← Chapters

အခန်း ၁၀၀၈

Vol. 68 Ch. 1008

အခန်း ၁၀၀၈

Vol. 68 Ch. 1008

အခန်း ( ၁၀၀၈ ) ဧကရာဇ်ပိုင်သို့... မဆိုးဘူး။

ဤအရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းက လူတိုင်း၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်ခဲ့၏။

ကျွင်းရှောင်ယောက်လည်း သူ၏ ကာကွယ်ရေး နည်းလမ်းအားလုံးကို အသုံးပြုသည်။

သူက နတ်ဘုရားစွမ်းအင် ခုခံကာကွယ်ခြင်းကိုလည်း အစွမ်းကုန် ထုတ်ဖော်လိုက်၏။

နတ်လက်စွပ်ကွင်းနှစ်ဆယ် ထွက်ပေါ်လာပြီး ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်တော့သည်။

ထို့နောက် အနှိုင်းမဲ့နတ်ဘုရားသွေးက ဆူပွက်လာခဲ့သည်။ သူက စတုတ္ထမြောက် အန္တိမနည်းလမ်းကို အသုံးပြုလိုက်ရာ သူ့စွမ်းရည်များက အဖက်ဖက်မှ တိုးတက်လာပြန်တော့သည်။

ကြီးမားသော ကာကွယ်ရေးတစ်ခုဖြစ်သည့် မေယုကမ္ဘာငါးရာနှစ်ဆယ်လည်း ရှိသည်။

အတွင်းစကြာဝဠာမှ စကြဝဠာ၏မူလ စွမ်းအားကလည်း စီးဆင်းလာပြီး ကျွင်းရှောင်ယောက်၏ ရုပ်ခန္ဓာကို ကာကွယ်လိုက်၏။

အင်မော်တယ်နတ်ဘုရားကျင့်စဉ်ကလည်း လည်ပတ်နေပြီး ဒဏ်ရာရရှိပါက အစွမ်းကုန် ပြန်လည်ကောင်းမွန်စေရန် အသင့်ဖြစ်နေတော့သည်။

တခဏအတွင်းမှာပင်...

ကျွင်းရှောင်ယောက်က သူ၏ ကာကွယ်မှုနည်းလမ်းအားလုံးကို ပြင်ဆင်ထားပြီး ဖြစ်သည်။

သူ ဤသို့ပြုရခြင်းက အခြေအနေတစ်ခုကို တွေးမိခြင်းကြောင့်ပင်။

ဤအခြေအနေက သူ့အား နောက်ထပ် အခွင့်အလမ်းကြီးတစ်ခု ပေးနိုင်သည်။

ဟုတ်ပေသည်၊ ဤသည်အတွက် ကျွင်းရှောင်ယောက်ဟာ တန်ကြေးတစ်ခုကို ဦးစွာ ပေးဆပ်ရဦးမည်။

"ရွှပ်"

‌မြှားငယ်လေးက ကျွင်းရှောင်ယောက်ကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

အစွန်အဖျားမှ နတ်လက်စွပ်ကွင်း အလွှာနှစ်ဆယ်က အထူးအဆန်းမရှိဘဲ တိုက်ရိုက် ကျိုးပေါက်သွား၏။

ထို့နောက် မြှားက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို ဆက်လက် ထိုးဖောက်ဝင်ရောက်လာတော့သည်။

သူ့ခန္ဓာကိုယ်ရှိ မေယုကမ္ဘာပေါင်း ငါးရာနှစ်ဆယ်လည်း တန်ခိုးကြီးပြီး အကန့်အသတ်မရှိသော စွမ်းအားများကြောင့် တခဏချင်း ကွဲအက်သွားခဲ့ရသည်။

ထိုအချိန်တွင်...

အတွင်းစကြာဝဠာက တုန်ခါသွားပြီး စကြာဝဠာ၏ မူလစွမ်းအားများ တဟုန်ထိုး တက်လာခဲ့သည်။

သို့သော်လည်း မြှားချက်ကို တွန်းလှန်ရန်တော့ ခက်ခဲနေသေးသည်။

ဤနေရာတွင် စကြဝဠာ၏မူလ စွမ်းအားက အားနည်းခြင်းမဟုတ်ပါ။

ထိုအစား ဧကရာဇ်တစ်ပါး၏ စွမ်းအားက ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင်...

"ဖောက်"

ထိုမြှားက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။

ဤအခိုက်အတန့်မှာပင် အချိန်နှင့်ဟင်းလင်းပြင်သည်ပင် အေးခဲသွားပုံရကာ ကမ္ဘာကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

"သခင်လေး"

စူးဟုန်ယီ၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားခဲ့သည်။

အခြားလူများလည်း အံ့အားသင့်သွားကြ၏။

"ကစဉ့်ကလျားခန္ဓာ သေပြီလား"

"မဟုတ်ကဟုတ်က၊ မင်းက အခြား ဘာဖြစ်ဦးမယ်ထင်လို့လဲ"

"ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ဘာဖြစ်လို့ မပေါက်ကွဲသေးတာလဲ"

"ကစဉ့်ကလျားခန္ဓာက ကြံ့ခိုင်မှု မြင့်မားလွန်းလို့ဖြစ်မှာပေါ့"

အားလုံးက ကျွင်းရှောင်ယောက်ကို ဂရုတစိုက် စောင့်ကြည့်နေ၏။

လင်ယွမ်လည်း ဘာကြောင့်မှန်းမသိ၊ သူမ၏ရင်ထဲတွင် ရုတ်တရက် တင်းကြပ်လာတော့သည်။

လူအားလုံး၏ စောင့်ကြည့်မှုအောက်တွင်...

အေးခဲကာ တောင့်တင်းနေသော ကျွင်းရှောင်ယောက်၏ ရုပ်သွင်က အနည်းငယ် လှုပ်ရှားလာခဲ့သည်။

သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျလာ၏။

ထို့နောက် စကားလုံးတချို့ကို ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဧကရာဇ်ပိုင်သို့... မဆိုးဘူး"

ထိုစကားသံကြောင့် လူတိုင်း အံ့ဩသွားကြသည်။

"ဒါက ဧကရာဇ်ကို လှောင်ပြောင်နေတာလား"

"ဒီကစဉ့်ကလျားခန္ဓာက ဧကရာဇ်ကိုတောင် ရန်စဝံ့တယ်"

ပျက်စီးခြင်းနယ်စပ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ထိုစကားသံကို ကြားရသူတိုင်း မျက်လုံးမျက်ဆံပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူတို့အားလုံး ကြက်သီးများပင် တဖြန်းဖြန်း ထလာတော့သည်။

လူအပေါင်းတို့ ရိုသေလေးစားရသည့်၊ ဂုဏ်သိက္ခာကြီးမားသော ဧကရာဇ်မှာ...

ကျွင်းရှောင်ယောက်၏ ပါးစပ်ထဲမှာတော့ 'ဧကရာဇ်ပိုင်သို့... မဆိုးဘူး'ဟုသာ မှတ်ချက်ကျခဲ့သည်။

ထိုမျှ မာနကြီးသော စကားများကို ရူးသွပ်စွာ ပြောဝံ့သူမှာရှေးခေတ်ကတည်းက သူတစ်ဦးတည်းသာ ရှိလိမ့်မည်။

ထို့ထက် အရေးကြီးဆုံးကတော့...

ကျွင်းရှောင်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သည့်တိုင် အသက်မသေခဲ့ခြင်း ဖြစ်သည်။

"အဓိပဓိတစ်ပါးဖြစ်ပြီး ဧကရာဇ်တစ်ပါးရဲ့ တိုက်ခိုက်မှု‌အောက်မှာ အသက်ရှင်နိုင်ခဲ့တယ်။ သူ့မှာ ဒီလိုစကားမျိုးပြောဖို့ အရည်အချင်းပြည့်မီပါတယ်"

လူအများလည်း အံ့သြတကြီးဖြင့် အသက်ပြင်းပြင်းရှူကာပြောလိုက်ကြလေသည်။

ခေတ်အဆက်ဆက်တွင်၊ ဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကို မည်သည့် အဓိပဓိက တားဆီးနိုင်သနည်း။

စစ်နတ်ဘုရားနန်းတော်မှ အင်မော်တယ်ဘုရင်ကြောင့် ထိုမြှား၏စွမ်းအားက ကိုးဆယ့်ကိုးရာခိုင်နှုန်း အားပျော့သွားခဲ့သော်လည်း...

ကျန်သောစွမ်းအားများက အဓိပဓိအားလုံးကို အလွယ်တကူသတ်ရန် လုံလောက်သေးသည်။

သို့သော်လည်း အဆုံးတွင်၊ ကျွင်းရှောင်ယောက်က အသက်ရှင်ကျန်ရစ်နိုင်ခဲ့သည်။

ယင်းက တကယ်ကို တုန်လှုပ်စရာပင်။

"သခင်လေး၊ အဆင်ပြေရဲ့လား"

စူးဟုန်ယီလည်း ရှေ့သို့ ချက်ချင်းတိုးလာပြီး ကျွင်းရှောင်ယောက်ကို ထိန်းထားလိုက်သည်။ ကျွင်းရှောင်ယောက် တစ်ခုခုဖြစ်မည်ကို သူ စိုးရိမ်မိ၏။

ယခုအချိန်တွင်၊ သူမ ရှင်သန်ခြင်း၏ အဓိပ္ပါယ်အားလုံးက ကျွင်းရှောင်ယောက်အတွက် ဖြစ်နေပြီ။

ဤအခိုက်တွင် ကျွင်းရှောင်ယောက်၏ တကိုယ်လုံးက သွေးများ ‌စွန်းထင်းပေကျံနေခဲ့သည်။ ပြင်းထန်သော ဒဏ်ရာဒဏ်ချက်များလည်း ရှိနေ၏။

သာမန် အဓိပဓိသာ ဤမြှားချက် ထိမှန်ပါက၊ ထိုသူ၏ခန္ဓာကိုယ် ပေါက်ကွဲကာ အမှုန့်ဖြစ်သွားမည်မှာ သေချာသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှာက ကြောက်မက်ဖွယ် ဒဏ်ရာများ ရှိနေသည့်တိုင် ခန္ဓာကိုယ် မပေါက်ကွဲသွားပေ။

ယင်းကပင် အံ့ဖွယ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

သို့သော်လည်း သူ၏ ရုပ်ခန္ဓာအပြင်၊ ရှေးဦးဝိညာဉ်မှာပါ ပြင်းထန်သော တိုက်ခိုက်မှုအား ခံစားခဲ့ရပေသည်။

အကြောင်းမှာ၊ ဤမြှားချက်က ရုပ်ခန္ဓာအပြင် ရှေးဦးဝိညာဉ်ကိုပါ ဖျက်ဆီးနိုင်သောကြောင့် ဖြစ်သည်။

ကျွင်းရှောင်ယောက်ကဲ့သို့ သန်မာသူတစ်ယောက်ပင်လျှင် ဤမြှားချက်ကို ရင်ဆိုင်ရန်အတွက် တန်ကြေးကြီးကြီး ပေးခဲ့ရသေးသည်။

ယခုအချိန်တွင် ကျွင်းရှောင်ယောက် စကားပြောနိုင်သေးခြင်းကပင် အံ့ဩစရာကောင်းနေပြီ ဖြစ်သည်။

အင်မော်တယ်နယ်မြေကြီးဘက်မှ ကြယ်ကောင်းကင်တွင်ရပ်နေသော ဧကရာဇ်တစ်ပိုင်း အကျော်အမော်များလည်း မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။

"သူ မသေသေးဘူးလား"

"ငါတို့မှာ အခွင့်အရေး မရှိတော့ဘူး"

နယ်စပ်မှ ဧကရာဇ်တစ်ပိုင်း အကျော်အမော်များ သက်ပြင်းချလိုက်ကြသည်။

မဟာဧကရာဇ်တစ်ပါးက ကိုယ်တိုင်လှုပ်ရှားသည့်တိုင် ကစဉ့်ကလျားခန္ဓာကို မဖြေရှင်းနိုင်သေးပေ။

နက်ရှိုင်းသော ကြယ်ကောင်းကင်တွင်...

ဧကရာဇ်ပိုင်သို့လည်း ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"အဟွတ်... အဟွတ်၊ ငါလည်း အသက်ကြီးပါပြီ"

ဧကရာဇ်ပိုင်သို့က နောက်တစ်ကြိမ်တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။

အင်မော်တယ်နယ်မြေကြီးအတွက် သူ့ကိုယ်သူနှိမ့်ချပြီး အငယ်တစ်ဦးကို တစ်ကြိမ် တိုက်ခိုက်ပြီးပြီ ဖြစ်သည်။

ထပ်မံလှုပ်ရှားက၊ အမှန်တကယ် အရှက်ကင်းမဲ့သူအဖြစ်နှင့် ဧကရာဇ်မင်းဟူသော သူ၏ဂုဏ်သိက္ခာ လုံးဝ ဆုံးရှုံးသွားလိမ့်မည်။

ထို့အပြင်၊ ထပ်မံလှုပ်ရှားလျှင်ပင် အသုံးမဝင်တော့ပါ။

မိခင်နှင့်ရင်သွေးမြှားချက်က တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။

"ဒါပေမဲ့ နောက်ပိုင်းမှာ နယ်စပ်က မလှုပ်ရှားလောက်တော့ဘူး"

ဧကရာဇ်ပိုင်သို့က စိုးရိမ်ပူပန်မှု အရိပ်အမြွက်တို့ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဤတစ်ကြိမ်တွင်၊ အင်မော်တယ်နယ်မြေကြီးက စည်းမျဉ်းများကို ဦးစွာချိုးဖျက်ခဲ့သူပင်။

တိုင်းတစ်ပါးက ဤကိစ္စကို အလွတ်ပေးရန် သဘာဝအတိုင်း မဖြစ်နိုင်ပါ။

"ဟမ့်၊ ဧကရာဇ်ပိုင်သို့... အနာဂတ်မှာ မင်းနဲ့ တိုက်ခိုက်ရဖို့ ငါမျှော်လင့်နေတယ်"

ထိုအချိန်တွင်၊ စစ်နတ်ဘုရားနန်းတော်မှ အင်မော်တယ်ဘုရင်၏ အေးစက်စက် စကားသံက ကြယ်ကောင်းကင်ကို မိုးကြိုးထစ်ချုန်းသကဲ့သို့ တုန်ခါသွားစေခဲ့သည်။

အင်မော်တယ်နယ်မြေကြီးက စည်းမျဉ်းများကို ဦးစွာချိုးဖောက်သောကြောင့်၊ တိုင်းတပါး၏ မဟာပုဂ္ဂိုလ်ကြီးများကို မကျေမနပ် ဖြစ်စေခဲ့ကြောင်း သိသာထင်ရှားလှပေသည်။

ပျက်စီးခြင်းနယ်စပ်၏ သွေးစတေးခံနယ်မြေတွင်...

ပါရမီရှင်များစွာက ထိတ်လန့်တုန်လှုပ်နေကြဆဲ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုန်ယင်နေ၏။

'ဒီတစ်ခါတော့ တကယ်ကို အလောင်းအစားကြီးကြီး ပြုခဲ့ရတာပဲ'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

သူ့ငွေ့အသက်များက လေထဲမှ ဖယောင်းတိုင်မီးကဲ့သို့ အားနည်းသွားနေသည်ကို ခံစားမိ၏။

အမှန်တော့၊ ကျွင်းရှောင်ယောက်မှာ အသုံးမပြုရသေးသော ဝှက်ဖဲတစ်ချပ် ရှိနေဆဲ ဖြစ်သည်။

ယင်းက ကြယ်ဆယ်ပွင့်ဆုလာဘ်၊ နတ်ဘုရား၏ အနက်ရောင်သွေးပင်။

ထိုသွေးကို ပေါင်းစပ်လိုက်ပါက ကျွင်းရှောင်ယောက်ဟာ အမှောင်ထုအခြေအနေသို့ ဝင်ရောက်နိုင်သည်။

ထိုအခြေအနေတွင်၊ ဤတိုက်ခိုက်မှုကို ‌ချေဖျက်ခြင်းက သူ့အတွက် မခက်ခဲသင့်ပေ။

သို့သော်လည်း ယင်းက သူ့ရည်မှန်းချက်ကို ပြည့်ဝစေမည် မဟုတ်ပါ။

ထိုအတွက် သူ အပင်ပန်းခံရဦးမည် ဖြစ်သည်။

"သခင်လေး..."

စူးဟုန်ယီက စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသောမျက်နှာဖြင့် ခေါ်လိုက်သည်။

"ငါ့ကို စစ်နတ်ဘုရားနန်းတော်ဘုရားဆီ ပြန်ပို့ပေးပါ..."

ပြောပြီးသည်နှင့် အရှေ့ကို ကျွင်းရှောင်ယောက် ယိုင်ကျသွား၏။

စူးဟုန်ယီလည်း ကျွင်းရှောင်ယောက်ကို ချက်ချင်း ပွေ့ချီထားလိုက်လေသည်။

"သခင်လေး စိတ်ချပါ၊ ဟုန်ယီ နင့်ကို စစ်နတ်ဘုရားနန်းတော်ဆီ ရောက်အောင်ပြန်ခေါ်သွားပေးမယ်"

ထိုအချိန်တွင်၊ သွေးစတေးခံနယ်မြေ ပတ်ဝန်းကျင်၌ အဓိပတိ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

အင်မော်တယ်နယ်မြေကြီးမှ မျိုးစေ့အဆင့် ပါရမီရှင်များစွာ ပေါ်လာကြပြီ။

"အားလုံးပဲ၊ ကစဉ့်ကလျားခန္ဓာက ဧကရာဇ်တစ်ပါးရဲ့ တိုက်ခိုက်မှုကို ခံထားရတာ။ သူ မသေသေးရင်တောင် အခု ဒဏ်ရာအပြင်းအထန် ရနေလောက်ပြီ။ ဒါက ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ"

မျိုးစေ့အဆင့် ပါရမီရှင်များက အော်ဟစ်ပြီး ကျွင်းရှောင်ယောက်နှင့် စူးဟုန်ယီကို တိုက်ခိုက်လိုက်ကြသည်။

"ဟုတ်တယ်၊ ဒါက အခွင့်ကောင်းတစ်ခုပဲ"

အင်မော်တယ်နယ်မြေကြီးမှ အခြားပါရမီရှင်များလည်း လှုပ်ရှားလာကြ၏။

ကစဉ့်ကလျားခန္ဓာကို သတ်ခြင်းဖြင့် ကြီးကျယ်သော အောင်မြင်မှုများ ရရှိနိုင်သည်။

ယင်းက အင်မော်တယ်နယ်မြေကြီး၏သမိုင်းတွင် သူတို့၏အမည်ကို မှတ်တမ်းတင်နိုင်လိမ့်မည်။

ကူတိကျစ်ပင်လျှင် အနည်းငယ် သွေးဆောင်ခံခဲ့ရသည်။

"သခင်လေးကို အန္တရာယ်ပြုချင်တာလား။ သေချင်နေတာပဲ"

စူးဟုန်ယီမှာ နုနယ်လှပသော မိန်းမပျိုလေးအဖြစ်မှ အနီရောင်ဝတ်စုံဝတ် နတ်ဆိုးဘုရင်မကဲ့သို့ ခဏချင်း အသွင်ပြောင်းသွားသည်။

အဓိပဓိ အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး မန္ဒလာပန်းများကလည်း လေထဲတွင် ပြည့်နှက်သွား၏။

"စစ်နတ်ဘုရားကို ကာကွယ်ကြဟေ့"

တိုင်းတပါးမှ ပါရမီရှင်များလည်း သတိပြန်ဝင်လာပြီး ရှေ့သို့ ပြေးတက်သွား၏။

ခဏချင်းမှာပင် ကမ္ဘာနှစ်ဖက်မှ ပါရမီရှင်များကြားတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာပြန်တော့သည်။

All Chapters