်းပြရန်တော့ လွယ်ကူသည်။

သွေးစတေးခံနယ်မြေရှိ မြေဝိညာဉ်များက အရိုးရှင်းဆုံး သက်သေပင်။

ကျိန်စာစွမ်းအားများမှာ တစ်ချိန်က ကောင်းကင်နက်မျိုးနွယ်မှ စတေးခဲ့သော ဝိညာဉ်များမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။

ပြင်းထန်သော နာကြည်းမှုနှင့် မုန်းတီးမှုမျိုးက အချိန်အတော် ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင်၊ သွေးထဲမှာ ရေးထွင်းထားသော ကျိန်စာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

'အခု နောက်ဆုံးက ငါ့ရဲ့ခန့်မှန်းချက် မှန် မမှန် စစ်ဆေးရမဲ့အချိန်ပဲ"

ကျွင်းရှောင်ယောက်က သူ့လက်ကို ဓားအဖြစ်သုံးပြီး လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။

ထက်မြက်သော ဓားအလင်းတစ်ခု ထွက်ပေါ်လာ၏။

မီတာထောင်ချီရှည်လျားသော ရွှေရောင် ဓားအလင်းက မိုးနှင့်မြေကြားတွင် လက်လက်ဖြာပြီး တောင်တစ်လုံးကဲ့သို့ ဧရာမဦးခေါင်းခွံကို ခုတ်ချလိုက်တော့သည်။

"သူဘာလုပ်နေတာလဲ"

ခပ်လှမ်းလှမ်းမှ ခေတ္တစောင့်ကြည့်နေသော ကမ္ဘာနှစ်ရပ်မှ ပါရမီရှင်များ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။

ကျွင်းရှောင်ယောက်က ယခုဆိုလျှင် အလွန်နာမည်ကြီးနေပြီ။

ထို့ကြောင့် သူ၏ လှုပ်ရှားမှုတိုင်းက အာရုံစိုက်စရာ ဖြစ်သည်။

"ဝုန်း"

အရိုးဖြူ ဦးခေါင်းခွံ‌ကြီးက တခဏအတွင်း နှစ်ပိုင်းကွဲသွားသည်။

ထို့နောက်‌ သွေးနီရောင်ပန်းပွင့်များက ကောင်းကင်တွင် ပြည့်သွား၏။

ထိုပန်းပွင့်အားလုံးက သွေးရောင် မန္ဒလာပန်းများ ဖြစ်တော့သည်။

အဆုံးမဲ့ သွေးရောင်မန္ဒလာပန်းများထဲတွင်... နက်မှောင်ပြီး ရိုးရှင်းသော ကြေးမုံတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

ယင်းက သာမန်ကြေးမုံများနှင့် မတူပေ။

ဤကြေးမုံ၏ မျက်နှာပြင်က ချောမွေ့ပုံရသော်လည်း မည်းနက်နေသည်။ ယင်းက အလွန်ကြောက်စရာကောင်းသော တည်ရှိမှုကို အတွင်းတွင် တံဆိပ်ခတ်ထားသကဲ့သို့ ဖြစ်၏။

ထို့အပြင်၊ ထိုကြေးမုံ ပေါ်လာသည်နှင့်...

ကျွင်းရှောင်ယောက်၏ သိုလှောင်ခြင်းရတနာအတွင်းမှ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကလည်း ပြင်းထန်စွာ ခုန်ပေါက်လာသည်ကို ချက်ချင်း ခံစားလိုက်ရတော့သည်။

ယခင်က၊ သွေးစတေးခံနယ်မြေကို ကျွင်းရှောင်ယောက် ဝင်လာစဉ်ကလည်း နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်က တုန်ခါခဲ့သည်။

ယခုအခါ တုံ့ပြန်မှုက ပို၍ပင် ပြင်းထန်လာခဲ့ပြီ။

"သေချာတာပေါ့၊ ငါထင်ထားတဲ့အတိုင်းပဲ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ထိုအချက်က သူ့စိတ်ထဲမှ အတွေးများကို ပို၍ သေချာစေခဲ့ပေသည်။

ထိုစဉ်...

ကျွင်းရှောင်ယောက် ပွေ့ချီထားသော စူးဟုန်ယီ၏ ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း လေထဲသို့ ကြွတက်လာခဲ့သည်။

"ငါ ဘာဖြစ်တာလဲ..."

စူးဟုန်ယီ စိတ်ရှုပ်ထွေးသွားသည်။

အမှောင်ကြေးမုံပြင်ကို ကြည့်လိုက်မိတော့...

အကြောင်းတစ်ခုခုကြောင့် ရင်းနှီးမှုကို ခံစားလိုက်ရ၏။

"ဝမ်"

လူအားလုံး အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးနေချိန်တွင်...

အမှာင်ကြေးမုံက ရုတ်တရက် တုန်ခါလာခဲ့သည်။

အမှောင်ကြေးမုံအတွင်းမှ လက်တစ်ဖက် တိုးထွက်လာသည်။

ထို့နောက် အခြားလက်တစ်ဖက် တိုးထွက်လာ၏။

ယင်းက အိပ်စက်နေသော တည်ရှိမှုတစ်ခု နိုးထပြီး တံဆိပ်ကို ချိုးဖြတ်လာတော့မည်ကဲ့သို့ပင်။

ကြေးမုံထဲမှ တည်ရှိမှုက တဖြည်းဖြည်း လွတ်မြောက်ရန် ရုန်းကန်နေသကဲ့သို့ အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုလည်း ထွက်လာခဲ့သည်။

ထိုအငွေ့အသက်များကြောင့် လူတိုင်း အသက်ရှူကျပ်သလို ခံစားလိုက်ကြရ၏။

ယင်းက အဓိပဓိ အငွေ့အသက်များပင်။

ထို့နောက်တွင်၊ မှန်ထဲမှ တည်ရှိမှုက အပြည့်အ၀ ပေါ်လာခဲ့သည်။

ယင်းက လက်ရှစ်ဖက်ပါသော နတ်ဆိုးနတ်ဘုရား ဖြစ်၏။

နတ်ဆိုးဟု ဆိုကြသော်လည်း ဗုဒ္ဓကဲ့သို့ ခံစားချက်လည်း ရှိသေးသည်။

ယင်းက ဒေါသထွက်နေသော ဗုဒ္ဓနှင့်ပင် တူသည်။

လက်ရှစ်ဖက် နတ်ဆိုးဗုဒ္ဓဟုပင် ခေါ်ရမည်။

လက်ရှစ်ဖက် နတ်ဆိုးဗုဒ္ဓ၏ ပတ်ပတ်လည်မှာလည်း သွေးရောင်မန္ဒလာပန်းများ ပွင့်နေခဲ့သည်။

မြင်ကွင်းက အလွန်ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းပြီး သက်ရှိသတ္တဝါအားလုံးဖြင့် ပူဇော်ခံနေသော နတ်ဆိုးဗုဒ္ဓကဲ့သို့ပင်။

"နတ်ဆိုးကောင်းကင်နက် ပေါ်လာပြီ"

လက်ရှစ်ဖက် နတ်ဆိုးဗုဒ္ဓကိုကြည့်ရင်း ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သက်ရှိသတ္တဝါအားလုံးကို စတေးခြင်းအား နားလည်ပြီးနောက်၊ ကျွင်းရှောင်ယောက်ဟာ ကောင်းကင်နက်မျိုးနွယ်အကြောင်းကို အနည်းငယ် နားလည်လာခဲ့သည်။

ဤမျိုးနွယ်တွင် မျိုးနွယ်ဝင် အလွန်နည်းပါး၏။

အကြောင်းမူကား၊ ၎င်းတို့သည် ကမ္ဘာပေါ်တွင် ကြောက်စရာကောင်းဆုံး တားမြစ်နိယာမများထဲမှ တစ်ခုဖြစ်သည့် စတေးခြင်း၏စွမ်းအားကို ထိန်းချုပ်ထားသောကြောင့်ပင်။

သက်ရှိသတ္တဝါအပေါင်းတို့အား စတေးပြီး မိမိကိုယ်ကို လေ့ကျင့်သည်။

ဤသည်မှာ အလွန်တရာ သဘာဝမကျဘဲ ကြောက်မက်ဖွယ်ကောင်းလွန်းသည့် စွမ်းရည်တစ်ခုဟု ဆိုနိုင်သည်။

ဤစွမ်းရည်မျိုးကို ထိန်းချုပ်ထားခြင်းကြောင့် ကောင်းကင်နက်မျိုးရိုးတွင် လူအနည်းငယ်သာ ရှိခဲ့ပေသည်။

သူ့ရှေ့မှ ကြောက်မက်ဖွယ်အသွင်ပြင်ဖြင့် လက်ရှစ်ဖက် နတ်ဆိုးဗုဒ္ဓက ကောင်းကင်ကြီးကို ဖုံးကွယ်ထားနိုင်သည်။

ထို့အပြင် သူတို့ကို ယုံကြည်ကိုးကွယ်သူများက မဟာကာလီဟု‌ ခေါ်ကြ၏။

သူတို့ကို မဟာကာလီနတ်ဘုရားဟုပင် ခေါ်နိုင်သည်။

ကျွင်းရှောင်ယောက်၏ မှန်းဆချက်မမှားလျှင်...

ဤနတ်ဆိုးကောင်းကင်နက်က ပထမမျိုးဆက် စစ်နတ်ဘုရားကဲ့သို့ ကောင်းကင်ဘုံကို အံတုနိုင်သော တည်ရှိမှုဖြစ်သင့်သည်။

သူက မဟာကာလီနတ်ဘုရား၏ အမွေဆက်ခံသူ ဖြစ်လိမ့်မည်။

စူးဟုန်ယီက မဟာကာလီ၏အမွေဆက်ခံသူ ပြန်လည်ဝင်စားခြင်း ဖြစ်နိုင်သည်။

ဤမျိုးနွယ်တွင် အခြားစွမ်းရည်တစ်ခုလည်း ရှိသေးသည်။

စတေးခြင်းစွမ်းရည်ဖြင့် မျိုးစေ့ကိုကြဲခြင်း ဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် သေသွားရင်တောင်မှ လူဝင်စားပြီး ပြန်လည်မွေးဖွားနိုင်သေးသည်။

အဆုံးမဲ့ လူဝင်စားပြီး မသေနိုင်ပေ။

ဤအချက်ကြောင့်လည်း အလွန်ကြောက်စရာကောင်းသော ဧကရာဇ်မျိုးနွယ်စုတစ်ခု ဖြစ်ခဲ့သည်။

သူတို့က‌ ရှေးသမိုင်းတွင် နစ်မြုပ်သွားသည်မှာ အံ့သြစရာမရှိတော့ပေ။

သူတို့၏စွမ်းရည်က ကောင်းကင်ကို အံတုလွန်းပြီး အားလုံးကို မနာလိုဖြစ်စေနိုင်သည်။

အင်မော်တယ်နယ်မြေကြီးကို မဆိုထားဘိ၊ တိုင်းတပါးမှ ဧကရာဇ်မျိုးနွယ်များပင်လျှင် ကောင်းကင်နက်မျိုးနွယ်ကို ကြောက်ရွံ့ခဲ့ကြရပေသည်။

"အဲဒါက ဘာကြီးလဲ၊ ကြောက်စရာကောင်းလိုက်တာ"

အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်အားလုံး ကြက်သီးတဖြန်းဖြန်း ထသွားခဲ့ကြသည်။

တိုင်းတစ်ပါးဘက်မှ ဗဟုသုတကြွယ်ဝသော ပါရမီရှင်အချို့ကတော့ အလွန်အံ့သြသွား၏။

"ဒါ... ဒါက ကောင်းကင်နက်မျိုးနွယ်ရဲ့ နတ်ဆိုးကောင်းကင်နက်များလား"

"ကောင်းကင်နက်မျိုးနွယ်... ရှေးသမိုင်းမှာ ပျောက်ကွယ်သွားခဲ့တဲ့ ကောင်းကင်နက်မျိုးနွယ်က ဒီမှာ ပြန်ပေါ်လာတော့မှာလား"

"ဒီမျိုးနွယ်က အလွန်ကြီးမားတဲ့ စွဲလမ်းမှုရှိတယ်လို့ ငါ့မျိုးနွယ်ရဲ့ အကြီးအကဲတွေပြောတာ ကြားဖူးတယ်။ သူတို့က အဆုံးမဲ့ ပြန်လည်ဝင်စားနိုင်ပြီး ဘယ်တော့မှ မသေနိုင်ဘူး"

တိုင်းတပါးမှ သတ္တဝါများ အလွန်တုန်လှုပ်သွားကြသည်။

ကြီးမြတ်သော သွေးစတေးခံနယ်မြေတွင် ကျဆုံးခဲ့သော အမှောင်အင်မော်တယ်က...

ကောင်းကင်နက်မျိုးနွယ်၏ နတ်ဆိုးကောင်းကင်နက်ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျွင်းရှောင်ယောက်လည်း စောင့်ကြည့်နေခဲ့သည်။

အမှောင်ကြေးမုံမှ ထွက်ပေါ်လာသော နတ်ဆိုးကောင်းကင်နက်က မဟာကာလီ၏ အဓိကအမွေဟု ဆိုနိုင်ပေသည်။

စိတ်ပျက်အားငယ်ခြင်း၏ရင်းမြစ်နှင့် ပျက်စီးခြင်း၏အစကိုကိုယ်စားပြုသော နတ်ဆိုးကောင်းကင်နက်က အလွန်အစွမ်းထက်ပြီး လူများကို တုန်လှုပ်စေနိုင်သည်။

ဤအခိုက်တွင်၊ နတ်ဆိုးကောင်းကင်နက်က စူးဟုန်ယီအား သွေးရောင်မျက်လုံးအစုံဖြင့် ကြည့်လိုက်သည်။

ထို့နောက် ကြီးမားသော တွန်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး စူးဟုန်ယီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။

စူးဟုန်ယီက ကောင်းကင်နက်မျိုးနွယ်မှဖြစ်ပြီး မျိုးနွယ်စု၏ နောက်ဆုံးအဖွဲ့ဝင် ဖြစ်သည်။

ထို့အပြင် သူက မဟာကာလီ၏အလိုတော်နှင့် အမွေခံ ပြန်လည်ဝင်စားသူလည်း ဖြစ်သေးသည်။

ထို့ကြောင့်ပင် နတ်ဆိုးကောင်းကင်နက်က စူးဟုန်ယီထံသို့ ပြန်သွားသင့်သည်။

နတ်ဆိုးကောင်းကင်နက် စီးဝင်လာပြီးနောက် စူးဟုန်ယီ၏ အနက်ရောင်ဆံပင်များက တဖျပ်ဖျပ်ခတ်ပြီး သွေးရောင်ပြောင်းသွားသည်။

သွေးနီရောင် မျက်လုံးအစုံမှာလည်း သွေးစက်များကဲ့သို့ နီရဲနေပြီး သွေးရောင်မန္ဒလာပန်းလည်း ပွင့်နေလေ၏။

သွေးရောင်မန္ဒလာပန်းမှာ ကောင်းကင်နက်မျိုးနွယ်များ ‌စတေးရန်အတွက် အသုံးပြုသော ပန်းတစ်မျိုး ဖြစ်သည်။

ထိုအခိုက်တွင် စူးဟုန်ယီ၏ ပြတ်တောက်နေသော ခြေလက်များမှာလည်း သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာတော့သည်။

သူမ၏ ခန္ဓာကိုယ်ထဲမှ ကျွင်းရှောင်ယောက်ဖိနှိပ်ပေးထားသော ကျိန်စာစွမ်းအားများမှာလည်း...

နတ်ဆိုးကောင်းကင်နက်၏ စွမ်းအားဖြင့် သန့်စင်ပြီး ဝါးမျိုပစ်ခဲ့သည်။

ကျိန်စာ၏ စွမ်းအားရင်းမြစ်မှာ အမှန်ပင် ကောင်းကင်နက်မျိုးနွယ်စုနှင့် မဟာကာလီနတ်ဘုရားသို့ ယဇ်ပူဇော်သော ဝိညာဉ်များ ဖြစ်သည်။

သူတို့၏ မလိုလားမှု၊ နာကြည်းမှုနှင့် ဒေါသတို့က ကျိန်စာအဖြစ်သို့ ပြောင်းလဲသွားပြီး စူးဟုန်ယီ၏ သွေးမျိုးဆက်စွမ်းအားကို ဖိနှိပ်ခဲ့၏။

ယင်းကြောင့် စူးဟုန်ယီမှာ လူတိုင်း အနိုင်ကျင့်ခံရသော သူတောင်းစားလေးတစ်ယောက်သာ ဖြစ်လာခဲ့ရလေသည်။

ယခုတော့...

နတ်ဆိုးကောင်းကင်နက် ပြန်လာပြီးနောက် စူးဟုန်ယီ၏ မျက်လုံးများက သွေးအလင်းရောင်များ ပေါက်ကွဲထွက်လာခဲ့သည်။

"ငါ သိပြီ"

စူးဟုန်ယီ ခပ်တိုးတိုး ရေရွတ်လိုက်၏။

လျှို့ဝှက်ချက်အားလုံးကို သူမ သိလိုက်ရပြီ။

All Chapters