အခန်း ၁၀၁၅
Vol. 68 Ch. 1015
အခန်း ( ၁၀၁၅ ) သဝန်တိုနေသော လော့ရှန်းလင်။
အမှန်တော့ ကျွင်းရှောင်ယောက်ဟာ ထိုအိမ်ထောင်ရေးနှင့်ပတ်သက်၍ သိပ်ပြီး စိတ်ဝင်စားမှုမရှိပေ။
သူက တုရှန်ဧကရာဇ်မျိုးနွယ်၏ မင်းသမီးငါးပါးကိုလည်း စိတ်မဝင်စားပါ။
ယခင် သူစိတ်ဝင်စားသည့် တစ်ခုတည်းသောအရာက ညီလာခံတွင် ချီဟုန်ယွိနှင့် တွေ့နိုင်မလား ဆိုတာကို ဖြစ်သည်။
သူ့ထံမှ ဝိညာဉ်ကျမ်းကို ရရှိနိုင်ရန် နည်းလမ်းရှာရဦးမည်။
ယခုတော့ လက်မှတ်ထိုးဝင်ရန် အခွင့်အလမ်းရှိပြီဖြစ်သောကြောင့် သွားကိုသွားရတော့မည် ဖြစ်သည်။
"ဘာလဲ ရှောင်ယောက်၊ မင်းက စိတ်ဝင်စားလို့လား"
ကျွင်းရှောင်ယောက်၏ အမူအရာပြောင်းလဲမှုကို သတိပြုတော့ လော့ရှန်းလင်က မေးလိုက်သည်။
တောက်ပနေသော မျက်လုံးလေးများက ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်၏။
သူဟာ ကျွင်းရှောင်ယောက်၏ တုံ့ပြန်မှုကို အိမ်ထောင်ရေးညီလာခံနှင့် ပတ်သက်ပြီး စိတ်ကူးတချို့ရှိနေသည်ဟု နားလည်မှု လွဲသွားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
"ဒီညီလာခံမှာ ပျော်ပျော်ပါးပါး သွားပြီး ပါဝင်ဆင်နွှဲရအောင်ပါ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ရှောင်ယောက်၊ မင်း... အဲဒီမြေခွေးတွေကို စိတ်ဝင်စားလို့လား"
သဝန်တိုခြင်း အရိပ်အမြွက်တို့ဖြင့် စကားသံ ထွက်ပေါ်လာသည်။
မတတ်တတတ်နှင့် အူတိုနေသော သူ့အမူအရာလေးက အလွန်ချစ်စရာကောင်းလေသည်။
"ဟုတ်တယ်လို့ပြောရင် ဘာဖြစ်မလဲ"
ကျွင်းရှောင်ယောက်လည်း လော့ရှန်းလင်ကို စနောက်ချင်လာခဲ့မိသည်။
"ယောက်ျားတိုင်းက ဒီလိုပဲလား"
"ဒါမှမဟုတ်... ငါကပဲ သူတို့လောက်မလှလို့လား"
လော့ရှန်းလင်က ပြောရင်း လေသံတိမ်ဝင်သွားခဲ့သည်။ သူမ၏ နောက်ဆုံးစကားသံက တိုးလွန်းသဖြင့် ကြားနိုင်ရန်ပင် ခက်လေသည်။
လော့ရှန်းလင်၏ အမူအရာကိုမြင်တော့ ကျွင်းရှောင်ယောက် ပြုံးပြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်တော်က ဒီအတိုင်းပဲ သွားကြည့်မှာ။ မဟုတ်ရင်လည်း ကျွန်တော်နဲ့အတူတူ ရှန်းလင် လိုက်ခဲ့ပါလား"
"မင်းသွားချင်ရင် သွားလို့ရပါတယ်၊ ငါ့ကို ကြည့်နေစရာမလိုဘူး"
လော့ရှန်းလင်က မျက်လွှာချကာ ပြောလိုက်သည်။
နောက်ဆုံးတွင်၊ သူနှင့် ကျွင်းရှောင်ယောက်ကြားမှ ပတ်သက်မှုက ဘာများထူးနေသေးလို့လဲ။
ကျွင်းရှောင်ယောက်က တုရှန်ဧကရာဇ်မျိုးနွယ်၏ မင်းသမီးနှင့် လက်ထပ်ရန် သွားလျှင်ပင်...
သူမတွင် ဝင်စွက်ဖက်စရာ အကြောင်းမရှိဘူး မဟုတ်ပါလား။
သို့သော်လည်း လော့ရှန်းလင်၏ နှလုံးသားထဲတွင် အနည်းငယ် အူတိုခြင်းများ ခံစားခဲ့ရသည်။
လော့ရှန်းလင်၏ သိမ်မွေ့သော အပြောင်းအလဲများကို မြင်လိုက်ရတော့...
ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ ရုတ်တရက် တွေးလိုက်မိသည်။
သူ လော့ရှန်းလင်ကို ပရောပရည်လုပ်တာ အလွန်ရှေ့ရောက်နေပြီလား။
ထို့နောက်တွင်...
ကျွင်းရှောင်ယောက် နိုးထလာသော သတင်းက စစ်နတိဘုရားနန်းတော် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
စစ်နတ်ဘုရားနန်းတော်တစ်ခုလုံး ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
နန်းတော်မှ တပည့်တချို့ဆိုလျှင် ကျွင်းရှောင်ယောက်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်နေကြပြီ။
နောက်ဆုံးတွင်၊ ဤသည်က ဧကရာဇ်တစ်ပါး၏လက်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့သူ ဖြစ်သည်။
လူတော်တော်များများက ကျွင်းရှောင်ယောက်ကို တွေ့ချင်ကြပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က အားလုံးကို ငြင်းပယ်ခဲ့သည်။
သူကျွင်းရှောင်ယောက်က လော့ရှန်းလင်၏နေအိမ်တွင်သာ သက်တောင့်သက်သာ ဆက်နေခဲ့လေသည်။
မကြာမီ၊ စစ်နတ်ဘုရားနန်းတော်က ကျွင်းရှောင်ယောက်အတွက် စစ်နတ်ဘုရားဘွဲ့ အပ်နှင်းခြင်း အခမ်းအနား ကျင်းပပေးခဲ့သည်။
ကျွင်းရှောင်ယောက်နှင့် အာဃာတရှိကြသော မျိုးနွယ်စုများမှလွဲ၍...
ဧကရာဇ်မျိုးနွယ်စု အတော်များများက ဂုဏ်ပြုရန်နှင့် လက်ဆောင်များ ပေးရန်အတွက် လူများ စေလွှတ်ခဲ့ပေသည်။
ကျွင်းရှောင်ယောက်၏ လက်ရှိအနေအထားက အလွန် ထူးကဲသည်။
သူ့အရည်အချင်းနှင့် အထောက်အထားကလည်း အများကြီးပြောနေစရာ မလိုပေ။
သူ့နောက်တွင် စစ်နတ်ဘုရားနန်းတော်၊ ရှန်းအောင်ဘုရင်၊ လော့ဝမ်နှင့် အခြားသူများ ရှိသည်။
လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ် အရိပ်တစ်ခုလည်း ရှိ၏။
ဟုတ်သည်၊ ယင်းကတော့ နတ်ဘုရား၏မိစ္ဆာအတွေးများမှ ထုတ်ဖော်ထားသော ပုံရိပ်ဖြစ်ကြောင်း ကျွင်းရှောင်ယောက်တစ်ဦးသာ သိလေသည်။
မည်သို့ပင်ဆိုစေ၊ ယခု ကျွင်းရှောင်ယောက်ဟာ တိုင်းတစ်ပါးရှိ လူငယ်မျိုးဆက်များထဲ၌...
မည်သူမျှ မနှိုးဆော်ဝံ့သော ထိပ်တန်း တည်ရှိမှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ထိုပွဲကိုလည်း မတက်ရောက်ခဲ့ပေ။
သို့သော်လည်း မည်သူမျှ အပြစ်မမြင်ကြဘဲ ကျွင်းရှောင်ယောက်ကို ဟိတ်ဟန်ကြီးလွန်းသည်ဟုလည်း မထင်ခဲ့ကြပါ။
ဆန့်ကျင်ဘက်အနေဖြင့်၊ ဤသည်မှာ စစ်နတ်ဘုရား၏ ဝိသေသလက္ခဏာနှင့် ကိုက်ညီသည်ဟု ထင်မြင်ခဲ့ကြသည်။
ဝါးတောလေးထဲမှ နေအိမ်တွင်...
ကျွင်းရှောင်ယောက်က နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးကို အတွင်းစကြာဝဠာအတွင်းမှ ခေါ်ယူလိုက်သည်။
"အစ်ကိုကြီး၊ မင်းတကယ်ကြီး အတွင်းစကြာဝဠာကို လေ့ကျင့်နိုင်ခဲ့တာပဲ။ နောက်ပြီးတော့ အဲဒီထဲမှာ ကောင်းတာတွေ အများကြီးရှိနေသေးတယ်"
ရှောင်ယီက ထိတ်လန့်တကြား မျက်နှာထားဖြင့် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။
ဤမျှကြီးမားသော အတွင်းစကြာဝဠာကြီးကို အဓိပဓိတစ်ပါးက တည်ဆောက်ထားသည့်အချက်အား ဘေးဖယ်ထားလျှင်ပင်...
အတွင်းမှ ရတနာများက ရှောင်ယီ၏ မျက်လုံးများအား မီးဝင်းဝင်းတောက်သွားစေနိုင်သည်။
ကမ္ဘာ့သစ်ပင်၊ ကောင်းကင်အင်မော်တယ်သစ်ပင်၊ အသက်စမ်းရေတွင်း၊ အင်မော်တယ်ဘိုးဘွားသွေးကြော၊ နဂါးသွေးကြော...
ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာထဲမှ ရတနာများက ကြွယ်ဝလွန်းသဖြင့် ရှောင်ယီကဲ့သို့ ဧကရာဇ်တစ်ပါးမှ ဆင်းသက်လာသူကိုပင် အံ့အားသင့်မဆုံးအောင် ဖြစ်စေခဲ့သည်။
"အဲဒါက ဘာမှမဖြစ်ပါဘူး။ အခု မင်းက တိုင်းတပါးကို ရောက်နေပြီမို့ ငါ့ကျွန်လိုပဲ မင်းနေရဦးမယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ဒါက တိုင်းတပါးမြေလား"
ရှောင်ယီက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ အမှန်ပင် ဤနေရာမှ နိယာမများက အင်မော်တယ်နယ်မြေကြီးနှင့် မတူညီကြောင်း သူ ခံစားရသည်။
ကျွင်းရှောင်ယောက်လည်း ရှောင်ယီကို သူ့ဘာသာသူ လေ့လာခွင့်ပေးထားလိုက်လေသည်။
သို့သော်၊ ထိုအခိုက်တွင် တစ်စုံတစ်ခုကို ကျွင်းရှောင်ယောက် ရုတ်တရက် ခံစားလိုက်ရသည်။
သူ့နားထဲတွင် အသံများစွာကို ကြားလာရ၏။
မရေမတွက်နိုင်သော ဆုတောင်းခြင်းများ...
"ဟမ်၊ ဘာတွေဖြစ်နေတာလဲ"
ကျွင်းရှောင်ယောက် စူးစမ်းကြည့်လိုက်သည်။
ထိုအခါ၊ အသံက အတွင်းစကြာဝဠာရှိ ယုံကြည်ခြင်းမျိုးစေ့များမှ ထွက်လာကြောင်း အံ့သြဖွယ်တွေ့ရှိခဲ့ရပေသည်။
ကျွင်းရှောင်ယောက်ဟာ ယုံကြည်ခြင်းမျိုးစေ့ကို အချိန်အတော်ကြာ ဂရုမစိုက်မိဘဲ သူ့ဘာသာသူ ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။
ယခုမူကား၊ ယုံကြည်ခြင်းမျိုးစေ့က ယခင်ထက် နှစ်ဆကြီးမားနေပြီ။
မျက်နှာပြင်ပေါ်မှာလည်း သက်ရှိသတ္တဝါအားလုံး၏ ပုံစံများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။
ယုံကြည်ခြင်းမျိုးစေ့မှ နှလုံးခုန်သံမျိုးပင် ထွက်ပေါ်လာ၏။
အဲဒါက နှလုံး သို့တည်းမဟုတ် သန္ဓေသားလောင်းကဲ့သို့ပင်။
"စိတ်ဝင်စားစရာပဲ"
ကျွင်းရှောင်ယောက်လည်း ဤကြယ်ကိုးပွင့်ဆုလာဘ်ကို ထိုမျှမရိုးရှင်းကြောင်း သိလိုက်သည်။
ယခုအချိန်တွင် ထိုဆုတောင်းသံများက ယုံကြည်ခြင်းမျိုးစေ့ကို ဝန်းရံထားသည့် အဆုံးမဲ့အလင်းစက်များမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ယင်းက သက်ရှိသတ္တဝါအားလုံးမှ ယုံကြည်ခြင်း၏ စွမ်းအား ဖြစ်ချေသည်။
ယင်းကို အချိန်အတော်ကြာ သူ လျစ်လျူရှုထားခဲ့မိသည်။ ယခုတော့ ကောင်းကင်ယံမှ ကြယ်များကဲ့သို့ အလင်းစက်များ ပြည့်နေပြီ။
ကျွင်းရှောင်ယောက်သည်ပင် အံ့အားသင့်ခဲ့ရသည်။
အနှီထိုပါ့ယွိက အလွန် အလုပ်ကြိုးစားပေသည်။
'ကြည့်ရတာ နည်းနည်း လှုပ်ရှားရဦးမမဲ့ပုံပဲ'
ထိုဆုတောင်းသံများကိုကြားတော့ ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
ထိုပါ့ယွိမှာ တိုင်းတပါးကို သူ ပထမဆုံးရောက်သောအခါက ကျပန်းချထားသော စစ်တုရင်ရုပ်တစ်ခုသာ ဖြစ်သည်။
ထိုပါ့ယွိကို ကျွန်မျိုးနွယ်များကြားတွင် ယုံကြည်သူတိုးပွားစေရန် ထားခဲ့ခြင်း ဖြစ်၏။
ဖေးချင်ရွယ်သည်ကား တော်ဝင်မျိုးနွယ်များကြားမှ ယုံကြည်မှုကို ဖြန့်ကျက်သူ ဖြစ်သည်။
ယခုမူကား၊ စိတ်ပျက်အားငယ်နေသော ဆုတောင်းသံများမှ...
ထိုပါ့ယွိအတွက် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိလိုက်ရပြီ ဖြစ်သည်။
"အခု အင်အားတချို့ ထုတ်ပြဖို့အတွက် အချိန်ကျပြီ။ ငါ့ရဲ့ ယုံကြည်ခြင်းစွမ်းအားတွေကို တားဆီးဝံ့သလဲဆိုတာ သိချင်စမ်းပါ့ရဲ့"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သော အလင်းရောင်များ ဖြတ်သန်းသွားလေသည်။
ဤယုံကြည်ခြင်းမျိုးစေ့က သူ့ကို အနာဂတ်တွင် အံ့ဖွယ်ကောင်းသော အခွင့်အရေးတစ်ခု ဖြစ်စေနိုင်ကြောင်း သူသိသည်။
ထို့ကြောင့် ယုံကြည်သူများ ရှာဖွေခြင်းကို ရပ်တန့်၍ မရပေ။
"ရှောင်ယီ၊ မင်း အပြင်ထွက်ပြီး လမ်းလျှောက်ချင်လား"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
"ကောင်းတာပေါ့၊ ကိုယ်ကိုယ်တိုင်အပြင် ကိုယ့်ရန်သူအကြောင်းကို ကောင်းကောင်းသိမှ တိုက်ပွဲတိုင်းကို အောင်နိုင်လိမ့်မယ်။ တိုင်းတပါးရဲ့ အခြေအနေကို ငါလည်း သေသေချာချာ နားလည်ချင်တယ်"
ရှောင်ယီက ခေါင်းတဆတ်ဆတ် ညိတ်လိုက်လေသည်။
'ရှန်းလင်ကိုလည်း ခေါ်သွားဦးမှ'
ကျွင်းရှောင်ယောက်က တွေးလိုက်သည်။
သူ့အဆင့်အတန်းက လုံလောက်သော်လည်း သူ့အင်အားကတော့ နိမ့်ကျနေသေးသည်။
ထို့ကြောင့် လော့ရှန်းလင်ကို ခေါ်သွားခြင်းက ပိုကောင်းသည်။
ကျွင်းရှောင်ယောက်လည်း လော့ရှန်းလင်ကို ချက်ချင်း သွားရှာလိုက်လေသည်။
"ဘယ်လို၊ အတူတူ လမ်းလျှောက်ထွက်ရအောင်လား"
လော့ရှန်းလင် အံ့အားသင့်သွားသည်။
"ဟုတ်တယ်လေ၊ ရှန်းလင်ကိုကြည့်ရတာ အိမ်တွင်းပုန်း ကောင်မလေး ဖြစ်နေပြီ။ ကိုယ့်အိမ်မှာပဲ အမြဲတမ်းနေရတာက ပျင်းစရာကောင်းလွန်းတယ် မဟုတ်လား။ ဘာဖြစ်လို့ ကျွန်တော်နဲ့အတူတူ လမ်းလျှောက်မထွက်ရမှာလဲ"
ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးလိုက်သည်။
"အိမ်တွင်းပုန်း ကောင်မလေးလား"
လော့ရှန်းလင်မှာ ဤစကားလုံး၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားမလည်ပေ။
သို့သော်လည်း သူမ၏မျက်နှာလေးက အနည်းငယ် နီရဲလာခဲ့သည်။
ဒါက ချိန်းတွေ့ဖို့ လမ်းကြောင်းနေတာလား။
ရက်အနည်းငယ်ကြာပြီးနောက်...
ကျွင်းရှောင်ယောက်က သရဲမျက်နှာဖုံးကို ၀တ်ဆင်ထားပြီး စစ်နတ်ဘုရားနန်းတော်မှ လော့ရှန်းလင်နှင့်အတူ ထွက်ခဲ့သည်။
ကျွင်းရှောင်ယောက်က နိမ့်ကျသောပုံရိပ်ကို တမင်တကာ ထိန်းသိမ်းထားတာတော့ မဟုတ်ပေ။
သို့သော်လည်း ယခုအခါ သူက တိုင်းတပါးမှာ နာမည်ကြီးလွန်းသည်။
သူ့ကိုယ်သူ ဖုံးကွယ်မထားပါက သူသွားလေရာရာတွင် လူများ ဝိုင်းဝိုင်းလည်နေမှာဖြစ်ပြီး ဘာမှလုပ်လို့ မရနိုင်တော့ပေ။
ကျွင်းရှောင်ယောက်နှင့် အခြားသူများ ခရီးထွက်လာချိန်...
ကောင်းကင်သင်္ချိုင်းပြည်နယ်တွင်...
ပြင်းထန်သော စစ်ပွဲကြီးများ ဖြစ်နေသည်။
ဤစစ်ပွဲသည် ရေနက်မျိုးနွယ်ဟုခေါ်သော ကျွန်မျိုးနွယ်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်၏။
ကောင်းကင်သင်္ချိုင်းပြည်နယ်ရှိ ထောင်နှင့်ချီသော ကျွန်မျိုးနွယ်စုများ စုဖွဲ့ထားသော ကံကြမ္မာဂိုဏ်းကို တော်ဝင်မျိုးနွယ်တချို့က ဖိနှိပ်နေခြင်း ဖြစ်တော့သည်။