← Chapters

အခန်း ၁၀၂၅

Vol. 69 Ch. 1025

အခန်း ၁၀၂၅

Vol. 69 Ch. 1025

အခန်း ( ၁၀၂၅ ) ကျွင်းရှောင်ယောက် ရောက်လာပြီ။

မတူညီသော အသွင်ပြင်များဖြင့် လှပသော မိန်းကလေး ငါးယောက်စလုံးက သဘာဝအတိုင်း မင်းသမီးငါးယောက်ဖြစ်ကြသည်။

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးက အကြီးဆုံးမင်းသမီး တုရှန်ယွဲ့ယွဲ့ ဖြစ်ပေသည်။

ဒုတိယမင်းသမီး တုရှန်မင်းသမီးထောင်ထောင်ကမူ အဝါရောင်ဝတ်စုံကို ဝတ်ထားသည်။ သူမက နူးညံ့သိမ်မွေ့သော အလှမျိုးကို ပိုင်ဆိုင်ထားလေသည်။

တတိယ မင်းသမီး တုရှန်ရှောင်ရှောင်းမူကား ရေလှိုင်းပမာ အင်္ကျီလက်နှင့် စကတ်ရှည်ကို ဝတ်ဆင်ထားခဲ့သည်။ သူမက ကုချင်းတီးခတ်ခြင်းကို ကျွမ်းကျင်ပြီး ကြော့ရှင်းကာ တစ်မျိုးလှ၏။

စတုတ္ထ မင်းသမီး တုရှန်ဝမ်ဝမ်ကမူ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူရဲကောင်းဆန်သော အသွင်ပြင်မျိုး ရှိသည်။ သူ့အသွင်က ရဲရင့်ပုံရပြီး တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိပေသည်။

ပဉ္စမမြောက် မင်းသမီးလေး တုရှန်ချွန်းချွန်းမှာတော့ ပန်းရောင်ဝတ်စုံကို ဝတ်ထားသည်။ သူမက အထွေးဆုံးလေးဖြစ်သကဲ့သို့ ကြွေရုပ်လေးကဲ့သို့ ချစ်စရာကောင်းလေသည်။

ပုံစံအမျိုးမျိုးရှိသည့် ဤအလှလေးငါးဦးသာ တပြိုင်နက်တည်း ထွက်လာပါက တောက်ပလွန်းသဖြင့် အမျိုးသားအားလုံး၏မျက်လုံးများ မှိတ်လိုက်ကြရမည် ဖြစ်သည်။

ဤအခိုက်တွင်၊ သူတို့ငါးဦး၏နောက်မှာ အရပ်မြင့်မြင့်၊ ဖောင်းဖောင်းကြွကြွနှင့် ရင်သပ်ရှုမောဖွယ် အလှမျိုးကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေသည်။

ရင့်ကျက်ပြီး ကျက်သရေရှိစွာ လှပသော အသွင်အပြင်က အကြီးဆုံးမင်းသမီး တုရှန်ယွဲ့ယွဲ့မှာပင် မရှိသောအရာ ဖြစ်ပေသည်။

တုရှန်ယွဲ့ယွဲ့က ဖွံ့ဖြိုးပြီး အမှန်တကယ် ဆွဲဆောင်မှုရှိသော်လည်း အသက်အရွယ်အရ ဆွဲဆောင်မှုအနည်းငယ် နိမ့်ကျနေသေးသည်။

ထိုအမျိုးသမီးက မင်းသမီးငါးပါး၏ မိခင်၊ တုရှန်မင်ဖေး ဖြစ်သည်။ သူမက နတ်ဖန်ဆင်းခြင်းအဓိပဓိအဆင့် အကျော်အမော်တစ်ဦးဖြစ်ပြီး တုရှန်ဧကရာဇ်မျိုးနွယ်၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ချေသည်။

သူ့သမီးတော်ငါးပါး၏ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး တုရှန်မင်ဖေးဟာ လွန်စွာ စိုးရိမ်ခဲ့ရသည်။

အကြောင်းမူ၊ သင့်တော်သော လက်တွဲဖော်ကို ရှာမတွေ့ပါက သူတို့၏ ချစ်ခြင်းအိပ်မက် အင်မော်တယ်ကျမ်းကို ပြောင်းလဲရန်မဆိုထားဘိ၊ ပို၍ မြင့်မားသောနယ်ပယ်များသို့ ဖြတ်ကျော်ရန်ပင် ခက်လိမ့်မည်။

"သမီးတို့၊ ဒီလူငယ်လေးတွေထဲမှာ မင်းတို့ နှစ်သက်တဲ့သူ ရှိလား။ မင်းတို့ရဲ့ အိမ်ထောင်ရေးက နှောင့်နှေးနေလို့ မဖြစ်တော့ဘူး"

တုရှန်မင်ဖေးက တိုက်တွန်းလိုက်သည်။

သမီးတော်ငါးယောက်တွင် တစ်ယောက်လောက်သာ ခင်ပွန်းကို မရှာတွေ့ပါက၊ တုရှန်မင်ဖေး စိတ်ပူမိမည် မဟုတ်ပေ။

သို့သော်လည်း အကြီးဆုံးမင်းသမီး တုရှန်ယွဲ့ယွဲ့က အလင်းမျက်နှာပြင်ရှိ ပါရမီရှင်များစွာကို တစ်ချက်ကြည့်ပြီး ပျင်းရိဟန်ဖြင့် သူမ၏ လက်သည်းများကို ကြည့်လိုက်သည်။

ဒုတိယမင်းသမီး တုရှန်ထောင်ထောင်က အဝေးကို ငေးကြည့်နေ၏။

တတိယမင်းသမီး တုရှန်ရှောင်ရှောင်းကလည်း လှပသောမျက်လုံးများ မှိတ်ထားကာ တစ်ခုခုကို တွေးနေဟန်ရှိသည်။

စတုတ္ထ မင်းသမီး တုရှန်ဝမ်ဝမ်နှင့် ပဉ္စမမြောက် မင်းသမီး တုရှန်ချွန်းချွန်းတို့ နှစ်ယောက်လုံးမှာလည်း စိတ်ရှုပ်ထွေးနေကြပုံရပေသည်။

သူတို့က အလင်းမျက်နှာပြင်ကိုပင် မကြည့်ပေ။ သူတို့က တစ်စုံတစ်ခုကို တွေးတောရင်း စိတ်ပျက်နေပုံရသည်။

လုံးဝစိတ်မဝင်စားပုံရသော သမီးတော်ငါးယောက်ကို ကြည့်ရင်း တုရှန်မင်ဖေးလည်း အကူအညီမဲ့စွာ မျက်ခုံးကို နှိပ်လိုက်မိသည်။

'သခင်လေး ဘာဖြစ်လို့ မလာသေးတာလဲ'

တုရှန်ချွန်းချွန်း၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။

ထိုစဥ်က ကျွင်းရှောင်ယောက်ဟာ အိမ်ထောင်ရေးညီလာခံသို့ လာရောက်မည်ဟု ကတိပေးခဲ့သည်။

အိမ်ထောင်ရေးအတွက် လာရောက်ခြင်းမဟုတ်လျှင်ပင်၊ ရောက်‌လာပေးသရွေ့ သူမ ကျေနပ်ပေလိမ့်မည်။

တုရှန်ရှောင်ရှောင်းမှာလည်း အလားတူပင် ဖြစ်သည်။

"ဒီကောင်မလေးနှစ်ယောက်ကတော့ မင်္ဂလာဆောင်မှာ သူတို့နှလုံးသားတွေ မရှိတော့မှာကို ကြောက်ရတယ်"

တုရှန်ယွဲ့ယွဲ့က တုရှန်ချွန်းချွန်းတို့ကို တစ်ချက်ကြည့်လိုက်သည်။

သူ့သမီးတော်ငါးယောက်ကိုကြည့်ရင်း တုရှန်မင်ဖေးက ခါးကိုထောက်၍ အနည်းငယ် ရင်ကော့ကာ ပြောလိုက်သည်။

"ငါ ဂရုမစိုက်တော့ဘူး။ ဒီနေ့တော့ မင်းတို့ငါးယောက် လက်တွဲဖော်ကို ရှာရမယ်"

"မင်းတို့မှာ လက်တွဲဖော်မရှိရင် အင်အားတွေလည်း တိုးတက်လာမှာ မဟုတ်ဘူး။ တုရှန်မျိုးနွယ်ရဲ့ အနာဂတ်က မင်းတို့အပေါ်မှာ အားကိုးနေရမှာ"

"သမီးတို့ နှစ်သက်တဲ့သူ ရှိလာမလားဆိုတာ ကြည့်သေးတာပေါ့ အမေ"

တုရှန်ရှောင်ရှောင်းက ပြောလေသည်။

"အန်းလန်မျိုးနွယ်က ဧကရာဇ်သားတော်၊ ချီရှောင်းမျိုးနွယ်က ချီဟုန်ယွိတို့ဆိုရင်လည်း မဆိုးပါဘူး။ သူတို့က မင်းတို့နဲ့ ထိုက်တန်တယ်"

တုရှန်မင်ဖေးက ပုံရိပ်များကို ကြည့်နေသည်။

အန်းလန်ဧကရာဇ်သားတော်နှင့် ချီဟုန်ယွိက အမှန်ပင် အပြောင်မြောက်ဆုံး လူငယ်များ ဖြစ်သည်။

ယခင်က တုရှန်မင်ဖေးကိုယ်တိုင် ချီဟုန်ယွိကို အထင်မကြီးခဲ့သော်လည်း ယခုတော့ လက်ခံနိုင်ပေပြီ။

သို့ရာတွင်၊ မိန်းကလေး ငါးယောက်ကတော့ သဘောမတူပေ။

သူတို့၏အမြင်တွင် ချီဟုန်ယွိက တန်ပြန်တိုက်ခိုက်သူမျှသာ ဖြစ်သည်။

တစ်ဖက်တွင်...

ချီဟုန်ယွိနှင့် အခြားသူများက ဒုတိယအဆင့်၊ သားရဲတစ်သောင်းအစီရင်ကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့ကြသည်။

နောက်တစ်ခုကတော့ တတိယအဆင့် တိုက်ပွဲနယ်မြေပင်။

ဤအဆင့်က နောက်ဆုံးအဆင့်လည်း ဖြစ်သည်။

ဤတွင် စည်းမျဉ်းများက အလွန်ရိုးရှင်းသည်။

လေထဲမှ ကွင်းပြင်ကျယ်တစ်ခုဖြစ်ပြီး အတွင်းမှာ စက်လုံးနှစ်ဆယ် ရှိပေသည်။

စက်လုံးများကို ရယူနိုင်သူသော ပါရမီရှင်များက မင်းသမီးငါးပါး၏ ရွေးချယ်ခံရန် အရည်အချင်း ပြည့်မီသည်။

တတိယအဆင့်ထိ အောင်မြင်သော ပါရမီရှင်များက များများမရှိပေ။

သို့သော်လည်း ရာနှင့်ချီကာ ရှိနေဆဲ ဖြစ်သည်။

အနိမ့်ဆုံးက တော်ဝင်မျိုးနွယ်မှ ပါရမီရှင်များ ဖြစ်၏။

သို့ဖြစ်ပေရာ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်ပေသည်။

"ဟမ့်၊ ဘယ်သူက ငါနဲ့ပြိုင်ဝံ့တာလဲ"

ချီဟုန်ယွိ၏ အမူအရာက အေးစက်နေခဲ့သည်။

သူ့ပတ်ဝန်းကျင်မှ ပါရမီရှင်များအားလုံး ဝေးရာသို့ ထွက်ခွာသွားကြရလေသည်။

သူက စက်လုံးကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။

အန်းလန်ဧကရာဇ်သားတော်လည်း ရရှိခဲ့၏။

အခမ်းအနား အပြင်ဘက်မှာတော့ မရေမတွက်နိုင်သော လူများက စောင့်ကြည့်နေကြသည်။

ထိုမြင်ကွင်းအတွက် သူတို့ မအံ့ဩကြပေ။

"အန်းလန်ဧကရာဇ်သားတော်ကတော့ ဒီနေ့ မိန်းမလှလေးကိုခေါ်ပြီး အိမ်ပြန်‌နိုင်တော့မယ်ထင်တယ်"

ဖူခွေ့နတ်သမီးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

များမကြာမီတွင်၊ စက်လုံးကိုရရှိသော လူငယ် အယောက်နှစ်ဆယ် ပေါ်လာသည်။

"အားလုံးပဲ ဂုဏ်ယူပါတယ်၊ မင်းတို့က တုရှန်မျိုးနွယ်ရဲ့ သားမက်ဖြစ်လာဖို့ အရည်အချင်းပြည့်မီတယ်"

တုရှန်ဧကရာဇ်မျိုးနွယ်စု၏ အကြီးအကဲက ပြုံးလျက် ပြောလိုက်သည်။

ဤလူနှစ်ဆယ်လည်း တိမ်တိုက်များအထက်မှ နန်းတော်ဆီသို့ တက်သွားကြလေသည်။

အောက်ဘက်မှာတော့ အရပ်ရပ်မှ ပါရမီရှင်များက မနာလို၊ အားကျစိတ်ဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

"ဒီနေ့ ဘယ်သူကများ မိန်းမလှလေးကို အိမ်ခေါ်သွားနိုင်မလဲ မသိဘူး"

လူတော်တော်များများက သိချင်မိလေသည်။

လေထဲတွင် ပန်းများ ကြွေကျလာခဲ့သည်။

တုနှိုင်းမရအောင် လှပသော ပုံရိပ်ငါးခုက ကောင်းကင်ထက်တွင် ပေါ်လာကြ၏။

ယင်းကိုမြင်တော့ ချီဟုန်ယွိလည်း အလိုအလျောက် လက်သီးဆုပ်လိုက်မိသည်။

အတိတ်မှ အရှက်တရားများကို ဖယ်ရှားရန် အချိန်တန်ပြီ။

ရွေးချယ်ခံရဖို့လည်း သူဟာ ယုံကြည်မှုအပြည့်ရှိသည်။

တုရှန်အလှလေးငါးပါးအတွက် ရွေးချယ်စရာဆို၍...

သူနှင့်အဆင့်တူသူက အန်းလန်ဧကရာဇ်သားတော်နှင့် လူအနည်းငယ်သာ ရှိပေသည်။

အန်းလန်ဧကရာဇ်သားတော်၏ အမူအရာကတော့ မပြောင်းလဲပါ။ အလှလေးကို ခေါ်ယူနိုင်ပါက ကောင်းသည်၊ မယူနိုင်လျှင်လည်း ကိစ္စမရှိပေ။

"လူတိုင်းပဲ၊ မင်းတို့က တစ်ထောင်မှာတစ်ယောက် ရှိခဲလှတဲ့ လူငယ်တွေပါပဲ။ မင်းတို့တွေ ငါ့သမီးတွေကို ရိုးရိုးသားသား ဆက်ဆံမယ်လို့ မျှော်လင့်ပါတယ်"

တုရှန်မင်ဖေးလည်း ပေါ်လာခဲ့သည်။

ရင့်ကျက်ပြီး ဖွံ့ဖြိုးသော အလှများက ဝင်းမှည့်ကာ အရည်ရွှမ်းသော သစ်သီးတစ်လုံးကဲ့သို့ ဖြစ်၏။

'ဘုရား၊ လှလှချေလား'

ပါရမီရှင်တစ်ဦးဆိုလျှင် တုရှန်‌မင်ဖေးကိုကြည့်ရင်း တံတွေးကို မျိုချလိုက်မိသည်။

ဤတွင်၊ ချီဟုန်ယွိက အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။

"မင်ဖေးက ယဉ်‌ကျေးလွန်းပါပြီ။ ကျွန်တော်တို့အားလုံး မင်းသမီးငါးပါးကို မြတ်နိုးလွန်းလို့ အိမ်ထောင်ရေးညီလာခံကို လာရောက်ခဲ့တာပါ"

"အင်း၊ ကောင်းပါတယ်"

တုရှန်မင်ဖေးက အနည်းငယ် ခေါင်းညိတ်လိုက်၏။

ချီဟုန်ယွိလည်း ဘာကိုဆိုလိုမှန်း သဘောပေါက်သွားသည်။

ဤနေရာတွင် လူနှစ်ဆယ်ရှိသော်လည်း မင်းသမီးက ငါးပါးသာ ရှိသည်။

သို့ဆိုလျှင် ဘာကို နှိုင်းယှဉ်နိုင်မည်နည်း။ ယင်းက အိမ်ထောင်ရေးလက်ဆောင် မဟုတ်လော။

ချီဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရှားပါးရတနာများ ပေါ်လာသည်။

ထိုအထဲတွင် အများစုက အချိန်ကြာမြင့်စွာ စုဆောင်းထားခြင်း သို့မဟုတ် ကံကောင်းခြင်းမှ ရရှိခြင်းများ ဖြစ်ချေသည်။

ချီရှောင်းဘုရင် ပေးအပ်ထားသော ဧကရာဇ်တစ်ပိုင်း ရတနာများပင် ရှိခဲ့သည်။

ယင်းကိုမြင်တော့ အန်းလန်ဧကရာဇ်သားတော်ကလည်း သူ့လက်ဆောင်များကို ထုတ်ယူလိုက်သည်။

ဤသည်ကလည်း ပြိုင်ပွဲ၏ အစိတ်အပိုင်းတစ်ခုပင်။

ပြိုးပြိုးပြက်ပြက် တောက်ပနေသော အိမ်ထောင်ရေးလက်ဆောင်များကိုကြည့်ရင်း အောက်မှ ပါရမီရှင်များ အံ့ဩသွားကြသည်။

တုရှန်မင်ဖေးလည်း အနည်းငယ် ခေါင်းညိတ်လိုက်၏။ ဤအိမ်ထောင်ရေးလက်ဆောင်များက သင့်လျော်သည်။

သို့သော်လည်း မင်းသမီးငါးပါး၏ အမူအရာများက ငေးငေးငိုင်ငိုင်သာ။

"သမီးတော်တို့၊ ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းကို အသုံးပြုပြီး ကမ္မကြိုးနီကို ထုတ်လွှတ်ကြည့်ပါဦး။ သူတို့ထဲမှာ သင့်တော်သူရှိမလား ကြည့်ရအောင်"

တုရှန်မင်ဖေးက ပြောလိုက်သည်။

တုရှန်ဝမ်ဝမ်နှင့် တုရှန်ချွန်းချွန်းလည်း တိတ်တဆိတ် သက်ပြင်းချလိုက်ကြလေသည်။

အထူးသဖြင့်၊ တုရှန်ဝမ်ဝမ်မှာ သူမ၏ အိမ်ထောင်ရေးကမ္မကြိုးနီက တစ်စုံတစ်ဦးနှင့် အမှန်တကယ်ချိတ်ဆက်နေပြီဖြစ်ကြောင်း သူမသိသည်။

လူတိုင်းက တုရှန်မင်းသမီးလေးငါးယောက်၏ ကမ္မကြိုးနီ ချိတ်ဆက်နိုင်သူကို စောင့်မျှော်နေချိန်တွင်...

ဝေးကွာသော ကောင်းကင်ယံမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒီအိမ်ထောင်ရေးညီလာခံကို ငါ အရောက်နောက်ကျသွားပြီလား"

ထိုအသံကိုကြားတော့ တုရှန်ဝမ်ဝမ်နှင့် တုရှန်ချွန်းချွန်း၏ လှပသော မျက်လုံးများက ချက်ချင်း တောက်ပလာခဲ့သည်။

"သခင်"

"သခင်လေး"

မိန်းကလေးနှစ်ယောက်လည်း ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်တော့ဘဲ အော်လိုက်မိတော့သည်။

All Chapters