← Chapters

အခန်း ၁၀၁၂

Vol. 68 Ch. 1012

အခန်း ၁၀၁၂

Vol. 68 Ch. 1012

အခန်း ( ၁၀၁၂ ) ယွင်ရှောင်ဟေး၏ အခွင့်အလမ်း။

ချီဟုန်ယွိက အိမ်ထောင်ရေးညီလာခံတွင် စွမ်းရည်ပြရန် စိတ်ပိုင်းဖြတ်လိုက်သည်။

တုရှန်အလှလေးငါးပါးကို အမှန်တကယ် သူ သဘောကျ၏။

ယခုဆိုလျှင် သူ့မှာ ထိုအရည်အချင်းမျိုးလည်း ရှိနေပြီဟု ခံစားခဲ့ရပေသည်။

အမှန်တော့ တုရှန်‌အလှလေးငါးပါးကို စိတ်ဝင်စားနေသူမှာ သူတစ်ဦးတည်း မဟုတ်ပေ။

အခြား ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုများနှင့် ဧကရာဇ်မျိုးနွယ်စုများ အားလုံးတွင် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ပါရမီရှင်းစွာ ရှိကြသည်။

တချို့ ဧကရာဇ်မျိုးနွယ်များဆိုလျှင်၊ အဆုံးစွန်ဧကရာဇ်မျိုးနွယ်များနှင့်ပင် နီးစပ်မှုရှိ၏။

ဧကရာဇ်မျိုးနွယ်များမှ ပါရမီရှင်တိုင်းက အလွန်အစွမ်းထက်သည်။

ဧကရာဇ်ငယ်ခုနစ်ပါးထဲမှ တော်တော်များများလည်း အခမ်းအနားကို ကြည့်ရှုရန် အိမ်ထောင်ရေးညီလာခံတွင် ပေါ်လာမည်ဟု ကောလဟာလများပင် ရှိသေးသည်။

အချိန်အတိုင်းအတာ တစ်ခုအထိ မဟာနတ်ဆိုးပြည်နယ်မှာ တိုင်းတပါး၏ ပြည်နယ်ကြီးဆယ်ခုတွင် သက်ဝင်မှုအရှိဆုံးနေရာ ဖြစ်လာတော့သည်။

နတ်ဆိုးပြည်နယ်ကို တိုင်းတပါးတစ်ခုလုံးမှ ပါရမီရှင်များ ရောက်လာခဲ့ကြသည်။

သို့သော်၊ ထိုအထဲတွင် ‌လူသူအရောက်အပေါက်နည်းသော နေရာတစ်ခု ရှိနေသည်။

ထိုနေရာမှာ နတ်ဆိုးတံဆိပ်ခတ်သင်္ချိုင်း ဖြစ်၏။

ယင်းက မဟာနတ်ဆိုးပြည်နယ်၏ ကျော်ကြားသော အန္တရာယ်ရှိ တားမြစ်နေရာတစ်ခု ဖြစ်သည်။

အမှန်တော့ တိုင်းတပါး၏ အဓိကပြည်နယ်ကြီး အားလုံးလိုလိုတွင် ထိုကဲ့သို့သော တားမြစ်နယ်မြေ တစ်ခု သို့မဟုတ် နှစ်ခု ရှိသည်။

ဥပမာအားဖြင့် တာ့ကျိုးရှိ ကောင်းကင်ဂူ။

နတ်ဆိုးချောက်နက်ပြည်နယ်၏ ရှေးဟောင်းတားမြစ်နယ်မြေဖြစ်သော ကောင်းကင်အတားအဆီး သွေးချောက်နက်၊ စသည်ဖြင့်။

ကောလဟာလများအရ ဤနတ်ဆိုးတံဆိပ်ခတ်သင်္ချိုင်းတွင် တချိန်က အစွမ်းထက် နတ်ဆိုးတစ်ကောင်ကို ပိတ်လှောင်ထားခဲ့ဖူးသည်။

ထို့ကြောင့် အကျော်အမော်များစွာက ဤနေရာကို စူးစမ်းလေ့လာရန် လာခဲ့ကြသော်လည်း နောက်ဆုံးတွင် အားလုံး ကျဆုံးသွား၏။

ထို့ကြောင့်လည်း ဤနေရာမှာ အခွင့်အရေးများစွာ ကျန်ရစ်ခဲ့သော ရတနာနယ်မြေတစ်ခု ဖြစ်လာတော့သည်။

ယခုတော့၊ နတ်ဆိုးတံဆိပ်ခတ်သင်္ချုင်းတွင် လူတစ်ယောက် ရောက်နေသည်။

ထိုလူမှာ အသားမည်းမည်းနှင့် တည်ကြည်ပုံရသော လူငယ်တစ်ယောက် ဖြစ်၏။

ယွင်ရှောင်ဟေး ဖြစ်ချေတော့သည်။

တုရှန်ဝမ်ဝမ်ထံမှ ထွက်လာပြီးနောက်၊ သူသည် တုရှန်ဧကရာဇ်မျိုးနွယ်သို့ မပြန်ခဲ့ပေ။

နောက်ဆုံးတွင်၊ တုရှန်ဝမ်ဝမ်မရှိပါက သူဟာ တုရှန်ဧကရာဇ်မျိုးနွယ်သို့ ဝင်ရောက်ရန်ပင် အရည်အချင်း မရှိပါ။

"ငါ့ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်ချက်တစ်ခုခုရှိရမယ်၊ ဒီလျှို့ဝှက်ချက်ကို ငါ ဖော်ထုတ်ချင်တယ်"

"ငါက ကစဉ့်ကလျားခန္ဓာထက် အားမနည်းဘူးဆိုတာ မင်းသမီးဝမ်ဝမ်ကို သိစေချင်တယ်"

ယွင်ရှောင်ဟေးက အံကြိတ်ရင်း တီးတိုး ရေရွတ်လိုက်သည်။

သူဟာ အမှောင်မြစ်ပြည်နယ်မှ မဟာနတ်ဆိုးပြည်နယ်သို့ အပြန်လမ်းတစ်လျှောက်တွင် အန္တရာယ်များစွာကို ဖြတ်သန်းခဲ့သည်။

သို့သော်လည်း အားလုံးကို သူ ဖြတ်ကျော်နိုင်ခဲ့၏။

အကြောင်းမူကား၊ ယွင်ရှောင်ဟေး၏ နှလုံးသားထဲတွင် စွဲလမ်းမှုတစ်ခု ရှိနေသောကြောင့်ပင်။

သူ့ကို ကယ်တင်ခဲ့သော နတ်သမီးလေးအား အခြားသူ၏ ကစားစရာ ဖြစ်လာမည်ကို မကြည့်ရက်နိုင်ခဲ့ပေ။

စစ်နတ်ဘုရားနန်းတော်တွင် ရှိစဉ်ကတည်းက အခြေအနေများကို ရိပ်စားမိခဲ့သည်။

တုရှန်ဝမ်ဝမ်ကို ကျွင်းရှောင်ယောက်၏ ‌နေအိမ်သို့ သူကိုယ်တိုင်‌ နေ့စဥ်လိုက်ပို့ရ၏။

ထိုခံစားချက်က သူ့နှလုံးသားကို တဆစ်ဆစ် နာကျင်ခံစားရစေသည်။

နတ်ဆိုးတံဆိပ်ခတ်သင်္ချိုင်းထဲသို့ ပို၍ နက်ရှိုင်းစာ ဝင်ရောက်လာသည်နှင့်အမျှ...

ယွင်ရှောင်ဟေးဟာ အမှောင်ထဲမှ တစ်စုံတစ်ခုက သူ့ကို ခေါ်လာသည်ဟု ပို၍ ခံစားလာခဲ့ရသည်။

"လာ၊ မြန်မြန်လာခဲ့..."

ထိုသို့သော အသံများကို ကြားလာရ၏။

နတ်ဆိုးတံဆိပ်ခတ်သင်္ချိုင်းတွင် ကြောက်စရာကောင်းသော အန္တရာယ်များ အများအပြား ရှိသည်။

သို့သော်လည်း အံ့ဖွယ်ကောင်းအောင်...

မမြင်နိုင်သော တစ်စုံတစ်ဦး၏ လမ်းညွှန်မှုဖြင့် ထိုအန္တရာယ်အားလုံးကို ဖြတ်ကျော်နိုင်ခဲ့၏။

ထိုအထဲတွင် အဓိပဓိအဆင့်မှ သတ္တဝါများပင် ပါဝင်သည်။

သို့ရာတွင်၊ ယွင်ရှောင်ဟေးကို မြင်ပြီးနောက်တွင် လုံးဝ မထိပါးဝံ့သလို အားလုံး ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ကြပေသည်။

ယွင်ရှောင်ဟေးလည်း ပို၍ စိတ်ဓာတ်တက်ကြွလာခဲ့သည်။

"ငါက ကံကောင်းခြင်းရဲ့ သားတော်ပဲ"

ယွင်ရှောင်ဟေး စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်၏။

တုရှန်ဝမ်ဝမ်က သူရဲကောင်းဆန်သော အမျိုးသမီးတစ်ဦးဖြစ်၍ သန်မာသော အမျိုးသားများကိုသာ သဘောကျသည်။

ယခုအချိန်ထိ ကျွင်းရှောင်ယောက်သာလျှင် သူမကို လုံးဝ အောင်နိုင်ခဲ့သေးသည်။

ထိုသို့တွေးမိသောအခါ ယွင်ရှောင်ဟေး၏ မျက်လုံးများက ပြန်လည်အေးစက်လာခဲ့သည်။

ထို့နောက် ပို၍ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့၏။

ရက်အနည်းငယ်ကြာပြီးနောက်၊ နတ်ဆိုးတံဆိပ်ခတ်သင်္ချိုင်း၏ နက်နဲရာသို့ အမှန်တကယ် ရောက်လာခဲ့တော့သည်။

ရှေ့တွင် ဝင်ပေါက်တစ်ခုပါရှိသော သင်္ချိုင်းဂူကြီးတစ်ခု ရှိနေသည်။

ဤနေရာက အနက်ရှိုင်းဆုံးနေရာ ဖြစ်နေပြီ။

ယွင်ရှောင်ဟေးလည်း ဝင်ရောက်သွားခဲ့သည်။

ထိုအခါ...

အထဲတွင် အသက်ဝင်လွန်းလှသော ပန်းချီကားများ အများအပြား ရှိနေသည်ကို အံ့အားသင့်ဖွယ် မြင်လိုက်ရတော့သည်။

"ဒါက..."

ယွင်ရှောင်ဟေး ရုတ်တရက် အံ့ဩသွားသည်။

ယင်းက တောင်ထိပ်တွင်ရပ်နေသော မြေခွေးနက်ကြီးကို အရိုအသေပေးနေကြသည့် မြေခွေးမျိုးနွယ်စုပုံ ပန်းချီကား ဖြစ်၏။

ထို့အပြင် ထိုမြေခွေးနက်၏ အနောက်မှာ အမြီးဆယ်ချောင်း ရှိသေးသည်။

"ဒါ... ဒါက..."

ယွင်ရှောင်ဟေး ပို၍ အံ့ဩသွားမိသည်။

နောက်ဆုံးတွင်၊ မြေခွေးနက်များက ‌တုရှန်မြေခွေးမျိုးနွယ်များထဲတွင် အားအနည်းဆုံး မဟုတ်လော။

ထို့ကြောင့်ပင် အခြားမြေခွေးမျိုးနွယ်စုများ၏ ခွဲခြားဆက်ဆံခြင်းကို သူ အမြဲခံခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် အမြီးဆယ်ခုက အဘယ်သို့ ဖြစ်သနည်း။

တုရှန်မြေခွေးမျိုးနွယ်၏ အမြင့်မြတ်ဆုံးသော မျိုးနွယ်စုမှာ အမြီးကိုးချောင်းသာ ရှိသည်။

ခဏချင်းမှာပင် ယွင်ရှောင်ဟေး အသက်ရှူမြန်လာခဲ့လေသည်။

မြေခွေးနက်၏ မျက်လုံးများက ဖျက်စီးခြင်း၏ စွမ်းအားများပါရှိသော သူ၏မသိစိတ်အတွင်းမှ မြေခွေးကလေးနှင့် အလွန်ဆင်တူကြောင်း တွေ့ရှိခဲ့ရသည်။

ဤအခိုက်တွင် ဖျက်ဆီးခြင်း မြေခွေးမျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေ၏။

တချိန်တည်းမှာပင် သူ၏ ဝမ်းဗိုက်ရှိ မွေးရာပါ အမှတ်အသားက ပူလာသည်ကို ခံစားလိုက်ရတော့သည်။

ယင်းက ခြောက်ထောင့်ကြယ်အမှတ်အသား ဖြစ်ပုံရသည်။

ယွင်ရှောင်ဟေးလည်း သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို မျိုသိပ်ရင်း သင်္ချိုင်းတွင်းသို့ နက်နက်နဲနဲ ဆက်ဝင်သွားလေသည်။

နောက်ဆုံးတွင်၊ သင်္ချိုင်းဂူ၏ အနက်ရှိုင်းဆုံးနေရာကို ရောက်သွားသည်။

ထိုနေရာတွင် မြေခွေးနက် ရုပ်ထုကြီးတစ်ခု ရှိ၏။

ထို့အပြင်၊ မြေခွေးနက်ရုပ်တု၏ ပါးစပ်ထဲမှာ အနက်ရောင် ကစားကွက်လှည့်ဘီးတစ်ခု ရှိနေသေးသည်။

၎င်းပေါ်တွင် ရေးထွင်းထားသော အမှတ်အသားများက မြေခွေးအမြီးဆယ်ခုနှင့် တူသည်။

ထိုစဉ်၊ အန္တိမစွမ်းအားတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

"ဝုန်း"

အနက်ရောင် ကစားကွက်လှည့်ဘီးမှ အဆုံးမဲ့ ဖျက်ဆီးခြင်း၏ အနက်ရောင်အလင်းများကို ထုတ်လွှတ်၏။

ယွင်ရှောင်ဟေးလည်း ထိုအလင်းအောက်တွင် သူ့ခန္ဓာကိုယ် ပြိုကွဲသွားသလို ခံစားလိုက်ရတော့သည်။

သူ၏ ဆဲလ်တိုင်းကလည်း စွမ်းအင်များကို စုပ်ယူသွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ သူ့အသိစိတ်ထဲမှာ...

ဖျက်ဆီးခြင်း အငွေ့အသက်များ ပြည့်နှက်နေသော မြေခွေးမျက်လုံးတစ်စုံ ပြန်ပေါ်လာခဲ့သည်။

ဤတစ်ကြိမ်တွင် ၎င်းက တစ်ကောင်လုံး ပေါ်လာခြင်း ဖြစ်၏။ ယင်းက တကိုယ်လုံး နက်မှောင်နေပြီး ဖျက်ဆီးခြင်းအမှတ်အသားများရှိသည့် မြေခွေးနက်တစ်ကောင် ဖြစ်သည်။ သူ၏ နောက်ဘက်မှာလည်း အမြီးဆယ်ချောင်း ရှိသေးသည်။

အမြီးဆယ်ချောင်းက ကောင်းကင်ကြီးကို ဖုံးလွှမ်းထားပုံရပြီး ကျယ်ပြောလွန်းလှသည်။

"မင်း... မင်းဘယ်သူလဲ"

ယွင်ရှောင်ဟေးက မေးလိုက်သည်။

"ငါကဘယ်သူလဲ၊ ဟားဟားဟား..."

အမြီးဆယ်ချောင်း မြေခွေးနက်က လူ့စကားဖြင့် ရယ်မောလိုက်သည်။

"ငါက မင်းပဲ"

"ဝမ်"

ယွင်ရှောင်ဟေးနှင့် မြေခွေးနက်တို့၏ မျက်လုံးအကြည့်များက လေထဲတွင် ဆုံတွေ့သွား၏။

အမျိုးမျိုးသော အမှတ်တရများက သူ့စိတ်ထဲမှာ လွှမ်းခြုံသွားတော့သည်။

အမြီးဆယ်ချောင်း မြေခွေးနက်။

ယင်းက တုရှန်မြေခွေးမျိုးနွယ်၏ တားမြစ်သွေးမျိုးဆက်။

ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးထဲမှ တစ်ပါးပင်။

သူက ကမ္ဘာဖျက်ဆီးခြင်း တားမြစ်ရတနာ၊ အမြီးဆယ်ချောင်း ကောင်းကင်ဖျက်ဆီးခြင်းချပ်ပြားကို ထိန်းချုပ်ထားသည်။

"ငါ... ငါက အမြီးဆယ်ခုရှိတဲ့ ဖျက်ဆီးခြင်း မြေခွေးနက်လား"

ယွင်ရှောင်ဟေးလည်း အနည်းငယ် မယုံနိုင်သလို ခံစားခဲ့ရသည်။

ယင်းမှာ ဒဏ္ဍာရီထဲလာ ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးထဲမှ တစ်ပါး ဖြစ်သည်။

သူကိုယ်တိုင်ကတော့ နိမ့်ကျသော မြေခွေးတစ်ကောင်သာ ဖြစ်၏။

ဤနှစ်ခုက ဆက်စပ်ကြည့်ရန် ခက်ခဲသည်။

ယခုမူကား ကံကြမ္မာက ထိုသို့ဖြစ်လာပြီ။

ခဏတာ ကြက်‌သေသေနေပြီးနောက် ယွင်ရှောင်ဟေး သတိပြန်ဝင်လာခဲ့သည်။

သူ အလွန် စိတ်လှုပ်ရှားသွား၏။

သူ့သွေးမျိုးဆက်၏ အင်အားများ နိုးထလာသလိုလည်း ခံစားလိုက်ရသည်။

အသက်ရှူလိုက်တိုင်း သူ့ခွန်အားများ တဟုန်ထိုး တိုးတက်လာ၏။

ယင်းက ကျင့်ကြံခြင်းမှရရှိသည့် စွမ်းအားမဟုတ်ဘဲ အမြီးဆယ်ချောင်း ကောင်းကင်ဖျက်ဆီးခြင်းချပ်ပြားတွင် သိမ်းဆည်းထားသည့် သူပိုင်ခဲ့သော စွမ်းအားများပင် ဖြစ်တော့သည်။

"ဟားဟားဟား၊ အခု နောက်ဆုံးမှာတော့ မင်းသမီးဝမ်ဝမ်နဲ့ ငါ ထိုက်တန်သွားပြီ"

ယွင်ရှောင်ဟေး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"မဟုတ်သေးဘူး၊ အဲဒါထက် ပိုပါတယ်။ ငါ့အနေအထားနဲ့ စွမ်းအားတွေအရ သူတို့ငါးယောက်စလုံးဆိုရင်တောင် ဖြစ်နိုင်တယ်"

ယွင်ရှောင်ဟေး၏ မျက်လုံးများက တောက်ပလာခဲ့သည်။

အိတ်ဖောင်းပါက စိတ်ပြောင်းတတ်သည်မှာ လူတိုင်း၏ သဘာဝပင် ဖြစ်နိုင်သည်။

အဆင့်အတန်း မြင့်မားလေလေ၊ စိတ်ကြီးဝင်လာလေပင် ဖြစ်၏။

ယခု ယွင်ရှောင်ဟေးကလည်း ဥပမာကောင်းတစ်ခုပင်။

ယခုအခါတွင် သူက တုရှန်ဝမ်ဝမ် တစ်ဦးတည်းနှင့် မကျေနပ်နိုင်တော့ပါ။

ငါးယောက်စလုံးကို မှန်းနေပြီ ဖြစ်သည်။

"ဝုန်း"

နတ်ဆိုးတံဆိပ်ခတ်သင်္ချိုင်းတစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။

ထို့နောက်တွင် အနက်ရောင်အလင်းတန်းတစ်ခုက ကောင်းကင်သို့ ရုတ်တရက် ထိုးတက်သွား၏။ နောက်ဆုံးတွင် အနက်ရောင် ခြောက်ထောင့်ကြယ် အမှတ်အသားအဖြစ် ပြောင်းလဲသွားတော့သည်။

ယင်းက တိုင်းတပါးမှ သတ္တဝါများစွာကို သတိထားမိစေခဲ့သည်။

"ဒါက အမှောင်ခြောက်ထောင့်ကြယ်ပဲ"

"ကမ္ဘာ့ဖျက်စီးခြင်း ဘုရင်တစ်ပါး နိုးထလာတာလား"

"မဟုတ်မှလွဲ၊ ဒီခေတ်မှာ ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးစလုံး ပေါ်လာတော့မှာလား"

"မြန်မြန်လုပ်ကြစမ်း၊ ဒီဖျက်ဆီးခြင်းဘုရင်ကို ငါတို့ အရင်ရှာတွေ့ကြရမယ်"

တိုင်းတပါးတစ်ခုလုံးတွင် ခဏချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

အခြားတစ်ဖက်တွင်...

နတ်ဆိုးချောက်နက်ပြည်နယ်၏ ရှေးဟောင်းတားမြစ်နယ်မြေ...

ကောင်းကင်အတားအဆီး သွေးချောက်နက်ရှိ ကျောက်တလားကြီးတစ်လုံးတွင်...

သွေးအခိုးအငွေ့များ လွင့်ပါးသွားပြီး အချိုးအစားကျသော ရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။

"ပဉ္စမမြောက်ဘုရင် မြေခွေး နိုးထလာပြီပေါ့။ အခု ငါလည်း လမ်းလျှောက်ထွက်ဖို့ အချိန်တန်ပြီ"

"ပထမဘုရင် သခင်၊ ငါ နင့်ကို မကြာခင် တွေ့ရတော့မှာပါ"

လှပသောရုပ်သွင်က ချိုလွင်သော လေသံဖြင့် ခပ်တိုးတိုးလေး ပြောလိုက်၏။

သူ၏ ရင်ဘတ်မှလည်း အမှောင် ခြောက်ထောင့်ကြယ် အမှတ်အသားတစ်ခု လင်းလက်သွားတော့သည်။

All Chapters