အခန်း ၁၀၂၆
Vol. 69 Ch. 1026
အခန်း ( ၁၀၂၆ ) မျှော်လင့်မထားသော မြင်ကွင်းတစ်ခု။
အဝေးတွင်၊ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောခန့်ညားသော ရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။
သဘာဝအတိုင်း၊ ကျွင်းရှောင်ယောက် ဖြစ်၏။
ကျွင်းရှောင်ယောက် ပေါ်လာခြင်းကိုမြင်တော့ တနေရာလုံး တခဏတာ တိတ်ဆိတ်သွားသည်။
"ဒါက ကစဉ့်ကလျားခန္ဓာပဲ"
"စစ်နတ်ဘုရား ရောက်လာပြီ"
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ စစ်နတ်ဘုရား တကယ်ကြီး ရောက်လာပြီ"
ကျွင်းရှောင်ယောက် ရောက်ရှိလာခြင်းက လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပေသည်။
ယနေ့ခေတ်တွင်၊ တိုင်းတပါး၏ အကျော်ကြားဆုံး လူငယ်တစ်ဦးအနေဖြင့် ကျွင်းရှောင်ယောက်ဟာ သွားလေရာတိုင်းတွင် လူအများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်သည်။
"စစ်နတ်ဘုရားက ကောလာဟလတွေအတိုင်းပါလား။ တကယ်ကို နတ်ဘုရားတစ်ပါးလိုပဲ"
"သူက သေမျိုးကမ္ဘာမှာ လျှောက်လှမ်းနေတဲ့ နတ်ဘုရာပါပဲ"
အမျိုးသမီးတချို့၏ မျက်လုံးများလည်း ဝင်းလက်သွားကြလေသည်။
ကျွင်းရှောင်ယောက် ပေါ်လာသည်နှင့် တပြိုင်နက် သူ၏ အသွင်အပြင်နှင့် ကျက်သရေတို့က နေရာရှိ အမျိုးသား ပါရမီရှင်အားလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။
ချီဟုန်ယွိ၊ အန်းလန်ဧကရာဇ်သားတော်နှင့် ယခင်က လူအများကို ဆွဲဆောင်နိုင်ခဲ့သော ပါရမီရှင်များပင်လျှင် အရောင်မှိန်ဖျော့သွားကြသည်။
ကျွင်းရှောင်ယောက်၏ တည်ရှိမှုက အလင်းရောင်အားလုံးကို လွှမ်းမိုးခဲ့ပေသည်။
"သခင်..."
"သခင်လေး..."
တုရှန်ချွန်းချွန်းနှင့် တုရှန်ဝမ်ဝမ်လည်း သူတို့၏ ပုံရိပ်များကို ဂရုမစိုက်တော့ဘဲ ကျွင်းရှောင်ယောက်ဆီသို့ ပျံသန်းသွားတော့သည်။
အလှလေးနှစ်ဦးက ကျွင်းရှောင်ယောက်၏ ဘယ်ညာ တစ်ဖက်စီတွင် ရပ်လိုက်ကြသည်။
"သခင်လေး၊ ချွန်းချွန်းက ရှင်မလာတော့ဘူး ထင်လို့"
"သခင်လေးသာ မလာဘူးဆိုရင် ဒီညီလာခံက ဘယ်လိုထူးကဲတော့မှာလဲ"
အလှလေးနှစ်ဦး၏ ဝန်းရံမှုခံထားရသော ကျွင်းရှောင်ယောက်ကို မြင်ရတော့ တိုင်းတပါးသား ကျင့်ကြံသူများ အနည်းငယ် အံ့ဩသွားကြသည်။
ယနေ့တွင် သူတို့က မင်္ဂလာဆောင်ရမည့် သတို့သမီးများ ဖြစ်သည်။
သို့သော်လည်း သူတို့ဟာ ကျွင်းရှောင်ယောက်အပေါ် အလွန်စိတ်အားထက်သန်လျက်ရှိ၏။
ယင်းက အခြားသူများအပေါ် သဘောထားနှင့် လုံးဝ မတူပေ။
"ခွင့်လွှတ်ပါ၊ လမ်းမှာ အသေးအဖွဲကိစ္စလေး ပေါ်လာလို့ အချိန်နည်းနည်းကြာသွားတယ်"
ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးလိုက်သည်။
ထိုအချိန်တွင်၊ ဖူခွေ့နတ်သမီးက ရှေ့သို့ လှမ်းလာပြီး အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
"သခင်လေးပြောတဲ့ အသေးအဖွဲကိစ္စဆိုတာ နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ကို သတ်လိုက်တာ မဟုတ်လား"
ထိုစကားသံအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
"ဟင်... ဘယ်လို၊ စစ်နတ်ဘုရားက ဧကရာဇ်ငယ်ခုနစ်ပါးထဲက တစ်ယောက်ဖြစ်တဲ့ နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ကို သတ်လိုက်တာလား"
လူတော်တော်များများက တုန်လှုပ်သွားကြသည်။
နတ်ဘုရားဝါးမျို ဧကရာဇ်သားတော် ကွယ်လွန်ခြင်းသတင်းက လုံးလုံးလျားလျား မပျံ့နှံ့သေးပါ။
"မင်းက..."
ကျွင်းရှောင်ယောက်က ဖူခွေ့နတ်သမီးကို ကြည့်လိုက်သည်။
ဤဧကရာဇ်မျိုးနွယ်များ၏ သတင်းအချက်အလက်ကွန်ရက်က အတော်လေး ကောင်းမွန်သည်။
"ငါက ဖူမော့နတ်ဆိုးမျိုးနွယ်က ဖူခွေ့နတ်သမီးပါ။ ကျွန်မရဲ့ မျိုးနွယ်က ဖူယောင်ဟာ အရင်က သခင်လေးနဲ့ ပဋိပက္ခတွေ ရှိခဲ့ဖူးတယ်။ ဒါကို သခင်လေး စိတ်ထဲမထားတော့ဖို့ မျှော်လင့်ပါတယ်"
ဖူခွေ့နတ်သမီးက အနည်းငယ် ဦးညွတ်ပြီး ပြောလိုက်သည်။
သူ ပြောလိုသည်က၊ သူ့အပေါ်မှာ အပြစ်မပုံချစေရန် ဖြစ်လေသည်။
"အဲဒါက ဘယ်သူလဲ၊ ငါ မသိဘူး"
ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
တုရှန်ယွဲ့ယွဲ့၊ တုရှန်ထောင်ထောင်နှင့် တုရှန်ရှောင်ရှောင်းတို့ သုံးဦးမှာလည်း ကျွင်းရှောင်ယောက်ကို ကြည့်နေကြ၏။
ကြည့်ရင်း၊ သူတို့၏ မျက်လုံးများက တောက်ပလာခဲ့သည်။
ကျွင်းရှောင်ယောက်၏ စိတ်နေစိတ်ထားက တကယ်ကို ထူးခြားပေသည်။
သို့ရာတွင်၊ တုရှန်ရှန်ရှောင်ရှောင်း၏ မျက်လုံးများက သံသယအရိပ်အယောင်များ ရှိနေသည်။
ဤစိတ်နေစိတ်ထားက အလွန်ရင်းနှီးပုံရ၏။
သို့သော်လည်း ထိုအကြောင်းကို တွေးမိတော့ တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။
'ဒါက မဖြစ်နိုင်ပါဘူလေ၊ သူက ကစဉ်ကကလျားခန္ဓာပဲ'
တုရှန်ရှောင်ရှောင်းလည်း သူ့စိတ်ထဲမှ ရယ်စရာကောင်းသော အတွေးများကို ရပ်လိုက်သည်။
တုရှန်မင်ဖေးလည်း ကျွင်းရှောင်ယောက်ကိုကြည့်ရင်း အနည်းငယ် အံ့သြသွားလေသည်။
ဤကဲ့သို့ တစ်မူထူးကဲသော စိတ်နေစိတ်ထားရှိသည့် မျိုးဆက်သစ်တစ်ဦးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်သည်။
"စစ်နတ်ဘုရား၊ မင်းရဲ့ အကြောင်းတွေကိုတော့ ငါကြားဖူးတာ ကြာပါပြီ။ ငါက အန်းလန်ဧကရာဇ်သားတော်ပါ"
အန်းလန်ဧကရာဇ်သားတော်က ဖော်ရွေသော အမူအရာဖြင့် ပြုံးပြီး ကျွင်းရှောင်ယောက်ကို လက်ယှက်ပြသည်။
"အန်းလန်မျိုးနွယ်"
ကျွင်းရှောင်ယောက် ခပ်တိုးတိုး ရေရွတ်လိုက်၏။
ထိုမျိုးနွယ်က အလွန်နာမည်ကြီးသည်။
ကျွင်းရှောင်ယောက်လည်း ခေါင်းညိတ်ပြလိုက်လေသည်။
ထို့နောက်၊ ချီဟုန်ယွိကို ကြည့်လိုက်သည်။
ချီဟုန်ယွိ၏ အမူအရာက အေးစက်သွားသည်။
အထူးသဖြင့်၊ တုရှန်ဝမ်ဝမ်နှင့် တုရှန်ချွန်းချွန်း၏ ကျွင်းရှောင်ယောက်အပေါ် သဘောထားကိုမြင်တော့...
ပို၍ပင် စိတ်မသက်မသာဖြစ်သလို ခံစားရ၏။
ယခင်က၊ သူ လက်ထပ်ခွင့်တောင်းခဲ့ချိန်တွင် အပြတ်ငြင်းခံရသလို မင်းသမီးတစ်ပါးကိုပင် မမြင်ခဲ့ရပေ။
သို့ရာတွင်၊ ယခုတော့ သူတို့က ကျွင်းရှောင်ယောက်အပေါ် အလွန်စိတ်အားထက်သန်နေခြင်းကြောင့် မကျေမနပ် ဖြစ်သွားခဲ့မိသည်။
"စစ်နတ်ဘုရား ယွီရှောင်ယောက်၊ မင်းက အိမ်ထောင်ရေးညီလာခံမှာ မပါဝင်ဘူး မဟုတ်လား"
ချီဟုန်ယွိက တည်ငြိမ်စွာပြောသည်။
"အပျော်သဘောပဲ လာခဲ့တာပါ"
ကျွင်းရှောင်ယောက် ပြောလိုက်၏။
ချီဟုန်ယွိ၏ ခန္ဓာကိုယ်တွင် အထူးအငွေ့အသက် တစ်မျိုးမျိုး ရှိနေကြောင်း သူ ယောင်ဝါးဝါး ခံစားရသည်။
ဤအရာက ကောင်းကင်ကျမ်းပိုင်ရှင်များသာ ခံစားနိုင်သောအရာ ဖြစ်ပေသည်။
'ချီဟုန်ယွိက တကယ်ကို ဝိညာဉ်ကျမ်းပိုင်ရှင်ပဲ'
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
ချီဟုန်ယွိထံမှ အတက်အကျများကို သူ ခံစားရ၏။
သို့ရာတွင်၊ ချီဟုန်ယွိက သူ၏အတက်အကျများကို နားမလည်နိုင်ပေ။
ကောင်းကင်ကိုခိုးယူပြီး နေကိုပြောင်းလဲခြင်းနည်းလမ်း၏အကူအညီဖြင့် ကျွင်းရှောင်ယောက်ဟာ သူ့ကိုယ်ပိုင်အသွင်အပြင်နှင့် အငွေ့အသက်များကို လုံးဝဖုံးကွယ်ထားနိုင်သည်။
နောက်ပိုင်းမှာတော့၊ တုရှန်ဝမ်ဝမ်နှင့် တုရှန်ချွန်းချွန်းလည်း မတတ်သာဘဲ အခြားညီအစ်မသုံးယောက်နှင့် ပူးပေါင်းကာ ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းကို စတင်လှုံ့ဆော်ခဲ့လေသည်။
သူတို့ထံမှ အိမ်ထောင်ရေး ကမ္မကြိုးနီများ ပေါ်လာခဲ့သည်။
လူအများလည်း တစ်ဖန် အာရုံစိုက်လာကြ၏။
ဤမိန်းမလှလေးများ၏ မျက်နှာသာကို မည်သူက ရရှိနိုင်မလဲဆိုတာ လူတိုင်း သိချင်မိကြသည်။
'ဒါက ငါပဲ၊ ငါပဲဖြစ်ရမယ်'
ချီဟုန်ယွိက သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။
သူဟာ တုရှန်ဧကကာဇ်မျိုးနွယ်၏ မင်းသမီးကို လက်ထပ်ချင်ရုံသာမကဘဲ အတိတ်မှ ငြင်းပယ်ခံရခြင်း အရှက်တရားကို ဖယ်ရှားပစ်ချင်မိပေသည်။
အနီရောင် ကြိုးငါးချောင်းက စက်လုံးရရှိထားသော လူငယ် အယောက်နှစ်ဆယ်ထံသို့ ချဉ်းကပ်သွားသည်။
သို့သော်လည်း သူတို့ကို တစ်ခုပြီးတစ်ခု ကျော်သွားကြ၏။
ကြိုးငါးချောင်းစလုံးက ချီဟုန်ယွိကို ဦးတည်ကာ ပျံသန်းလာတော့သည်။
ချီဟုန်ယွိလည်း အသက်ရှူရန်ပင် မေ့လျော့သွားသည်။
ကံမ္မကြိုးနီ ငါးချောင်းစလုံးက သူ့ဆီကို ဦးတည်လာနေ၏။
ထို့ကြောင့် ဖမ်းယူရန် လက်လှမ်းလိုက်သည်။
"ဟင်၊ ဘယ်လိုဖြစ်ရတာလဲ"
ချီဟုန်ယွိ၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။
အနီရောင် ကြိုးငါးချောင်းက တစ်စုံတစ်ခုကို အာရုံခံစားမိသကဲ့သို့ အဝေးကို ရုတ်တရက် ပျံသန်းသွား၏။
ထို့နောက် ထောင်ပေါင်းများစွာသော လူများ၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင်၊ ကြိုးငါးချောင်းက ကျွင်းရှောင်ယောက်၏ လက်ကောက်ဝတ်မှာ ချည်နှောင်ထားတော့သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ ပရိသတ်များကို မဆိုထားဘိ။
ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် အံ့ဩသွားမိသည်။
နောက်ဆုံးတွင်၊ သူက အပျော်ရောက်လာသော လူတစ်ဦးသာ ဖြစ်ပြီး ပါဝင်ရန် မစဉ်းစားခဲ့ဖူးပေ။
"ဒါ...ဘယ်လိုဖြစ်နိုင်မှာလဲ"
"အိမ်ထောင်ရေး ကြိုးနီငါးခုက လူတစ်ဦးတည်းကို ဘယ်လိုလုပ်ပြီး ချည်နှောင်နိုင်မှာလဲ"
"စစ်နတ်ဘုရားဆိုရင်တောင် ဒါကြီးကတော့ မဟုတ်သေးပါဘူး"
"တုရှန်မျိုးနွယ်ရဲ့ကျင့်စဉ်က တစ်ခုခုမှားယွင်းနေတာများလား"
လူတိုင်း၏ မျက်နှာများက အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသွားသည်။
တုရှန်ဧကရာဇ်မျိုးနွယ်မှ မင်းသမီးတစ်ဦးနှင့် လက်ထပ်နိုင်လျှင်ပင် ကောင်းချီးတစ်ခု ဖြစ်နေပြီ။
ရလဒ်အနေဖြင့်၊ ယခုအခါ ကျွင်းရှောင်ယောက်၏လက်မှာ အနီရောင်ကြိုးငါးချောင်း ချည်နှောင်ထားပြီ ဖြစ်သည်။
ယင်းက မယုံနိုင်စရာပင်။
"ဘာဖြစ်တာလဲ၊ တစ်ခုခုမှားနေတာများလား"
မင်းသမီးငါးပါး၏မိခင် တုရှန်မင်ဖေးလည်း အတော်လေး အံ့သြသွားမိသည်။
တုရှန်မင်ဖေး၏ လှပသော မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီးနောက် ချစ်ခြင်းအိပ်မက် အင်မော်တယ်ကျမ်းက မှားယွင်းမှုရှိမရှိ သိနိုင်စေရန် သူမ၏ကျင့်စဉ်ကိုလည်း အသက်သွင်းလိုက်သည်။
အိမ်ထောင်ရေးကမ္မကြိုးနီတစ်ချောင်း ထပ်မံ ပေါ်လာ၏။
မမျှော်လင့်ဘဲ၊ အိမ်ထောင်ရေးကမ္မကြိုးနီက ကျွင်းရှောင်ယောက်ဆီသို့ ပျံသန်းသွားပြီး သူ့လက်ကောက်ဝတ်ကို ချည်နှောင်ထားလိုက်တော့သည်။
တုရှန်မင်ဖေး အံ့ဩသွားခဲ့သည်။
မင်းသမီးငါးပါးလည်း အံ့အားသင့်သွားသည်။
ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် အံ့အားသင့်သွား၏။
လူတိုင်း တုန်လှုပ်သွားတော့သည်။
ဒါက ဘယ်လိုသဘောတရားလဲ။
တုရှန်မင်ဖေးရဲ့ ကမ္မကြိုးနီကလည်း ကျွင်းရှောင်ယောက်ရဲ့လက်မှာ ချည်နှောင်ထားသေးတာလား။
အချို့ဆိုလျှင် မနေနိုင်ဘဲ အော်ဟစ်လိုက်မိသည်။
"ဟုတ်... ဟုတ်သေးရဲ့လားဗျာ"
"ယောက္ခမကြီးတောင် ပါဝင်နေတာလား"
"အခု ဘယ်လိုလုပ်ကြပါ့မလဲ"
"ပြန်လည်နုပျိုပြီး ပါဝင်တော့မှာလား"
"..."