အခန်း ၁၀၀၆
Vol. 68 Ch. 1006
အခန်း ( ၁၀၀၆ ) စစ်မှန်သောဧကရာဇ် လှုပ်ရှားခြင်း။
ပျက်စီးခြင်းနယ်စပ်၏ ဝေးကွာသောအရပ်မှ သွေးစတေးနယ်မြေတွင်ရှိသော ကျွင်းရှောင်ယောက်ကတော့ သ့ယဝအတိုင်း အင်မော်တယ်နယ်မြေကြီးမှ လှုပ်ရှားမှုများကို မသိပေ။
ဤအခိုက်အတန့်တွင် သူက ဖျက်ဆီးခြင်းဘုရင်ကံကြမ္မာ အပြည့်အဝ နိုးထလာသော စူးဟုန်ယီကိုကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်သည်။
ဤတစ်ခါတော့ အမှန်တကယ် သူ အမြတ်ကြီးကြီး ရခဲ့ပြီ။
ကစဉ့်ကလျားသွေးတစ်စက်ဖြင့် အကန့်အသတ်မဲ့ အလားအလာရှိသော ဖျက်ဆီးခြင်းဘုရင်ကို နောက်လိုက်အဖြစ် ရရှိနိုင်ခဲ့သည်။
ထို့အပြင် သူ့အမိန့်ကို အကြွင်းမဲ့ နာခံမှုရှိ၏။
ယင်းက တကယ်ကို အမြတ်အကြီးစား ဖြစ်တော့သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ မြင်နိုင်စွမ်းက မြင့်မားခြင်းကြောင့်သာ ဖြစ်သည်။
အခြားသူများဆိုပါက၊ နွံနစ်နေသော ဤပတ္တမြားလေးကို ဘယ်သောအခါမှ ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။
ဟုတ်သည်၊ စူးဟုန်ယီက သူ့အပေါ် သစ္စာစောင့်သိရလိမ့်မည်။
စူးဟုန်ယီသာ သူ့အပေါ်တွင် သစ္စာမဖောက်သရွေ့...
သူ့လူအဖြစ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရန် စိတ်ထဲမထားပေ။
"ကောင်းကင်နက်မျိုးနွယ်ရဲ့ လျှို့ဝှက်ချက်က ဘာလဲ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
အနက်ရောင် ကျောက်စာတိုင်ပေါ်ရှိ အချက်အလက်များကို အခြေခံ၍ အကြမ်းဖျင်း ခန့်မှန်းထားပြီးဖြစ်သော်လည်း လုံးလုံးလျားလျား ခန့်မှန်းရန် မဖြစ်နိုင်သည်မှာ အသိသာကြီးပင်။
စူးဟုန်ယီလည်း အနည်းငယ်မျှ လျှို့ဝှက်မထားဘဲ အသံပို့လွှတ်ကာ ပြောလိုက်သည်။
သူမ သိလိုက်ရသော အချက်အလက်အားလုံးကို မချွင်းမချန် ပြောပြလိုက်၏။
ကျွင်းရှောင်ယောက်လည်း ထိုအခါမှ နားလည်သွားသည်။
တကယ်လည်း အခြေအနေက သူမှန်းဆထားသည့်အတိုင်းပင်။
ကောင်းကင်နက်မျိုးနွယ်၏ စတေးခြင်းစွမ်းရည်က ကောင်းကင်ကိုပင် အံတုနေသည်။
ဤအချက်ကြောင့်ပင် ရန်သူများစွာကိုလည်း ပေါ်လာစေခဲ့သည်။
ရှေးကျသည့် အဆုံးစွန် ဧကရာဇ်မျိုးနွယ်စုများပင်လျှင် သူတို့ကို သတိထားကြရပေသည်။
ထို့ကြောင့် နောက်ဆုံးတွင် ကောင်းကင်နက်မျိုးနွယ်ကို လှည့်စားကာ ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။
ဤသို့ဖြင့် ရှေးသမိုင်းတွင် နစ်မြုပ်နေသော မျိုးနွယ်စုတစ်ခု ဖြစ်လာခဲ့လေသည်။
မဟာကာလီနတ်ဆိုးနတ်ဘုရားကတော့ ပြင်းထန်သော စွဲလမ်းမှုကြောင့် အဆုံးမရှိ လူပြန်ဝင်စားနိုင်ခဲ့သည်။
သို့ရာတွင်၊ ဤတစ်ကြိမ်မှာတော့ ကျွင်းရှောင်ယောက်က စူးဟုန်ယီကို လမ်းခုလတ်တွင် သေစေတော့မည် မဟုတ်ပါ။
သူမကို သူ၏ အစွမ်းထက်ဆုံး ညာလက်ရုံးတစ်ဆူ ဖြစ်စေလိုသည်။
"ဒါဆိုရင် ဒီကြေးမုံက..."
ကျွင်းရှောင်ယောက်က နက်မှောင်နေသော ရှေးဟောင်းကြေးမုံကို လှည့်ကြည့်လိုက်သည်။
"ဒါက ကမ္ဘာဖျက်ဆီးခြင်း တားမြစ်ရတနာ... မဟာကောင်းကင်နက်ကြေးမုံပါ၊ ကောင်းကင်နက်မျိုးနွယ်ရဲ့ အဖိုးတန်ဆုံး ရတနာတစ်ခုပဲ"
စူးဟုန်ယီက သူ့လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်သောအခါ၊ အနက်ရောင် ကောင်းကင်နက်ကြေးမုံက သူမလက်ထဲသို့ ပျံဝဲလာခဲ့သည်။
၎င်း၏ အရည်အသွေးနှင့် စွမ်းအားက ကျွင်းရှောင်ယောက်၏ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ထက် များစွာ အားမနည်းပေ။
'နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်က အရင်တုန်းက တုန်လှုပ်သွားတာ အံ့ဩစရာ မရှိတော့ပါဘူး။ သူတို့ရဲ့ မူလတွေက တူညီကြတယ်။ ဒါဆိုရင်... ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးစလုံးမှာ ကိုယ်ပိုင် ကမ္ဘာဖျက်ဆီးခြင်းရတနာတစ်ခုစီ ရှိကြလိမ့်မယ်'
'ငါ့ရဲ့ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်၊ စူးဟုန်ယီရဲ့ မဟာကောင်းကင်နက်ကြေးမုံအပြင် အခြား ဘုရင်တွေ မွေးဖွားလာရင်လည်း သူတို့အားလုံးမှာ ရှိသင့်တယ်'
ကျွင်းရှောင်ယောက်လည်း သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
ထိုအခိုက်တွင်၊ တစ်စုံတစ်ခုကို သူ ရုတ်တရက် သတိရမိသွား၏။
တုရှန်ဝမ်ဝမ်အနားမှ မြင်းထိန်းလေး။
အကယ်၍ သူသည်လည်း ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးအနက်မှ တစ်ဦးဖြစ်ခဲ့ပါက၊ သူ၏ ကမ္ဘာ့ဖျက်စီးခြင်း တားမြစ်ရတနာကို ရှာဖွေနေပေလိမ့်မည်။
ကျွင်းရှောင်ယောက်ဟာ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခုရှိနေသည်ဟု အမြဲခံစားခဲ့ရသည်။
ယခုတော့ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်ရတနာခြောက်မျိုး၏ နောက်ကွယ်တွင် ဆက်စပ်မှုအချို့ ရှိနေကြပုံပင်။
ဥပမာအားဖြင့်...
သော့ခြောက်ခုကဲ့သို့ပင်။
ဟုတ်သည်၊ ဤသည်က ကျွင်းရှောင်ယောက်၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်လေသည်။
"သခင်လေး၊ ဒီရတနာကို သခင်လေးယူလိုက်ပါ"
စူးဟုန်ယီက မဟာကောင်းကင်နက်ကြေးမုံကို လက်နှစ်ဖက်နှင့်ကိုင်ပြီး ကျွင်းရှောင်ယောက်အား လေးလေးစားစား ပေးလိုက်သည်။
ပုံမှန်အားဖြင့် ဤအရာမှာ သူမ၏ရတနာဖြစ်သော်လည်း မတုံ့ဆိုင်းဘဲ ကျွင်းရှောင်ယောက်ကို ပေးအပ်နေဆဲပင်။
"မလိုပါဘူး၊ မင်း သိမ်းထားလို့ရတယ်။ ငါ လိုအပ်မှ ယူမယ်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
ယင်းက အနာဂတ်တွင် သူ့အတွက် အသုံးဝင်နိုင်သော်လည်း၊ လက်ရှိတွင် စူးဟုန်ယီအား ပေးထားလိုက်ခြင်းက သူမအတွက် ပို၍ကောင်းလိမ့်မည်။
"ကျေးဇူးတင်ပါတယ် သခင်လေး"
စူးဟုန်ယီ၏ မျက်နှာပေါ်တွင် ချစ်စဖွယ် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ယင်းက သူ့အပေါ် ကျွင်းရှောင်ယောက်၏ ယုံကြည်မှုကို ဖော်ပြနေသည် မဟုတ်ပါလော။
နတ်ဆိုးကောင်းကင်နက်ကြောင့် စူးဟုန်ယီ၏ ခန္ဓာကိုယ်ရှိ ကျိန်စာစွမ်းအင်အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ ယခင်ကကဲ့သို့ အမာရွတ်များ လုံးဝ မရှိတော့ပေ။
ယခုဆိုလျှင် စူးဟုန်ယီ၏ အသားအရည်က နူးညံ့ပြီး သူမ၏ အပြုံးကလည်း ပို၍ ရွှန်းလဲ့စွာ တောက်ပနေပြီ ဖြစ်သည်။
ဟုတ်သည်၊ ဤသည်က ကျွင်းရှောင်ယောက်အတွက်သာ။
အခြားသူများအတွက်တော့ သူဟာ အေးစက်ပြီး ခံစားချက်မရှိသော အနီရောင်ဝတ် နတ်ဆိုးဘုရင်မအဖြစ် ရှိနေဆဲ ဖြစ်သည်။
"အင်း၊ ကိစ္စအားလုံးတော့ ပြီးပြီ။ ပျက်စီးခြင်းနယ်စပ် ခရီးစဉ်လည်း ပြီးဆုံးသင့်တယ်"
ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။
သူ့စိတ်ထဲတွင် အင်မော်တယ်နယ်မြေကြီးသို့ပြန်သွားပြီး ကျန်းစန်းယီနှင့်တွေ့ဆုံကာ ကျွင်းမိသားစုမှ ရင်းနှီးသူများနှင့် တွေ့ဆုံချင်စိတ် ဖြစ်ပေါ်နေ၏။
ကမ္ဘာကြီးကိုလည်း သက်သေပြချင်သေးသည်။
ကောင်းကင်နှင့် ကစားပွဲတွင် ကျွင်းရှောင်ယောက် အနိုင်ရရှိခဲ့သည်။
သို့ရာတွင်...
တိုင်းတပါးတွင် သူ့အတွက် လုပ်စရာများ မပြီးပြတ်သေးပါ။
ဝိညာဉ်ကျမ်း၊ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါး၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များ၊ ပိအန်းမျိုးနွယ်နှင့် သရဲမျက်နှာဖုံးနှင့် အမျိုးသမီးတို့ကြားမှ ပတ်သက်မှု...
ထို့ထက် အရေးအကြီးဆုံးမှာ...
သူ၏ဖခင် ကျွင်းဝူဟွေ့က ဘယ်မှာလဲ။
သူဘာများ ကြံစည်နေတာလဲ။
ထိုသို့သော အကြောင်းရာများကြောင့် ကျွင်းရှောင်ယောက်ဟာ လတ်တလောတွင် အင်မော်တယ်နယ်မြေကြီးသို့ မပြန်နိုင်သေးပေ။
"ဟုန်ယီ၊ သွားကြရအောင်"
ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးမှ လူများကို တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်သည်။
ယခုအချိန်မှာတော့ ကူတိကျစ်နှင့် အခြားသူများမှာ ခြေတစ်လှမ်းပင် မလှမ်းဝံ့တော့ပေ။
နတ်ဘုရား၏ စတေးခြင်း နည်းလမ်းက မင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်အားလုံးကို အမှန်တကယ် ကြောက်စိတ်ရိုက်သွင်းနိုင်ခဲ့သည်။
ကျွင်းရှောင်ယောက်ကလည်း အလျင်မလိုပေ။ အင်မော်တယ်နယ်မြေကြီးသို့ ပြန်ရောက်ခါမှ သူတို့ကို ချေမှုန်းနိုင်သည်။
ထိုအချိန်တွင်၊ သူ့အပေါ်သို့ ကျရောက်လာသော အကြည့်တစ်ခုကို ခံစားလိုက်ရသည်။
လင်ယွမ်။
'သူ တစ်ခုခုကို သတိပြုမိသွားတာများလား။ ဒါပေမဲ့လည်း မသိချင်ဟန်ဆောင်နေလိုက်တော့မယ်။ သူ့ဘာသာ အမြင်မှားတာလို့ပဲ ထင်မြင်သွားပါစေ'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
လင်ယွမ်တွင် သူနှင့်ပတ်သက်ပြီး ထူးဆန်းသော ခံစားချက်များ ရှိနေပုံရသည်ကို သူ ခံစားနိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က သွေးဆူလွယ်သူ မဟုတ်ပေ။
အင်မော်တယ်နယ်မြေကြီးကို ပြန်ရောက်ပြီးမှ ထိုအရာအားလုံးကို ဖြေရှင်း၍ရသည်။
ကျွင်းရှောင်ယောက်လည်း စူးဟုန်ယီနှင့်အတူ ထွက်သွားတော့မည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ခြေလှမ်းများ ရုတ်တရက် ရပ်သွားသည်။
သူ၏မသိစိတ်က ကြီးမားသော အန္တရာယ်တစ်ခုကို ခံစားလိုက်ရ၏။
ဤအန္တရာယ် ခံစားချက်က အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များထံမှ ဆင်းသက်လာခြင်း မဟုတ်ပါ။
အဆင့်တူပါရမီရှင်များကြားတွင် မည်သူမျှ သူ့ကို ထိုသို့သော အန္တရာယ်ခံစားချက်မျိုး မပေးနိုင်ပါ။
သို့ဆိုလျှင်၊ တစ်ခုတည်းသော ဖြစ်နိုင်ချေက...
ကျွင်းရှောင်ယောက်က အဝေးကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။
ယင်းက အင်မော်တယ်နယ်မြေကြီး၏ နယ်စပ်တံခါး ဖြစ်၏။
အင်မော်တယ်နယ်မြေကြီး၏ ကြယ်ကောင်းကင်တွင်...
ကြယ်ခုနစ်ပွင့် စုဝေးလျက် ရှိသည်။
ကြယ်ခုနစ်ပွင့်ကြားတွင်...
အဝတ်အစား ခပ်နွမ်းနွမ်းနှင့် ပိန်ပိန်ပါးပါး အသွင်အပြင်တစ်ခု ထွက်ပေါ်လာ၏။
"အိုး၊ ဒီကောင်လေး သတိပြုမိသွားတာလား။ တကယ်ကို သန်မာတဲ့ အာရုံခံစားနိုင်စွမ်း၊ အဆုံးစွန်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်ခဲ့သူက ပျော်လင့်ထားတဲ့အတိုင်းပါပဲ။ သူ့ရဲ့အနာဂတ်က တကယ်ကို အကန့်အသတ်မရှိဘူး"
"ဒါပေမဲ့... စိတ်မကောင်းစရာက မင်းဟာ ငါတို့ အင်မော်တယ်နယ်မြေကြီးရဲ့ ပါရမီရှင် မဟုတ်ခဲ့ဘူး။ ငယ်ရွယ်တုန်းမှာ မင်းကို ဖယ်ရှားပစ်မှ ရမယ်"
မှုန်ဝါးဝါးရုပ်သွင်က ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ့ပုံစံက ရိုးရှင်းသော်လည်း သူ့ပတ်ဝန်းကျင်တွင် ဧကရာဇ်တာအိုအလင်းများ တောက်ပနေ၏။
ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများကလည်း ကောင်းကင်ကို ရောင်ပြန်ဟပ်ပြီး တစ်ကမ္ဘာလုံးကို တောက်ပနေစေတော့သည်။
ကမ္ဘာကြီးတစ်ခုလုံး သူ၏ ခြေဖဝါးအောက်မှာ ရှိနေသကဲ့သို့ ဖြစ်သည်။
ယင်းက အင်မော်တယ်နယ်မြေကြီး၏ ဧကရာဇ်ကြီးပင်။
ရှေးပဋိညာဉ်ကြောင့်၊ အင်မော်တယ်နယ်မြေကြီးတွင် စစ်မှန်သောဧကရာဇ် အနည်းငယ်မျှသာ ရှိသည်ကို သိထားရလိမ့်မည်။
ယခုတော့ ဤပုံရိပ်က အမှန်တကယ် ဧကရာဇ်တစ်ပါး ဖြစ်နေသည်။
ထို့အပြင် သူက လေးအတတ်ဖြင့် ကျော်ကြားသော ဧကရာဇ်တစ်ပါး ဖြစ်၏။
တချိန်က သူဟာ နယ်စပ်တွင် လေးနှင့်မြှားကိုသုံးပြီး တိုင်းတပါး၏ အင်မော်တယ်တစ်ပိုင်းများကို သုတ်သင်၍ အင်မော်တယ်နယ်မြေကြီးအတွက် ကောင်းကျိုးများစွာ ဆောင်ခဲ့သည်။
သူ၏ မြှားဖြင့် ပစ်မှတ်ထားခံရသူတစ်ဦးမျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိခဲ့ဘူးပေ။
ဤအခိုက်တွင် အဘိုးအိုက သူ့လက်ကို မြှောက်လိုက်သည်။
သူ့ပတ်ဝန်းကျင်မှ ကြယ်ခုနစ်လုံးက တောက်ပသောအလင်းများ ဖြန့်ကျက်လာ၏။
ထို့နောက်တော့ လေကြိုးအသွင် ပြောင်းလာတော့သည်။
အဘိုးအိုလည်း လေးကြိုးကို ဖြည်းညှင်းစွာ ဆွဲလိုက်သည်။
ထိုအခိုက်တွင်...
ကြယ်စကြာဝဠာတစ်ခုလုံးရှိ မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင်အားလုံးက ပေါင်းစည်းသွား၏။
မရေမတွက်နိုင်သော ကမ္ပည်းများနှင့် နိယာမများလည်း ပေါ်လာတော့သည်။
သန်းရာနှင့်ချီသော နိယာမများက ဤအခိုက်တွင် ရောယှက်ကာ စုစည်းလာခဲ့သည်။
ဧကရာဇ်အရှိန်အဝါများက လေထဲတွင် ပြည့်နေခဲ့သည်။ ဧကရာဇ်အငွေ့အသက်များနှင့်အတူ နိယာမများက မြှားတစ်စင်းအဖြစ် စုစည်းလာ၏။
လေးအဖြစ် ကြယ်များကို အသုံးပြု၍...
မြှားအဖြစ် နိယာမများကို သုံးသည်။
"တွမ်"
မြှားကို ပစ်လွှတ်လိုက်၏။
မြှား၏အမြန်နှုန်းက အလင်း၏အမြန်နှုန်းကိုပင် ကျော်လွန်ကာ လေထုကို ထိုးဖောက်ဝင်ရောက်ဝင်သွားတော့သည်။
ဖော်မပြနိုင်အောင် ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုကလည်း နယ်စပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
ကြီးမြတ်သော သွေးစတေးခံနယ်မြေမှ ပါရမီရှင်များလည်း တုန်လှုပ်ချောက်ချားသွား၏။
ထိုစွမ်းအားက ကောင်းကင်တခွင်လုံးကို တုန်လှုပ်စေနိုင်သည်။
"မဟာဧကရာဇ်"
ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်ပြီး အင်မော်တယ်နယ်မြေကြီးဆီသို့ လှမ်းကြည့်လိုက်သည်။
အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ယင်းက နိယာမမြှားတစ်စင်းဖြစ်ပြီး ဟင်းလင်းပြင်အလွှာများစွာကိုဖြတ်ကျော်၍ ပျက်စီးခြင်းနယ်စပ်သို့ ရောက်လာခဲ့၏။
မြှားတစ်စင်းဖြင့် ပျက်စီးခြင်းနယ်စပ်တစ်ခုလုံး တုန်ခါသွားရသည်။
ဤသည်မှာ ဧကရာဇ်တစ်ပါး၏ တန်ခိုး ဖြစ်တော့သည်။