← Chapters

အခန်း ၁၀၁၁

Vol. 68 Ch. 1011

အခန်း ၁၀၁၁

Vol. 68 Ch. 1011

အခန်း ( ၁၀၁၁ ) တုရှန်ဧကရာဇ်မျိုးနွယ်၏ အိမ်ထောင်ရေးညီလာခံ။

ဤအရာအားလုံးမှာ နောက်ဆုံးအချိန်က ကျွင်းရှောင်ယောက် စဉ်းစားခဲ့သော အစီစဉ်တစ်ခု ဖြစ်သည်။

ယခင် စစ်နတ်ဘုရားနန်းတော်ကို ရောက်စဉ်ကတည်းက ဤထူးခြားသော နဂါးသွေးကြောကို သူ အာရုံစိုက်ခဲ့ခြင်း ဖြစ်၏။

ထိုအချိန်ကတည်းက၊ သူဟာ သူ၏အတွင်းစကြာဝဠာအတွင်းသို့ နဂါးသွေးကြော ထည့်သွင်းရန်အတွက် နည်းလမ်းရှာရန် ကြံစည်ထားပြီးပြီ။

ယင်းက သူကိုယ်တိုင်အတွက် အကျိုးရှိသည့်အပြင်...

တိုင်းတပါးမှ ပါရမီရှင်များ လေ့ကျင့်ကြသော အခွင့်အလမ်းကြီးတစ်ခုကို နှုတ်ယူနိုင်သည်။

ယင်းက နှစ်ဆ အကျိုးရှိစေသော နည်းလမ်း ဖြစ်၏။

သို့သော်လည်း နဂါးသွေးကြောကို ရရှိရန်မှာ ထိုမျှမရိုးရှင်းလှပေ။

ပထမဦးစွာ သူ့တန်ဖိုးကို ပြသရမည် ဖြစ်သည်။

ပျက်စီးခြင်းနယ်စပ်မှ ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုက အလွန်ကောင်းမွန်သောကြောင့် သူ့တန်ဖိုးကို သက်သေပြရန် လုံလောက်နေပြီ။

ဒုတိယအချက်ကတော့ နဂါးသွေးကြောကို ထုတ်ယူနိုင်သော အကြောင်း‌ပြချက်တစ်ခု လိုအပ်သည်။ ဤအတွက် အခက်အခဲတစ်ခုခုကို ရင်ဆိုင်ရမည် ဖြစ်၏။

ဤအကြောင်းကြောင့်ပင် ကျွင်းရှောင်ယောက်က ဧကရာဇ်ပိုင်သို့၏ တိုက်ခိုက်မှုအား ကိုယ်တိုင်ခံယူရန် ရွေးချယ်ခဲ့ခြင်း ဖြစ်တော့သည်။

ထိုမှသာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိမည် ဖြစ်သည်။

အမှန်တော့ ကျွင်းရှောင်ယောက်၏ အလောင်းအစားဟာ အလွန်ကြီးမားသည်ဟု ဆိုနိုင်သည်။

နောက်ဆုံးတွင်၊ ဧကရာဇ်တစ်ပါးနှင့် မည်သူကမျှ ထိပ်တိုက်ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။

ကံမကောင်းပါက သေဆုံးသွားရနိုင်သည်။ ထိုသို့ဖြစ်လာပါက နောင်တအတွက် ဆေးမရှိနိုင်တော့ပေ။

ကံကောင်းထောက်မစွာဖြင့်၊ ခန္ဓာနိယာမကို သိပ်သည်းပြီးနောက် ကျွင်းရှောင်ယောက်၏ ရုပ်ခန္ဓာက အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ထိုသို့ဖြစ်လျှင်ပင် တိုက်ခိုက်မှုကို သူ ခံနိုင်ဦးမည် မဟုတ်ပါ။

စစ်နတ်ဘုရားနန်းတော်မှ ဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် စွမ်းအင် ကိုးဆယ့်ကိုး ရာခိုင်နှုန်း လျော့ပါးမသွားခဲ့ပါက...

သူ လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။

'လူအားလုံးက တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာချင်ကြတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ သူ့လက်ကိုဝှေ့ယမ်းပြီး နိယာမတွေကို လိုသလို အသုံးချနိုင်တာက တကယ်ကို အားကျဖို့ကောင်းတယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေသည်။

သို့သော်လည်း သူ့အတွက်တော့ ဧကရာဇ်တစ်ပါး ဖြစ်လာရန်မှာ သေချာမှုရှိ၏။

ယင်းက အဆုံးသတ်ပင် မဟုတ်ပေ။

'ငါ နဂါးသွေးကြောကို ရပြီ။ အခု နောက်တစ်ဆင့်ကတော့ ဒဏ်ရာတွေကနေ ပြန်လည်ကောင်းမွန်လာစေဖို့ပဲ"

"ပြီးတော့ လော့ရှန်းလင်ကိုလည်း ကျေးဇူးတင်ရမယ်၊ သူ့ကြောင့်သာမဟုတ်ရင် နဂါးသွေးကြောကို ဒီလောက်မြန်မြန်ရနိုင်ဦးမှာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အနာဂတ်တွင် အခွင့်အရေးရပါက၊ ကျွင်းရှောင်ယောက်ဟာ လော့ရှန်းလင်ကို အပြည့်အဝ အနိုင်ယူရန် စိတ်ထဲမထားပေ။

........

နောက်ပိုင်းကာလများတွင် ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ ကုသရင်း လေ့ကျင့်နေခဲ့သည်။

အမှန်တော့ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ သွေးစွမ်းအင်နှင့် အင်မော်တယ်နတ်ဘုရားကျမ်းတို့ကြောင့် ဒဏ်ရာများမှ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သည်။

သို့သော်လည်း သံသယများကို ရှောင်ရှားရန်အတွက် ကျွင်းရှောင်ယောက်က ဖြည်းဖြည်းချင်းသာ ကုသနေခဲ့လေသည်။

ထို့အပြင် လော့ရှန်းလင်ကလည်း ကျွင်းရှောင်ယောက်ကို ပြုစုစောင့်ရှောက်ခဲ့သည်။

ထိုသို့လှပသော အမျိုးသမီးတစ်ဦး၏ ပြုစုခံရခြင်းက သာမန်လူများအတွက် ရှားပါးသော အနေအထားတစ်ခု ဖြစ်နေပြီ။

နောက်ဆုံးတွင်၊ အင်မော်တယ်တစ်ပိုင်း အကျော်အမော်၏ ဂရုစိုက်မှုခံရရန် မည်သူက အရည်အချင်းရှိသနည်း။

ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦးပင်လျှင် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ကို အနိုင်ယူကာ ထိုသို့ အလွယ်တကူ ပြုလုပ်စေနိုင်မည် မဟုတ်ပေ။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ၊ မိန်းမတစ်ယောက်က မည်မျှပင် သန်မာနေစေကာမူ အချစ်နှင့်ထိတွေ့လျှင် သာမန်အမျိုးသမီးတစ်ဦးသာဖြစ်ခြင်း ဖြစ်နိုင်သည်။

ဤအချိန်အတောအတွင်းတွင်...

တိုင်းတစ်ပါးတစ်ခုလုံးမှာ ကျွင်းရှောင်ယောက်အကြောင်း သတင်းများက အမျိုးမျိုး ပျံ့နှံ့နေခဲ့သည်။

သူဟာ တစ်ဦးတည်းအင်အားဖြင့် အင်မော်တယ်နယ်မြေကြီးကို တုန်ခါစေပြီး လူအများ ကြည်ညိုလေးစားခြင်းခံရသူ ဖြစ်သည်။

တိုင်းတစ်ပါးမှ လူ‌အပေါင်း၏ အာရုံစိုက်မှုနှင့် လေးစားမှုကိုလည်း ခံစားရသူ ဖြစ်၏။

ကျွင်းရှောင်ယောက်၏ လုပ်ရပ်များက ခေတ်အဆက်တက် တုနှိုင်းမယှဉ်သာလောက်အောင်ပင် ဖြစ်နိုင်သည်။

ကျွင်းရှောင်ယောက်၏ လုပ်ရပ်များကြောင့် တိုင်းတစ်ပါး တစ်ခုလုံး ဆူပွက်နေချိန်...

တိုင်းတပါး၏ ထိပ်တန်းပြည်နယ်ကြီး ဆယ်ခုအနက်မှ၊ နတ်ဆိုးပြည်နယ်တွင

သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

တုရှန်ဧကရာဇ်မျိုးနွယ်က တုရှန်မင်းသမီးငါးပါးအတွက် အိအ်ထောင်ရေးညီလာခံကို မကြာမီ စတင်တော့မည်။

ထိုသတင်းက ပြည်နယ်ကြီးဆယ်ခုကို ချက်ချင်း ပျံ့နှံ့သွားသည်။

ယခင်ကတည်းက သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း ထိုစဉ်ကတော့ မသေချာခဲ့ပေ။

ယခုမူကား သုံးလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း လုံး၀ အတည်ပြုထားပြီးပြီ ဖြစ်သည်။

ယင်းက တကယ့်သတင်းကြီးတစ်ခုဖြစ်ပြီး တိုင်းတပါးရှိ လူငယ်ကျင့်ကြံသူများကို ဆွံဆောင်နိုင်စွမ်း ကြီးမားသည်မှာ သံသယဖြစ်စရာ မလိုတော့ပေ။

နောက်ဆုံးတွင်၊ အလှပကို လူတိုင်း နှစ်သက်သည်။

ထို့အပြင်၊ ယခုတစ်ကြိမ်မှ တစ်ဦးတည်းမဟုတ်ဘဲ ငါးဦး ဖြစ်၏။

ယင်းက ပျော်ရွှင်မှု ငါးဆတိုးခြင်း မဟုတ်လော။

ဟုတ်သည်၊ လူအတော်များများက သူတို့၏ အကန့်အသတ်ကို သိပေသည်။

နောက်ဆုံးတွင်၊ တုရှန်ဧကရာဇ်မျိုးနွယ်၏ အလှလေးငါးပါးက အဆင့်အတန်းမြင့်မားပြီး သူတို့၏အမြင်မှာလည်း ထူးကဲသည်။

မင်းသမီးငါးပါးစလုံးကို မဆိုထားဘိ။

မင်းသမီးတစ်ပါးနှင့် လက်ထပ်နိုင်လျှင်ပင် ဆယ်ဘဝ ကံကောင်းခြင်းကြီး ဖြစ်လိမ့်မည်။

သူတို့ငါးယောက်စလုံးကို လက်ထပ်နိုင်ရန်တော့...

တိုင်းတစ်ပါးမှာ ထိုသို့ ကြံစည်ဝံ့သူမျိုး မရှိသင့်ပေ။

အကြောင်းမူ၊ ထိုသို့ ပြောဝံ့ပါက အခြားသူများ၏ ဝိုင်းဝန်းရိုက်နှက်ခြင်း ခံရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ သတင်းများ ပျံ့နှံ့လာသည်နှင့်တပြိုင်နက် ပါရမီများမှာ ပြင်ဆင်မှုများ စတင်ပြုလုပ်ကြတော့သည်။

ဤအိမ်ထောင်ရေးညီလာခံတွင်၊ တော်ဝင်မျိုးနွယ်အောက်မှ ပါရမီရှင်များက ပါဝင်ရန်ပင် အရည်အချင်း မရှိပေ။

တော်ဝင်မျိုးနွယ်မှ ပါရမီရှင်များပင်လျှင် ပြပွဲကိုသာ ကြည့်နိုင်သည်။

နောက်ဆုံးတွင်၊ ဧကရာဇ်မျိုးရိုးမှ မင်းသမီးက တော်ဝင်မျိုးနွယ်မှ ပါရမီရှင်ကို မည်သို့ အလွယ်တကူ ချစ်မိပါမည်နည်း။

ထိပ်တန်းတော်ဝင်မျိုးနွယ်များမှ ပါရမီရှင်များသာ သူတို့၏ မျက်နှာသာရရှိရန်အတွက် တိုက်ပွဲဝင်ရန် အရည်အချင်း ပြည့်မီသည်။

"ဒါနဲ့ စစ်နတ်ဘုရားကော အိမ်ထောင်ရေးညီလာခံကို တက်ရောက်မယ်လို့ မင်းထင်လား"

"တုရှန်ဧကရာဇ်မျိုးနွယ်ရဲ့ မင်းသမီးလေးနှစ်ယောက်ဖြစ်တဲ့ တုရှန်ဝမ်ဝမ်နဲ့ တုရှန်ချွန်းချွန်းက စစ်နတ်ဘငရားနံ့ အတော်လေး ရင်းနှီးတယ်လို့ ပြောသံကြားတယ်"

"စစ်နတ်ဘုရားရဲ့ ခွန်အားကတော့ မင်းသမီးတစ်ပါးနဲ့ လက်ထပ်နိုင်ဖို့ လုံလောက်တာထက် ပိုပါတယ်"

"မင်းပြောကြည့်ပါဦး၊ သူတို့ငါးယောက်စလုံးနဲ့ ပေါင်းဖက်ဖို့ကော မဖြစ်နိုင်ဘူးလား"

"ဟာ... ဒါကတော့ ဘယ်ဖြစ်နိုင်ပါ့မလဲဟ။ စစ်နတ်ဘုရားဆိုရင်တောင်မှ မဖြစ်နိုင်ဘူး"

"အခြားမင်းသမီးတွေရဲ့ဆန္ဒကို ဘေးဖယ်ထားရင်တောင်၊ တုရှန်ဧကရာဇ်မျိုးနွယ်က သဘေယတူပါ့မလား"

"သဘောတူရင်တောင် စစ်နတ်ဘုရားက ရပ်တည်နိုင်ပါ့မလား။ တုရှန်မြေခွေးမျိုးနွယ်က နည်းနည်း ဆန္ဒကြီးမားတယ်လို့ ငါကြားတယ်"

လူအများက အမျိုးမျိုး ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

နောက်ဆုံးတွင်၊ တုရှန်ဝမ်ဝမ်နှင့် တုရှန်ချွန်းချွန်းက ကျွင်းရှောင်ယောက်နှင့် အလွန်ရင်းနှီးခဲ့ကြသည် မဟုတ်လော။

"ဒါက စိတ်ဝင်စားဖို့တော့ ကောင်းလိမ့်မယ်။ ချီရှောင်းမျိုးနွယ်ရဲ့ ချီဟုန်ယွိလိုမျိုး တုရှန်အလေးငါးပါးကို စိတ်ဝင်စားနေသူက အများကြီးပဲမဟုတ်လား"

"ချီဟုန်ယွိက အတော်စိတ်ဝင်စားနေတာ။ အရင်ကတော့ သူ့မှာ တုရှန်ဧကရာဇ်မျိုးနွယ်ရဲ့ မင်းသမီးကိုပိုးပန်းဖို့ အခွင့်အရေးမရှိပေမဲ့ အခုတော့ ခြေတစ်လှမ်းပိုနီးလာခဲ့ပြီ"

"ဒါကလည်း သူတို့မျိုးနွယ်ရဲ့ ဘိုးဘေးကြောင့်ပါကွာ၊ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ပါရမီရှင်များစွာဟာ တုရှန်အလှလေးငါးဦး၏ မျက်နှာသာရရှိရန် မဖြစ်နိုင်မှန်း သိကြသည်။ သို့သော်လည်း စိတ်လှုပ်ရှားစရာ ပြပွဲကိုတော့ ကြည့်ရှုနိုင်သေးသည်။

မဟာနတ်ဆိုးပြည်နယ်တွင်...

နာမည်အတိုင်း... ဤပြည်နယ်တွင် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးမျိုးနွယ်များစွာ နေထိုင်သည်။

တုရှန်ဧကရာဇ်မျိုးနွယ်မပြင်၊ ဤနေရာတွင် နေထိုင်သော အခြားမျိုးနွယ်များစွာ ရှိ၏။

မိစ္ဆာနဂါးမျိုးနွယ်၊ ကြွေလွင့်နတ်ဆိုးဖီးနစ်မျိုးနွယ်ကဲ့သို့ မျိုးနွယ်များ ရှိကြသည်။

ထို့အပြင်၊ အခြား မျိုးနွယ်တစ်ခုလည်း ရှိ‌သေးသည်။

ယင်းက ချီရှောင်းမျိုးနွယ် ဖြစ်သည်။

ယခင်က ချီရှောင်းမျိုးနွယ်ဟာ ထိပ်တန်း တော်ဝင်မျိုးနွယ်စု ဆယ်စုထဲမှ တစ်ခုသာ ဖြစ်သည်။

သို့သော်လည်း သူတို့မျိုးနွယ်မှ ချီရှောင်းဘုရင်က အဆင့်တက်ပြီး အင်မော်တယ်ဘုရင် ဖြစ်လာခြင်းကြောင့်...

မျိုးနွယ်တစ်ခုလုံး ထမြောက်ပြီး ဧကရာဇ်တစ်ပိုင်းမျိုးနွယ် ဖြစ်လာရတော့သည်။

သူတို့၏ အဆင့်အတန်းနှင့် အောင်မြင်မှုများက ရုတ်တရက် တိုးတက်လာခဲ့ရသည်။

ထို့အပြင်၊ ချီရှောင်းဘုရင်ဟာ တစ်ချိန်က နယ်စပ်ကို စောင့်ကြပ်နေသော အင်မော်တယ်နယ်မြေကြီးမှ ကျွင်းမိသားစု၏ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်ကို တိုက်ခိုက်ခဲ့ဖူးသည်။

ရလဒ်အနေဖြင့်၊ ဤမျိုးနွယ်စု၏ ဂုဏ်သတင်းက အလွန်မြင့်မားလာပြီး ဧကရာဇ်မျိုးနွယ်တချို့နှင့်ပင် နှိုင်းယှဉ်နိုင်လုနီးပါး ဖြစ်လာတော့သည်။

ယခုဆိုလျှင်၊ ချီရှောင်းမျိုးနွယ်စု၏ အဆင့်အတန်းက မဟာနတ်ဆိုးပြည်နယ်တွင် အလွန်မြင့်မားသော အနေအထားကို ရောက်နေပြီ ဖြစ်သည်။

ယခုအချိန်၊ ချီရှောင်းမျိုးနွယ်၏ ဘိုးဘွားမြေတွင်...

ရွှေနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူတစ်ယောက် ရှိနေသည်။ သူ့နောက်ကျောမှာတော့ အနီရောင် တောင်ပံများရှိပြီး မီးတောက်ကဲ့သို့ ဆံပင်များကလည်း အနည်းငယ် လှုပ်ရှားနေ၏။

သူ့ပတ်ဝန်းကျင်မှာလည်း မီးတောက်များနှင့် ဖွဲ့စည်းထားပုံရသော ကျီးကန်းအသွင် ငှက်များ ပျံဝဲနေသေးသည်။

ယင်းက သူ၏ မူလပုံစံဖြစ်သော၊ မီးထဲမှ မွေးဖွားလာသည့် ထူးခြားသော ဇီးကွက်နီ ဖြစ်သည်။

ထိုလူငယ်ကား ချီရှောင်းမျိုးနွယ်မှ အသန်မာဆုံး ပါရမီရှင် ချီဟုန်ယွိပင် ဖြစ်ချေတော့သည်။

ယခင်က၊ ချီဟုန်ယွိဟာ ချီရှောင်းဘုရင်၏ တပည့်တစ်ဦးအနေဖြင့် တိတ်တဆိတ် လေ့ကျင့်နေခဲ့သည်။

ယခု‌တော့၊ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာပြီးနောက် သူ၏ ကျင့်ကြံခြင်းမှာ အဓိပဓိအဆင့်သို့ ရောက်နေပြီ။

ဧကရာဇ်တစ်ပိုင်းမျိုးနွယ်များတွင်ပင် အဓိပဓိနယ်ပယ် ပါရမီရှင်က အလွန်ရှားပါးသည်။

ချီရှောင်းဘုရင်က ချီဟုန်ယွိကို အဘယ်ကြောင့် တန်ဖိုးထားကြောင်း ဤအရာမှ မြင်နိုင်သည်။

"အိမ်ထောင်ရေးညီလာခံက စတင်တော့မယ်"

ချီဟုန်ယွိက လက်နှစ်ဖက်ကို နောက်ပစ်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။

ဤသတင်းကို ကြားရခြင်းကြောင့် တံခါးပိတ်လေ့ကျင့်ခြင်းမှ သူ ထွက်လာခဲ့ခြင်း ဖြစ်ချေသည်။

"ဝိညာဉ်ကျမ်းအပေါ် ငါ့ရဲ့ နားလည်မှုက နက်နဲတဲ့အဆင့်ကို ရောက်နေပြီ။ ဘိုးဘေးရဲ့ လေ့ကျင့်ပေးမှုနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းကလည်း အဓိပဓိနယ်ပယ်ကို ရောက်နေပြီလေ။ အင်မော်တယ်ဘုရင်တစ်ပါးကလည်း ငါ့နောက်မှာရှိနေပြီ"

"အခု ငါ့မှာ အခွင့်အလမ်းရှိသင့်ပြီ မဟုတ်လား"

ချီဟုန်ယွိက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အေးစက်စက် အလင်းတစ်ခုကလည်း သူ့မျက်လုံးထဲတွင် လက်ခနဲ ဖြစ်သွား၏။

တစ်ခါက သူသည် တုရှန်ဧကရာဇ်မျိုးနွယ်သို့သွားပြီး လက်ထပ်ခွင့်တောင်းခဲ့သော်လည်း သူရခဲ့သောအရာမှာ အရှက်တရား ဖြစ်သည်။

အကြောင်းမူ၊ ထိုစဉ်က သူဟာ အင်အားနည်းပါးပြီး သူ့နောက်ခံကလည်း တော်ဝင်မျိုးနွယ်အဆင့်သာ ရှိနေခဲ့ကြောင့်ပင်။

သူ လက်ထပ်ခွင့်တောင်းသော်လည်း တုရှန်အလှလေးငါးပါးကိုပင် မမြင်နိုင်ဘဲ လှည့်ထွက်ခဲ့ရသည်။

ယင်းက ချီဟုန်ယွိ၏ နှလုံးသားထဲမှ အရှက်တရားတစ်ခုဟု ဆို၍ရပေသည်။

ယခုမူကား၊ သူဟာ အရည်အသွေးပိုင်း အသွင်ကူးပြောင်းမှုကို ခံယူခဲ့ရပြီး... ချီရှောင်းဘုရင်ကလည်း သူ၏ဆရာနှင့် အထောက်အပံ့အဖြစ် ရှိနေပြီ ဖြစ်သည်။

အင်မော်တယ်ဧကရာဇ်မျိုးနွယ်များပင်လျှင် အင်မော််ဘုရင်တစ်ပါးကို ယဉ်ကျေးစွာ ဆက်ဆံရပြီး အလွယ်တကူ ပစ်မှားနိုင်မည် မဟုတ်ပေ။

"တုရှန်မိန်းမလှလေးတွေ... အရင်တုန်းက မင်းတို့တွေ ငါ့ကို လျစ်လျူရှုခဲ့တယ်၊ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ပြိုင်ဘက်အားလုံးကို အနိုင်ယူပြီး မင်းတို့ကို သိမ်းပိုက်ပြမယ်"

ချီဟုန်ယွိမှာ ယုံကြည်မှုအပြည့်ရှိနေတော့သည်။

All Chapters