← Chapters

အခန်း ၁၀၁၃

Vol. 68 Ch. 1013

အခန်း ၁၀၁၃

Vol. 68 Ch. 1013

အခန်း ( ၁၀၁၃ ) ဧကရာဇ်ငယ်ခုနစ်ပါး တစ်ဦးပြီးတစ်ဦး ပေါ်လာပြီ။

အမှောင်ခြောက်ထောင့်ကြယ်အမှတ်အသားက ကြယ်ကောင်းကင်တွင် ပေါ်လာခြင်းမှာ နောက်ထပ် ကမ္ဘာဖျက်ဆီးခြင်း ဘုရင်တစ်ပါး နိုးထလာခြင်းကို ကိုယ်စားပြုသည်။

ယင်းက တိုင်းတပါးမှာ လှိုင်းလုံးကြီးများ ထပ်မံ ဖြစ်ပေါ်စေခဲ့၏။

လူအများစုမှာ ဤခေတ်တွင် ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးစလုံး မွေးဖွားလာမည်ဟု ယုံကြည်နေကြ‌တော့သည်။

ဖျက်ဆီးခြင်းဒဏ္ဍာရီက အမှန်တကယ်ဖြစ်လာတော့မည် ဖြစ်သည်။

ရှေးယခင်ခေတ်များတွင်လည်း ဖျက်ဆီးခြင်းဘုရင်များ အတူတကွ မွေးဖွားလာဖူးသည်။

သို့သော်၊ ခြောက်ပါးစလုံးတော့ တစ်ခါမျှ မပေါ်လာခဲ့ဖူးပေ။

ယခုခေတ်မှာတော့ အမှောင်ဘုရင်သုံးပါးက တစ်ပါးပြီးတစ်ပါး နိုးထလာခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ ဖျက်ဆီးခြင်းဒဏ္ဍာရီ အပြည့်အဝ အသက်ဝင်တော့မည့် နိမိတ်လက္ခဏာ ဖြစ်နိုင်သည်။

"ဟားဟားဟား၊ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ အပြိုင်ကမ္ဘာကြီးက နီးကပ်လာပြီမို့ အပြင်ကိုထွက်ပြီး ငါ့ရဲ့တည်ရှိမှုကို ဖော်ပြဖို့အချိန်တန်ပြီ"

ဧကရာဇ်မျိုးနွယ်စုတစ်ခု၏ ကောင်းကင်ယံမှ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သူ့တကိုယ်လုံးကို ရွှေရောင်အလင်းများ ဖုံးလွှမ်းနေပြီး လောကသို့ ဆင်းသက်လာသော နတ်ဘုရားငယ်တစ်ပါးကဲ့သို့ ဖြစ်၏။

တစ်စုံတစ်ယောက်က ထိုလူရိပ်ကိုမြင်တော့ အံ့ဩတကြီးဖြစ်ကာ အော်လိုက်မိသည်။

"အဲဒါ... အဲဒါက အန်းလန်ဧကရာဇ်မျိုးနွယ်ရဲ့ ဧကရာဇ်သားတော်ပဲ၊ သူ မွေးဖွားလာခဲ့ပြီ"

လူများစွာတို့ တုန်လှုပ်သွားကြသည်။

အန်းလန်ဧကရာဇ်မျိုးနွယ်ဟာ တိုင်းတပါးတွင် ထင်ရှားသော အင်မော်တယ်ဧကရာဇ် မျိုးနွယ်များထဲမှ တစ်ခု ဖြစ်သည်။

အန်းလန်ဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်ဘုရင်သည် သူ့ခေတ်အခါတွင် အလွန်တရာ နာမည်ကျော်ကြားခဲ့သူ ဖြစ်၏။

အန်းလန်ဧကရာဇ်သားတော်ကတော့ တိုင်းတစ်ပါးပြည်၏ ဧကရာဇ်ငယ်ခုနစ်ပါးထဲမှ တစ်ဦး ဖြစ်ချေသည်။

သူဟာ ယခင်က နက်ရှိုင်းစွာ အိပ်စက်နေခဲ့သော်လည်း ယခုတော့ တောက်ပသော နတ်ဘုရားငယ်တစ်ပါး မွေးဖွားသကဲ့သို့ နိုးထလာခဲ့ပြီ ဖြစ်သည်။

တိုင်းတပါးမှ ဧကရာဇ်မျိုးနွယ်စုတစ်ခု၏ ဘိုးဘွားနယ်မြေတွင်...

ကောင်းကင်တခွင်လုံး ပန်းများပြည့်နှက်ပြီး ရွှေကြာပန်းများကလည်း မြေပြင်မှ ပွင့်လန်းလာနေသည်။

ထိုစဉ်၊ လှပသော ပန်းပွင့်များကြားမှ အစိမ်းရောင်ဝတ်စုံရှည်ကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပေါ်လာ၏။ သူမ၏နောက်တွင်လည်း‌ မြင့်မားသော မျှော်စင်ကဲ့သို့ အစေ့များစွာနှင့် လှုပ်ခတ်နေသော သစ်ပင်ကြီးတစ်ပင် ရှိနေသေးသည်။

ယင်းက ဖူနတ်ဆိုးသစ်ပင် ဖြစ်သည်။

ထိုအမျိုးသမီးကတော့ ဖူမော့မျိုးနွယ်စု၏ ဖူခွေ့နတ်သမီးမှတပါး အခြားမဟုတ်ပေ။

သူသည်လည်း ဧကရာဇ်ငယ်ခုနစ်ပါးထဲမှ တစ်ဦး ဖြစ်သည်။

"အိမ်ထောင်ရေးညီလာခံမှာ ကစဉ့်ကလျားခန္ဓာကော ပါဝင်မလား မသိဘူး။ အချိန်ကျရင် သူနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားသင့်တယ်။ နောက်ဆုံးမှာတော့ သူ့နောက်လိုက်တောင်မှ ဖျက်ဆီးခြင်းဘုရင် ဖြစ်နေခဲ့တာပဲ"

"မော့ကျဲဧကရာဇ်သားတော်ကတော့ သနားစရာကောင်ပဲ၊ ဒီလိုနည်းနဲ့ ပြီးဆုံးသွားရတယ်"

ဖူခွေ့နတ်သမီးက တီးတိုး ရေရွတ်လိုက်သည်။

ဤသို့ဖြင့်...

ဧကရာဇ်ငယ်ခုနစ်ပါးလည်း ပေါ်ပေါက်လာပြီး အိမ်ထောင်ရေးညီလာခံအတွက် မဟာနတ်ဆိုးပြည်နယ်ကို ဦးတည်သွားကြတော့သည်။

တိုင်းတပါးတစ်ခုလုံးရှိ လေထုက ပူလောင်ပြင်းပြလာချိန်တွင်...

မုန်တိုင်း၏အလယ်ဗဟိုဖြစ်သော တုရှန်မျိုးနွယ်မှာ အလွန် တည်ငြိမ်နေသည်။

သို့သော်လည်း အိမ်ထောင်ရေးညီလာခံအတွက် မီးပုံးများ ချိတ်ဆွဲခြင်းနှင့် အလှဆင်ခြင်းများ ပြုလုပ်ထားခဲ့ကြပေသည်။

ယခုအချိန်တွင် တုရှန်တောင်ထိပ်ရှိ အဆောင်တစ်ခုမှာ...

လှပသော ရုပ်သွင်နှစ်ခု ရပ်နေသည်။

တစ်ဦးက ရေလှိုင်းပမာ အင်္ကျီလက်နှင့် စကတ်ရှည်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ဖြစ်လေသည်။

သူမ၏ခန္ဓာမှာ ပါးပါးလျားလျားဖြစ်ပြီး ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် ပန်းပုလက်ရာကဲ့သို့ ဖြစ်သည်။

သူမ၏မျက်ခုံးက မိုးမခသစ်ရွက်ကဲ့သို့ ကွေးကွေးလေးဖြစ်ပြီး လှပသောမျက်လုံးများကလည်း ကြည်လင်လေ၏။ နှာတံလေးမှာလည်း သေးသွယ်ကာ ဖြောင့်စင်းသည်။

သူမ၏ အသားအရေကလည်း နှင်းသားပမာ ဖြူစင်ပြီး နုဖက်နေသေးသည်။

ထိုမိန်းကလေးမှာ တုရှန်ဧကရာဇ်မျိုးနွယ်၏ တတိယမြောက် မင်းသမီး တုရှန်ရှောင်ရှောင်း ဖြစ်သည်။

သူမ၏ဘေးတွင် ရပ်နေသူကတော့ အလွန်လွှမ်းမိုးပြီး ကြီးစိုးသော အသွင်ဆောင်သည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။

သူသည် အနီရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထား၏။ သို့သော်လည်း ယင်းက အချိုးအစားကျနပြီး ဆွဲဆောင်နိုင်လွန်းအားကြီးသည့် အသွင်ပြင်ကို ဖုံးကွယ်ထားရန် မစွမ်းသာပေ။

လွန်စွာ အရည်ရွှမ်းသော သစ်သီးတစ်လုံးဟုပင် ဆိုနိုင်သည်။

သူမ၏ခန္ဓာကိုယ်က အချိုးအစားကျသကဲ့သို့ မျက်နှာလေးမှာလည်း ချစ်စဖွယ်ဖြစ်၏။

ထိုမိန်းကလေးသည်ကား တုရှန်ဧကရာဇ်မျိုးနွယ်၏ အကြီးဆုံး မင်းသမီးကြီး တုရှန်ယွဲ့ယွဲ့ဖြစ်ချေတော့သည်။

ထိုသို့မဟုတ်လျှင်ပင် သူမ၏ အလှတရားများကြောင့် မင်းသမီး ကြီး ဘွဲ့ခံထိုက်သည်။

ဖွံ့ဖြိုးသော အလှတရားများဖြင့် ကျော်ကြားသော မြွေလူသားမျိုးနွယ်နှင့် နှိုင်းယှဉ်လျှင်ပင် နောက်ကျနေမည် မဟုတ်တန်ပေ။

ဤအခိုက်တွင်၊ တုရှန်ယွဲ့ယွဲ့က သူမ၏ခါးတွင် ချိတ်ဆွဲထားသော ဘူးသီးခြောက်အရက်အိုးကို ဖြုတ်ယူပြီး တစ်ကျိုက် မော့သောက်လိုက်သည်။

"ဒီတစ်ခါ ခြောက်ထောင့်ကြယ် အမှတ်အသား ပေါ်လာတော့ နားမလည်နိုင်တဲ့ ခံစားချက်တစ်ခု ခံစားမိလိုက်သေးလား"

"တကယ်ပဲ သွေးမျိုးဆက်ကနေ လှုပ်ရှားမှုအရိပ်အမြွက်တစ်ခုကို ခံစားလိုက်မိပါတယ်။ ဒါပေမဲ့ အဲဒါက ဖျက်ဆီးခြင်းဘုရင်နဲ့ ဘယ်လိုပတ်သက်လို့လဲ"

တုရှန်ရှောင်ရှောင်း အနည်းငယ် စိတ်ရှုပ်သွား၏။

တုရှန်ယွဲ့ယွဲ့လည်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

"ထားပါ၊ ဒီကိစ္စကို လောလောဆယ် မေ့ထားလိုက်ရအောင်။ ဟိုကောင်မလေးနှစ်ယောက် စိတ်ဆိုးနေသေးလား"

"အမှန်ပဲပေါ့၊ အစ်မကြီး ပြန်ခေါ်လို့သာ။ မဟုတ်ရင် သူတို့က သူတို့သဘောကျသူနဲ့ ကြာကြာနေနိုင်ဦးမှာဆိုပြီး အပြစ်တင်နေကြလေရဲ့"

တုရှန်ရှောင်ရှောင်းက အနည်းငယ် ပြုံးလိုက်လေသည်။

"ကစဉ့်ကလျားခန္ဓာ ယွီရှောင်ယောက်၊ ဒီတစ်ခေါက ပျက်စီးခြင်းနယ်စပ်မှာ သူ့ရဲ့စွမ်းဆောင်ရည်က တကယ်ကို အံ့သြစရာကောင်းတယ်။ ငါတောင်မှ သူ့ကို နည်းနည်း စိတ်ဝင်စားနေမိပြီ"

တုရှန်ယွဲ့ယွဲ့က နီစွေးသော သူမ၏နှုတ်ခမ်းကို လျှာဖြင့်တစ်ချက်သပ်လိုက်၏။

"အစ်မဆီကနေ ဒီလိုမှတ်ချက်မျိုး ကြားရဖို့မလွယ်ဘူး"

တုရှန်ရှောင်ရှောင်းက ပြောသည်။

"ဒါပေမဲ့ ဒီယွီရှောင်ယောက်က ငါ့ကို မေ့ပျောက်လုနီးဖြစ်တဲ့ လူတစ်ယောက်ကို သတိရစေတယ်"

တုရှန်ယွဲ့ယွဲ့က ပြောလိုက်သည်။

"အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ ကျွင်းရှောင်ယောက်"

တုရှန်ရှောင်‌ရှောင်းက ပြောလိုက်၏။

နာမည်များက တကယ်ကို ဆင်တူသည်။

သို့ရာတွင်၊ ဤကစဉ့်ကလျားခန္ဓာက ကျွင်းရှောင်ယောက်နှင့် ပတ်သက်မှုရှိမည်ဟု သူတို့ မထင်ထားခဲ့ပေ။

နာမည်ချင်း အနည်းငယ်ဆင်တူသည်မှလွဲ၍ သူတို့ကြားတွင် ဆက်နွှယ်မှု အနည်းငယ်မျှ မရှိနိုင်ပါ။

"ဒီအိမ်ထောင်ရေးညီလခံမှာ ခင်ပွန်းကောင်းကို ငါတို့တွေ ရွေးချယ်နိုင်မလား ကြည့်ရအောင်။ နောက်ဆုံးမှာတော့၊ ချင်းမန်အင်မော်တယ်ကျမ်းကို လေ့ကျင့်နေတာ ဒီလောက် အချိန်ကြာတာတောင်မှ တိုးတက်မှု မရှိသေးဘူး"

တုရှန်ယွဲ့ယွဲ့က သက်ပြင်းချလိုက်သည်။

တုရှန်မြေခွေးမျိုးနွယ်၏ ချင်းမန်အင်မော်တယ်ကျမ်းအရ အိမ်ထောင်ရေးကမ္မကြိုးနီကို လှုပ်ရှားစေနိုင်သော ကံကြမ္မာရှိသူကို ရှာဖွေရန် လိုသည်။

ထို့ကြောင့် လေ့ကျင့်ရန် အလွန်ခက်ခဲခဲ့ပေသည်။

"ဒါနဲ့ စကားမစပ် အစ်မကြီး... ညီမမှာ မေးစရာတစ်ခုရှိတယ်"

တုရှန်ရှောင်‌ရှောင်းက ရုတ်တရက် ပြောလိုက်သည်။

"ဘာများလဲ"

"အခြားတော့ မဟုတ်ပါဘူး။ ငါတို့ရဲ့ အိမ်ထောင်ရေးကမ္မကြိုးနီက ယောက်ျားတစ်ယောက်တည်းကို ချည်နှောင်မိသွားရင် ဘယ်လိုဖြစ်မလဲ"

ဤဖြစ်နိုင်ခြေက အလွန်နည်းသော်လည်း မဖြစ်နိုင်တာ မဟုတ်ပေ။

"ဒီလိုဆိုရင် ငါ ယဉ်ကျေးနေမှာ မဟုတ်ဘူး၊ နင်တို့လည်း ယဉ်ကျေးနေစရာ မလိုပါဘူး။ အချိန်တန်တဲ့အခါ ငါတို့ညီအစ်မတွေ စိတ်တူကိုယ်တူ ဖြစ်ကြတာပေါ့"

တုရှန်ယွဲ့ယွဲ့က ရယ်မောလိုက်သည်။

သူမ၏ ရယ်မောသံက အလွန်ဆွဲဆောင်မှုရှိပြီး အနီရောင်နှုတ်ခမ်းများကလည်း ဆွဲဆောင်မှုရှိစွာ တောက်ပနေ၏။

တုရှန်မြေခွေးမျိုးနွယ်အတွက် လူ့ကျင့်ဝတ်ကျင့်ဝတ်များ လုံးဝမရှိပေ။

ဟုတ်သည်၊ ထိုအိမ်ထောင်ရေးကံပါသူက သူတို့၏ ကမ္မကြိုးနီအားလုံးကို လှုပ်ခတ်စေနိုင်မှသာ ဖြစ်လိမ့်မည်။

မဟုတ်ပါက၊ ယောက်ျားတစ်ယောက်တည်းကို အားလုံးက လက်ခံရန် မဖြစ်နိုင်ပေ။

တုရှန်ရှောင်‌ရှောင်းလည်း အနည်းငယ် ပြုံးလိုက်မိသည်။

တုရှန်ဧကရာဇ်မျိုးနွယ်၏ အိမ်ထောင်ရေးညီလာခံကြောင့် တိုင်းတစ်ပါးတစ်ခွင်လုံး စိတ်လှုပ်ရှားစွာ စည်ကားနေချိန်...

အမှောင်မြစ်ပြည်နယ်၊ စစ်နတ်ဘုရားနန်းတော်၏ နက်နဲရာအရပ်မှ တိတ်ဆိတ်သော ခြံဝင်းတစ်ခုတွင်...

လော့ရှန်းလင်က နောက်ခန်းရှိ ကုတင်ဘေးတွင် ထိုင်ပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော အဖြူရောင် ၀တ်စုံဖြင့် လူတစ်ယောက်ကို ကြည့်နေသည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသူမှာ အခြားသူမဟုတ်ဘဲ ကျွင်းရှောင်ယောက် ဖြစ်၏။

ဤအခိုက်တွင် လော့ရှန်းလင်က စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသော မျက်လုံးတို့ဖြင့် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေသည်။

ကံကောင်းထောက်မစွာဖြင့် ကျွင်းရှောင်ယောက်၏ ဒဏ်ရာများ ချောမွေ့စွာ ပြန်လည်ကောင်းမွန်လာခဲ့ပေသည်။

မျက်လုံးကိုမှိတ်ကာ ငြိမ်သက်စွာ လဲလျောင်းနေသော ကျွင်းရှောင်ယောက်၏ မျက်နှာကိုကြည့်ရင်း သူမ၏မျက်လုံးများက အရောင်အနည်းငယ် လက်နေခဲ့သည်။

သူမ တစ်ယောက်တည်း နေလာခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာသွားခဲ့ပြီနည်း။

သူကိုယ်တိုင်ပင် မသိတော့ပေ။

လူလောကမှ ချစ်ခြင်းမေတ္တာများက သူမနှင့် မသက်ဆိုင်သော အရာဟုပင် ထင်ခဲ့သည်။

ထို့အပြင်၊ သူမက အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးဖြစ်သော်လည်း အလွန်ဖြူစင်သည်။

စစ်နတ်ဘုရားနန်းတော်တွင် သူ နေခဲ့သည်မှာ ကြာပြီဖြစ်‌သော်လည်း မည်သူနှင့်မျှ အဆက်အသွယ်မရှိခဲ့ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အသွင်အပြင်က အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော သူမ၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

အချိန်အတော်ကြာ ငေးမောကြည့်နေပြီးနောက် လော့ရှန်းလင်လည်း ကျောက်စိမ်းလက်တစ်ဖက်ဖြင့် ကျွင်းရှောင်ယောက်၏ပါးပြင်ကို ခပ်ဖွဖွ ပွတ်သပ်လိုက်၏။

ထိုအခိုက်တွင်၊ လက်တစ်ဖက်က သူမ၏ ကျောက်စိမ်းလက်ကို ဆုပ်ကိုင်လာတော့သည်။

နောက်အခိုက်အတန့်တွင်၊ မျက်လုံးတစ်စုံက ပွင့်လာပြီး လော့ရှန်းလင်၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။

နက်နဲသော မျက်လုံးတစ်စုံက သူမကို လေးလေးနက်နက် စိုက်ကြည့်နေသည်။

"ရှန်းလင်၊ လူမသိအောင် ဒီလိုလုပ်လို့မရဘူးမို့လား"

လော့ရှန်းလင်၏ခန္ဓာလေးက အနည်းငယ် တုန်သွား၏။

သူမ၏ မျက်နှာလေးမှာလည်း ပန်းနုရောင်သန်းသွားလေတော့သည်။

All Chapters