← Chapters

အခန်း ၁၀၀၉

Vol. 68 Ch. 1009

အခန်း ၁၀၀၉

Vol. 68 Ch. 1009

အခန်း ( ၁၀၀၉ ) ပျက်စီးခြင်းနယ်စပ် အတွေ့အကြုံ ပြီးဆုံးပြီ။

တိုက်ခိုက်သံများနှင့် အော်ဟစ်ညည်းညူသံများက အတောမသတ်ပေ။

အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များမှာ မျက်လုံးများ နီရဲနေပြီး တိုင်းတပါး၏ ကစဉ့်ကလျားခန္ဓာကိုသတ်ရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။

တိုင်းတပါးမှ ပါရမီရှင်များကလည်း စစ်နတ်ဘုရားကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားကြ၏။

ကျွင်းရှောင်ယောက်က ယခုအခါ တိုင်းတပါးရှိ မျိုးဆက်သစ်လူငယ်များအတွက် စံပြနှင့် ယုံကြည်ချက်တစ်ခု ဖြစ်လာနေပြီဟု ဆိုနိုင်သည်။

တိုင်းတပါးအတွက် သူ၏ အရေးပါမှုက အထူးပြောနေရန်ပင် မလိုတော့ပေ။

"ငါတို့ ကစဉ့်ကလျားနခန္ဓာကို သတ်ရမယ်။ ဒါက သမိုင်းမှာ ငါတို့ရဲ့နာမည် ကမ္ပည်းတင်စေမဲ့ အောင်မြင်မှုကြီးတစ်ခုပဲ"

အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များက အော်ဟစ်လိုက်ကြသည်။

"အင်မော်တယ်နယ်မြေကြီးရဲ့ ပါရမီရှင်တွေကများ စစ်နတ်ဘုရားကို ဒုက္ခပေးချင်တယ်၊ မင်းတို့ သေချင်နေကြတာပဲ"

တိုင်းတပါးမှ ပါရမီရှင်များကလည်း အေးစက်စက်ဖြင့် ကြိမ်းမောင်းကြ၏။

ကြီးမြတ်သော သွေးစတေးခံနယ်မြေက ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကွင်းပြင်တစ်ခုအဖြစ်သို့ ခဏချင်း ပြောင်းလဲသွားတော့သည်။

အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် ပါရမီရှင်များစွာက အဓိပဓိနယ်ပယ် အရှိန်အဝါများ ထုတ်ဖော်ရင်း တိုင်းတပါးသား ပါရမီရှင်များကို တုန်လှုပ်သွားစေခဲ့သည်။

သူတို့က စူးဟုန်ယီနှင့် ကျွင်းရှောင်ယောက်ကို တိုက်ရိုက် တိုက်ခိုက်လိုက်၏။

"နင်တို့ သေချင်နေတာပဲ"

အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များ၏ ဝန်းရံတိုက်ခိုက်မှုကိုမြင်တော့...

စူးဟုန်ယီ၏ မျက်လုံးများမှ အနီရောင်အလင်းက ပို၍ စူးရှလာခဲ့သည်။ အနက်ရောင် ဆံနွယ်များက တဖျတ်ဖျတ်ခတ်ပြီး သွေးနီရောင် မျက်လုံးအစုံမှာလည်း မန္ဒလာပန်းပွင့်များ ပေါ်လာခဲ့၏။

သူမက မဟာကောင်းကင်နက်ကြေးမုံကို အသက်သွင်းလိုက်ရာ သွေးအလင်းတစ်ခု ထွက်ပေါ်လာတော့သည်။

ယင်းက နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်နှင့် အဆင့်ချင်းတူသော ကမ္ဘာဖျက်ဆီးခြင်း တားမြစ်ရတနာတစ်ခု ဖြစ်သည်။

ယခုတော့ စူးဟုန်ယီ၏ ထိန်းချုပ်မှုအောက်တွင် ယင်းက မှန်းဆမရနိုင်သော စွမ်းအားများ ထုတ်လွှတ်လာခဲ့ပြီ။

ထို့အပြင် စူးဟုန်ယီ၏ ကျင့်ကြံခြင်းအခြေခံက အဓိပဓိနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ နတ်ဆိုးကောင်းကင်နက်ကလည်း သူ့ခန္ဓာထဲတွင် ရှိနေသေး၏။

ယခုအခါ စူးဟုန်ယီက ယခင်ကထက် အဆပေါင်းများစွာ အားကောင်းနေပြီဟု ဆိုနိုင်သည်။

တိုင်းတပါးမှ မျိုးဆက်သစ်လူငယ်များကြားတွင်ပင် ထိပ်တန်းအဆင့်မှာ ရှိသေးသည်။

နောက်ဆုံးတွင်၊ သူက ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးထဲမှ တစ်ဦး ဖြစ်သည်။

ကျွင်းရှောင်ယောက်မှတပါး ကမ္ဘာနှစ်ဖက်မှ ဤပါရမီရှင်များကြားတွင် စူးဟုန်ယီကို ထိန်းချုပ်နိုင်သော မျိုးဆက်သစ်ပါရမီရှင်က များများမရှိဟု ဆိုနိုင်သည်။

"နတ်ဆိုး၏ စတေးခံယဇ်ပူဇော်ခြင်း"

စူးဟုန်ယီက သူမ၏ အဆုံးစွန်နည်းလမ်းကို အသက်သွင်းလိုက်သည်။

ယင်းက သူ့သွေးထဲတွင် မှတ်တမ်းတင်ထားသော သဘာဝစွမ်းရည်တစ်ခု ဖြစ်၏။

လေဟာပြင်ထဲတွင် မရေမတွက်နိုင်သော သွေးရောင် မန္ဒလာပန်းများ ထွက်ပေါ်လာတော့သည်။

ယင်းက လှပသော်လည်း ထူးခြားသော ဝမ်းနည်းစရာအငွေ့အသက်မျိုး ရှိသည်။

"ဒါ...ဒါက ဘယ်လို စွမ်းရည်မျိုးလဲ"

အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များ အလန့်တကြားဖြင့် ထအော်လိုက်သည်။

သူတို့ခန္ဓာကိုယ်မှ ခွန်အားအားလုံးကို မန္ဒလာပန်းက စုပ်ယူသွားပုံရကြောင်း ခံစားလိုက်ရ၏။

ယင်းက သွေးဖြင့် စတေးခံရခြင်းကဲ့သို့ပင်။

"ဖောင်း"

ထို့နောက်တွင် သူ့တကိုယ်လုံး ပေါက်ကွဲသွားသည်။

သို့ရာတွင်၊ အံ့ဩစရာကောင်းအောင် သွေးတစ်စက်မှ ထွက်မလာခဲ့ပေ။

ထိုအစား သွေးနီရောင်ပန်းပွင့်၏ သွေးအလင်းက ပို၍ သိပ်သည်းလာခဲ့သည်။

ထူးဆန်းသော ဤမြင်ကွင်းက လူအများကို တုန်လှုပ်ချောက်ချားစေခဲ့ပေသည်။

ယခင် ကျွင်းရှောင်ယောက်၏ ကြောက်စရာကောင်းသော နည်းလမ်းကိုပင် ပြန်လည် သတိရလိုက်မိကြသည်။

"သခင်လေးကို အန္တရာယ်ပြုဝံ့သူတိုင်း သေရမယ်"

စူးဟုန်ယီက ကျွင်းရှောင်ယောက်ကို လက်တစ်ဖက်ဖြင့် ပွေ့ထားရင်း အေးစက်စက်ဖြင့် ပြောလိုက်သည်။

ဤအခိုက်တွင်၊ သူမက သူချစ်ရသူအတွက် မီးပင်လယ်ကိုဖြတ်ရန် အသင့်ဖြစ်နေသော နတ်ဆိုးဘုရင်မကဲ့သို့ပင်။

သို့သော်လည်း သူဟာ နတ်ဆိုးကောင်းကင်နက်၏စွမ်းအားကို ရရှိကာစဖြစ်သောကြောင့် ယခုအချိန်တွင် စွမ်းအားအပြည့်အဝ မထုတ်နိုင်သေးကြောင်း ထင်ရှားသည်။

သို့တိုင်၊ ထိုစွမ်းအား၏ တစ်သောင်းပုံ တစ်ပုံဖြစ်လျှင်ပင် အလွန်ကြောက်စရာကောင်းနေသေးသည်။

နောက်ဆုံးတွင်၊ ဤသည်က မဟာကာလီ၏ အန္တိမပုံစံ ဖြစ်သည်။

ဤနည်းလမ်းဖြင့် မဟာကာလီက အင်မော်တယ်နယ်မြေကြီး၏ မဟာဧကရာဇ်ငါးပါးကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ချေသည်။

ယခုအချိန်တွင်၊ စူးဟုန်ယီက နတ်ဆိုးကောင်းကင်နက်၏ စွမ်းအားကို အနည်းငယ်မျှသာ သုံးနိုင်သေးသော်လည်း အရပ်ရပ်မှ ရန်သူများကို သုတ်သင်ရှင်းလင်းရန် လုံလောက်သည်။

အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး စူးဟုန်ယီ၏ရှေ့တွင် လဲကျသွားလေသည်။

အဓိပဓိနယ်ပယ် မျိုးစေ့အဆင့် ပါရမီရှင်များပင်လျှင် နတ်ဆိုးကောင်းကင်နက်နှင့် မဟာကောင်းကင်နက်ကြေးမုံဖြင့် စူးဟုန်ယီ၏ရှေ့တွင် အားနည်းနေသေးသည်။

စူးဟုန်ယီ၏ လက်ရှိအင်အားက အနည်းဆုံး တိုင်းတပါး၏ ဧကရာဇ်ငယ်ခုနစ်ပါးအဆင့်တွင် ရှိသည်။

ကောင်းကင်တွင် သွေးမိုးရွာနေခဲ့သည်။

မဟာကောင်းကင်နက်ကြေးမုံမှ သွေးအလင်းတစ်ခု ထွက်ပေါ်လာ၏။ အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်တစ်ဦး၏ ခန္ဓာကိုယ်ပေါက်ကွဲပြီး ရှေးဦးဝိညာဉ်ပင်လျှင် ဖျက်ဆီးခံလိုက်ရတော့သည်။

"ဟင်"

ဤမြင်ကွင်းကိုမြင်တော့ ကူတိကျစ်၏ အမူအရာက လေးနက်သွားသည်။

မူလက ဤသည်မှာ ကစဉ့်ကလျားခန္ဓာကိုသတ်ရန် အကောင်းဆုံးအခွင့်အရေး ဖြစ်၏။

သို့သော်လည်း စူးဟုန်ယီ ထုတ်ဖော်ပြသလာသော အင်အားက ကြောက်စရာကောင်းလွန်းသည်။

သူ့တွင် မဟာကောင်းကင်နက်ကြေးမုံရှိခြင်းကို ဘေးဖယ်ထားလျှင်ပင်...

နတ်ဆိုးကောင်းကင်နက် တစ်ခုတည်းက သူမကို မယုံကြည်နိုင်လောက်အောင် ဖြစ်စေပြီ ဖြစ်သည်။

တစ်ဖက်တွင်၊ လင်ယွမ်ကတော့ လုံးဝ မလှုပ်ရှားခဲ့ပေ။

အမှန်အတိုင်းပြောရလျှင်၊ ကစဉ့်ကလျားခန္ဓာကို ကျွင်းရှောင်ယောက် ဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းမိခဲ့သည်။

သို့သော်လည်း ထိုအတွေးက အနည်းငယ် ရယ်စရာကောင်းကြောင်း သူ သိ၏။

တစ်ဖက်တွင်...

နောက်ဆုံးမှာ စူးဟုန်ယီက လှုပ်ရှားလာသော အင်မော်တယ်နယ်မြေကြီးမှ မျိုးစေ့အဆင့် ပါရမီရှင်အားလုံးကို သတ်ခဲ့သည်။

ကျွင်းရှောင်ယောက်အပြင် ဤမှတ်တမ်းက အကောင်းဆုံး ဖြစ်ခဲ့၏။

သို့သော်လည်း စူးဟုန်ယီက ဂရုမစိုက်ပေ။ ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်ကို ကုသရန်အတွက် စစ်နတ်ဘုရားနန်းတော်သို့ ပြန်ခေါ်သွားရန်သာ စိတ်ကူးရှိသည်။

စူးဟုန်ယီ၏ ကာကွယ်မှုအောက်တွင် ကျွင်းရှောင်ယောက်လည်း ကြီးမြတ်သော သွေးစတေးခံနယ်မြေမှ ထွက်ခွာနိုင်ခဲ့သည်။

ကူတိကျစ်နှင့် အခြားသူများကလည်း မလှုပ်ရှားခဲ့ကြပေ။

သူတို့တွင် စူးဟုန်ယီကို တားဆီးနိုင်စွမ်းမရှိကြောင်း သိကြသည်။

နောက်တော့ တိုင်းတပါးမှ ကျွမ်းကျင်သူတစ်ဦးရောက်လာပြီး ကျွင်းရှောင်ယောက်ကို ပြန်ခေါ်သွား၏။

ဤတစ်ကြိမ် ပျက်စီးခြင်းနယ်စပ် အတွေ့အကြုံက ပြီးသွားပြီ။

သို့သော်လည်း ကိစ္စများက မပြီးပြတ်သေးပေ။

ထို့နောက်တွင် တိုင်းတပါး၏ အင်မော်တယ်ဘုရင်က ပျက်စီးခြင်းနယ်စပ်ကို ထပ်မံရောက်ရှိလာခဲ့သည်။

နယ်စပ်တစ်ခုလုံး တုန်လှုပ်နေပြီး အင်မော်တယ်အလင်းတစ်ခုက ကောင်းကင်ပေါ်တွင် လင်းလက်နေ၏။

အင်မော်တယ်နယ်မြေကြီးဘက်မှ ကျွမ်းကျင်သူတစ်စုလည်း ကျဆုံးသွားတော့သည်။

ဤသည်မှာ တိုင်းတစ်ပါးမှ လက်စားချေခြင်းဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။

နောက်ဆုံးတွင်၊ အင်မော်တယ်နယ်မြေကြီးက စည်းမျဉ်းများကို ဦးစွာချိုးဖျက်ခဲ့သည် မဟုတ်ပါလော။

ရက်အနည်းငယ်အကြာတွင်၊ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ဖြင့် စစ်နတ်ဘုရားနန်းတော်သို့ ပြန်ရောက်ခဲ့ကြသည်။

သို့ရာတွင်၊ စစ်နတ်ဘုရားနန်းတော်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက်...

ရိုးရှင်းသော မီးခိုးရောင်အဝတ်အစားများနှင့် ရင်သပ်ရှုမောဖွယ် အလှလေးတစ်ဦး ပေါ်လာခဲ့၏။

လော့ရှင်းလင် ဖြစ်သည်။

"သူ့ကို ငါနဲ့ ထားခဲ့လိုက်ပါ"

လော့ရှန်းလင်၏ လေသံက တည်ငြိမ်သော်လည်း ငြင်းဆန်‌၍မရနိုင်ပေ။

စူးဟုန်ယီလည်း ကျွင်းရှောင်ယောက်ကို လော့ရှန်းလင်လက်သို့ လွှဲပြောင်းပေးလိုက်သည်။

သွေးများစွန်းထင်းနေသော အဖြူရောင်အဝတ်အစားများဖြင့် ကျွင်းရှောင်ယောက်ကို ပွေ့ချီရင်း လော့ရှန်းလင်၏ နှလုံးသားမှာ တုန်လှုပ်သွား၏။

"သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရလာတာပဲ။ အမြန်ဆုံးကုသပေးဖို့ လိုတယ်"

လော့ရှန်းလင်လည်း စစ်နတ်ဘုရားနန်းတော်၏ နက်နဲရာသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။

တစ်ဖက်တွင်...

ဖေးချင်ရွယ်လည်း ကျွင်းရှောင်ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိလာကြောင်း သိရသောကြောင့် အလွန်စိုးရိမ်သွားသည်။

ရွယ်ယွဲ့မှာတော့ သူ့ဒဏ်ရာများကို ကုသနေဆဲဖြစ်သောကြောင့် ဤအကြောင်းများကို မသိသေးပေ။

တုရှန်ဝမ်ဝမ်နှင့် တုရှန်ချွန်းချွန်းသည်လည်း တုရှန်ဧကရာဇ်မျိုးနွယ်သို့ ပြန်သွားခဲ့ပြီးဖြစ်သည်။

ကျွင်းရှောင်ယောက် ပြန်ရောက်သည်နှင့်...

ပျက်စီးခြင်းနယ်စပ်မှ သတင်းများက တိုင်းတပါး နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ထိုအခါ ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။

"သူတစ်ယောက်တည်းနဲ့ အင်မော်တယ်နယ်မြေကြီးရဲ့ မျိုးစေ့အဆင့် ပါရမီရှင် တစ်ဒါဇင်ကျော်ကို ချက်ချင်း သတ်လိုက်တယ်လား။ ဒါက အရင်စစ်နတ်ဘုရားထက်တောင် သာနေပြီ"

"သူ့ရဲ့ နောက်လိုက်ကတောင် ဖျက်ဆီးခြင်းဘုရင်တစ်ပါးဟ"

"အင်မော်တယ်နယ်မြေကြီးရဲ့ဧကရာဇ် လှုပ်ရှားတာတောင် ကစဉ့်ကလျားခန္ဓာက တကယ်ကြီး မသေခဲ့ဘူး"

ကျွင်းရှောင်ယောက်၏ အောင်မြင်မှုများကို ကြားသိရပြီးနောက်...

တိုင်းတပါးမှ လူအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။

ဤသည်မှာ လူသားများ အောင်မြင်နိုင်သည့် မှတ်တမ်းတစ်ခုကော ဟုတ်ပါသေးရဲ့လား။

ဤမှတ်တမ်းမျိုးဖြင့် ကျွင်းရှောင်ယောက်ကို မကောင်းဆိုးရွား၊ ဘီလူးဟုပင် မခေါ်နိုင်တော့ပါ။

ယင်းကို အံ့ဖွယ်တစ်ခုဟုသာ ခေါ်နိုင်သည်။

"ကောင်းလိုက်တာ၊ ကစဉ့်ကလျားခန္ဓာရဲ့ ဦးဆောင်မှုအောက်မှာ ဖျက်ဆီးခြင်းဘုရင်တွေ ကြီးပြင်းလာရင်... ဒီခေတ်မှာ အင်မော်တယ်နယ်မြေကြီးကို အမှန်တကယ် ဖျက်ဆီးနိုင်လိမ့်မယ်"

စစ်နတ်ဘုရားနန်းတော်၏ တပည့်များမှာတော့ ပို၍ပင် စိတ်လှုပ်ရှားလာခဲ့ကြသည်။

ကျွင်းရှောင်ယောက်အပေါ် သူတို့၏ ယုံကြည်ကိုးစားမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ။

ကျွင်းရှောင်ယောက်က သူတို့အားလုံး၏ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်မှာ သံသယဖြစ်စရာ မလိုတော့ပေ။

"ကစဉ့်ကလျားခန္ဓာ သူ့ဒဏ်ရာတွေကနေ ဘယ်တော့မှ ပြန်ကောင်းလာမလဲ မသိဘူး"

"အင်း၊ အင်မော်တယ်နယ်မြေကြီးရဲ့ အဲဒီအမှိုက်ဧကရာဇ်က တကယ်ကြီး လှုပ်ရှားဝံ့တယ်"

တိုင်းတပါး သတ္တဝါများလည်း ကျွင်းရှောင်ယောက်၏ အခြေအနေကို စိုးရိမ်ပူပန်နေခဲ့သည်။

စစ်နတ်ဘုရားနန်းတော်တွင်...

ကျွင်းရှောင်ယောက်က နဂါးစွမ်းအင်များ ပြည့်နေသော ရတနာနယ်မြေတွင် လဲလျောင်းနေသည်။

ဤသည်ကား နဂါးသွေးကြော၏ အရင်းအမြစ်ပင်။

ယခုအချိန်တွင်၊ ဤနေရာမှာ ပုံရိပ်များစွာတို့ ရှိနေကြသည်။

သူတို့ထံမှ အားကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်နေ၏။

သူတို့အားလုံးက စစ်နတ်ဘုရားနန်းတော်၏ အင်မော်တယ်တစ်ပိုင်း အကျော်အမော်များ ဖြစ်တော့သည်။

ထိုအထဲတွင် လော့ရှန်းလင်လည်း ပါဝင်သည်။

"ငါတို့ သူ့ကို ကယ်တင်ချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်"

"အဲဒါက နဂါးသွေးကြောကို ထုတ်ယူပြီး သူ့ခန္ဓာကိုယ်ထဲ ပေါင်းထည့်လိုက်တာပဲ"

လော့ရှန်းလင်က ခိုင်မာပြတ်သားသော လေသံဖြင့် ပြောလိုက်လေသည်။

All Chapters