← Chapters

အခန်း ၁၀၂၀

Vol. 68 Ch. 1020

အခန်း ၁၀၂၀

Vol. 68 Ch. 1020

အခန်း ( ၁၀၂၀ ) နတ်ဘုရားဝါးမျိုဧကရာဇ်သားတော် ပေါ်လာပြီ။

နတ်ဖန်ဆင်းခြင်းအဓိပဓိနှင့် ဆန်းကျယ်ကောင်းကင် အဓိပဓိတို့မှာ တော်ဝင်မျိုးနွယ်များကြားတွင် ဘိုးဘွားများ၊ ခေါင်းဆောင်ကြီးအဆင့် တည်ရှိမှုများ ဖြစ်ကြသည်။

ရလဒ်အနေဖြင့်၊ ယခုတော့ ခဏအတွင်းမှာပဲ သူတို့အားလုံး သေသွားပြီ။

မိုးနှင့်မြေကြားတွင် အသံအားလုံး ပျောက်ကွယ်သွားခဲ့သည်။

လူပေါင်း သန်းနှင့်ချီရှိသည့် စစ်မြေပြင်ပင် ဖြစ်လင့်ကစား...

မည်သူမျှ အသံမထွက်ကြတော့ပေ။

သွေးဝိညာဉ်တော်စင်လည်း ကြောက်လွန်းသဖြင့် လိပ်ပြာလွင့်မတတ် ဖြစ်သွားသည်။

မျက်နှာကို ပုဝါဖြင့်ကွယ်ထားသော အမျိုးသမီးထံမှလည်း ယခုအခါ အရှိန်အဝါများ ဖြာထွက်နေပြီ။

ယင်းက အင်မော်တယ်ဘုရင်တစ်ပါးကဲ့သို့ အားမကောင်းသော်လည်း များစွာမဝေးတော့ပေ။

"အင်... အင်မော်တယ်တစ်ပိုင်းလား"

သွေးဝိညာဉ်တော်စင်၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားသည်။ ကြောက်လွန်းသဖြင့် တုန်ယင်ပြီး သွားများပင် ခိုက်မိနေပြီ။

"အဲဒီအရှိန်အဝါက အင်မော်တယ်တစ်ပိုင်းလား။ ဘုရားရေ၊ တမန်တော်ရဲ့ဘေးက အမျိုးသမီးက တကယ်ကို အင်မော်တယ်တစ်ပိုင်း အကျော်အမော်ပဲ"

ကျွန်မျိုးနွယ်ဘက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

ထိုပါ့ယွိမှာလည်း အသက်ပြင်းပြင်းရှူရင်း စိတ်အားထက်သန်မှုတို့ ပေါ်လာ၏။

မူလက သူဟာ တမန်တော်၏ စွမ်းဆောင်မှုကို အံ့မခန်းဖြစ်နေပြီဟု ထင်ခဲ့သည်။

ယခုတော့ သူ့အနားမှ အမျိုးသမီးကလည်း အင်မော်တယ်တစ်ပိုင်း ဖြစ်နေပြီ။

အင်မော်တယ်တစ်ပိုင်း အကျော်အမော်ကို လိုက်လံစောင့်ရှောက်စေခြင်း။

"ဒီတမန်တော်ရဲ့ နောက်ခံက ကြီးမားလွန်းလှတယ်။ သူ့ရဲ့ တာအိုကာကွယ်သူကတောင် အင်မော်တယ်တစ်ပိုင်းအဆင့်ကို ရောက်နေပြီ"

ထိုပါ့လန်၏ လှပသော မျက်လုံးလေးများမှာလည်း ဝိုင်းစက် ပြူးကျယ်သွားခဲ့သည်။

ယင်းက သူမ၏ လောကကြီးအပေါ် အသိအမြင်ကို ပြန်လည်ဆန်းသစ်စေခဲ့ပေသည်။

"နင်... နင်ဘယ်သူလဲ"

သွေးဝိညာဉ်သူတော်စင်က တုန်ယင်နေသောလေသံဖြင့် ပြောလိုက်သည်။

သူတို့မှာ နိမ့်ကျသော ကျွန်မျိုးနွယ်ဝင်များကို သတ်ဖြတ်ခြင်းမျှသာဖြစ်သည်။

ဤမျှကြောက်စရာကောင်းသော ဘီလူးကြီးကို မည်သို့ စော်ကားလိုက်မိပါသနည်း။

"ငါဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး။ အရေးကြီးတာက မင်း ဒါကို ဘယ်လိုရှင်းပြမယ် ဆိုတာကိုပဲ"

ကျွင်းရှောင်ယောက်က တစ်ချက်‌ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

သူ၏အကြည့်က... ကျွန်မျိုးနွယ်များကိုကြည့်သော သွေးဝိညာဉ်သူတော်စင်၏ အကြည့်ကဲ့သို့ လျစ်လျူရှုပြီး အထင်မြင်သေးခြင်းများ ပြည့်နေခဲ့ပေသည်။

သွေးဝိညာဉ်တော်စင်လည်း လွန်စွာ စိတ်မသက်မသာဖြစ်ခဲ့ရသည်။

နောက်ဆုံးတွင်၊ သူက တော်ဝင်မျိုးနွယ်၏ သူတော်စင်ငယ်တစ်ဦး မဟုတ်လော။ မည်သည့်အချိန်ကများ သူမကို ထိုသို့ အထင်မြင်သေးခံခဲ့ရသနည်း။

သို့သော်လည်း သူမကိုထောက်ပံ့ရန် တစ်စုံတစ်ယောက်ရှိနေသေးသည်ဟု တွေးလိုက်မိတော့ ပြန်လည် တည်ငြိမ်လာခဲ့သည်။

အင်မော်တယ်တစ်ပိုင်း အကျော်အမော်က ကြောက်စရာကောင်းလှသည်။

သို့ရာတွင်၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်ကို ရင်ဆိုင်ရပါက မျက်နှာသာပေးသင့်သည် မဟုတ်ပါလော။

"ငါ့နောက်မှာ ရပ်နေတဲ့သူက နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ပဲ"

"ငါတို့ တော်ဝင်မျိုးနွယ်စု ငါးခုက သူ့အမိန့်ကိုနာခံပြီး ဒီကျွန်မျိုးနွယ်တွေကို နှိမ်နှင်းနေတာ"

သွေးဝိညာဉ်သူတော်စင်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက် သဘောပေါက်သွား၏။

ဤတော်ဝင်မျိုးနွယ်များက ကျွန်မျိုးနွယ်များကို ရုတ်တရက် ပစ်မှတ်ထားကြသည်မှာ အံ့ဩစရာ မရှိတော့ပေ။

သူတို့က တစ်စုံတစ်ယောက်က စေခိုင်းခံရပုံပေါ်သည်။

"နတ်ဘုရားဝါးမျိုဧကရာဇ်သားတော်..."

ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။

ထိုဘွဲ့အမည်ကို သူ ကြားဖူး၏။

သူဟာ တိုင်းတစ်ပါး၏ ဧကရာဇ်ငယ်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်သည်။

နတ်ဘုရားဝါးမျိုဧကရာဇ်မျိုးနွယ်၏ မူလခန္ဓာများမှာတော့ အင်မော်တယ်နယ်မြေကြီးတွင် မျိုးသုဉ်းလုနီးပါးရှိသော ရှေးဟောင်းနတ်ဆိုးမျိုးနွယ်၊ နတ်ဘုရားဝါးမျိုအင်းစက်ပင်။

ယင်းက နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်၊ အသွင်ပြောင်းခြင်းဆယ်ခု နတ်ပိုးကောင်တို့နှင့် နှိုင်းယှဉ်နိုင်သော နတ်သားရဲများထဲမှ တစ်မျိုး ဖြစ်သည်။

သူတို့က အလွန်အားကောင်းပြီး ဝါးမျိုခြင်းစွမ်းရည်ကိုလည်း ထိန်းချုပ်ထားခဲ့ကြပေသည်။

"ဝါးမျိုခြင်းစွမ်းရည်..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် တောက်ပလာခဲ့သည်။

သူ့တွင် ဝါးမျိုခြင်းအင်မော်တယ်စွမ်းအင်ရှိတာကို အမှတ်ရမိ၏။

သူ၏ ဝါးမျိုခြင်းအင်မော်တယ်စွမ်းအင်ကို ဝါးမျိုခြင်းဖင်းဂေါ့ကျမ်းမှ သန့်စင်ထားခဲ့ခြင်း ဖြစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်က အဓိပဓိနယ်ပယ်သို့ ရောက်ရှိနေပြီ။

ယခုထက်ပိုပြီး တိုးတက်ချင်ပါက နယ်ပယ် ဖြတ်ကျော်ရမည် ဖြစ်သည်။

ယင်းက နိယာမများကို ပို၍ ဖွဲ့စည်းရန် ဖြစ်၏။

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်က ဝါးမျိုခြင်းနိယာမကို ဖွဲ့တည်ထားနိုင်သူဖြစ်မည်မှာ သေချာသည်။

အကယ်၍၊ ကျွင်းရှောင်ယောက်သာ နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ ဝါးမျိုခြင်းနိယာမကို နားလည်ဆင်ခြင်ပြီး သန့်စင်နိုင်ပါက...

ဝါးမျိုခြင်းနိယာမကို ပို၍လျင်မြန်စွာ ဖွဲ့စည်းနိုင်မည့်အပြင်၊ သူ၏ ဝါးမျိုခြင်းနည်းလမ်းကလည်း ပို၍ အားကောင်းလာပြီး နတ်ဘုရားဝါးမျိုအင်းစက်တို့၏ လက္ခဏာကိုပင် ပေါင်းစပ်နိုင်လိမ့်မည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က ဝါးမျိုခြင်းစွမ်းအင်ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ တိတ်ဆိတ်ခြင်းကိုမြင်တော့ သွေးဝိညာဉ်သူတော်စင်မှာ ကြောက်ရွံ့သွားပြီဟု လွဲမှားစွာ တွေးလိုက်မိလေသည်။

"အခု ငါ့နောက်ကွယ်ကလူကို သိပြီဆိုတော့ နင် ပြန်ထွက်သွားလိုက်လို့ရပြီ"

“အခု ငါ့နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ သိပြီမို့လား။ ကိုယ့်အတွက် ဘာကကောင်းမှန်းသိရင် နင် ပြန်ဆုတ်သွားနိုင်ပြီ”

သွေးဝိညာဉ်သူတော်စင်က ပြောလိုက်သည်။

သူက တုံးအသူ မဟုတ်ပေ။

နောက်ဆုံးတွင်၊ တစ်ဖက်လူမှာ အင်မော်တယ်တစ်ပိုင်း အကျော်အမော်တစ်ဦး ရှိသည်။ သူ ထွက်သွားနိုင်သရွေ့ အသိဉာဏ်မဲ့စွာ ဆက်တိုးနေမည် မဟုတ်ပေ။

ကျဆုံးသွားသော ဆန်းကျယ်ကောင်းကင်အဓိပဓိနှင့် နတ်ဖန်ဆင်းခြင်း အဓိပဓိများအတွက်တော့...

ထိုအရာမှာ သူတော်စင်တစ်ပါးအနေဖြင့် သူမ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။

"မလိုပါဘူး၊ လက်မည်းကြီး ရောက်နေပြီ"

ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးပြီး အဝေးကို လှမ်းကြည့်လိုက်သည်။

ဧရာမ သင်္ဘောကြီးတစ်စင်းက လေထုကိုဖြတ်ပြီး ပျံသန်းလာ၏။

ယင်းက နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ သင်္ဘောကြီးပင် ဖြစ်တော့သည်။

မူလက သူဟာ တော်ဝင်မျိုးနွယ်စုငါးခုမှ ကျွန်မျိုးနွယ်ကို ဖြေရှင်းပြီးမှသာ အကျိုးအမြတ်များကို လာရောက်ရိတ်သိမ်းမည် ဖြစ်သည်။

သို့သော်လည်း အင်မော်တယ်တစ်ပိုင်း အငွေ့အသက်များ ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရ၏။

ယင်းက နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်အား အနည်းငယ် အံ့အားသင့်စေကာ အခြေအနေ လာရောက်ကြည့်ရှုစေခဲ့သည်။

"အဲဒီက ဘယ်က အကြီးအကဲလည်း မသိဘူး။ ကျုပ်က နတ်ဘုရားဝါးမျိုဧကရာဇ်မျိုးနွယ်က နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ပါ။ အကြီးအကဲ ကျုပ်ကို မျက်နှာပေးမယ်လို့ မျှော်လင့်ပါတယ်"

သင်္ဘောအတွင်းမှ အနက်ရောင်ဝတ်စုံဖြင့် လူတစ်ဦးက ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

သူ့မျက်လုံးအစုံက လူ၏စိတ်ဝိညာဉ်ကိုပင် စုပ်ယူနိုင်ပုံရပြီး နက်နဲ၍ အောက်ခြေမရှိသော တွင်းနက်နှစ်ခုကဲ့သို့ နက်မှောင်နေ၏။

ယင်းက နတ်ဘုရားဝါးမျို ဧကရာဇ်သားတော် ဖြစ်တော့သည်။

ကျွင်းရှောင်ယောက်နှင့် လော့ရှန်းလင်ကိုကြည့်ရင်း သူ့မျက်လုံးက အံ့အားသင့်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

သူတို့နှစ်ဦးထံမှ အန္တရာယ်ရှိသော အငွေ့အသက်များကို သူခံစားရပေသည်။

"နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၊ ငါ့လူတွေကို ထိရလောက်အောင် မင်းကို ဘယ်သူက သတ္တိတွေပေးထားတာလဲ"

ကျွင်းရှောင်ယောက်က ဂရုမစိုက်ပေ။

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော် နောက်ဆုတ်သွားလျှင်ပင် သူက အလွတ်ပေးတော့မည် မဟုတ်ပါ။

နောက်ဆုံးတွင်၊ ဤသည်က ဝါးမျိုခြင်းနိယာမကို သိပ်သည်းရန် အခွင့်အလမ်း ဖြစ်သည်။ သူ မည်ကဲ့သို့ လက်လွှတ်နိုင်မည်နည်း။

"ဟမ်"

ကျွင်းရှောင်ယောက်၏ သဘောထားက နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ကို မျက်မှောင်ကြုတ်စေခဲ့သည်။

"ဒီလောက် လေသံမြင့်နေတာ ဘယ်သူများလဲ။ မိတ်ဆွေမှာ ဒီလိုအရည်အချင်းကော ရှိရဲ့လား"

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ လေသံက အနည်းငယ် မာသွားသည်။

ဘေးမှ သွေးဝိညာဉ်သူတော်စင်ကတော့ ပြပွဲကောင်းကို ကြည့်နေသကဲ့သို့ မလှုပ်ရှားတော့ပေ။

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ အထောက်အပံ့ဖြင့် သူ့အမူအရာမှာ ကြောက်ရွံ့မှုကင်းစင်ပြီး ပြန်လည်တည်ငြိမ်လာခဲ့သည်။

"ဒီရည်အချင်းက လုံလောက်ပြီလို့ မင်းထင်လား"

ကျွင်းရှောင်ယောက်က သူ့လက်ကို မြှောက်လိုက်ပြီး မျက်နှာပေါ်ရှိ ရှုံ့မဲ့နေသော သရဲမျက်နှာဖုံးကို ချွတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ကစဉ့်ကလျားအငွေ့အသက်များက ပေါက်ကွဲထွက်လာ၏။

လေဟာပြင်အတွင်း၌ အက်ကြောင်းများပင် ထွက်ပေါ်လာတော့သည်။

အားကောင်းသော အငွေ့အသက်များက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

"ကစဉ့်ကလျားစွမ်းအင်... မင်းပဲ"

ကျွင်းရှောင်ယောက်၏ မျက်နှာကို ကြည့်စရာမလိုတော့ပေ။

ကစဉ့်ကလျားစွမ်းအင်များနှင့် အဓိပဓိအရှိန်အဝါက အခြေအနေအားလုံးကို ရှင်းပြနိုင်သည်။

သူ့အထောက်အထားက ထင်ရှားနေပြီ။

"မင်းက ကစဉ့်ကလျားခန္ဓာပဲ"

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော် အနည်းငယ် တုန်လှုပ်သွားမိသည်။

ကျွင်းရှောင်ယောက်၏ အထောက်အထားက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ပြီ။

သွေးဝိညာဉ်တော်စင်လည်း ထိုစကားကိုကြားသောအခါ လွန်စွာ တုန်လှုပ်ချောက်ချားသွားမိသည်။

"သူ...သူက ငါတို့ကမ္ဘာရဲ့ မျိုးဆက်သစ် စစ်နတ်ဘုရားပဲ"

သွေးဝိညာဉ်တော်စင်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။

ကစဉ့်ကလျားခန္ဓာသည် သူမ မြတ်နိုးပြီး တောင့်တနေရသူ ဖြစ်သည်။

ပျက်စီးခြင်းနယ်စပ်မှ ကျွင်းရှောင်ယောက်၏ လုပ်ရပ်တိုင်းက ဒဏ္ဍာရီဆန်ဆန်ပင်။

ထိုဒဏ္ဍာရီများက သွေးဝိညာဉ် သူတော်စင်ကို ပို၍ တောင့်တစေခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဉ်ပါက တော်ဝင်မျိုးနွယ်မှ သူတော်စင်ဟူသော သူ့အဆင့်အတန်းမှာ ဖုန်မှုန့်ကဲ့သို့ နိမ့်ပါးလွန်းကြောင်း သိပေသည်။

ယခုတော့ သူမ လှောင်ပြောင်ခဲ့သောသူက သူမ အလေးစားဆုံးနှင့် အတောင့်တရဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ယင်းက သွေးဝိညာဉ်တော်စင်ကို အနည်းငယ် မယုံကြည်နိုင်ဘဲ လက်မခံနိုင်သလို ဖြစ်စေခဲ့ပေသည်။

"ဒါ... ဒါတွေအားလုံးက နားလည်မှုလွဲတာပါ၊ ငါမသိဘူး..."

သွေးဝိညာဉ်သူတော်စင်လည်း တုန်လှုပ်စွာဖြင့် ငြင်းဆန်ရန် ကြိုးစားလိုက်သည်။

ကျွင်းရှောင်ယောက်က ဘာမှ မပြောဘဲ တစ်ချက်သာ လှမ်းကြည့်လိုက်၏။

"မဟုတ်ဘူး"

သွေးဝိညာဉ်တော်စင် ထိတ်လန့်တုန်လှုပ်သွားပြီး နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်အား လှည့်ကြည့်လိုက်သည်။

"ဧကရာဇ်သားတော်၊ ကယ်ပါဦး"

သွေးဝိညာဉ်သူတော်စင် အော်ဟစ်လိုက်၏။

သို့သော်...

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ အမူအရာက လျစ်လျူရှုထားပြီး သူမကို ကြည့်ပင်မကြည့်ခဲ့ပေ။

သွေးဝိညာဉ်တော်စင်၏ မျက်နှာက စိတ်ပျက်အားငယ်မှုနှင့် နောင်တရမှုများ ပြည့်နှက်သွားခဲ့သည်။

ထိုမှသာလျှင် သူမက အသုံးချဖြစ်ခဲ့ရကြောင်း သဘောပေါက်ခဲ့ပေသည်။

သို့သော်၊ ‌များစွာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

နောက်အခိုက်အတန့်မှာတော့ သွေးဝိညာဉ်သူတော်စင်၏ ဦးခေါင်းပေါက်ကွဲပြီး သေဆုံးသွားတော့သည်။

All Chapters