← Chapters

အခန်း ၁၀၂၃

Vol. 69 Ch. 1023

အခန်း ၁၀၂၃

Vol. 69 Ch. 1023

အခန်း ( ၁၀၂၃ ) ကံကြမ္မာနတ်ဘုရားဂိုဏ်းကို တရားဝင် တည်ထောင်ပြီ။

"တော်ဝင်မျိုးနွယ်စုငါးခုကို ပေါင်းစည်းပြီးပြီဆိုတော့ နာမည်ပြောင်းသင့်ပြီလို့ ငါထင်တယ်"

"ကံကြမ္မာမဟာမိတ်က မသင့်တော်တော့ဘူး၊ အခုကစပြီး ကံကြမ္မာနတ်ဘုရားဂိုဏ်းလို့ ခေါ်တွင်စေမယ်"

"ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားကလည်း မင်းတို့ကို ကောင်းချီးပေးပြီး အမြဲ စောင့်ကြည့်နေပါလိမ့်မယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ကံကြမ္မာနတ်ဘုရားဂိုဏ်း..."

ခပ်တိုးတိုး လိုက်လံရေရွတ်ရင်း ထိုပါ့ယွိ၏ မျက်လုံးများက တောက်ပလာသည်။

"နတ်ဘုရားရဲ့ မျှော်လင့်ချက်တွေကို ကျုပ်တို့ သေချာပေါက် စိတ်ပျက်စေမှာမဟုတ်ပါဘူး"

ထိုပါ့ယွိနှင့် ကျွန်မျိုးနွယ်ဝင်အပေါင်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ရာ မိုးသို့ညံသွား၏။

ကျွင်းဧကရာဇ်ခုံရုံးပြီးနောက်၊ ကျွင်းရှောင်ယောက် ယနေ့တွင် သူ၏ကိုယ်ပိုင်အင်အားစုတစ်ခုကို ဒုတိယအကြိမ် ထပ်မံဖွဲ့စည်းခဲ့ပြီ။

ကံကြမ္မာနတ်ဘုရားဂိုဏ်း။

ကျွင်းရှောင်ယောက်ကိုယ်တိုင်ကလည်း ဗလာနယ်ကံကြမ္မာ ဖြစ်သည်။

ယင်းက ကံကြမ္မာနတ်ဘုရားဂိုဏ်းနှင့် လိုက်ဖက်ပေသည်။

ယခုအချိန်တွင်၊ ကံကြမ္မာနတ်ဘုရားဂိုဏ်းက သနားစရာကောင်းလောက်အောင် အားနည်းနေပြီး ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးမျှပင်ရှိပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ ကံကြမ္မာနတ်ဘုရားဂိုဏ်းသည် အနာဂတ်တွင် အားကောင်းသော အင်အားစုကြီးအဖြစ် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်သည်။

အကြောင်းမူ၊ ဘာသာရေးအဖွဲ့အစည်းများက သာမန်အင်အားစုများထက် ပို၍ ဆွဲဆောင်မှုရှိသောကြောင့်ပင်။

ကျွင်းရှောင်ယောက်ကတော့ ကံကြမ္မာဘာသာတရားကို ယုံကြည်ခြင်းစွမ်းအားများ ရိတ်သိမ်းရ အဆင်ပြေစေရန်အတွက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

အနာဂတ်တွင်၊ ယင်းက ကောင်းကင်နှင့် လောကအားလုံးကို လွှမ်းခြုံထားသည့် အထူးဘာသာကြီးတစ်ခု ဖြစ်လာပြီး သန်းရာနှင့်ချီသော သတ္တဝါများကို ယုံကြည်ကိုးကွယ်စေလိမ့်မည်။

ဟုတ်သည်၊ ယင်းကတော့ နောက်တစ်နေ့အတွက် ဇာတ်လမ်းတစ်ပုဒ်ပင်။

အားလုံး အစီအစဉ်တကျပြီးနောက် ကျွင်းရှောင်ယောက်လည်း ထွက်ခွာသွားခဲ့သည်။

ထိုပါ့ယွိနှင့် အခြားသူများကတော့ ယုံကြည်သူများ တိုးပွားစေရန်အတွက် ဟောပြောခြင်းများ ဆက်လက်ပြုလုပ်ပေလိမ့်မည်။

တော်ဝင်မိသားစုတချို့တွင်လည်း ဟောပြောခြင်းများ စတင်ပြုလုပ်နိုင်သည်။

ကျွင်းရှောင်ယောက်လည်း သူ၏ အတွင်းစကြာဝဠာရှိ ယုံကြည်ခြင်းစွမ်းအားများက အချိန်တိုင်းမှာ တဟုန်ထိုး တက်လာသလို စတင် ခံစားလာရတော့သည်။

နောက်ဆုံးတွင်၊ ယုံကြည်ခြင်းမျိုးစေ့က ပေါက်လာမည် ဖြစ်သည်။ ထိုအခါမှာတော့၊ မည်သည့်အရာများ ရရှိမလဲ သူမသိပေ။

မည်သို့ပင်ဆိုစေ၊ ကျွင်းရှောင်ယောက်ဟာ သူ့ကို စိတ်ပျက်စေမည် မဟုတ်ဘူးဟု ခံစားခဲ့မိသည်။

"ဒါကို မပြောရင်တောင်၊ ကံကြမ္မာနတ်ဘုရားဂိုဏ်းက ငါ့အတွက် ပိုပြီး အံ့သြစရာတွေ ယူဆောင်လာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ကျွင်းရှောင်ယောက် ရေရွတ်လိုက်လေသည်။

ထို့နောက်မှာတော့ ကျွင်းရှောင်ယောက်ဟာ အလျင်မလိုတော့ဘဲ လော့ရှန်းလင်နှင့်အတူ တိုင်းတပါးမြေတွင် လျှောက်သွားနေခဲ့သည်။

ယခုတစ်ကြိမ်တွင်၊ လော့ရှန်းလင်အား အသုံးချခဲ့မိသောကြောင့် သဘာဝအတိုင်း လျော်ကြေးပြန်ပေးရလိမ့်မည်။

တချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်က နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ထံမှ ဖယ်ထုတ်ထားသည့် ဝါးမျိုခြင်းနိယာမကို နားလည်ဆင်ခြင်ခဲ့ပေသည်။

သူက နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ နိယာမကို သူ့ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲရန်တော့ စိတ်ကူးမရှိပါ။

သူ၏ ကိုယ်ပိုင်နိယာမကို သိပ်သည်းရန်အတွက် ခွဲခြမ်းစိတ်ဖြာကာ နားလည်ဆင်ခြင်ခြင်း ဖြစ်သည်။

ရှောင်ယီသည်လည်း နတ်ဘုရားဝါးမျိုအင်းဆက်အား သန့်စင်ပြီးနောက် အသွင်ပြောင်းမှု စတင်ရန်အတွက်၊ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာကို ပြန်သွားခဲ့လေသည်။

ကျွင်းရှောင်ယောက်နှင့် လော့ရှန်းလင်ဟာ တောင်နှင့် မြစ်များကိုဖြတ်ပြီး တစ်လနီးပါး သွားလာနေခဲ့ကြသည်။

ဤကာလအတွင်းတွင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က နိယာမစွမ်းအားဖြင့် တစ်ဖန် ပြည့်ဝလာပြန်သည်။

သူ့ခန္ဓာကိုယ်ထဲတွင် နိယာမစွမ်းအားက ဝါးမျိုခြင်းအင်မော်တယ်စွမ်းအင်နှင့် ပေါင်းစပ်သွား၏။

ပြီးပြည့်စုံသော နိယာမသစ်တစ်ရပ် ထပ်မံ ထွက်ပေါ်လာခဲ့ပြီ။

ယင်းက မှောင်မိုက်ပြီး လျှို့ဝှက်ဆန်းကြယ်မှုစွာ ဝါးမျိုခြင်းကို ကိုယ်စားပြုပုံရသည်။

ဝါးမျိုခြင်း နိယာမကို ထပ်မံ ပေါင်းစည်းလိုက်ခြင်းပင်။

ဤသည်မှာ ခန္ဓာနိယာမပြီးနောက် ကျွင်းရှောင်ယောက်၏ ဒုတိယမြောက် နိယာမ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီးနောက် သူ၏ခွန်အားများ ထပ်မံ တိုးတက်လာသည်ဟု ခံစားလိုက်ရပေသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက မတိုးတက်သော်လည်း ယခင်ကထက် ပို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။

ထို့အပြင်၊ ဝါးမျိုခြင်းနိယာမက နတ်ဘုရားဝါးမျိုအင်းဆက်များ၏ ဝါးမျိုခြင်းစွမ်းရည်လည်း ပါဝင်ပြီး ကျွင်းရှောင်ယောက်၏ ဝါးမျိုခြင်းဖင်းဂေါ့ကျမ်းကို ပို၍ အားကောင်းစေခဲ့သည်။

အတိုချုပ်ပြောရလျှင်၊ ကျွင်းရှောင်ယောက်ဟာ ဤခရီးမှာ အမြတ်ကြီးကြီး ရရှိခဲ့ပေသည်။

"ဟမ်၊ ရှောင်ယောက်... မင်း..."

ကျွင်းရှောင်ယောက်၏ အပြောင်းအလဲကို ခံစားမိသောကြောင့် လော့ရှန်းလင်က ကြည့်လိုက်သည်။

"အကျိုးနည်းနည်းပါ"

ကျွင်းရှောင်ယောက်က ပြုံးလိုက်၏။

လော့ရှန်းလင်က ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

"မင်းမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိသေးပုံရတယ်"

"ဘာမှမဟုတ်ပါဘူး၊ ‌ရှန်းလင်သိချင်ရင် ပြောပြလို့ရတယ်"

ကျွင်းရှောင်ယောက်က လော့ရှန်းလင်ကို ကြည့်လိုက်၏။

သူ၏ အထောက်အထားအမှန်ကို သိသွားပါက သူမ မည်ကဲ့သို့တုံ့ပြန်မည်နည်း။

သို့သော်လည်း လော့ရှန်းလင်က အကြည့်ပြန်လွှဲသွားကာ ခေါင်းခါယမ်းလိုက်သည်။

"ရပါတယ်၊ ငါ မင်းကို အတင်းအကြပ်မလုပ်ဘူး။ အချိန်တန်လို့ မင်းငါ့ကိုပြောပြရင်သာ ရိုးရိုးသားသားပြောလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"

ကျွင်းရှောင်ယောက်က သူမ၏အတိတ်ကို စူးစမ်းရန် အတင်းအကြပ် မလုပ်ခဲ့ပေ။ သို့ဖြစ်ပေရာ၊ သူက ကျွင်းရှောင်ယောက်ကို မည်သို့ တွန်းအားပေးနိုင်ပါမည်နည်း။

"ရှန်းလင်၊ မင်းက တကယ်ကို နားလည်ပေးတတ်တာပဲ"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

"ငါ... ငါ..."

လော့ရှန်း တစ်ဖက်ကိုလှည့်သွားသည်။

သို့သော်လည်း သူ့ပါးပြင်နှစ်ဖက်မှာ အနည်းငယ် နီရဲလာ၏။ 

သူ့အရွယ်က ဆယ်ကျော်သက်ကလေး မဟုတ်သော်လည်း ဤအခိုက်တွင် ရှက်ရွံ့ကာ မျက်နှာနီရဲနေမိသေးသည်။

ရင်ခုန်သံလည်း မြန်နေခဲ့မိသည်။

တစ်လကျော်ကြာပြီးနောက် ကျွင်းရှောင်ယောက်နှင့် လော့ရှန်းလင်လည်း အမှောင်မြစ်ပြည်နယ်ကို ပြန်ခဲ့ကြလေသည်။

လမ်းခရီးတွင်၊ ကျွင်းရှောင်ယောက်ဟာ နတ်ဆိုးချောက်နက်ပြည်နယ်တွင် ပြုလုပ်မည့် အိမ်ထောင်ရေးညီလာခံအကြောင်း ကြားသိခဲ့ရသည်။  

ကျွင်းရှောင်ယောက်အတွက် အိမ်ထောင်ရေးညီလာခံသို့ သွားရောက်ရန် အချိန်တန်ပြီ။

"ရှန်းလင်၊ မင်း မသွားဘူးလား"

ကျွင်းရှောင်ယောက်က မေးသည်။

"မသွားပါဘူး၊ ငါက အဲဒီကိုသွားပြီး ဘာလုပ်ရမှာလဲ"

လော့ရှန်းလင်က ခေါင်းခါယမ်းလိုက်၏။

သူမ လိုက်သွားပါက မနာလိုဖြစ်ရဦးမည် ဖြစ်သည်။

ထိုအစား မျက်ကွယ်ပြုထားလိုက်ခြင်းက ပို၍ကောင်းပေသည်။

ထို့အပြင်၊ ကျွင်းရှောင်ယောက်နှင့် အချိန်အတော်ကြာ အတူရှိခဲ့ပြီးနောက်၊ ကျွင်းရှောင်ယောက်၏ ပင်ကိုယ်စရိုက်ကို သိခဲ့သည်။

အလှအပအတွက် သူက ဆွဲဆောင်ခံရမည် မဟုတ်ပေ။

"ကောင်းပါပြီ"

ကျွင်းရှောင်ယောက်လည်း ခေါင်းညိတ်ကာ စကားအနည်းငယ်ပြောပြီးနောက် တစ်ဦးတည်း ထွက်ခဲ့သည်။

အိမ်ထောင်ရေးညီလာခံတွင် မည်သို့သော အရာများကို လက်မှတ်ထိုးနိုင်မလဲ သူ အမှန်တကယ် သိချင်မိပေသည်။

ကျွင်းရှောင်ယောက် ထွက်သွားသည်ကို မြင်လိုက်ရတော့ လော့ရှန်းလင်မှာ ခဏမျှ အံ့အားသင့်သွားခဲ့သည်။

ထို့နောက် သူမ၏ ချယ်ရီနှုတ်ခမ်းများကို တစ်ချက်ကိုက်လိုက်၏။

"အရူးလေး၊ ငါ မင်းကို တကယ်သွားစေချင်တာ မဟုတ်ဘူး"

ဤစကားမျိုးကိုတော့ ကျွင်းရှောင်ယောက်၏ရှေ့တွင် ထုတ်ပြောရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် အနည်းငယ် မကျေမနပ်ဖြစ်ကာ စစ်နတ်ဘုရားနန်းတော်သို့ ပြန်သွားတော့သည်။

...........

မဟာနတ်ဆိုးပြည်နယ်မှာ တိုင်းတပါး၏ ထိပ်တန်းပြည်နယ်ဆယ်ခုအနက်မှ တစ်ခုဖြစ်သည်။

ထိုနယ်မြေသည် နတ်ဆိုးသားရဲများအတွက် နိဗ္ဗာန်ဘုံဖြစ်ပြီး ဖြစ်၏။ 

ပြည်နယ်ကြီးဆယ်ခုတွင် ၎င်းကို တောရိုင်း‌နယ်မြေတစ်ခုအဖြစ် သတ်မှတ်ကြနိုင်သည်။

သို့သော်လည်း၊ မကြာသေးခင် အချိန်အတွင်း ဤပြည်နယ်မှာ တိုင်းတပါးပြည်တစ်ခုလုံး၏ အာရုံစိုက်ရာ နေရာတစ်ခု ဖြစ်လာသည်။

တိုင်းတပါးတွင် နာမည်ကြီးသော တုရှန်အလှလေးငါးပါး၏ အိမ်ထောင်ရေးညီလာခံက စတင်တော့မည်။

ယင်းက အဆင့်အတန်းအမျိုးမျိုးရှိသည့် မရေမတွက်နိုင်သော ပါရမီရှင်များနှင့် ဆွဲဆောင်ထားခဲ့သည်။

နောက်ဆုံးတွင်၊ ဤသည်က အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ အိမ်ထောင်ရေးညီလာခံပင် မဟုတ်လော။

အကယ်၍ တုရှန်အလှလေး ငါးပါးအနက်မှ တစ်ဦးကိုလက်ထပ်နိုင်ပါက၊ ဧကရာဇ်မျိုးနွယ် နောက်ခံတစ်ခုကို ရရှိလိမ့်မည်။

ယင်းက သူဌေးမိသားစုနှင့် ဂဟေဆက်နိုင်ခြင်း ဖြစ်သည်။

ဧကရာဇ်တစ်ပိုင်းမျိုးနွယ်နှင့် ဧကရာဇ်မျိုးနွယ်များဖြစ်ပါကလည်း မဟာမိတ်တစ်ဦး ရရှိခြင်းနှင့် ညီမျှသည်။

ထို့ကြောင့် အိမ်ထောင်ရေးညီလာခံမှာ အမျိုးသား ကျင့်ကြံသူတိုင်းအတွက် အလွန်ဆွဲဆောင်မှု‌ရှိပေသည်။

မဟာနတ်ဆိုးပြည်နယ်၏ တုရှန်ဒေသတွင်...

ဤသည်မှာ တိုင်းတစ်ပါးမှ အင်မော်တယ်ဧကရာဇ်မျိုးနွယ်၊ တုရှန်ဧကရာဇ်မျိုးနွယ်၏ နေအိမ် ဖြစ်သည်။   

ယခုအချိန်တွင်၊ တုရှန်ဒေသ အနီးတစ်ဝိုက်ရှိ ဧရိယာများမှာ မီးပုံးများ၊ အလှတန်ဆာဆင်ယင်မှုများဖြင့် လေထုက သက်ဝင်နေသည်။

အရပ်ရပ်မှ လူများစွာတို့လည်း တဖြည်းဖြည်း စုရုံးရောက်ရှိလာ၏။

သူတို့ကိုယ်တိုင် ရွေးချယ်ခံရရန် အလားအလာ မရှိလျှင်ပင်...

တုရှန်အလှလေးငါးပါးကို မြင်တွေ့နိုင်သရွေ့ လာရကျိုးနပ်လိမ့်မည်။

ထိုစဉ်၊ လေထဲမှာ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။

ကျောက်စိမ်းဖြူကဲ့သို့ ခြင်္သေ့တစ်ကောင်က အလွန်လှပသော ရထားတစ်စီးကို ဆွဲယူလာ၏။

"အဲဒါက ကျောက်ယဲ့ ကျောက်စိမ်းခြင်္သေ့ပဲ"

ယင်းကိုမြင်တော့ လူတစ်ယောက်က အော်ပြောလိုက်သည်။

ယင်းက ထူးဆန်းသော မျိုးစိတ်တစ်ခု ဖြစ်သည်။ သူတို့၏စွမ်းရည်က အလွန်သန်မာပြီး ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ပါရမီရှင်များနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

ယခုမူကား ရထားကိုဆွဲနေပြီ ဖြစ်သည်။

"အဲဒါ အန်းလန်ဧကရာဇ်မျိုးနွယ်ရဲ့ ဧကရာဇ်သားတော်ဟ"

တစ်ယောက်က ပြောလိုက်သည်။

ထိုအချိန်တွင် ဖူနတ်ဆိုးမျိုးစေ့များက ပန်းပွင့်များကဲ့သို့ မျောလွင့်လာသည်။

ထို့နောက် အစိမ်းရောင်အဝတ်အစားများ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုသူက ဖူခွေ့နတ်သမီးပင်။

"ဧကရာဇ်ငယ် ခုနစ်ပါးအဆင့်က နောက်တစ်ဦး ပေါ်လာပြီ"

တချို့ ပုံရိပ်များမှာ လူအများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ထိုသူများမှာ ပုံအားဖြင့် တွေ့ရန်ခက်ခဲသော တည်ရှိမှုများ ဖြစ်၏။

ထိုအချိန်တွင်၊ ပြင်းထန်သော လေတိုးသံတစ်ခုကို ကြားလိုက်ရသည်။

ယင်းမှာ၊ ခေါင်းကိုးလုံး ရွှေသဖူလင်းယုန်တစ်ကောင်ဆွဲသော ရထားလုံးတစ်စီး ဖြစ်၏။

အတွင်းမှာတော့၊ အနီရောင် အတောင်ပံများပါသော ရွှေနီရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ရှိနေသည်။

အောင်ပွဲက သူ့လက်ထဲတွင် ရှိနေသကဲ့သို့ သူ့အမူအရာမှာ ဘာမျှမထူးခြားပေ။

"ချီဟုန်ယွိပဲ၊ သူ တကယ်ကြီး ရောက်လာပြီ"

အကြည့်များစွာ ကျရောက်လာခဲ့သည်။

ယခင်က ချီဟုန်ယွိဟာ တုရှန်ဧကရာဇ်မျိုးနွယ်ကို လက်ထပ်ခွင့်တောင်းရန် လာရောက်သော်လည်း အရှက်ရခဲ့သည်။

ထိုသတင်းက တိုင်းတပါးတွင် အတော်လေး ပေါက်ကြားခဲ့သေးသည်။

ယခုတော့ ချီရှောင်းမျိုးနွယ်စုက တိုးတက်လာပြီး ချီဟုန်ယွိသည်လည်း ချီရှောင်းဘုရင်၏ တပည့်ဖြစ်လာပြီ ဖြစ်သည်။

ယခုတစ်ခေါက်မှာတော့ ချီဟုန်ယွိက အတိတ်သမိုင်းဆိုးကို ဖယ်ရှားပြီး အလှလေးကို အိမ်ခေါ်ယူသွားနိုင်ပါမည်လော။

လူတော်တော်များများက သိချင်နေခဲ့ကြသည်။

All Chapters