အခန်း ၁၀၀၅
Vol. 67 Ch. 1005
အခန်း ( ၁၀၀၅ ) နောက်ထပ် ဖျက်ဆီးခြင်းဘုရင်တစ်ပါး နိုးထလာပြီ။
ကောင်းကင်နက်မျိုးနွယ်သည် တချိန်က တိုင်းတပါး၏ အင်မော်တယ်ဧကရာဇ်မျိုးနွယ်များကြား၌ ထိပ်တန်း မျိုးနွယ်တစ်ခု ဖြစ်ခဲ့သည်။
မျိုးနွယ်စုဝင်များ နည်းပါးသော်လည်း တစ်ဦးချင်းစီက အလွန် အစွမ်းထက်၏။
သူတို့၏ အထွတ်အထိပ်ကာလက သြဇာအရှိဆုံး အဆုံးစွန် ဧကရာဇ်မျိုးနွယ်စုနှင့်ပင် များစွာမဝေးတော့ပါ။
အဆုံးစွန်ဧကရာဇ်မျိုးနွယ်ဟုခေါ်သော မျိုးနွယ်စုမှာ တိုင်းတပါး၏ လျှို့ဝှက်ဆန်းကျယ်ဆုံး၊ အင်အားကြီးဆုံးနှင့် ရှေးကျဆုံး ဧကရာဇ်မျိုးနွယ်စု ဖြစ်သည်။
သူတို့က အမည်မဲ့နယ်မြေများမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်၏။
အဆုံးစွန်ဧကရာဇ်မျိုးနွယ်များထဲတွင် သဘာဝကပ်ဘေးအဆင့်ဟု လူသိများသည့် တားမြစ်အင်မော်တယ်များပင် ရှိသေးသည်။
အတိုင်းအတာတစ်ခုအထိ၊ ၎င်းတို့သည် တိုင်းတပါးတွင် ရှေးအကျဆုံးသော အဆုံးစွန်မျိုးနွယ်စုများ ဖြစ်ကြသည်။
သူတို့၏အဆင့်အတန်းက အင်မော်တယ်နယ်မြေကြီးရှိ အဓိပဓိအင်မော်တယ်ခုံရုံး၊ ကျွင်းမိသားစုကဲ့သို့ အစွမ်းထက်ဆုံး အင်မော်တယ်အင်အားစုများနှင့် ညီမျှပေသည်။
မော့ကျဲဧကရာဇ်မျိုးနွယ်၊ သွေးနတ်ဆိုကရာဇ်သားတော်နှင့် ကျိမန်ဧကရာဇ်မျိုးနွယ်ကဲ့သို့ ဧကရာဇ်မျိုးနွယ်များကတော့...
သူတို့က အလွန်ကြွယ်ဝပြီး အင်အားကြီးမားသည့်တိုင် အဆုံးစွန်ဧကရာဇ်မျိုးနွယ်များနှင့် နှိုင်းယှဉ်ပါက နောက်ခံ၊ အရည်အချင်းများနှင့် ကျွမ်းကျင်သူအဆင့်က အနည်းငယ် အားနည်းနေသေးသည်။
ကောင်းကင်နက်မျိုးနွယ်မှာ မျိုးနွယ်စုဝင် အနည်းငယ်သာရှိသော်လည်း သူတို့၏အထွတ်အထိပ်ကာလမှ အင်အားက အဆုံးစွန်ဧကရာဇ်မျိုးနွယ်နှင့် လွန်စွာ နီးစပ်သည်။
ထိုမှ ထိုမျိုးနွယ်မှာ မည်မျှအစွမ်းထက်ကြကြောင်း မြင်နိုင်သည်။
ထို့အပြင်၊ သူတို့တွေ ထိုမျှ အစွမ်းထက်ကြခြင်းက အကြောင်းရင်းတစ်ခု သဘာဝအတိုင်း ရှိသေးသည်။
ယင်းမှာ ထိုမျိုးနွယ်စု၏ မွေးရာပါ သွေးမျိုးဆက်စွမ်းရည်ကြောင့် ဖြစ်သည်။
အားလုံးသိကြသည့်အတိုင်း တိုင်းတစ်ပါးရှိ ဧကရာဇ်မျိုးနွယ်စုတစ်ခုစီတွင် ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်များ ရှိကြသည်။
ဥပမာ...
မော့ကျဲဧကရာဇ်မျိုးနွယ်၏ စွမ်းအင်ခုခံကာကွယ်ခြင်း၊ မင်ကျောက်ဧကရာဇ်မျိုးနွယ်၏ မင်ကျောက်မိစ္ဆာမျက်လုံး... စသည်ဖြင့်။
ကောင်းကင်နက်မျိုးနွယ်၏ နတ်ဘုရားစွမ်းရည်ကား ကောင်းကင်ကို အံတုနိုင်ပြီး အစွမ်းထက်လွန်းလှသည်။
ယင်းက စတေးခံ ယဇ်ပူဇော်ခြင်း၏ စွမ်းအားပင်။
အမည်အတိုင်း ယင်းမှာ အခြား သက်ရှိသတ္တဝါများ၏ သွေးမျိုးဆက်စွမ်းရည်၊ စွမ်းအင်၊ နိယာမအပိုင်းအစများ စသည်တို့ကို ဝါးမျိုနိုင်ကြသည်။
ယင်းကြောင့်ပင် ကောင်းကင်နက်မျိုးနွယ်က အသားစားခြင်းနှင့် သတ်ဖြတ်ခြင်းမှတစ်ဆင့် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ စတင်ခဲ့ကြသည်။
တောတွင်းနိယာမ ထင်ရှားသော တိုင်းတပါးတွင်ပင် ဤနည်းလမ်းက ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းလွန်းလှသည်။
ကောင်းကသ်နက်မျိုးနွယ်သ ကြီးပွားချမ်းသာမှုနောက်တွင် မရေမတွက်နိုင်သော သက်ရှိများ စတေးခံခဲ့ကြရပေသည်။
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများ မဆိုထားဘိ...
တိုင်းတပါးမှာပင် ကောင်းကင်နက်မျိုးနွယ်ကြောင့် ချေမှုန်းခံခဲ့ရသော မျိုးနွယ်များအများကြီး ရှိသည်။
အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ လူတချို့ သတ်ခံရလျှင်ပင် ကောင်းကင်နက်မျိုးနွယ်ကို လက်မစားမချေဝံ့ဘဲ လက်လျှော့ခဲ့ရသည်။
တချိန်တည်းမှာပင် ကြောက်ရွံ့မှု၊ မုန်းတီးမှုနှင့် မနာလိုခြင်းများ ဖြစ်ပေါ်လာ၏။
နောက်ပိုင်းတွင်၊ ကောင်းကင်နက်မျိုးနွယ်၏ နယ်မြေအထက် ကောင်းကင်ယံ၌ အနက်ရောင် ခြောက်ထောင့်ကြယ်အမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။
ယင်းက ကောင်းကင်နက်မျိုးနွယ်တွင် ဖျက်ဆီးခြင်းဘုရင်တစ်ပါး မွေးဖွားလာသော အဓိပ္ပါယ်ပင်။
စတေးခံ ယဇ်ပူဇော်ခြင်း၏စွမ်းအားနှင့် ဖျက်ဆီးခြင်းဘုရင်၏ ကံကြမ္မာတို့ ပေါင်းလိုက်သောအခါ...
ပို၍မြန်မြန် ကြီးထွားလာတော့သည်။
တချိန်တည်းမှာပင် ယဇ်ပူဇော်ခြင်း၏ စွမ်းအားဖြင့် မရေမတွက်နိုင်သော အသက်များကို သွေးစတေးခဲ့သည်။
နောက်ဆုံးတွင် သူက ကောင်းကင်နက်မျိုးနွယ်၏ အထွဋ်အမြတ်ဖြစ်သော မဟာကာလီ ဖြစ်လာခဲ့ပေသည်။
မဟာကာလီပေါ်လာပြီးနောက်...
အဆုံးစွန်ဧကရာဇ်မျိုးနွယ်မှ ရှေးကျသော ပုဂ္ဂိုလ်ကြီးတချို့ပင်လျှင် တုန်လှုပ်သွားကြရသည်။
တဖြည်းဖြည်းနှင့် ကောင်းကင်နက်မျိုးနွယ်က အထိန်းကွပ်မဲ့ ဖြစ်လာခဲ့၏။
ထိုအတိုင်း ဆက်လွှတ်ထားပါက ကိုယ့်တိုင်းတပါးသားအချင်းချင်းပင်လျှင် သတ်ပစ်ပေတော့မည်။
ထို့ကြောင့် ကြံစည်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကမ္ဘာနှစ်ဖက်ကြားမှ စစ်ပွဲအတွင်း၌...
ကောင်းကင်နက်မျိုးနွယ်စု၏ နတ်ဘုရား မဟာကာလီဟာ အင်မော်တယ်နယ်မြေကြီးကို ကြီးမားသောဖိအားတစ်ခု ပေးစွမ်းနိုင်ခဲ့ပေသည်။
မဟာကာလီ၏ ကြောက်စရာကောင်းပုံကို သိထားသောကြောင့် အင်မော်တယ်နယ်မြေကြီးမှ မဟာပုဂ္ဂိုလ်ကြီးများ ထွက်ပေါ်လာ၏။
ထိုအချိန်တွင်၊ တိုင်းတပါးမှ တစ်စုံတစ်ယောက်က မဟာကာလီကို သတင်းပို့ခဲ့သည်။ သူ့ကို ဦးစွာ တားဆီးထားစေပြီးနောက် လာရောက်ကူညီမည် ဖြစ်၏။
မဟာကာလီလည်း သံသယမရှိဘဲ ရန်သူများကို ပိတ်ဆို့ထားခဲ့သည်။
ထို့ကြောင့် မဟာဧကရာဇ်ငါးပါး၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရတော့သည်။
မဟာကာလီက အတော်သန်မာသည်။ တိုင်းတပါးမှ အကူအညီများကို စောင့်ဆိုင်းရင်း အချိန်အတော်ကြာ တိုက်ခိုက်ခဲ့၏။
သို့သော်လည်း မည်သည့်အကူအညီမျှ ရောက်မလာခဲ့ပေ။
ထိုအချိန်တွင် သူ နားလည်သွားသည်။
ကောင်းကင်နက်မျိုးနွယ်တို့ လျှို့ဝှက်ကြံစည်ခံရပြီ။
သူ၏မျိုးရိုးက အင်အားကြီးမားလာသည်နှင့်အမျှ အတားဆီးမဲ့လာခြင်းကြောင့် လုပ်ကြံခံရပြီ ဖြစ်သည်။
နောက်ဆုံးအချိန်တွင်၊ မဟာကာလီက ကောင်းကင်ကိုမော့ကြည့်ပြီး ဒေါသတကြီး အော်လိုက်သည်။
"ငါ မဟာကာလီ ဘယ်တော့မှ မသေဘူး၊ ငါ သေရင်တောင် ပြန်လည်ဝင်စားပြီး လာခဲ့မယ်"
"ဒီနယ်မြေမှာ မန္ဒလာပန်းတွေ ပွင့်တဲ့အချိန် ငါ ပြန်လာခဲ့မယ်"
မန္ဒလာပန်း၏ အဓိပ္ပာယ်မှာ သေခြင်းနှင့် လက်စားချေခြင်းကို ကိုယ်စားပြုသည်။
နောက်ဆုံးတွင် မဟာကာလီက အင်မော်တယ်နယ်မြေကြီး၏ မဟာဧကရာဇ်ငါးပါးကို သူတစ်ဦးတည်း၏ အင်အားဖြင့် သုတ်သင်ပစ်ခဲ့သည်။
ပျက်စီးခြင်းနယ်စပ်တစ်ခုလုံးလည်း တုန်လှုပ်သွားပြီး
ကြီးမြတ်သော သွေးစတေးခံနယ်မြေ ဖြစ်ပေါ်လာခဲ့၏။
မဟာကာလီ ကျဆုံးသွားသည်နှင့်၊ ကျန်သော ကောင်းကင်နက်မျိုးနွယ်မျိုးနွယ်ဝင်များလည်း ဝိုင်းရံဖိနှိပ်ခြင်းကို ခံကြရတော့သည်။
ကောင်းကင်နက်မျိုးနွယ်နှင့် ပြဿနာရှိဖူးသော ဧကရာဇ်မျိုးနွယ်များအားလုံးက ကရုဏာမဲ့စွာ တိုက်ခိုက်ခဲ့ကြသည်။
အရှိန်အဝါကြီးမားသော ဧကရာဇ်မျိုးနွယ်တစ်ခုဖြစ်သော်လည်း ပြိုကျပျက်စီးခဲ့ရ၏။
ဤမျိုးနွယ်မှ မျိုးနွယ်ဝင်များ အားလုံးနီးပါး သေဆုံးခဲ့ကြရပေသည်။
နှစ်အနည်းငယ်ကြာပြီးနောက် သွေးနီမျက်လုံးနှင့် သတ္တဝါတစ်မျိုးအဖြစ် ပြန်လည်ရှင်သန်လာသော်လည်း လမ်းခုလတ်တွင် သေဆုံးခဲ့ရသည်။
ထို့နောက်၊ အမျိုးသမီးတစ်ဦးအဖြစ် နိုးထလာပြန်သော်လည်း ထပ်မံ ကျဆုံးသွားရ၏။
ယခုတော့ စူးဟုန်ယီ ထပ်မံပေါ်လာပြီ။
မဟာကာလီ၏ စွဲလမ်းမှု အမွေခံ၊ ကောင်းကင်နက်မျိုးနွယ်၏ နောက်ဆုံးမျိုးနွယ်ဝင်...
အရာအားလုံးကို အမှတ်ရပြီးနောက် စူးဟုန်ယီ သတိပြန်ရလာခဲ့သည်။
နောက်ဆုံးတော့ အရာရာကို သူ နားလည်ခဲ့ပြီ။
သူ့တွင် မိရင်းဖရင်း လုံးဝ မရှိမှန်း သိလိုက်ရ၏။
သူမတွင် အားကိုးရာမရှိသလို မျိုးနွယ်ဝင်များကလည်း အားလုံး သေသွားကြပေပြီ။
သူမ၏ဘတွင် အထီးကျန်မှုကို ပထမဆုံး ခံစားလိုက်ရသည်။
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဟုန်ယီ၊ အမှန်တရားကို မင်းသိရပြီလား"
ဤနူးညံ့သိမ်မွေ့သော အသံကို ကြားလိုက်ရပြီးနောက် စူးဟုန်ယီ ရုတ်တရက် သတိပြန်ဝင်လာ၏။
ကျွင်းရှောင်ယောက်ကို လှည့်ကြည့်လိုက်တော့...
အဖြူရောင် သူ့အဝတ်အစားများမှာ သူမ၏သွေးများဖြင့် စွန်းပေနေသေးသည်။
"မဟုတ်ဘူး၊ ငါတစ်ယောက်တည်း မဟုတ်ဘူး။ ငါ့မှာ သခင်လေးရှိသေးတယ်"
စူးဟုန်ယီ၏ သွေးနီရောင်မျက်လုံးများမှ သွေးအလင်းက တဖြည်းဖြည်း မှိန်ဖျော့လာခဲ့သည်။
သူ့တွင် အဖေမရှိ၊ အမေမရှိသလို မျိုးနွယ်စုဝင်လည်း မရှိပေ။
သို့ရာတွင် သူတစ်ယောက်တည်း မည်သို့မျှ မဖြစ်နိုင်ပါ။
မဟာကာလီ၏ စွဲလမ်းခြင်းဖြစ်သော လက်စားချေခြင်းကိုလည်း ဆက်ခံမည် မဟုတ်ပေ။
သူမက ကျွင်းရှောင်ယောက်၏ နောက်လိုက်တစ်ဦးသာ ဖြစ်သည်။
ကျွင်းရှောင်ယောက်သာ အရှေ့ကို သွားခိုင်းပါက အနောက်သို့လှည့်ပင်ကြည့်မည် မဟုတ်ချေ။
ကောင်းကင်နက်မျိုးနွယ်ကို ပြန်လည်ရှင်သန်စေခြင်းက အဘယ်နည်း။ မဟာကာလီ၏ စွဲလမ်းမှုကို ဆက်ခံခြင်းကား အဘယ်နည်း။
ထိုအရာများက စူးဟုန်ယီအတွက် လုံးဝ အရေးမကြီးပေ။
သူမအတွက် ကျွင်းရှောင်ယောက်သာလျှင် အရေးကြီးဆုံးဖြစ်သည်။
ထိုအချိန်တွင်၊ စူးဟုန်ယီ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခံ့သည်။
သူမ၏ အရှိန်အဝါသည်လည်း လျင်မြန်စွာ မြင့်မားလာ၏။
နောက်ဆုံးတွင် သူမ၏ ကျင့်ကြံခြင်းအခြေခံက အဓိပဓိနယ်ပယ်သို့ပင် ရောက်သွားတော့သည်။
စူးဟုန်ယီက မဟာသူတော်စင်နယ်ပယ်မှ အဓိပဓိနယ်ပယ်သို့ အကြောင်းမဲ့ ချိုးဖြတ်သွားနိုင်ခြင်းတော့ မဟုတ်ပေ။
မူလကတည်းက သူမတွင် လုံလောက်သော စွမ်းရည်မျိုး ရှိသည်။ ယခုကဲ့သို့ နတ်ဆိုးကောင်းကင်နက်နှင့် ပေါင်းစည်းပြီးနောက် သူမ၏ အလားအလာက လုံးဝ ပေါက်ကွဲထွက်ခဲ့ခြင်း ဖြစ်ချေသည်။
ထို့အပြင် ကျိန်စာစွမ်းအားများကို ချေမှုန်းလိုက်ခြင်းကြောင့် နယ်ပယ်က တဟုန်ထိုးတက်လာခဲ့ရသည်။
ထိုအချိန်တွင်...
စူးဟုန်ယီ၏ ဝမ်းဗိုက်မှ ခြောက်ထောင့်ကြယ်အမှတ်အသားက မှုန်ဝါးခြင်းမရှိတော့ဘဲ အပြည့်အဝ ပေါ်လာခဲ့သည်။
နောက်ဆုံးတွင် တောက်ပသော အလင်းတန်းတစ်ခုကဲ့သို့ ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်သွား၏။
ပျက်စီးခြင်းနယ်စပ်၏ ကောင်းကင်ယံတွင် အမှောင် ခြောက်ထောင့်ကြယ် အမှတ်အသားတစ်ခု ပေါ်လာတော့သည်။
"သူကလည်း ဖျက်ဆီးခြင်းဘုရင်ပဲလားဟ"
တိုင်းတပါးမှ ပါရမီရှင်များ အံ့ဩတကြီး ဖြစ်သွားကြသည်။
"နောက်ထပ် ဖျက်ဆီးခြင်းဘုရင်တစ်ပါး နိုးထလာပြီ"
အင်မော်တယ်နယ်မြေကြီးမှ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ၏ အမူအရာများလည်း လေးနက်သွား၏။
ပထမဆုံး၊ တိုင်းတပါး၏ ကစဉ့်ကလျားခန္ဓာက အဆုံးစွန်ကပ်ဘေးဒုက္ခအား ဖြတ်ကျော်နိုင်ပြီး သူတို့ကို အံ့အားသင့်စေခဲ့သည်။
ယခုတော့ နောက်ထပ် ဖျက်ဆီးခြင်းဘုရင်တစ်ပါး ပေါ်လာပြီ။
ထို့အပြင်၊ မဟာကာလီမှာ အတိတ်က အင်မော်တယ်နယ်မြေကြီးကို အိပ်မက်ဆိုးမက်စေပြီး၊ မဟာဧကရာဇ်ငါးပါးကို သုတ်သင်ပြီးမှ သေဆုံးခဲ့သူ ဖြစ်သည်။
အင်မော်တယ်နယ်မြေကြီးအနေဖြင့် ဤဖျက်ဆီးခြင်းဘုရင်နှစ်ပါးကို ဆက်လက်ရှင်သန်ခွင့် မပြုနိုင်တော့ပေ။
"သူ အဆင်သင့်ဖြစ်နေပြီမဟုတ်လား၊ လှုပ်ရှားဖို့ပြောလိုက်တော့"
"သူပဲလုပ်နိုင်လိမ့်မယ်။ ငါတို့မှာ ပျက်စီးခြင်းနယ်စပ်ကိုဖြတ်ပြီး သူတို့ကိုသတ်နိုင်စွမ်းမရှိဘူး။ နောက်ဆုံးတော့ တိုင်းတစ်ပါးမှာလည်း အင်အားကြီး ကျွမ်းကျင်သူတွေ ရှိကြတယ်"
ဧကရာဇ်တစ်ပိုင်း အကျော်အမော်များလည်း လေးနက်သော အမူအရာများဖြင့် ပြောလိုက်ကြသည်။
ထိုစဉ်...
သက်ပြင်းချသံနှင့်အတူ အိုမင်းသော အသံတစ်ခုက သူတို့၏နားထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
"ဒီအဘိုးကြီး လုပ်လိုက်ပါရစေ။ ဒါက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို အကျိုးပြုနိုင်မလားဆိုတာ ကြည့်ရအောင်"
ထိုစကားသံကို ကြားရပြီးနောက် ဧကရာဇ်တစ်ပိုင်း အကျော်အမော်များ စိတ်လှုပ်ရှားသွားကြ၏။
အကြောင်းမူကား၊ ထိုစကားသံမှာ မဟာဧကရာဇ်တစ်ပါးမှ ဆင်းသက်လာခြင်းကြောင့်ပင်တည်း။