← Chapters

အခန်း ၁၀၂၄

Vol. 69 Ch. 1024

အခန်း ၁၀၂၄

Vol. 69 Ch. 1024

အခန်း ( ၁၀၂၄ ) ယီရှဲ့ဧကရာဇ်မျိုးနွယ်။

ချီဟုန်ယွိအပေါ်သို့ မရေမတွက်နိုင်သော အကြည့်များ ကျရောက်လာသည်။

မဟာနတ်ဆိုးပြည်နယ်တွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ချီဟုန်ယွိ၏ လှုပ်ရှားမှုတိုင်းက လူအများကို ဆွဲဆောင်နိုင်ပေသည်။

ထို့အပြင် သူက တုရှန်ဧကရာဇ်မျိုးနွယ်နှင့် အတိတ်ဆိုးတစ်ခု ရှိဖူးသည်။

ထိုအတိတ်ကတော့ ချီဟုန်ယွိ လုံးဝ ပြန်လည်အမှတ်မရချင်သော အရာတစ်ခုပင်။

သို့သော်လည်း ယခုအခါ ချီဟုန်ယွိ၏ အမူအရာက အေးဆေးတည်ငြိမ်နေပုံရသည်။

ယခုအချိန်တွင် အခြေအနေများက မတူတော့ပေ။

ဤတစ်ခေါက်တွင် ချီဟုန်ယွိက လှပသောဇနီးတစ်ဦးနှင့် လက်ထပ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သည်။

တစ်ဦးထက်မကပင် ဖြစ်နိုင်သေးသည်။

တုရှန်ဧကရာဇ်မျိုးနွယ်တွင်...

မီးပုံးများ၊ ရောင်စုံအလှဆင်မှုများ၊ မီးရှူးမီးပန်းများဖြင့် အလွန်စည်ကားသက်ဝင်နေသည်။

စားပွဲများကိုလည်း နေရာအနှံ့တွင် တည်ခင်းထား၏။

လှပသော မြေခွေးမလေးများကလည်း အစားအသောက်မျိုးစုံကို လိုက်လံဖြည့်ဆည်းပေးလျက် ရှိလေသည်။

ရောက်ရှိလာသော အမျိုးသား ပါရမီရှင်များလည်း အံ့ဩတကြီး ဖြစ်နေခဲ့ကြသည်။

တုရှန်ဧကရာဇ်မျိုးနွယ်မှ မိန်းကလေးများက အလှအပကြောင့် နာမည်ကြီးလေသည်။ ဤနေရာတွင်ရှိနေသော မြေခွေးမလေးများမှာပင် လွန်စွာ လှပသည်။

တုရှန်ဧကရာဇ်မျိုးနွယ်၏ အလှလေးငါးပါးဆိုပါက မည်မျှ လှပမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ချေသည်။

"တုရှန်ဧကရာဇ်မျိုးနွယ်ရဲ့ အလှလေးငါးဦးမှာ မတူညီတဲ့ အလှတရားတွေရှိတယ်လို့ ငါကြားတယ်။ တစ်ချို့က ချစ်စရာကောင်းတယ်၊ တစ်ချို့က သိမ်မွေ့ပြီး တချို့ကလည်း ဆွဲဆောင်မှုရှိတယ်"

"ဟာ၊ မင်းက အများကြီးလျှောက်တွေးနေတာပဲ။ ငါတို့ ယောက်ျားဆိုတာ အများကြီး မတွေးရဘူး။ အဓိကက အကြီးအသေးကို ကြည့်ရမှာ၊ ဟဲဟဲ"

"တကယ်ဆို ကြီးလေကောင်းလေပဲ"

"မဟုတ်ပါဘူးဟ၊ အလှအပဆိုတာ သင့်တော်ရုံပဲကောင်းတာ"

"တိတ်ကြစမ်း၊ မင်းတို့ အတော်အရှက်မရှိတဲ့ကောင်တွေ။ တကယ်ဆိုရင် လှလှ မလှလှ ဘာဖြစ်လဲ။ ပေါင်‌တံလေးတွေကိုပဲ ကြည့်သင့်တာ..."

အမျိုးသား ပါရမီရှင်များက လူစုံသည်နှင့် အလှအပစံနှုန်းများကို စတင် ဆွေးနွေးပြောဆိုလာကြသည်။

သူတို့ကို အစားအသောက်များ ဖြည့်ဆည်းပေးနေသော တုရှန်ဧကရာဇ်မျိုးနွယ်၏ မြေခွေးမလေးများမှာတော့ ရှက်ရွံ့မှုကြောင့် မျက်နှာလေးများ နီမြန်းနေတော့သည်။

ဟုတ်ပေသည်၊ ဧကကာဇ်မျိုးနွယ်ကဲ့သို့ အစွမ်းထက် အင်အားစုများမှ ပါရမီရှင်များက သီးသန့်စားပွဲများတွင် နေကြရသည်။

ထိုအချိန်တွင် အန်းလန်ဧကရာဇ်သားတော်နှင့် ဖူခွေ့နတ်သမီးတို့ ရောက်လာသည်။

"နတ်သမီးဖူခွေ့၊ မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းတစ်ခုကို မင်း ကြားပြီးပြီလား"

အန်းလန်ဧကရာဇ်သားတော်က လေးနက်သော အမူအရာဖြင့် မေးသည်။

သဘာဝအတိုင်း၊ ဖူခွေ့နတ်သမီးက အိမ်ထောင်ရေးညီလာခံအတွက် ဤနေရာကို ရောက်နေရခြင်း မဟုတ်ပါ။

သူမက တစ်စုံတစ်ဦးနှင့် တွေ့ဆုံနိုင်မလား သိလိုသောကြောင့် ရောက်လာခြင်း ဖြစ်သည်။

"နင်ပြောချင်တာက နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ရဲ့သတင်းလား"

နတ်သမီးဖူခွေ့လည်း ထိုသတင်းများကို ကြားပေသည်။

ဤထိပ်တန်းပါရမီရှင်များ၏ နောက်ခံအရ သတင်းအချက်အလက် ကွန်ရက်မှာ အားနည်းမှုမရှိပေ။

"ကောင်းကင်သင်္ချိုင်းပြည်နယ်မှာ ကစဉ့်ကလျားခန္ဓာက နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ကို သတ်ခဲ့တယ်"

"ဒါကြောင့် နတ်ဘုရားဝါးမျို ဧကရာဇ်မျိုးနွယ်က ဒေါသပေါက်ကွဲသွားပြီး ကစဉ့်ကလျားခန္ဓာကို တိုက်ခိုက်ချင်ပေမဲ့ နောက်ဆုံးမှာတော့ ရပ်တန့်သွားခဲ့တယ်"

အန်းလန်ဧကရာဇ်သားတော်က ပြောလိုက်သည်။

"အဲဒါက စစ်နတ်ဘုရားနန်းတော်က ရှန်းအောင်ဘုရင်ပဲလား"

နတ်သမီးဖူခွေ့ အနည်းငယ် သိလိုသွားသည်။

စစ်နတ်ဘုရားနန်းတော်မှ ရှန်းအောင်ဘုရင်က ကစဉ့်ကလျားခန္ဓာကို အလွန်ဂရုစိုက်ကြောင့် လူတိုင်းသိပေသည်။

"မဟုတ်ဘူး၊ အဲဒါက ယီရှဲ့မျိုးနွယ်ပဲ"

အန်းလန်ဧကရာဇ်သားတော်က ပြောလိုက်သည်။

ယီရှဲ့မျိုးနွယ်က အင်မော်တယ်ဧကရာဇ်မျိုးနွယ်တစ်ခု ဖြစ်သည်။

သို့ရာတွင်၊ သူတို့က အမည်မဲ့နယ်မြေနှင့် ဆက်စပ်နေသော မျိုးနွယ်တစ်ခု ဖြစ်၏။ ထို့အပြင် အလွန်လျှို့ဝှက်ဆန်းကျယ်သော မျိုးနွယ်တစ်ခုလည်း ဖြစ်သေးသည်။

"ဒါပေမဲ့ ယီရှဲ့မျိုးနွယ်က ကစဉ့်ကလျားခန္ဓာနဲ့ ပတ်သက်မှုမရှိဘူး မဟုတ်လား။ သူ့အတွက် နတ်ဘုရားဝါးမျိုဧကရာဇ်မျိုးနွယ်ကို ဘယ်လိုလုပ်ပြီး တားဆီးပေးမှာလဲ"

ဖူခွေ့နတ်သမီး နားမလည်နိုင်ပေ။

"ဒါက ကစဉ့်ကလျားခန္ဓာရဲ့ ဖျက်ဆီးခြင်းဘုရင် အထောက်အထားနဲ့ ဆက်စပ်နေသင့်တယ်။ ယီရှဲ့မျိုးနွယ်မှာလည်း ဖျက်ဆီးခြင်းဘုရင်တစ်ပါး နိုးထလာတယ်ဆိုပဲ"

အန်းလန်ဧကရာဇ်သားတော်က ပြောသည်။

"နားလည်ပါပြီ၊ ကြည့်ရတာ တိုင်းတပါးမှာ ကစဉ့်ကလျားခန္ဓာကို ဘယ်သူမှ မတားဆီးနိုင်တော့ဘူးထင်တယ်"

ဖူခွေ့နတ်သမီး သက်ပြင်းချလိုက်သည်။

စစ်နတ်ဘုရားနန်းတော်၊ ကစဉ့်ကလျားခန္ဓာ၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကျယ်သော အင်မော်တယ်၊ ယီရှဲ့မျိုးနွယ်တို့ဖြင့်...

အန္တိမဧကရာဇ်မျိုးနွယ်မှတပါး ကစဉ့်ကလျားခန္ဓာကို မည်သူမျှ ထိပါးဝံ့တော့မည် မထင်ပေ။

"ဒီတစ်ခေါက် မင်းလာတာက ကစဉ့်ကလျားခန္ဓာအတွက်ပဲ မဟုတ်လား"

"ဟုတ်တယ်၊ ငါ့မျိုးနွယ်ရဲ့ ဖူယောင်ဟာ အရင်က ကစဉ့်ကလျားခန္ဓာနဲ့ ပြဿနာဖြစ်ဖူးတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ သူနဲ့ ဆက်ဆံရေးကို ဖြေလျော့နိုင်မလားဆိုတာ စဉ်းစားနေရတယ်။ နောက်ဆုံးမှာတော့ သူက ဧကရာဇ်ငယ်နှစ်ပါးကို သတ်ပြီးသွားပြီလေ။ ငါလည်း ရုတ်တရက် ပျောက်ကွယ်သွားရမှာကို ကြောက်တယ်"

ဖူခွေ့နတ်သမီးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

သူမ အမှန်တကယ် ကြောက်ပေသည်။

တိုင်းတစ်ပါးတွင် ကျော်ကြားသော ဧကရာဇ်ငယ်ခုနစ်ပါးကို ကျွင်းရှောင်ယောက်က ကြက်ကလေး ငှက်ကလေးကဲ့သို့ သတ်ချင်တိုင်း သတ်နေသည်။

ဖူခွေ့နတ်သမီးလည်း သူမ၏အလှည့် ကျရောက်လာမည်ကို စိုးရိမ်နေခဲ့မိသည်။

"ဒါပေမဲ့ သူက အခုထိ မရောက်သေးဘူး။ ဒီတစ်ခါတော့ ကစဉ့်ကလျားခန္ဓာကို မြင်နိုင်မလား မသိပါဘူး"

အန်းလန်ဧကရာဇ်သားတော်က ခေါင်းခါယမ်းလိုက်လေသည်။

ထို့နောက်တွင် တုရှန်ဧကရာဇ်မျိုးနွယ်မှ အကြီးအကဲတစ်ဦး ပေါ်လာခဲ့သည်။

"တုရှန်ဧကရာဇ်မျိုးနွယ်ကနေ ကြိုဆိုပါတယ်။ ဒီအိမ်ထောင်ရေးညီလာခံကတော့ တုရှန်ဧကရာဇ်မျိုးနွယ်ရဲ့ မင်းသမီးငါးပါးအတွက် ခင်ပွန်းကောင်းတွေ ရှာဖွေဖို့ပါ"

"သေချာတာပေါ့၊ တုရှန်မျိုးနွယ်ရဲ့ သားမက်ဖြစ်လာမဲ့သူက တစ်သောင်းမှာတစ်ယောက် သန်မာလှတဲ့ အမျိုးကောင်းသား ဖြစ်ရမယ်။ မျိုးဆက်တူတွေကို သာလွန်နေရမယ်"

"အခု အဆင့်သုံးဆင့်ကို ငါ သတ်မှတ်ပေးပါမယ်၊ ဘယ်သူမဆို ပါဝင်နိုင်ကြတယ်"

"မင်းမှာ လုပ်နိုင်စွမ်းရှိရင် မင်းသမီးတွေရဲ့ ရွေးချယ်မှုခံယူဖို့ အရည်အချင်းပြည့်မီပါလိမ့်မယ်"

တုရှန်ဧကရာဇ်မျိုးနွယ် အကြီးအကဲ၏ စကားအဆုံးတွင် အလင်းရောင်များ တောက်ပပြီး အစီရင်ကြီးသုံးခု ပေါ်လာခဲ့သည်။

"ဒီအဆင့် သုံးခုက ပုံရိပ်ယောင်အစီရင်၊ သားရဲတစ်သောင်းအစီရင်နဲ့ တိုက်ပွဲနယ်မြေပဲ"

"တုရှန်မျိုးနွယ်ရဲ့ သားမက်ဖြစ်ပြီး ပါဝင်လိုသူတိုင်း ပါဝင်နိုင်ပါတယ်"

တုရှန်ဧကရာဇ်မျိုးနွယ်၏ အကြီးအကဲက ပြောလိုက်သည်။

သူ့စကားသံအဆုံးတွင် လေတိုးသံများ ထွက်ပေါ်လာ၏။

မျိုးနွယ်အသီးသီးမှ ပါရမီရှင်များက မြစ်ကိုဖြတ်ကူးနေသော ငါးများကဲ့သို့ ပြေးထွက်လာကြတော့သည်။

"ဟားဟား၊ ငါလည်း ပါဝင်ဦးမှပဲ"

အန်းလန်ဧကရာဇ်သားတော်လည်း အနည်းငယ်ပြုံးပြီး လေထဲသို့ တိုးဝင်သွားသည်။

ဖူခွေ့နတ်သမီးကတော့ သဘာဝအတိုင်း မပါဝင်ပေ။

သူမက သက်ပြင်းအနည်းငယ်ချလိုက်ပြီး မိုးကုပ်စက်ဝိုင်းကို လှမ်းမျှော်ကြည့်ကာ ရေရွတ်လိုက်သည်။

"သူ မလာဘူးလား"

တစ်ဖက်တွင်၊ ချီဟုန်ယွိက နှုတ်ခွန်းတွန့်ရုံ ပြုံးလိုက်သည်။

ချီရှောင်းဘုရင်၏ လေ့ကျင့်ပေးမှုဖြင့် သူ့ခွန်အားက ဧကရာဇ်ငယ်ခုနစ်ပါးထက် အားမနည်းတော့ပေ။

ထို့ကြောင့်၊ ယနေ့တွင် သူက အနည်းဆုံး မင်းသမီးတစ်ပါးနှင့် လက်ဆက်နိုင်မည်ဟု ယုံကြည်ထားသည်။

ကံကောင်းပါက၊ မင်းသမီးနှစ်ဦး၏ မျက်နှာသာရရှိရန် မဖြစ်နိုင်တာ မဟုတ်ပေ။

နောက်ဆုံးတွင်၊ လက်ရှိ သူ့အနေအထားက ယခင်ကနှင့် များစွာကွာခြားနေခဲ့ပြီ ဖြစ်သည်။

မကြာမီ၊ စမ်းသပ်မှုများ စတင်ခဲ့သည်။

ပုံရိပ်ယောင်အစီရင်က အကျင့်စရိုက်၊ အာရုံစူးစိုက်မှု၊ ဝိညာဉ်၊ ဝိညာဉ်စွမ်းအား စသည်တို့ကို သဘာဝအတိုင်း စမ်းသပ်ပေသည်။

အတိုင်းအတာတစ်ခုအထိ၊ ယင်းမှာ တစ်ချိန်က ကျွင်းရှောင်ယောက် တွေ့ကြုံခဲ့ရသောပြန်လည်ဝင်စားခြင်းပင်လယ်မှ ဘဝတစ်ရာ ပြန်လည်ဝင်စားခြင်းနှင့် ဆင်တူသည်။

ဟုတ်ပေသည်၊ ဤပုံရိပ်ယောင်မှ အင်အားက ပြန်ဝင်စားခြင်းပင်လယ်ထက် များစွာ နိမ့်ကျသည်။

သို့တိုင်၊ ပါရမီရှင်အများအပြားမှာ ပိတ်မိနေကြဆဲဖြစ်ပြီး ရူးသွပ်စွာ ပြောဆိုခြင်း၊ ရုန်းမထွက်နိုင်ခြင်းနှင့် အကျည်းတန်သော အပြုအမူများကို ပြသခြင်းတို့ ရှိနေသေးသည်။

"ဒီလိုအခြေခံအကျဆုံး အချက်ကိုတောင် မအောင်မြင်နိုင်ရင် တုရှန်မျိုးနွယ်ရဲပ သားမက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေ ရှိမှာလဲ"

တုရှန်ဧကရာဇ်မျိုးနွယ်၏ အကြီးအကဲက နှာခေါင်းရှုံ့လိုင်သည်။

တုရှန်ဧကရာဇ်မျိုးနွယ်ကဲ့သို့ မြင့်မားသော သစ်ပင်ကြီးပေါ်ကိုတက်ရန် အဘယ်မှာ လွယ်ကူပါအံ့နည်း။

ဟုတ်သည်၊ သူတို့အထဲတွင် ပေါ်လွင်နေတဲ့သူများလည်း ရှိသေးသည်။

ဥပမာအားဖြင့် အန်းလန်ဧကရာဇ်သားတော်မှာ ရပ်တန့်ခြင်းမရှိဘဲ ပုံရိပ်ယောင်နယ်မြေကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။

ချီဟုန်ယွိမှာလည်း အလားတူပင်။

အခြားသော ဧကရာဇ်မျိုးနွယ်စုနှင့် ဧကရာဇ်တစ်ပိုင်း မျိုးနွယ်များမှ ပါရမီရှင်များလည်း ရှိသည်။   

ဒုတိယအဆင့်ကတော့ သားရဲတစ်သောင်း အစီရင်ဆိုသည့်အတိုင်း ရက်စက်ကြမ်းကြုတ်သော အစီရင်သားရဲများ ရှိပေသည်။

သူတို့ထဲတွင် အများစုဟာ အဓိပဓိတစ်ပိုင်းနှင့် အဓိပဓိနယ်ပယ် အင်အားရှိကြသည်။

အဓိပဓိနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်များပင် ရှိသေးသည်။

ဤသည်မှာ၊ စစ်မှန်သော အခြေခံအုတ်မြစ်နှင့် ခွန်အားကို စမ်းသပ်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ဤအဆင့်တွင် အားနည်းသော ပါရမီရှင်များစွာကို ဖယ်ရှားခဲ့ပေသည်။

ပါရမီရှင်များက စမ်းသပ်မှုများကို ဖြတ်ကျော်နေချိန်...

တုရှန်ဧကရာဇ်မျိုးနွယ်၏ အနက်ရှိုင်းဆုံးနေရာမှ တောင်ထိပ်တစ်ခုရှိ နန်းတော်ထဲတွင်...

အသွင်အမျိုးမျိုးဖြင့် မိန်းကလေးငါးယောက် ရှိနေသည်။

သူတို့ရှေ့မှာတော့ စမ်းသပ်မှုဖြေဆိုနေသော ပါရမီရှင်များကို ထင်ဟပ်ပြ‌သနေသည့် အလင်းမျက်နှာပြင်တစ်ခု ရှိ၏။

ထိုအချိန်တွင်၊ ပျင်းရိပျင်းတွဲ အသံတစ်ခုက သူတို့နောက်မှ ထွက်ပေါ်လာခဲ့သည်။

"သမီးတို့ ဘယ်သူ့ကို နှစ်သက်မှုရှိလဲ"

All Chapters