← Chapters

အခန်း ၁၀၁၈

Vol. 68 Ch. 1018

အခန်း ၁၀၁၈

Vol. 68 Ch. 1018

အခန်း ( ၁၀၁၈ ) လက်‌ဖျစ်တစ်ချက်တီးပြီး သန်းနှင့်ချီသော သက်ရှိများကို သတ်ခြင်း။

ကောင်းကင်သင်္ချိုင်းပြည်နယ်၏ ကျယ်ပြောသော လွင်ပြင်တွင် စစ်ပွဲကြီတစ်ခု ပေါ်ပေါက်တော့မည်။

ပတ်ပတ်လည်ကိုကြည့်လိုက်ပါက ပုရွက်ဆိတ်များကဲ့သို့ ထူထပ်စွာ ပြည့်ကျပ်နေသော သတ္တဝါများကို မြင်နိုင်သည်။

တော်ဝင်မျိုးနွယ်စု ငါးခုဘက်တွင် တပ်သားပေါင်း နှစ်သိန်းခန့်သာ ရှိသည်။

သို့ရာတွင်၊ တပ်သားတိုင်း၏ မျက်နှာများက ရက်စက်ကြမ်းကြုတ်မှုနှင့် လှောင်ပြောင်သရော်ခြင်းများ ပေါ်လွင်နေ၏။

ယင်းက သားကောင်ကို မြင်နေရသော မုဆိုးများ၏ ရက်စက်ကြမ်းကြုတ်သော အမူအရာ ဖြစ်သည်။

သူတို့အတွက်ကတော့ ဤစစ်ပွဲဟာ လူသတ်ပွဲတစ်ခုကဲ့သို့ပင်။

ကံကြမ္မာမဟာမိတ်ဘက်မှုတော့...

လူအရေအတွက်သည် တော်ဝင်မျိုးနွယ်စုငါးခု၏ တပ်များထက် အဆများစွာ ပိုများသည်။

သို့သော်လည်း သူတို့အများစုမှာ စိုးရိမ်ပူပန်နေ၏။

မျိုးနွယ်စုအသီးသီး၏ မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် မျက်နှာပျက်ပြီး စိတ်မသက်မသာ ခံစားနေရတော့သည်။

သာမန်ကြည့်ပါက ‌ကံကြမ္မာမဟာမိတ်သည် တော်ဝင်မျိုးနွယ်စုငါးခု၏ တပ်များကို ဝိုင်းထားသကဲ့သို့ပင်။

သို့ရာတွင်၊ တကယ်တမ်းမှာတော့ တော်ဝင်မျိုးနွယ်စုငါးခု၏ တပ်များက ကံကြမ္မာမဟာမိတ်ကို ဝိုင်းထားခြင်း ဖြစ်သည်။

နောက်ဆုံးတွင်၊ နှစ်ဖက် အင်အားစုများ၏ တိုက်ခိုက်ရေး စွမ်းအားသည် တူညီသော အဆင့်တွင် မရှိပါ။

ထိုအချိန်တွင်၊ တော်ဝင်မျိုးနွယ်စုများဘက် ကောင်းကင်ယံမှ လူရိပ်ငါးခု ပေါ်လာသည်။

သူတို့က တော်ဝင်မျိုးနွယ်စုငါးခု၏ ပါရမီရှင်များပင်။

ထိုအထဲတွင် သွေးဝိညာဉ်သူတော်စင်လည်း ပါဝင်သည်။

သူမက အထင်မြင်သေးမှုအပြည့်ဖြင့် ကံကြမ္မာမဟာမိတ်ကို လှမ်းကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် သန်းပေါင်းများစွာသော ကျွန်မျိုးနွယ်ဝင်များက စဉ်းတီတုံးပေါ်မှ ငါးများနှင့် မခြားပေ။

"နင်တို့ရဲ့ မဟတ္တမ ဘယ်မှာလဲ၊ သူ့ကို ထွက်ခိုင်းလိုက်စမ်း"

သွေးဝိညာဉ်သူတော်စင်က အေးစက်စက် အော်ပြောလိုက်သည်။

ကံကြမ္မာမဟာမိတ်ဘက်မှ ထိုပါ့ယွိ၊ ထိုပါ့လန်နှင့် အခြားသူများ ထွက်လာကြ၏။

ထိုပါ့ယွိက တော်ဝင်မျိုးနွယ်စုငါးခု၏ တပ်များကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ခုနစ်ရက် အချိန်စေ့ပြီ၊ နင်တို့ရဲ့ သဘောထားက ဘယ်လိုလဲ"

သွေးဝိညာဉ်သူတော်စင်က လျစ်လျူရှုစွာ မေးသည်။

"မဖြစ်နိုင်ဘူး"

ထိုပါ့ယွိက ပြတ်ပြတ်သားသား ငြင်း၏။

သူတို့ အညံ့ခံလျှင်ပင် ကောင်းစွာအဆုံးသတ်ရန် ခက်ခဲမည် သူ ခံစားမိသည်။

"ဟင်း၊ ဧကရာဇ်သားတော်အရှင်ရဲ့ ကြင်နာမှုက မလိုတော့ပုံပဲ"

သွေးဝိညာဉ်တော်စင်က အနည်းငယ် သက်ပြင်းချလိုက်သည်။

"ငါမင်းကို ပြောသားပဲ၊ အခု သူတို့ကို သတ်လိုက်ရုံပဲ"

ဓားလက်မောင်းအသူရာမျိုးနွယ်၏ ပါရမီရှင်က သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြောလိုက်၏။

ထိုစကားများကို ကြားရပြီးနောက် ထိုပါ့ယွိနှင့် မျိုးနွယ်စုခေါင်းဆောင်အချို့မှာ မျက်နှာအနည်းငယ်ပျက်သွားကြတော့သည်။

ဧကရာဇ်သားတော်။

ယင်းက ဘာကိုဆိုလိုမှန်း သူတို့အားလုံး သိကြသည်။

ယင်းက အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ အရည်အချင်းအရှိဆုံးပုဂ္ဂိုလ်၏ ဘွဲ့အမည်ပင်။

ဤတော်ဝင်မျိုးနွယ်စုငါးခု၏ နောက်ကွယ်မှ ကြိုးကိုင်သူက အမှန်တကယ် ဧကရာဇ်သားတော်ပင်။

ယင်းကြောင့် ကျွန်မျိုးနွယ်စုအကြီးအကဲများ၏ အမူအရာများ အလွန်ပြောင်းလဲသွားခဲ့ရသည်။

သူတို့၏အမြင်တွင်၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်က နတ်ဘုရားများကဲ့သို့ပင်။

ကံကြမ္မာမဟာမိတ်မှ တုံ့ပြန်မှုကိုမြင်တော့ သွေးဝိညာဉ်သူတော်စင်၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်မှုတို့ပေါ်လာသည်။ သူမက အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်၏။

"နင်က အညံ့ခံတာထက် သေချင်နေပေမဲ့ အခြားသူတွေကလည်း ဒီလိုပဲလုပ်ရမယ်လို့ မဆိုလိုပါဘူး။ အခု နင်တို့မှာ အခွင့်အရေးရှိသေးတယ်"

သွေးဝိညာဉ်သူတော်စင်က ချစ်စဖွယ်ပြုံးရင်း ပြောလိုက်သည်။

သူ့ကိုကြည့်ရသည်မှာ ရှိုးပွဲတစ်ခုကို ကြည့်နေသကဲ့သို့ပင်။

သူမက စစ်ပွဲ၏ အရေးကြီးသည့်အခိုက်အတန့်မှာ သွေးထိုးရန် မမေ့ခဲ့ပေ။

ထိုစကားကိုကြားတော့ ထိုပါ့ယွိက ဘာမျှမပြောတော့ပါ။

ဤသည်က ကံကြမ္မာနှင့် ဖန်ဆင်းခြင်း နတ်ဘုရားအပေါ် သစ္စာစောင့်သိခြင်းကို စမ်းသပ်နိုင်သည်။

ရုတ်တရက်၊ ချီလန်မျိုးနွယ်စုခေါင်းဆောင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"ငါ လက်နက်ချဖို့ ဆန္ဒရှိပါတယ်"

"အကြီးအကဲ ချီလန်၊ နင်"

ထိုပါ့လန်က လှပသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"ထားလိုက်ပါ အစ်မ"

ထိုပါ့ယွိက သူ့လက်ကိုဝှေ့ယမ်းပြီး အေးစက်စက်ဖြင့် ချီလန်မျိုးနွယ်ခေါင်းဆောင်ကို စိုက်ကြည့်လိုက်၏။

အားလုံးက ကြိုတင်တိုင်ပင်ထားဟန်ဖြင့်...

ချီလန်မျိုးနွယ်တစ်ခုလုံး လက်နက်ချလိုက်သည်နှင့် အသံများ ဆက်လက် ထွက်ပေါ်လာတော့သည်။

"ငါတို့ ငှက်လူသားမျိုးနွယ်ကလည်း လက်နက်ချဖို့ ဆန္ဒရှိပါတယ်"

နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်တစ်ဦးက အော်လိုက်သည်။

ကျွန်မျိုးနွယ်စု ခေါင်းဆောင်များ တစ်ယောက်ပြီး တစ်ယောက် အညံ့ခံလိုက်ကြ၏။

နောက်ဆုံးတွင် ရာနှင့်ချီသော ကျွန်မျိုးနွယ်များနှင့် ကျွန်မျိုးနွယ်ဝင်သန်းချီကာ လက်နက်ချခဲ့ကြတော့သည်။

ရုတ်တရက်ဆိုသလိုပင် ကံကြမ္မာမဟာမိတ်အဖွဲ့၏ စွမ်းအားက ပြင်းထန်စွာ အားနည်းသွားပြန်တော့သည်။

"ခစ်ခစ်၊ စိတ်ဝင်စားစရာကောင်းလိုက်တာ၊ နင်တို့ရဲ့ ယုံကြည်ခြင်းဆိုတာက အတော်အားနည်းတာပဲ"

"ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားဆိုတာကလည်း အခုတော့ လူရွှင်တော်တစ်ဦး ဖြစ်နေပုံပဲ"

သွေးဝိညာဉ်တော်စင်က လှောင်ပြောင်လိုက်သည်။

"နတ်ဘုရားကို မင်း စော်ကားလို့မရဘူး"

ထိုပါ့ယွိ၏ မျက်လုံးများက အေးစက်သွားသည်။

ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားက သူ၏ကံကြမ္မာကို ပြောင်းလဲစေခဲ့သူ ဖြစ်သည်။

သူသည် ကျွန်မျိုးနွယ်ဝင် လူငယ်လေးမှ ယခုကဲ့သို့ လူထောင်ပေါင်းများစွာ၏ လေးစားအားကျသော မဟတ္တမအဖြစ် ကြီးပြင်းလာခဲ့ရခြင်းမှာ နတ်ဘုရား၏ ကျေးဇူးတော်ကြောင့် ဖြစ်၏။

ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားကို မည်သူမျှ စော်ကားရန် ခွင့်မပြုနိုင်ပေ။

"သတ်"

ထိုပါ့ယွိက အမိန့်ပေးလိုက်သည်။

ကျန်သော ကျွန်မျိုးနွယ်ဝင် တပ်သားများလည်း ကြွေးကြော်ပြီး ပြေးတက်သွားကြ၏။

သူတို့၏ယုံကြည်ခြင်းက ပြည့်ဝပြီး သေခြင်းရှင်ခြင်းကိုပင် ဂရုမစိုက်သောကြောင့် လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ။

"ရယ်စရာကောင်းလိုက်တဲ့ ပုရွက်ဆိတ်တွေပဲ၊ ရထားကို တားဆီးဖို့ ကြိုးစားနေတဲ့ နှံကောင်လိုပဲ။ အခု ဧကရာဇ်သားတော်ရဲ့တာဝန်ကို ပြီးပြတ်အောင် လုပ်မယ်"

သွေးဝိညာဉ်တော်စင်၏ လှပသောမျက်လုံးများက အေးစက်သွားသည်။

ဧကရာဇ်သားတော်ကို ကျေနပ်စေနိုင်သရွေ့ သူ၏ မယားငယ်ဖြစ်လျှင်ပင် ကျေနပ်သည်။

ယင်းက သူမအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေနိုင်၏။

သွေးဝိညာဉ်တော်ဝင်မျိုးနွယ်စု တစ်ခုလုံးသည်လည်း ယင်းမှ အကျိုးခံစားနိုင်လိမ့်မည်။

တော်ဝင်မျိုးနွယ်စုငါးခု၏ တပ်များလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။

သူတို့၏အရေအတွက်က ကျွန်မျိုးနွယ်များလောက် မများသော်လည်း တိုက်ခိုက်ရေးအင်အားကတော့ အံ့မခန်းပင်။

ခဏချင်းမှာပင်၊ ကျွန်မျိုးနွယ်များဘက်မှ သေဆုံးမှုများ ဖြစ်ပေါ်လာခဲ့သည်။

ကျွန်မျိုးနွယ်ဝင်များစွာတို့ သွေးအိုင်ထဲတွင် လဲကျကုန်၏။

တော်ဝင်မျိုးနွယ်စု ငါးခုမှ ဆန်းကျယ်ကောင်းကင်အဓိပဓိမှာ လှုပ်ရှားခြင်းမပြုသေးပေ။

မဟုတ်ပါက၊ အသေအပျောက်များမှာ ပို၍ပင် ကြောက်စရာကောင်းလာနိုင်သည်။

"ဒီအခြေအနေနဲ့ တိုက်ပွဲက မကြာနိုင်ပါဘူး"

ဓားလက်မောင်းအသူရာမျိုးနွယ်၏ ပါရမီရှင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

ဤနေရာတွင် ကျွန်မျိုးနွယ်ဝင်အားလုံးကို သတ်ပစ်ရလိမ့်မည်။

ထိုအချိန်တွင် နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်က မရေမတွက်နိုင်သော နာကြည်းမှုဝိညာဉ်များ၏ သွေးစွမ်းအင်ကို အသုံးပြု၍ သူ၏ရတနာဖြစ်သော နတ်ဘုရားဝါးမျိုလက်စွပ်ကို သန့်စင်နိုင်သည်။

"ကိစ္စပြီးသွားတဲ့အခါ ငါတို့ရဲ့ တော်ဝင်မျိုးနွယ်စုငါးဆက်စလုံး နိုးထနိုင်လိမ့်မယ်"

အစိမ်းရောင်တစ္ဆေ တော်ဝင်မျိုးနွယ်၏ ပါရမီရှင်က ရက်စက်စက်ကြမ်းကြုတ်ဟန်ဖြင့် ပြုံးလိုက်သည်။

သူတို့အမြင်တွင်...

ဤသန်းနှင့်ချီသော ကျွန်မျိုးနွယ်များ၏ တစ်ခုတည်းသောတန်ဖိုးက သူတို့မျိုးနွယ်စုငါးခုကို နိုးထစေနိုင်ခြင်းသာ ဖြစ်သည်။

စစ်ပွဲစတင်သည်မှာ မကြာသေးသော်လည်း ရာနှင့်ချီသော ကျွန်မျိုးနွယ်ဝင်များ ကျဆုံးကုန်ပြီ။

ဝမ်းနည်းမှု နာကြည်းမှု အငွေ့အသက်များက လေထဲသို့ စိမ့်ဝင်သွားသည်။

"ကြီးမြတ်တဲ့ ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရား... ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ"

"ကြီးမြတ်တဲ့ နတ်ဘုရား... ဆုတောင်းပါတယ်"

စစ်ပွဲအတွင်းသို့ မပါဝင်သော သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ ကျွန်မျိုးနွယ်မှ အမျိုးသမီးများနှင့် ကလေးငယ်များလည်း ဝမ်းနည်းမှုကြောင့် နီရဲနေသော မျက်လုံးများဖြင့် ဝပ်တွားကာ ဆုတောင်းနေကြတော့သည်။

သူတို့၏ လင်သား၊ သားသမီးများက ရှေ့တန်းစစ်မြေပြင်တွင် အသေခံတိုက်ခိုက်နေကြရသည်။

ဤအခိုက်တွင် ကျွန်မျိုးနွယ်ဝင်တိုင်း၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုနှင့် ပြည့်နှက်နေတော့သည်။

"ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ"

ထိုပါ့လန်၏ လှပသော မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နေပြီး အလွန်ဝမ်းနည်းနေမိသည်။

သူတို့ ကြိုးကြိုးစားစား တည်ဆောက်ထားသည့် ကံကြမ္မာမဟာမိတ်က ဤနည်းဖြင့် ပြိုကွဲသွားရတော့မည်လော။

ထိုပါ့ယွိလည်း သူ့လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်မိသည်။

သူကိုယ်တိုင်က သူတော်စင်သခင် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသော်လည်း ဤတိုက်ပွဲတွင် ဘာမျှ မပြောင်းလဲနိုင်သေးပေ။

တော်ဝင်မျိုးနွယ်စုငါးခုဘက်တွင် ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့်မှ ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိသည်။

ထို့ပြင်၊ သူ့နောက်မှာ ပိုကြောက်စရာကောင်းသော ဧကရာဇ်သားတော်အဆင့် တည်ရှိမှုတစ်ခု ရှိ၏။

ထို့ကြောင့် ယခုအချိန်တွင် ကံကြမ္မာနှင့် ဖန်ဆင်းခြင်း နတ်ဘုရားထံ ဆုတောင်းရုံမှတပါး အခြားကောင်းမွန်သော အဖြေမရှိတော့ပါ။

တိုက်ပွဲအခြေအနေတစ်ခုလုံးက တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ပြုနေချိန်...

လေဟာပြင်က တုန်ခါသွားပြီး လူရိပ်နှစ်ခု ပေါ်လာခဲ့သည်။

တစ်ယောက်က အဖြူရောင်ဝတ်စုံဖြင့် သရဲမျက်နှာဖုံး ဝတ်ထားသည်။

နောက်တစ်ဦးကတော့ အမျိုးသမီးတစ်ဦးဖြစ်ပြီး မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ မျက်နှာကို ပုဝါစဖြင့် ကွယ်ထားသည်။

ယင်းက ကျွင်းရှောင်ယောက်နှင့် လော့ရှန်းလင်တို့ပင်။

လော့ရှန်းလင်၏ မျက်နှာကို ပုဝါဖြင့် ကွယ်ထားရခြင်းမှာ...

သူမက လှပလွန်းသဖြင့် သွားလေရာရာတွင် လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်သောကြောင့် တမင်တကာ ကွယ်ထားခဲ့ခြင်း ဖြစ်သည်။

"ရပ်"

ကျွင်းရှောင်ယောက်ထံမှ လျစ်လျူရှုသော အသံတစ်ခုထွက်လာသည်။

ထိုအသံမှာ ထူးဆန်းသော စွမ်းအားတစ်မျိုး ပါဝင်နေပုံရ၏။

တိုက်ပွဲ တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။

သွေးဝိညာဉ်သူတော်စင်နှင့် အခြားသူများ၏ မျက်လုံးအကြည့်များက ကျွင်းရှောင်ယောက်နှင့် လော့ရှန်းလင်တို့ထံ ချက်ချင်း ကျရောက်သွားသည်။

သို့ရာတွင်၊ သူတို့နှစ်ဦးထံမှ အငွေ့အသက် အနည်းငယ်မျှ မခံစားရပေ။

"နင်တို့က ဘယ်သူလဲ"

သွေးဝိညာဉ်သူတော်စင်နှင့် အခြားတော်ဝင်မျိုးနွယ် ပါရမီရှင်များ အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။

ကျွင်းရှောင်ယောက်က သူတို့ကို ချက်ချင်း မကြည့်ပေ။

ထိုအစား သူဟာ ချီလန်မျိုးနွယ်၊ ငှက်လူသားမျိုးနွယ်နှင့် ကံကြမ္မာမဟာမိတ်ကို သစ္စာဖောက်ပြီး မိမိလူမျိုးကို ပြန်သတ်ကြသည့် အခြားသစ္စာဖောက်မျိုးနွယ်များကို ကြည့်လိုက်သည်။

"သစ္စာဖောက်တွေကို ရန်သူတွေထက် ပိုရွံရှာတယ်"

ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လက်ဖျစ်တစ်ချက်တီးလိုက်သည်။

"ဖျောက်"

ချီလန်မျိုးနွယ်၊ ငှက်လူသားမျိုးနွယ်နှင့် အခြားသော သူပုန်မျိုးနွယ်စုများတွင် သက်ရှိသတ္တဝါ သန်းချီကာ ရှိသည်။

သို့သော်လည်း တခဏချင်းမှာပင် သူတို့အားလုံး၏ ခန္ဓာကိုယ်များ အပိုင်းပိုင်းကွဲပြီး ပြာများအဖြစ် ပျောက်ကွယ်သွား၏။

ဤလှုပ်ရှားမှုကြောင့် စစ်မြေပြင်တစ်ခုလုံး သုသာန်တစပြင်ပမာ တိတ်ဆိတ်သွားတော့သည်။

All Chapters