← Chapters

အခန်း ၁၀၁၆

Vol. 68 Ch. 1016

အခန်း ၁၀၁၆

Vol. 68 Ch. 1016

အခန်း ( ၁၀၁၆ ) ကျွန်မျိုးနွယ်များ၏ ကံကြမ္မာမဟာမိတ်။

ကောင်းကင်သင်္ချိုင်းပြည်နယ်၏ လွင်ပြင်ကျယ်တွင် နေရောင်က သွေးကဲ့သို့ ရဲနေသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ တောင်လိုပုံနေသော အလောင်းများကို မြင်ရ၏။

အလောင်းများမှ စီးကျလာသော သွေးများက သွေးမြစ်ကဲ့သို့ အလောင်းတောင်ကိုကွေ့ကာ စီးဆင်းနေတော့သည်။

ဤသည်မှာ တကယ်ကို လူသေအလောင်းတောင်များနှင့် သွေးပင်လယ် ဖြစ်သည်။

ဤအဆုံးမဲ့လွင်ပြင်တွင် သက်ရှိများ မည်မျှ သေဆုံးခဲ့သည်ကိုပင် တွေးဆ၍မရနိုင်တော့ပေ။

သန်းနှင့်ချီနေမှာတော့ သေချာသည်။

ဤအခိုက်အတန့်တွင်၊ လွင်ပြင်ကျယ်၏ ဗဟိုမှာ...

မရေမတွက်နိုင်သော သတ္တဝါများဖြင့် ပြည့်ကျပ်နေသော စခန်းကြီး ရှိနေသည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါက သွေးအရိုးမျိုးနွယ်၊ မှင်စာမျိုးနွယ်၊ ချီလန်မျိုးနွယ်နှင့် ငှက်လူသားမျိုးနွယ်များ ရှိ၏။

သူတို့အားလုံးက အဆင့်အတန်း နိမ့်ပါသော ကျွန်မျိုးနွယ်များ ဖြစ်ကြသည်။

သို့သော်လည်း ဂရုတစိုက်ကြည့်လျှင်တော့ ၎င်းတို့၏ ခွန်အားများက အားမနည်းကြောင်း တွေ့ရမည်။

ဟင်းလင်းပြင် နတ်ဘုရားများ၊ အစစ်အမှန် နတ်ဘုရားများ၊ ကောင်းကင်နတ်ဘုရားများ... စသည်တို့ များစွာရှိသည်။

ဤကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားပုံမပေါ်သော်လည်း ကျွန်မျိုးနွယ်များအတွက် အလွန်ရှားပါးပေသည်။

ဤကဲ့သို့သော ကျင့်ကြံခြင်းအခြေခံရှိသူက တစ်ဦး၊ နှစ်ဦးဆိုလျှင် မထူးသော်လည်း၊ ယခုတော့ အများစု‌ဖြစ်နေပြီ။

ဤနေရာတွင် ထောင်နှင့်ချီသော ကျွန်မျိုးနွယ်များ ရှိသည်။ သို့ဆိုလျှင် သက်ရှိသတ္တဝါ စုစုပေါင်း အရေအတွက်က သန်းနှင့်ချီ ရှိ၏။

ဤသည်က အမှန်ပင် လျစ်လျူမရှုနိုင်သော အင်အားတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

ယခုအချိန်တွင် အလယ်ဗဟိုမှာ ပေတစ်သောင်းကျော် မြင့်မားသော မျှော်စင်တစ်ခု ရှိနေသည်။

ယင်းက ယဇ်ပူဇော်ခြင်းမျှော်စင် ဖြစ်သည်။

မျှော်စင်အောက်မှာတော့ လူအုပ်စုကြီးတစ်ခု စုရုံးနေကြ၏။

သူတို့အားလုံးက မျိုးနွယ်စုအသီးသီး၏ ခေါင်းဆောင်များနှင့် ဘိုးဘွားကြီးများ ဖြစ်တော့သည်။

ထိုလူအားလုံး၏ အလယ်ဗဟိုမှာတော့ တောင့်တင်းသန်မာသော ကြွက်သားများနှင့် အသားမည်းမည်း လူငယ်လေးတစ်ဦး ရပ်နေသည်။

ထိုလူငယ်မှာ ရေနက်မျိုးနွယ်မှ ထိုပါ့ယွိ ဖြစ်ချေသည်။

ယခင်ကနှင့်ယှဉ်လျှင်၊ ယခုအချိန်မှာ သူက ပို၍ အရပ်ရှည်လာသည်။ သူ့မျက်လုံးများက ကြယ်များကဲ့သို့ စူးရှလင်းလက်နေပြီး အားကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်နေ၏။

ယင်းက သူ‌တော်စင်သခင်တစ်ပါး၏ အရှိန်အဝါ ဖြစ်တော့သည်။

ယင်းမှာ အနည်းငယ်တော့ အံ့ဩစရာကောင်းသည်။

ယခင်က ထိုပါ့ယွိဟာ မထင်မရှား လူငယ်လေးတစ်ဦးထက် မပိုပေ။

သူတော်စင်သခင်နယ်ပယ်မှာ သူ့တစ်သက်တာတွင် ရောက်ရန်ခက်ခဲသော နယ်ပယ်တစ်ခုနီးပါး ဖြစ်သည်။

သို့သော်လည်း ယခုတော့ တစ်နှစ်မပြည့်မီတွင်၊ ထိုပါ့ယွိမှာ သူတော်စင်သခင်နယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီ။

ထိုအထဲတွင်၊ အရေးကြီးဆုံးက ကျွင်းရှောင်ယောက်ဟာ သူ၏စွမ်းရည် တစ်ထောင်ပုံ တစ်ပုံကို ပေးအပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့အပြင်၊ တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကျင့်စဉ်လည်း ရှိသေးသည်။

ထိုပါ့ယွိဟာ တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ ကျင့်စဉ်ကို ရယူပြီး ပထမဆုံး ဖြန့်ကျက်ပေးခဲ့သူ ဖြစ်သည်။

သူရရှိနိုင်သော အကျိုးကျေးဇူးက သဘာဝအတိုင်း အကြီးမားဆုံးပင်။

ဤရှုထောင့်နှစ်ရပ်၏ ကောင်းချီးများဖြင့် ထိုပါ့ယွိဟာ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှု အမြန်နှုန်းကို ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ဟုတ်ပေသည်၊ သူက သူတော်စင်သခင်တစ်ပါးသာ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အတွေးတစ်ခုဖြင့် ထိုပါ့ယွိကို အကြိမ်ပေါင်းများစွာ သတ်ပစ်နိုင်ပေသည်။

သူ့အပြင် ကျွင်းရှောင်ယောက်က တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကို လေ့ကျင့်ထားသော သက်ရှိသတ္တဝါအားလုံး၏ သေခြင်းရှင်ခြင်းကို ဆန္ဒရှိသလို ထိန်းချုပ်နိုင်သည်။

သူတို့၏အင်အားက ကျွင်းရှောင်ယောက်ထက် အဆများစွာ မသာလွန်ပါက ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

ဤကာလအတွင်း၌ ထိုပါ့ယွိဟာ သစ္စာရှိပြီး သာသနာပြုခြင်းများ ပြုလုပ်နေခဲ့သည်။

သူ့ကံကြမ္မာကို ပြောင်းလဲစေခဲ့သူမှာ ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားဖြစ်သောကြောင့် သဘာဝအတိုင်း အရူးသွပ်ဆုံး ယုံကြည်ခဲ့ပေသည်။

သူ၏ ကြိုးစားမှုကြောင့် တစ်နှစ်မပြည့်မီတွင်၊ ကောင်းကင်သင်္ချိုင်းပြည်နယ်တွင် ရာနှင့်ချီသော ကျွန်မျိုးနွယ်များ သူ့ဘက်ကိုရောက်လာခဲ့ကြသည်။

အခြားပြည်နယ်ကြီးများမှ ကျွန်မျိုးနွယ်စုများသို့ပင် သက်ရောက်လာ၏။

ထို့ပါယွိလည်း အနေအထားတစ်ရပ်ကို ရောက်လာတော့သည်။

သူဟာ ကျွန်မျိုးနွယ်များ လွတ်မြောက်ရေး ခေါင်းဆောင်ကြီး ဖြစ်လာခဲ့သည်။

ကျွန်မျိုးနွယ်အားလုံး ရိုသေလေးစားရသော မဟတ္တမတစ်ဦး ဖြစ်ခဲ့၏။

တော်ရုံလူဆိုပါက ထိုကဲ့သို့ ဂုဏ်သိက္ခာရှိသော ရာထူးတစ်ခုကို ရုတ်တရက်ရရှိပါက ကျိန်းသေပေါက် ဝံ့ကြွားနေလိမ့်မည်။

ထိုပါ့ယွိကတော့ ထိုသို့မဟုတ်ပေ။

အကြောင်းမှာ၊ ဤအရာအားလုံးကို မည်သူက ပေးခဲ့သည်မှန်း ကောင်းစွာသိရှိသောကြောင့် ဖြစ်သည်။

ယခုအချိန်မှာတော့ ထိုပါ့ယွိနှင့် ကျွန်မျိုးနွယ်စု ခေါင်းဆောင်များက အလွန်အရေးကြီးသော အစည်းအဝေးတစ်ခု ကျင်းပရန်အတွက် စုရုံးနေပေသည်။

"အရှင်မဟတ္တမ၊ ငါတို့ ဒီအတိုင်းဆက်သွားလို့တော့ မဖြစ်ဘူး။ ငါတို့က တော်ဝင်မျိုးနွယ်စု ငါးခုနဲ့ မယှဉ်နိုင်ဘူး"

"အမှန်ပါပဲ၊ တော်ဝင်မျိုးနွယ်စုငါးခုမှာ အဓိပဓိအဆင့် အကျော်အမော်တွေ ရှိကြတယ်။ ငါတို့တွေ အနိုင်ရဖို့ မဖြစ်နိုင်ဘူး"

"အခုဆိုရင် ငါတို့ဘက်က အသေအပျောက် များနေပြီ။ ငါတို့အဖြစ်က ဘာနဲ့တူလဲဆိုတော့ ရထားကို တားဆီးဖို့ ကြိုးစားနေတဲ့ နှံကောင်တစ်ကောင်လို ဖြစ်နေပြီ"

ကျွန်မျိုးနွယ်စု ခေါင်းဆောင်များက တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုနေကြသည်။

ယခင်ကတော့ ထိုပါ့ယွိ၏ အင်အားချဲ့ထွင်ခြင်းမှာ ချောမွေ့ခဲ့ပေသည်။

သူတို့က အနိမ့်ကျဆုံး ကျွန်မျိုးနွယ်များ ဖြစ်ခြင်းကြောင့်လည်း အင်အားစုကြီးများက အလေးအနက် မထားခဲ့ကြပါ။

ဧကရာဇ်တစ်ပိုင်းမျိုးနွယ်များနှင့် ဧကရာဇ်မျိုးနွယ်များက သူတို့၏ ကျွန်မျိုးနွယ် မဟာမိတ်အဖွဲ့ကို လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့ကြသည်။

သူတို့အတွက်တော့ ကျွန်မျိုးနွယ်မှာ ပုရွက်ဆိတ်များနှင့် မခြားပေ။ ပုရွက်ဆိတ်များက မည်မျှ စုရုံးနေပါစေ၊ လူသားများအတွက်တော့ ရိုးရိုးရှင်းရှင်း နင်းချေပစ်နိုင်သည်။

ထို့ကြောင့်ပင် ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုများနှင့် အင်မော်တယ်ဧကရာဇ် မျိုးနွယ်စုများက ကျွန်မျိုးနွယ်များ၏ အရေးကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

တော်ဝင်မျိုးနွယ်များသည်ပင် ယေဘုယျအားဖြင့် လျစ်လျူရှုခဲ့သည်။

ထိုသို့ဖြင့် ထိုပါ့ယွိ၏ ခရီးလမ်းက ချောမွေ့ခဲ့ပေသည်။

သို့သော် မကြာသေးမီက၊ တော်ဝင်မျိုးနွယ်ငါးစုသာ သူတို့ ကျွန်မျိုးနွယ်မဟာမိတ်ကို နှိမ်နင်းရန် ရုတ်တရက်ပူးပေါင်းခဲ့ကြသည်။

တော်ဝင်မျိုးနွယ်စု၏ လှုပ်ရှားခြင်းက သူတို့အတွက် မပေါ့ပေ။

အဆင့်အနိမ့်ဆုံး တော်ဝင်မျိုးနွယ်ဖြစ်လျှင်ပင် ကျွန်မျိုးနွယ်တို့ ရင်ဆိုင်နိုင်သောအရာ မဟုတ်ပါ။

ယခုအခါ မျိုးရိုးတစ်ခုတည်းပင်မဟုတ်ဘဲ တော်ဝင်မျိုးနွယ်စု ငါးခု ပူးပေါင်းခြင်း ဖြစ်သည်။

ယင်းက ထိုပါ့ယွိဦးဆောင်သော ကျွန်မျိုးနွယ် ကံကြမ္မာမဟာမိတ်အဖွဲ့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပေသည်။

နောက်ဆုံးတွင်၊ နှစ်ဖက်က တူညီသောအဆင့်တွင် လုံးဝ မရှိပါ။

ဤအခိုက်မှာ ကျွန်မျိုးနွယ်စု ခေါင်းဆောင်ကြီးများပင် အနည်းငယ် တုန်လှုပ်ကုန်ကြသည်။

"အားလုံး တိတ်စမ်း၊ တစ်ယောက်တစ်ပေါက်နဲ့ ဘယ်လိုလဲ"

ထိုပါ့ယွိ မျက်မှောင်ကြုတ်သွားပြီး အော်လိုက်သည်။

တစ်နေရာလုံး တိတ်ဆိတ်သွား၏။

ထိုပါ့ယွိက အသက်ငယ်သေးသော်လည်း...

မျိုးနွယ်အပေါင်း၏ ခေါင်းဆောင် မဟတ္တမအဖြစ်နှင့် ကျွန်မျိုးနွယ်စုများကြားတွင် ဂုဏ်သိက္ခာကြီးမားနေပြီဖြစ်သည်။

"ဒီကိစ္စက သိပ်မရိုးရှင်းပါဘူး။ တော်ဝင်မျိုးနွယ်စု ငါးခုက ဘာဖြစ်လို့ ငါတို့ကို တိုက်ခိုက်ဖို့ ရုတ်တရက် ပူးပေါင်းလာတာလဲ"

ထိုပါ့ယွိက စဉ်းစဉ်းစားစား ပြောလိုက်သည်။

"တခြားအကြောင်းတွေ ရှိနိုင်လား"

မှင်စာမျိုးနွယ်စုခေါင်းဆောင်က မေးသည်။

"ငါခန့်မှန်းတာ မမှားရင်၊ ဒီ တော်ဝင်မျိုးနွယ်စုငါးခုရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိလိမ့်မယ်"

ထိုပါ့ယွိက လေးလေးနက်နက် ပြောလိုက်၏။

"ဘယ်လို"

ဤယူဆချက်က မျိုးနွယ်စုခေါင်းဆောင်အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

နောက်ဆုံးတွင်၊ သူတို့အတွက်တော့ တော်ဝင်မျိုးနွယ်စုသည်ပင် ကောင်းကင်ကဲ့သို့ တည်ရှိမှုများ ဖြစ်နေပြီ ဖြစ်သည်။

တော်ဝင်မျိုးနွယ်စု၏ နောက်ကွယ်တွင် ရပ်တည်ပြီး သူတို့ကို အမိန့်ပေးနိုင်သူမှာ အဘယ်သို့‌သော တည်ရှိမှုဖြစ်သနည်း။

"ဒါက ဧကရာဇ်တစ်ပိုင်း မျိုးနွယ်လား ဒါမှမဟုတ် စစ်မှန်တဲ့ ဧကရာဇ် မျိုးနွယ်စုများလား"

ချီလန်မျိုးနွယ်စုခေါင်းဆောင်က မျက်စိပျက် မျက်နှာပျက်ဖြင့် ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် မျိုးနွယ်စုခေါင်းဆောင်များအားလုံး တုန်တုန်ယင်ယင်ဖြစ်ခဲ့ကြပြီး မျက်နှာများ စက္ကူကဲ့သို့ ဖြူဖျော့သွားတော့သည်။

အင်မော်တယ်ဧကရာဇ်မျိုးနွယ်စုကို မဆိုထားဘိ။

ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုသည်ပင် သူတို့ ကျွန်မျိုးနွယ်များအတွက် နတ်ဘုရားကဲ့သို့ ဖြစ်သည်။

"ဘုရားရေ၊ ဧကရာဇ်မျိုးနွယ်တွေက ငါတို့ကို ပစ်မှတ်ထားပြီးလား"

မျိုးနွယ်စုခေါင်းဆောင်အချို့က တုန်လှုပ်ချောက်ချားစွာ ရေရွတ်လိုက်ကြသည်။

ယင်းက မြင့်မားသော ဧကရာဇ်မျိုးနွယ်စုများ ဖြစ်ကြသည်။

စကားလုံးတစ်လုံးတည်းဖြင့် တော်ဝင်မျိုးနွယ်စုများကိုပင် ဖျက်ဆီးနိုင်၏။

သူတို့ကို ဖျက်ဆီးခြင်းက ပုရွက်ဆိတ်အုံကို ဖြိုခြင်းထက်ပင် လွယ်သေးသည်။

"ဒါက မသေချာသေးပါဘူး၊ ဒါပေမဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ တစ်စုံတစ်ယောက် ရှိရမယ်"

ထိုပါ့ယွိလည်း မျက်မှောင်ကြုတ်နေခဲ့မိသည်။

"ဒါနဲ့ တော်ဝင်မျိုးနွယ်စု ငါးခုက ငါတို့ကို အညံ့ခံဖို့ အချိန်ခုနစ်ရက်ပေးထားတယ် မဟုတ်လား။ ငါတို့ အသက်ရှင်ဖို့ အခွင့်အလမ်းရှိသေးတယ်"

ထိုအချိန်တွင် သွေးကြောင်သူတချို့ ပေါ်လာသည်။

"ဒါနဲ့တင် လုံလောက်မယ် ထင်တာလား"

ထိုပါ့ယွိ၏ဘေးမှ အသားမည်းမည်းနှင့် လှပသော မိန်းကလေးတစ်ယောက်က အေးစက်စက် ပြောလိုက်၏။

သူမက ထိုပါ့ယွိ၏ အစ်မ ထိုပါ့လန် ဖြစ်သည်။

"ဒါပေမဲ့... ငါတို့လည်း ဒါကို ဘယ်လိုမှ မဖြေရှင်းနိုင်ကြဘူး မဟုတ်လား"

မျိုးနွယ်စုခေါင်းဆောင်အများအပြားက ခါးသီးသောအကြည့်ဖြင့် ပြောလိုက်ကြလေသည်။

ထိုအချိန်တွင် ထိုပါ့ယွိက ပြောလိုက်သည်။

"ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားက ငါတို့ကို ဘယ်သောအခါမှ မစွန့်ပစ်ဘူးဆိုတာ ငါယုံကြည်တယ်"

"နောက်ထပ် ဆုတောင်းပွဲတစ်ခုကျင်းပပြီး ဒီခက်ခဲတဲ့အချိန်ကို ဖြတ်ကျော်နိုင်ဖို့အတွက် ငါတို့ကို ကူညီပေးဖို့ ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားဆီမှာ ရိုးရိုးသားသား ဆုတောင်းကြမယ်"

ထိုပါ့ယွိမှာ ကျွင်းရှောင်ယောက်၏ လှည့်စားခြင်းခံရသော ပထမဆုံး စစ်တုရင်ရုပ် ဖြစ်သည်။

သူသည် ယုံကြည်သူများထဲတွင် အပြင်းပြဆုံးလည်း ဖြစ်၏။

ဤပြဿနာမျိုး ကြုံရသောအခါ ထိုပါ့ယွိ၏ ပထမဆုံးအတွေးက ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားထံဆုတောင်းရန် ဖြစ်တော့သည်။

All Chapters