← Chapters

အခန်း ၁၀၂၂

Vol. 69 Ch. 1022

အခန်း ၁၀၂၂

Vol. 69 Ch. 1022

အခန်း ( ၁၀၂၂ ) နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ကို သတ်ခြင်း။

"ယွီရှောင်ယောက်၊ မင်း..."

ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားလက်ဝါးကြီးကို မြင်လိုက်ရသဖြင့် နတ်ဘုရားဝါးမျို ဧကရာဇ်သားတော် အော်ဟစ်လိုက်သည်။

သူ့စိတ်ထဲတွင်လည်း အနည်းငယ် အံ့ဩသွား၏။

ကျွင်းရှောင်ယောက် အသုံးပြုခဲ့သည့်အရာက နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးရိုးမှ နည်းလမ်းတစ်ခု ဖြစ်နေသည်။

ထို့ပြင် နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်လေး ထုတ်ဖော်ခဲ့သော စွမ်းအားထက်ပင် ပို၍ ကြောက်စရာကောင်း၏။

"ဝုန်း"

ကစဉ့်ကလျား လက်ငါးချောင်းက ကောင်းကင်ကိုထောက်ပံ့ထားသော တိုင်များကဲ့သို့ပင်။ ကစဉ့်ကလျား မြူခိုးများကြားမှ လက်ဗွေအစင်းများကိုပင် ရှင်းလင်းစွာ မြင်နေခဲ့ရသည်။

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်လည်း သူ၏ ကိုယ်ပိုင်ရတနာဖြစ်သော နတ်ဘုရားဝါးမျိုလက်စွပ်ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

လက်စွပ်က ဧရာမတွင်းနက်ကြီးကဲ့သို့ ဆိုးရွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအားကို ထုတ်လွှတ်လာ၏။

ရလဒ်အနေဖြင့်...

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ နတ်ဘုရားဝါးမျိုလက်စွပ်မှာ လွင့်စဉ်သွားရတော့သည်။

ကစဉ့်ကလျားလက်ဝါးကြီးက နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ကို တိုက်ရိုက်ဖုံးလွှမ်းသွားခဲ့သည်။

ကျွင်းရှောင်ယောက်က ဝါးမျိုခြင်းဖင်းဂေါ့ကျမ်းကို အသက်သွင်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာ၏။

သူက နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ ခန္ဓာကိုယ်မှ ဝါးမျိုခြင်းနိယာမကို ဆွဲထုတ်ပစ်ချင်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒီလို ဝါးမျိုခြင်းစွမ်းအားမျိုးက..."

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော် တုန်လှုပ်သွားခဲ့သည်။

ဤဝါးမျိုခြင်းစွမ်းအင်က သူ၏ ဝါးမျိုနိုင်စွမ်းထက် အားနည်းသည် မဟုတ်ပေ။

ကျွင်းရှောင်ယောက်က ထိုကဲ့သို့သော ဝါးမျိုခြင်းစွမ်းအင်ကို မည်ကဲ့သို့ ထိန်းချုပ်နိုင်မှန်း သူ နားမလည်နိုင်ပေ။

"မဟုတ်ဘူး၊ သူက ငါ့ကို ဖိနှိပ်ချင်ရုံမကဘဲ ငါ့ခန္ဓာကိုယ်က ဝါးမျိုခြင်းနိယာမကိုပါ ဆွဲထုတ်ချင်နေတာပဲ"

ဝါးမျိုခြင်းဧကရာဇ်သားတော်က မမိုက်မဲပေ။ အခြေအနေကို ချက်ချင်း နားလည်သွားသည်။

သူဟာ နတ်ဘုရားဝါးမျိုအင်းဆက်မျိုးနွယ်မှ ဖြစ်သောကြောင့် ဝါးမျိုခြင်းနိယာမကို သဘာဝအတိုင်း ထိန်းချုပ်နိုင်သည်။

ကျွင်းရှောင်ယောက်၏ လုပ်ရပ်က သူ့အပေါ်တွင် အခွင့်ကောင်းယူနေကြောင်း ထင်ရှားသည်။

"ယွီရှောင်ယောက်၊ မင်းငါ့ကို တကယ်သတ်ဝံ့လား"

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူဟာ အိမ်ထောင်ရေးညီလာခံကို ထွက်လာခဲ့ခြင်း ဖြစ်သောကြောင့် ဓမ္မကာကွယ်သူကို မခေါ်ခဲ့မိပေ။

သူ့အထောက်အထားကြောင့်လည်း တိုင်းတပါးတွင် သူ့ကိုထိပါးဝံ့သူ များများ မရှိပါ။

ထို့ပြင်၊ နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်သည် ကျွင်းရှောင်ယောက်ကို သူ့ကိုသတ်ရန် ကြိုးစားသည်အထိ ရဲတင်းလိမ့်မည်ဟု ဘယ်တုန်းကမျှ မထင်ထားခဲ့ပေ။

ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းလဲဘဲ သူ့မျက်လုံးများမှာလည်း‌ လှောင်ပြောင်သရော်ခြင်း အရိပ်အယောင်များသာ ရှိခဲ့သည်။

"အခုမှ မင်းနားလည်ရင်တောင် သိပ်နောက်ကျသွားပြီ"

ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ မထိန်းချုပ်ထားပေ။

ဤဧကရာဇ်ငယ်ခုနစ်ပါး ကြီးပြင်းလာသောအခါ၊ ၎င်းတို့က အင်မော်တယ်နယ်မြေကြီးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။

သူတို့ထဲမှ တစ်ဦးတစ်ယောက်ကို ဖယ်ရှားနိုင်‌သရွေ့ ကောင်းမွန်ပေလိမ့်မည်။

ထို့ပြင်၊ နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်မှာ သူအလိုရှိသော ဝါးမျိုခြင်းနိယာမလည်း ရှိနေသည်။

သို့ဖြစ်ပေရာ သူ့ကို အလွတ်ပေးရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။

"အား"

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်လည်း ဒေါသတကြီးအော်ပြီး သူ၏ပုံစံအမှန်ကို ထုတ်ဖော်လိုက်သည်။

တွင်းနက်ကြီးကဲ့သို့ ပါးစပ်ပေါက်ပါသော ကြောက်မက်ဖွယ်ပုံစံဖြင့် နတ်ဆိုးအင်းဆက်တစ်ကောင် ထွက်ပေါ်လာ၏။

ယင်းက နတ်ဘုရားဝါးမျိုအင်းဆက် ဖြစ်တော့သည်။

ကျွင်းရှောင်ယောက်က ကစဉ့်ကလျားစွမ်းအားနှင့်အတူ ဝါးမျိုခြင်းစွမ်းရည်ကို အသက်သွင်းကာ နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်အား သန့်စင်ပစ်လိုက်သည်။

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်က ဒေါသတကြီး အော်ဟစ်ရုန်းကန်သည်။

မူလက သူဟာ အသေခံတိုက်ခိုက်ပြီး သူ့ကိုယ်သူ ဖောက်ခွဲပစ်ချင်ခဲ့ပေသည်။

သို့သော်လာည်း ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက ရုတ်တရက်ဆန်ပြီး ခုခံကာကွယ်ရခက်သည်။

သူ့ကိုယ်သူ ဖောက်ခွဲရန်ပင် မဖြစ်နိုင်တော့ပေ။

မကြာမီ၊ နတ်ဘုရားဝါးမျိုဧကရာဇ်သားတော်၏ ခန္ဓာကိုယ်အတွင်းမှ ဝါးမျိုခြင်းနိယာမက ထွက်ခွာလာပြီး ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့သည်။

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ ဝိညာဉ် ပျက်သုဉ်းသွားခဲ့ပြီ။

ကျွင်းရှောင်ယောက်ဟာ အဓိပဓိတစ်ပိုင်းနယ်ပယ်တွင် ရှိစဉ်ကတည်းက ဧကရာဇ်ငယ်ခုနစ်ပါးအဆင့်မှ မော့ကျဲဧကရာဇ်သားတော်အား သတ်ခဲ့သည်။

ယခုဆိုလျှင် ကျွင်းရှောင်ယောက်က အဓိပဓိနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီ။ သို့ဖြစ်ပေရာ၊ တူညီသောအဆင့်မှ နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ကိုသတ်ရန် များစွာ အားထုတ်စရာ မလိုတော့ပေ။

ထို့နောက် ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကို ထုတ်ယူပြီး နတ်ဘုရားဝါးမျိုလက်စွပ်အား ခုတ်ပိုင်းချလိုက်သည်။

တာ့လော့ဓားသန္ဓေက နတ်ဘုရားဝါးမျိုလက်စွပ်မှ အနှစ်သာရများအား တိုက်ရိုက် ဝါးမျိုလိုက်၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ထိုပါ့ယွိနှင့် အခြားသူများလည်း အံ့ဩပြီးရင်း အံ့ဩနေရတော့သည်။

သူတို့၏ အမြင်တွင်၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ ဧကရာဇ်သားတော်မှာ နတ်ဘုရားကဲ့သို့ မြင့်မားသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ဖိနှိပ်ပြီး သတ်ပစ်လိုက်၏။

ဤအကျိုးသက်ရောက်မှုမျိုးက သူတို့၏ နှလုံးသားထဲမှ တုန်လှုပ်ချောက်ချားစေခဲ့သည်။

ထိုအချိန်တွင်၊ ရှောင်ယီက တောက်ပသော မျက်လုံးများဖြင့် နတ်ဘုရားဝါးမျိုအင်းဆက် အလောင်းကို ကြည့်နေသည်။

ကျွင်းရှောင်ယောက်က နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ ဝါးမျိုခြင်းနိယာမကို ဖယ်ထုတ်လိုက်သော်လည်း...

နတ်ဘုရားဝါးမျိုအင်းဆက်၏ ခန္ဓာကိုယ်က နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်တစ်ကောင်အတွက် လွန်စွာ ဆွဲဆောင်မှုရှိနေသေးသည်။

ဤရှေးဦး နတ်အင်းဆက်များ၏ ဗီဇအရ အချင်းချင်း ဝါးမျိုတတ်ကြသည်။

"မင်းအတွက်"

ကျွင်းရှောင်ယောက်က နတ်ဘုရားဝါးမျိုအင်းဆက်ကို ရှောင်ယီထံသို့ ပစ်ပေးလိုက်သည်။

ရှောင်ယီလည်း ဝမ်းသာအားရဖြင့် လက်ခံလိုက်လေသည်။

တစ်ဖက်တွင်၊ တော်ဝင်မျိုးနွယ်စုငါးခု၏ လူများအားလုံး စိတ်ရှုပ်ထွေးနေကြသည်။

နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်က ဒီအတိုင်းပဲ သေဆုံးသွားပြီလား။

သူတို့၏ နှလုံးသားများ အေးခဲသွားကြလေသည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်က တော်ဝင်မျိုးနွယ်စုငါးခု၏ လူများကို ကြည့်လာသည်။

"ကျွန်တော်တို့အားလုံးကို နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်က ဖိအားပေးခဲ့လို့ပါ၊ စစ်နတ်ဘုရား ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

သွေးဝိညာဉ်တော်ဝင်မျိုးနွယ်မှ ကျွမ်းကျင်သူက ရှေ့သို့လှမ်းကာ ပြောလိုက်သည်။

သူသည် ကြီးမြတ်သော ကောင်းကင်အဓိပဓိဖြစ်ကြောင်း ထင်ရှားသော်လည်း၊ ကျွင်းရှောင်ယောက်၏ရှေ့တွင် ဒူးထောက်နေခဲ့ပြီ။

ဤတွင် လော့ရှန်းလင်ကလည်း အကြောင်းပြချက်တစ်ခု ဖြစ်သည်။

ကျွင်းရှောင်ယောက်က တော်ဝင်မျိုးနွယ်စုငါးခုကို ကြည့်လိုက်သည်။

သူကလည်း အားလုံးကိုရှင်းပစ်ရန် စိတ်ကူး မရှိပါ။

ထိုသည်မှာ၊ သူက သဘောထားကြီးလွန်း၍တော့ မဟုတ်ပေ။

အကြောင်းမှာ၊ ဤတော်ဝင်မျိုးနွယ်စု ငါးခုစလုံးက ကြက်သွန်မြိတ်များဖြစ်ခြင်းကြောင့် ဖြစ်သည်။

သူတို့က ယုံကြည်သူများ ဖြစ်လာနိုင်ပေသည်။

ယခုအချိန်ထိ၊ ကျွင်းရှောင်ယောက်၏ ကံကြမ္မာနတ်ဘုရားဂိုဏ်းတွင် ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်သာ ရှိသည်။

တော်ဝင်မျိုးနွယ်မှပေးစွမ်းသော ယုံကြည်ခြင်းစွမ်းအားက ကျွန်မျိုးနွယ်များထက် များစွာကြီးမားပေသည်။

"မင်းတို့ရဲ့အသက်ကို ငါ ချမ်းသာပေးနိုင်ပါတယ်၊ ဒါပေမဲ့ သစ္စာစောင့်သိပြီး လက်အောက်ခံမှုကို ငါလိုချင်တယ်"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဒါက ကျုပ်တို့မျိုးနွယ်အတွက် ကောင်းချီးတစ်ခုပါပဲ"

တော်ဝင်မျိုးနွယ်စုငါးခုလည်း ချက်ချင်း ပြောလိုက်ကြလေသည်။

သူတို့ တော်ဝင်မျိုးနွယ်စုငါးခု၏ အဆင့်အတန်းမှာ မူလကတည်းက နိမ့်ပါးသည်။

မဟုတ်ပါက၊ နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ လက်ပါးစေ ဖြစ်လာလိမ့်မည် မဟုတ်ပါ။   

ထို့အပြင်၊ လော့ရှန်းလင်သည် ယခင်က တော်ဝင်မျိုးနွယ်စုငါးခု၏ ထိပ်တန်း ကျွမ်းကျင်သူအားလုံးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။   

သို့ဖြစ်ပေရာ၊ တော်ဝင်မျိုးနွယ်စုငါးခု၏ အင်အားက ပို၍ပင် အားနည်းသွားခဲ့ပြီ။

ကျွင်းရှောင်ယောက်၏နောက်ကို မလိုက်ပါက၊‌ တော်ဝင်မျိုးနွယ်စု အဆင့်အတန်းမှ ဖယ်ရှားခံရနိုင်သည်။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က ယခုအခါ တိုင်းတစ်ပါးတွင် အလွန်နာမည်ကျော်ကြားနေပြီ ဖြစ်သည်။

ရှန်းအောင်ဘုရင်က သူ့ကို ထောက်ပံ့နေသလို လော့ဝမ်နှင့် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်လည်း သူ့နောက်တွင် ရှိသေးသည်။

သူ့နောက်ကို လိုက်ပါခြင်းဖြင့် သူတို့၏မျိုးနွယ်များ ပိုမြင့်မားသောအဆင့်ကို ရောက်သွားနိုင်သည်။

ကျွင်းရှောင်ယောက်လည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

တိုင်းတပါးတွင်၊ အင်အားကြီးသူကိုသာ လေးစားသည်။ လုံလောက်အောင် သန်မာသရွေ့၊ တစ်ဖက်လူများကို အညံ့ခံစေရန် လုံလောက်ပေသည်။

ထို့ပြင်၊ ဤလူများကလည်း အခြေအနေကို အတော်သိတတ်သည်။

"ဒါဆိုရင် မင်းတို့တွေ ကျွန်မျိုးနွယ်စုခေါင်းဆောင် ထိုပါ့ယွိရဲ့ အမိန့်ကို ယာယီနာခံပြီး ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားကိုယုံကြည်ဖို့ သူ့နောက်ကို လိုက်ပါကြရမယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဒါက... ကောင်းပါပြီ"

တော်ဝင်မျိုးနွယ်စုများ၏ ကျွမ်းကျင်သူများမှာ အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း သဘောတူလိုက်ကြသည်။

"နောက်ပြီးတော့ ငါဟာ သစ္စာဖောက်တွေကို အင်မတန်ရွံမုန်းတယ်။ အဲဒီသန်းချီတဲ့ ကျွန်မျိုးနွယ်တွေကို ဥပမာယူထားပါ"

ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် ပြောသည်။

တော်ဝင်မျိုးနွယ်စုငါးခုမှ သတ္တဝါအားလုံး တိတ်တဆိတ် တုန်လှုပ်သွား၏။

ကျွင်းရှောင်ယောက်၏ လက်ဖျစ်တစ်ချက်တီးပြီး သန်းချီသော ကျွန်မျိုးနွယ်စုများကို ချေမှုန်းပစ်ခဲ့သည့် မြင်ကွင်းမှာ သူတို့၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်‌နေသေးသည်။

"သေချာတာပေါ့၊ ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားကို ယုံကြည်သရွေ့ သူချီးမြှင့်တဲ့ ကျင့်စဉ်ကို လက်ခံယူပြီး လေ့ကျင့်နိုင်ကြတယ်"

ကျွင်းရှောင်ယောက်က ဆုပေးဒဏ်ပေးစနစ်ကို ကောင်းစွာ အသုံးချလေသည်။

မျှော်လင့်ထားသည့်အတိုင်း၊ တော်ဝင်မျိုးနွယ်စုငါးခု၏ လူများအားလုံး ဝမ်းသာအား ဖြစ်သွားသည်။

ယခင်ကတော့ ထိုကျွန်မျိုးနွယ်များ အဘယ်ကြောင့် ဤမျှသန်မာရသလဲဆိုတာကို သိချင်နေခဲ့ကြပေသည်။

ယခုတော့ ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားမှ ကောင်းချီးကြောင့် ဖြစ်ပုံရသည်။

"တမန်တော်အရှင်"

ထိုပါ့ယွိနှင့် ထိုပါ့လန်လည်း ရှေ့သို့တက်လာခဲ့ကြသည်။ ကျွင်းရှောင်ယောက်ကို ရင်ဆိုင်မိချိန်တွင် သူတို့၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ဘဲ မျက်နှာများပင် နီရဲလာတော့သည်။

ကျွင်းရှောင်ယောက်ဟာ သူတို့၏ နှလုံးသားထဲတွင် ဒဏ္ဍာရီသဖွယ် တည်ရှိနေပြီ ဖြစ်သည်။   

"ရှေ့ဆက်ပြီး တိုးတက်အောင် လုပ်ပါ။ အတားအဆီးတွေ ကြုံခဲ့ရင် ငါ့ကို သတင်းပို့လိုက်။ မသိနားမလည်ဘဲ ဇွတ်လုပ်မဲ့သူတွေ မရှိတော့ဘူးလို့တော့ ငါထင်ပါတယ်"

"နောက်ပြီး ဒီတော်ဝင်မျိုးနွယ်တွေကို စီစဉ်ဖို့တော့ မင်းဆီမှာ ခဏထားခဲ့လိုက်မယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ကောင်းပါပြီခင်ဗျာ၊ တမန်တော်ကို ကျေးဇူးအများကြီးတင်ပါတယ်"

ထိုပါ့ယွိက လေးလေးစားစား ပြောလိုက်သည်။

ယခုအချိန်တွင် ကံကြမ္မာမဟာမိတ်၏ မဟတ္တမမှာ လွန်စွာ ရိုကျိုးလွန်းလှသည်။

ဘေးနားရှိ ထိုပါ့လန်၏ မျက်လုံးလေးများမှာလည်း တောက်ပနေလေသည်။

'တမန်တော်အရှင်က စစ်နတ်ဘုရားဖြစ်တဲ့အပြင် အမူအရာကလည်း ခန့်ညားလွန်းလှတယ်'

ထိုပါ့လန်၏ မျက်လုံးလေးများက မှုန်ရီဝါးသွားသည်။

All Chapters