အခန်း ၁၀၁၀
Vol. 68 Ch. 1010
အခန်း ( ၁၀၁၀ ) ဘုရင်ဖုဖုန်း အတိုက်အခံပြုခြင်း။
"ဘယ်လို၊ ဒါက..."
လော့ရှန်းလင်၏ စကားကိုကြားတော့ စစ်နတ်ဘုရားနန်းတော်မှ အင်မော်တယ်တစ်ပိုင်း အကျော်အမော်တချို့ အနည်းငယ် တုံ့ဆိုင်းသွားကြသည်။
ယင်းက အသေးအဖွဲကိစ္စ မဟုတ်ပေ။
စစ်နတ်ဘုရားနန်းတော် တစ်ခုလုံးက ဤနဂါးသွေးကြောပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
စစ်နတ်ဘုရားနန်းတော်ကို အထပ်မြင့် အဆောက်အဦကြီးတစ်ခုဟု ဆိုလျှင်...
နဂါးသွေးကြောမှာ အခြေခံအုတ်မြစ် ဖြစ်၏။
စစ်နတ်ဘုရားနန်းတော်က မရေမတွက်နိုင်သော ပါရမီရှင်များကို လေ့ကျင့်ပေးနိုင်ခြင်းမှာ ဤနဂါးသွေးကြောကြောင့် ဖြစ်သည်။
သို့သော်လည်း နဂါးသွေးကြောကို ကျွင်းရှောင်ယောက်ထံ ပေးလိုက်ပါက...
ယင်းက လူတစ်ဦးတည်းအတွက် မရေမတွက်နိုင်သော ပါရမီရှင်များ၏ အခွင့်အလမ်းများကို ပေးအပ်လိုက်ခြင်းနှင့် ညီမျှလိမ့်မည်။
နဂါးသွေးကြော ဆုံးရှုံးသွားသောကြောင့် စစ်နတ်ဘုရားနန်းတော်မှာ ချက်ချင်း အားနည်းသွားမည်တော့ မဟုတ်ပါ။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မြင့်မြတ်နယ်မြေဟူသော အကျိုးသက်ရောက်မှုမှာ ထက်ဝက်ကျော်ပင် အားနည်းသွားနိုင်သည်။
နောက်ဆုံးတွင်၊ ဤနဂါးသွေးကြောက မတူညီသော နယ်မြေများမှ ကံကောင်းခြင်းများကို စုဆောင်းမှုဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အလွန်တန်ဖိုးကြီးမားကာ ရှားပါးပေသည်။
"ဒီကိစ္စက ပေါ့ပေါ့တန်တန် ကိစ္စမဟုတ်တာကြောင့် ရေရှည်ကို စဉ်းစားရမယ်"
အင်မော်တယ်တစ်ပိုင်း အကျော်အမော်တစ်ဦးက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
"ဘာအတွက်နဲ့ တုံ့ဆိုင်းနေရဦးမှာလဲ၊ ငါတို့ကမ္ဘာအတွက် သူက ဘယ်လိုတည်ရှိမှုဖြစ်တယ်ဆိုတာ မသိကြဘူးလား"
"သူကိုယ်တိုင်က ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးထဲက တစ်ပါးဖြစ်တဲ့အပြင် သူ့နောက်လိုက်ကလည်း ဖျက်ဆီးခြင်းဘုရင် တစ်ပါးပဲ။ သူသာ ကြီးပြင်းလာရင် ငါတို့ကမ္ဘာရဲ့ မဏ္ဍိုင်ဖြစ်လာမှာ သေချာတယ်"
"နောက်ပြီးတော့ သူဟာ ပထမမျိုးဆက် စစ်နတ်ဘုရားရဲ့ အမွေဆက်ခံသူပဲ။ စစ်နတ်ဘုရားနန်းတော် တစ်ခုလုံးက ပထမမျိုးဆက်စစ်နတ်ဘုရား တည်ထောင်ထားခဲ့တာ"
"သူ့ကို ကာ်တင်ဖို့အတွက် နဂါးသွေးကြောကို အသုံးပြုတာက ကျိုးကြောင်းဆီလျော်မှုရှိပါတယ်"
လော့ရှန်းလင်က ရှင်းပြလိုက်သည်။
ထိုစကားများကိုကြားတော့ အခြား အင်မော်တယ်တစ်ပိုင်း အကျော်အမော်များလည်း ခဏချင်း ဘာမျှမပြောနိုင်တော့ပေ။
"နောက်ပြီးတော့ သူက ပထမမျိုးဆက် စစ်နတ်ဘုရားကို ကျော်လွန်နိုင်မယ်လို့ ငါ ယုံကြည်တယ်"
လော့ရှန်းလင်က ဆက်ပြောလိုက်၏။
အင်မော်တယ်တစ်ပိုင်း အကျော်အမော်များလည်း နှုတ်ဆိတ်နေခဲ့သည်။
ဤစကားကိုသာ ယခင်အချိန်များတွင် ကြားရပါက အနည်းငယ် မယုံကြည်သလို ထင်ကောင်းထင်နိုင်သည်။
သို့သော်လည်း ယခု ပျက်စီးခြင်းနယ်စပ်မှ အဖြစ်အပျက်များ ပြီးနောက်...
ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုကို ထူးချွန်သည်ဟုပင် မဖော်ပြနိုင်တော့ပေ။
ယင်းက တကယ်ကို အံ့ဖွယ်ဖြစ်တည်မှု ဖြစ်သည်။
နောက်ဆုံးတွင် မဟာဧကရာဇ်၏လက်မှ မည်သည့် အဓဓိပဓိများ ရှင်သန်နိုင်မည်နည်း။
မဟာဧကရာဇ်နယ်ပယ်သို့ ချိုးဖြတ်သွားခြင်းကို မဆိုသေး။
ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိသွားလျှင်ပင်၊ စစ်မှန်သော မဟာဧကရာဇ်များပါ ကျွင်းရှောင်ယောက်ကို သတ်နိုင်တော့မည် မဟုတ်ပါ။
ထိုသို့တွေးမိသောအခါ အင်မော်တယ်တစ်ပိုင်း အကျော်အမော် အတော်များများလည်း အနည်းငယ် စိတ်ယိုင်လာခဲ့ကြသည်။
ထိုအချိန်တွင် လျစ်လျူရှုထားသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ငါ သဘောမတူဘူး"
ယင်းက မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် မိုးပြာရောင် တောင်ပံတစ်စုံရှိသော လူတစ်ယောက် ဖြစ်၏။
သူက ဘုရင်ဖုဖုန်း။
"ဖုဖုန်း"
လော့ရှန်းလင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ပျက်စီးခြင်းနယ်စပ်နှင့် ပတ်သက်သည့် သတင်းအားလုံးကို လော့ရှန်းလင်သည်လည်း သိသည်။
ပိအန်းမင်းသား၊ သွေးနတ်ဆိုးဧကရာဇ်သားတော်နှင့် အခြားသူများက ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ရန် ကြံစည်နေကြောင်းလည်း သူမ သိ၏။
ထို့အပြင် သူတို့၏နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေသေးသည်။
ထိုစဉ်ကတည်းက လော့ရှန်းလင်ဟာ ဘုရင်ဖုဖုန်း ဟုတ် မဟုတ် သံသယဖြစ်နေခဲ့သည်။
သို့သော်လည်း သက်သေမရှိသောကြောင့် လော့ရှန်းလင်မှာ ဘာမျှ မပြောနိုင်ခဲ့ပေ။
ဘုရင်ဖုဖုန်းက လော့ရှန်းလင်ကို တစ်ချက်ကြည့်လိုက်သည်။
လော့ရှန်းလင်မှာ ကျွင်းရှောင်ယောက်အတွက် မည်မျှစိတ်ပူနေကြောင်း သူ့နှလုံးသားများ အေးစက်သွား၏။
'ဒီကောင်လေးက တကယ်ကံကောင်းတာပဲ။ ပိအန်းမင်းသားတို့လို အမှိုက်တွေမပြောနဲ့၊ ဧကရာဇ်တောင်မှ သူ့ကို မသတ်နိုင်ဘူး'
ဘုရင်ဖုဖုန်းက သူ့စိတ်ထဲမှ အေးစက်စက်ဖြင့် ပြောလိုက်သည်။
သို့သော်လည်း၊ အပေါ်ယံမှာတော့ တည်ငြိမ်နေပြီး လော့ရှန်းလင်ကို အနည်းငယ် ပြုံးပြလိုက်လေသည်။
"လော့ဝမ်၊ မင်းက ပါရမီရှင်တွေကို သဘောကျတာ ငါနားလည်ပါတယ်... ဒါပေမဲ့ နဂါးသွေးကြောက အရမ်း အရေးကြီးတယ်။ ဒါကို အလေးအနက်ထား မစဉ်းစားသင့်ဘူးလား"
လော့ရှန်းလင်က မျက်နှာထား ခပ်တည်တည်ဖြင့်ပင် ပြောလိုက်သည်။
"လက်ရှိ အခြေအနေက ရေရှည်စီမံကိန်းအတွက် သင့်တော်တယ်လို့ နင်ထင်လား"
တစ်ဖက်လူ၏ စိတ်ကူးကို မည်သို့ မသိဘဲနေမည်နည်း။
မင်းဘာလို့မသိတာလဲ။
ကိုယ်ရေးကိုယ်တာ ပြဿနာများဖြင့် ဘုရင်ဖုဖုန်းဟာ ကျွင်းရှောင်ယောက်ကို မလိုမုန်းထား မုန်းတီးခဲ့သည်။
ကျွင်းရှောင်ယောက်ကို သေစေလိုသူတစ်ဦး ဖြစ်၏။
သို့ဖြစ်ပေရာ၊ နဂါးသွေးကြောဖြင့် ကျွင်းရှောင်ယောက်ကို ကုသမည့်ကိစ္စအား မည်သို့ သဘောတူနိုင်မည်နည်း။
စကားသံများ ခဏကြာ တိတ်ဆိတ်သွားခဲ့သည်။
လော့ရှန်းလင်လည်း ဖြူဖပ်ဖြူရော်မျက်နှာဖြင့် မျက်လုံးကိုမှိတ်ပြီး ကျောက်စိမ်းကုတင်ပေါ်တွင် လဲလျောင်းနေသော ကျွင်းရှောင်ယောက်ကို ကြည့်လိုက်၏။
သူမ၏ လှပသော မျက်လုံးများမှာတော့ စိုးရိမ်ပူပန်မှုများ ပြည့်နေတော့သည်။
ဤမြင်ကွင်းကို မြင်တော့ ဘုရင်ဖုဖုန်း၏ ရင်ထဲတွင် မကျေမနပ် ဖြစ်သည်။
လော့ရှန်းလင်မှာ သူနှင့် မည်သို့မျှ မပတ်သက်သော်လည်း...
ဤအခိုက်တွင် သူ့ဦးခေါင်းတစ်ခုလုံး စိမ်းလန်းသွားသလို ခံစားလိုက်ရလေသည်။
အခြေအနေက လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင်...
ရှေးကျပြီး တည်ငြိမ်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သူ့ကို ကုသဖို့ နဂါးသွေးကြောကို အသုံးပြုလိုက်ပါ"
ထိုစကားသံကိုကြားတော့ အင်မော်တယ်တစ်ပိုင်း အကျော်အမော်အားလုံး အံ့ဩသွားကြသည်။
စကားပြောလာသူမှာ၊ ပျက်စီးခြင်းနယ်စပ်တွင် ဧကရာဇ်ပိုင်သို့၏ မြှားချက်ကို တားဆီးရန် လှုပ်ရှားခဲ့သော စစ်နတ်ဘုရားနန်းတော်၏ အင်မော်တယ်ဘုရင်သည်ပင်။
ရှန်းအောင်ဘုရင်။
ထိုပုဂ္ဂိုလ်မှာ အလွန်ရှည်လျားသော သက်တမ်းနှင့် အလွန်မြင့်မားသော လုပ်ရည်ကိုင်ရည်ရှိသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။
သူဟာ ကမ္ဘာလောက၏ အတက်အကျ လှိုင်းမျိုးစုံကိုကြည့်ရင်း ခေတ်ပေါင်းများစွာ နေထိုင်လာခဲ့သည်ဟု ကောလဟာလများပင် ထွက်ပေါ်နေ၏။
ဘုရင်ဖုဖုန်းနှင့် အခြား အင်မော်တယ်တစ်ပိုင်း အကျော်အမော်များက ရှန်းအောင်ဘုရင်၏ ရှေ့တွင် ညီငယ်လေးများဟုသာ ဆိုနိုင်သည်။
မဟုတ်သေး၊ ညီငယ်လေးများပင် မဟုတ်ပါ။
သူတို့အားလုံးကို သူ့မြေး၏ မြေး မြေး မြေးများ ဖြစ်ကြသည်ဟုပင် ဆိုရမည်။
ရှန်းအောင်ဘုရင်မှာ စစ်နတ်ဘုရားနန်းတော်ကို ကာလများစွာကြာအောင် ကာကွယ်ပေးခဲ့သူလည်း ဖြစ်သည်။
ဤအရည်အချင်း၊ ဤကောင်းကျိုးဆောင်ခြင်းများကြောင့် ရှန်းအောင်ဘုရင်မှာ စစ်နတ်ဘုရားနန်းတော်တွင် မည်သူမျှ မယှဉ်သာသော အဆင့်အတန်းတစ်ခု ရှိနေခဲ့ပေသည်။
စစ်နတ်ဘုရားနန်းတော်၏ အခြား ရှေးအကျော်အမော်များပင်လျှင် ရှန်းအောင်ဘုရင်ကို အလွန်လေးစားကြရသည်။
"အကြီးအကဲ ရှန်းအောင်ဘုရင်... ဒီဆုံးဖြတ်ချက်က မလောဘူးလား။ နဂါးသွေးကြောက အရမ်း အရေးကြီးတယ်"
ဘုရင်ဖုဖုန်းက အံကြိတ်ပြီး ပြောလိုက်၏။
သူက အင်မော်တယ်တစ်ပိုင်း အကျော်အမော်ဖြစ်သော်လည်း ရှန်းအောင်ဘုရင်ကို အကြီးအကဲဟု ခေါ်နေရသေးသည်။
ဘုရင်ဖုဖုန်းသာ စစ်မှန်သော ဧကရာဇ်နယ်ပယ်ကို မထိုးဖောက်နိုင်ပါက...
ရှန်းအောင်ဘုရင်ထက် အမြဲတမ်း နိမ့်ကျနေလိမ့်မည်။
"ထပ်ပြောစရာမလိုတော့ဘူး၊ သူက ငါတို့ကမ္ဘာအတွက် အရမ်းအရေးကြီးတယ်"
ရှန်းအောင်ဘုရင်၏ လေသံက ငြင်းဆန်စရာမရှိတော့ပေ။
"ရှန်းအောင်ဘုရင်က အမြှော်အမြင်ကြီးလွန်းပါပေတယ်"
လော့ရှန်းလင်က ဝမ်းသာအားရဖြင့် ချက်ချင်း ပြောလိုက်သည်။
သူမတွင် အထူးအဆင့်အတန်းတစ်ခုရှိပြီး၊ စစ်နတ်ဘုရားနန်းတော်တွင် ရှန်းအောင်ဘုရင်ကို အကြီးအကဲဟု ခေါ်ရန်မလိုသော တစ်ဦးတည်းသောသူပင်။
"ဒီလိုဆိုမှတော့ အကြီးအကဲ ရှန်းအောင်ဘုရင် ပြောတဲ့အတိုင်း လုပ်လိုက်ကြအောင်ပါ"
အခြား အင်မော်တယ်တစ်ပိုင်း အကျော်အမော်များလည်း ပြောလိုက်ကြသည်။
ရှန်းအောင်ဘုရင်က သဘောတူလိုက်ပြီမို့ သူတို့လည်း သဘာဝအတိုင်း လိုက်လျှောက်ရုံသာ ရှိတော့မည်။
ဆုံးဖြတ်ချက်ချပြီးနောက် လျင်မြန်စွာပင် လုပ်ဆောင်ခဲ့ကြသည်။
အင်မော်တယ်တစ်ပိုင်း အကျော်အမော်များက အတူတကွ လုပ်ဆောင်ကြပြီး နဂါးသွေးကြောများကို ထုတ်ယူကာ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တွင် ပေါင်းထည့်ရန် စတင်တင်ခဲ့၏။
သူတို့က ကျွင်းရှောင်ယောက်အတွက် လေ့ကျင့်ပေးရင်း ဒဏ်ရာများကို ကုသပေးရန် လုပ်ဆောင်နေခြင်း ဖြစ်တော့သည်။
ဘုရင်ဖုဖုန်းလည်း ထိုမြင်ကွင်းများကြောင့် အေးစက်စက်မျက်နှာဖြင့် ထွက်သွားသည်။
ခုနစ်ရက်အကြာတွင် အစီရင်ဖွဲ့စည်းခြင်း ပြီးမြောက်ခဲ့သည်။ ကျွင်းရှောင်ယောက်က အစီရင်ဗဟိုတွင် ဖြစ်၏။
အင်မော်တယ်တစ်ပိုင်း အကျော်အမော်များလည်း နဂါးသွေးကြောများကို ဆွဲထုတ်လိုက်တော့သည်။
ရုတ်တရက်၊ စစ်နတ်ဘုရားနန်းတော် မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
မြေပြင်က အက်ကွဲပြီး ဝိညာဉ်စွမ်းအင်များ ဆူပွက်လာ၏။
"ဘာတွေဖြစ်နေတာလဲ"
"ဘာဖြစ်တာလဲဟ၊ မိုးနဲ့မြေကြားက ဝိညာဉ်စွမ်းအင်တွေ အရှိန်အဟုန်နဲ့ လျော့ကျသွားသလို ငါ ခံစားရတယ်"
စစ်နတ်ဘုရားနန်းတော်၏ နေရာအနှံ့မှ အံ့ဩတကြီး အော်ဟစ်ပြောဆိုသံများ ထွက်ပေါ်လာတော့သည်။
စစ်နတ်ဘုရားနန်းတော်မှာ နဂါးသွေးကြောပေါ်တွင် တည်ရှိခြင်း ဖြစ်သည်။
တိုင်းတစ်ပါး၏ စည်းစိမ်ဥစ္စာများ စုဝေးရာနေရာ၊ အတုမရှိသော မြင့်မြတ်နယ်မြေတစ်ခု ဖြစ်၏။
စစ်နတ်ဘုရားနန်းတော်မှ သူရဲကောင်းများစွာလည်း မွေးထုတ်ပေးခဲ့သေးသည်။
ဤနေရာတွင် နဂါးသွေးကြောက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။
နဂါးသွေးကြောက ထိုပါရမီရှင်များကို လေ့ကျင့်ရန် လုံလောက်သော ဝိညာဉ်စွမ်းအင်များစွာကို ပေးစွမ်းခဲ့ပေသည်။
ယခုတော့ နဂါးသွေးကြောကို ထုတ်ယူလိုက်သောကြောင့် မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင်များ အဆများစွာ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။
ထိုစွမ်းအင်များကို ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တွင် ပြန်လည်ဖြည့်သွင်းပေးလိမ့်မည်။
ဤမျှ ကြီးကျယ်ခမ်းနားသော စွမ်းအင်များကို အခြားပါရမီရှင်များ လက်ခံနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကစဉ့်ကလျားခန္ဓာကတော့ ပြဿနာမဖြစ်နိုင်ဘဲ ဝါးမျိုနိုင်သည်။
နောက်ဆုံးတွင်၊ ယင်းက တာအိုခန္ဓာ သုံးထောင်အနက် ထိပ်တန်းတာအိုခန္ဓာများထဲမှ တစ်ခု ဖြစ်၏။
ဤစွမ်းရည်ပင် မရှိပါက ကစဉ့်ကလျားခန္ဓာဟူ၍ နာမည်ဂုဏ်သတင်း ထင်ရှားမည် မဟုတ်ပေ။
"ဂါး"
စစ်နတ်ဘုရားနန်းတော်၏ ကောင်းကင်ထက်တွင် ကျယ်လောင်သော နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့သည်။
ရွှေရောင်နဂါးသွေးကြောတစ်ခု ဆွဲထုတ်ခံရပြီး လေထဲတွင် ပေါ်လာ၏။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် နဂါးသွေးကြောတွင် သဘာဝအတိုင်း ဝိညာဉ်မွေးဖွားလာခဲ့ပြီ ဖြစ်သည်။
သို့ဖြစ်ပေရာ၊ သဘာဝအားဖြင့် တစ်စုံတစ်ယောက်၏ သန့်စင်ခြင်းကို မခံလိုပေ။
"ရှောင်ယောက်ကို ကယ်တင်ဖို့က နင့်ရဲ့ ကံကြမ္မာပဲ"
လော့ရှန်းလင်က အစီရင်မျက်လုံးကိုထိန်းချုပ်ပြီး အခြား အင်မော်တယ်တစ်ပိုင်း အကျော်အမော်များနှင့်အတူ နဂါးသွေးကြောကို ဖိနှိပ်လိုက်သည်။ ထို့နောက် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်ရန် ကြိုးစားလိုက်၏။
"ဂါး"
ရွှေရောင်နဂါး၏ ဟိန်းဟောက်သံနှင့်အတူ အမျိုးမျိုးသော နိယာမများ ထွက်ပေါ်လာတော့သည်။
နဂါးသွေးကြောတစ်ခုအနေဖြင့် ၎င်း၏အစွမ်းသတ္တိမှာလည်း အကန့်အသတ် မရှိပေ။
သို့သော်လည်း ဤနေရာတွင် အင်မော်တယ်တစ်ပိုင်း အကျော်အမော်များစွာ ရှိနေသည်။ ထို့အပြင် သူ့ကိုဖိနှိပ်ရန် အစီရင်တစ်ခုကိုလည်း ကြိုတင်တည်ဆောက်ထား၏။
နဂါးသွေးကြောက မည်မျှပင် သန်မာနေပါစေ... ပြဿနာရှာဖြစ်စေရန် မဆိုထားဘိ၊ လွတ်မြောက်ရန်ပင် မဖြစ်နိုင်ပေ။
လေဟာပြင်ထဲတွင် အဆုံးမဲ့အစီရင်များ ထွက်ပေါ်လာပြီး နဂါးသွေးကြောကိုဖိနှိပ်ကာ ကျုံ့သွားစေခဲ့သည်။
အဆုံးတွင်၊ ယင်းက သေးငယ်သော ရွှေရောင်မြွေတစ်ကောင်ကဲ့သို့ ကျုံ့ဝင်သွားပြီး ကျွင်းရှောင်ယောက် ခန္ဓာကိုယ်အတွင်းသို့ ပေါင်းထည့်ခံလိုက်ရ၏။
တခဏချင်းမှာပင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က ရွှေရောင်တောက်ပပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ကြောက်စရာကောင်းသော ဒဏ်ရာများလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာတော့သည်။
အိပ်စက်နေသော ကျွင်းရှောင်ယောက်၏ မသိစိတ်ထဲတွင်...
အတွေးစ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
'နောက်ဆုံးတော့ နဂါးသွေးကြောကို ရပြီပေါ့၊ အားလုံးက အစီအစဉ်အတိုင်း ဖြစ်ခဲ့ပြီ'