အခန်း ၁၀၂၈
Vol. 69 Ch. 1028
အခန်း ( ၁၀၂၈ ) ချီဟုန်ယွိ အကြွင်းမဲ့ ချေမှုန်းခံရခြင်း။
ကျွင်းရှောင်ယောက်၏ လောင်းကြေးက ချီဟုန်ယွိကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့သည်။
သူသည် ဤနေရာကို မိန်းမလှများနှင့် လက်ထပ်ရန် ရောက်လာခြင်း ဖြစ်၏။
နောက်တစ်ချက်ကတော့ အတိတ်မှ အရှက်တရားကို ဆေးကြောပစ်ချင်သည်။
ထို့ကြောင့်၊ ကျွင်းရှောင်ယောက်၏ အဆိုပြုချက်က သူ့အတွက် အလွန်ဆွဲဆောင်မှု ရှိခဲ့ပေသည်။
"သခင်လေး၊ နင်..."
တုရှန်ချွန်းချွန်းက တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းသွားသည်။
အားမနာတမ်းပြောရလျှင်၊ ကျွင်းရှောင်ယောက်က သူတို့ကို လောင်းကြေးအဖြစ် အသုံးပြုနေတာ မဟုတ်ပါလား။
ကျွင်းရှောင်ယောက် ရှုံးနိမ့်ပါက တခြားတစ်ယောက်နှင့်သာ လက်ထပ်ရတော့မည် ဖြစ်သည်။
"စိတ်မပူပါနဲ့၊ မင်းငါ့ကိုမယုံဘူးလား"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
သူဟာ အခြားသူများကို လျစ်လျူရှုတတ်သူ ဖြစ်သော်လည်း ထိုမျှတော့ မဆိုးသေးပေ။
သူ့ကိုသဘောကျနေသည့် မိန်းကလေးကို အခြားသူ၏ရင်ခွင်ထဲသို့ အတင်းတွန်းပို့သည်အထိ ရူးမိုက်သည့်အလုပ်ကို သူလုပ်မည် မဟုတ်ပါ။
ကျွင်းရှောင်ယောက် အလောင်းအစား လုပ်ဝံ့ခြင်းမှာ၊ တစ်ရာ ရာခိုင်နှုန်း သေချာသောကြောင့် ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ စကားကိုကြားမှ တုရှန်ချွန်းချွန်းလည်း စိတ်သက်သာရာ ရသွားလေသည်။
သူဟာ ကျွင်းရှောင်ယောက်အပေါ်တွင် အကြွင်းမဲ့ယုံကြည်မှုရှိသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချီဟုန်ယွိ၏ မျက်လုံးများက ပို၍ လေးနက်လာခဲ့သည်။
ထို့နောက် ရတနာအချို့ကို ထုတ်ယူလိုက်၏။
နတ်သံမဏိ၊ အင်မော်တယ်ဆေးပင်ဆေးဝါး စသည်ဖြင့်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်သလို တစ်ချက်ပင် မကြည့်ပေ။
"ဝေ့၊ အဲဒီအရာတွေက ငါတို့ရဲ့ ဆံချည်တစ်မျှင်တောင် တန်လို့လား"
တုရှန်ချွန်းချွန်းက အော်လိုက်သည်။
သူမက ကျွင်းရှောင်ယောက်ကို ကူညီလိုက်၏။
"သခင်လေးကို ခြေလှမ်းတစ်ဝက်တောင် ဆုတ်ခွာစေနိုင်ဖို့ နင် ယုံကြည်မှုမရှိဘူးလား။ အဲဒီလိုဆိုရင် ငါတို့ညီအစ်မတွေနဲ့ လက်ထပ်ဖို့ ဘယ်လိုအရည်အချင်းရှိမှာလဲ"
တုရှန်ဝမ်ဝမ်ကလည်း ဝင်ပြောသည်။
ထိုစကားများကို ကြားလိုက်ရသည်နှင့် ချီဟုန်ယွိ၏ မျက်နှာမှာ တင်းမာပြီး အေးစက်သွားသည်။
မူလက သူဟာ ယနေ့တွင် သူ၏အတိတ်မှ အရှက်တရားကို ချေဖျက်ရန် ရောက်ရရှိလာခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ထပ်မံ အရှက်ရခဲ့ရပြီ။
ပရိသတ်များလည်း ထူးဆန်းသော အမူအရာများနှင့် ပြပွဲကို ကြည့်နေခဲ့ကြသည်။
"ဒီနေ့ ချီဟုန်ယွိက သူ့ဇာတ်လမ်းဟောင်းကို ပြန်ထုတ်ဖော်တော့မှာလား"
"တော်လောက်ပြီ၊ မင်းက အလောင်းအစားလုပ်ချင်ရင် ငါ မင်းနဲ့ လိုက်ပါပေးမယ်။ အခု ငါထုတ်ယူမဲ့အရာကို မင်းငြင်းနိုင်ဦးမှာလား"
ချီဟုန်ယွိ ဒေါသတကြီး ဖြစ်သွားသည်။
ထို့အပြင်၊ သူက ကျွင်းရှောင်ယောက်ကို အနိုင်ယူရန် မလိုပေ။
ခြေလှမ်းတစ်ဝက်မျှ နောက်ပြန်ဆုတ်စေနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။
ထို့နောက် သူဟာ ရွှေသားအတိပြီးသကဲ့သို့ ရွှေရောင်စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းက ရိုးရှင်းပုံရသော်လည်း ကမ္ဘာလောက၏ အပြောင်းအလဲ အရိပ်အယောင်များကို ခံစားရ၏။
တစ်ချက်ကြည့်ရုံဖြင့် ယင်းက သာမန်မဟုတ်ကြောင်း ပြောနိုင်သည်။
"ဒါက..."
ကျွင်းရှောင်ယောက်က ကောင်းကောင်းသိသော်လည်း မသိချင်ဟန်ဆောင်ကာ မေးရသေးသည်။
"ကောင်းကင်ကျမ်းကိုးအုပ်အကြောင်း ကြားဖူးလား"
ချီဟုန်ယွိက လှောင်ပြောင်လိုက်သည်။
ထိုစကားသံ ထွက်လာသည်နှင့် တပြိုင်နက် မရေတွက်နိုင်သော သတ္တဝါများ တုန်လှုပ်သွား၏။
"ဒါက တကယ်ကို ကောင်းကင်ကျမ်းပဲ"
"ကောင်းကင်ကျမ်းကိုးအုပ်က ရှေးသမိုင်းမှာ ပျောက်ကွယ်သွားပြီလို့ မပြောကြဘူးလား"
"ကောင်းကင်ကျမ်းကိုးအုပ်က ကြီးမားတဲ့ လျို့ဝှက်ချက်တစ်ခုနဲ့ ဆက်စပ်နေတယ်လို့ ကြားတယ်။ ကောင်းကင်ကျမ်းကိုးအုပ်စလုံးကို စုဆောင်းနိုင်ရင် မကြုံစဖူးလမ်းကြောင်းကို မြင်နိုင်လိမ့်မယ်တဲ့"
ကောင်းကင်ကျမ်းကို မြင်ရသောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။
ကောင်းကင်ကျမ်းနှင့် နှိုင်းယှဉ်ပါက အခြားသော နတ်သံမဏိနှင့် ဧကရာဇ်တစ်ပိုင်းလက်နက်များ သည် ဘာမှမဟုတ်တော့ပေ။
၎င်းတို့၏ တန်ဖိုးက မြင့်မားသော်လည်း ကောင်းကင်ကျမ်းနှင့် နှိုင်းယှဉ်၍မရပါ။
ကောင်းကင်ကျမ်းကိုးအုပ်ဟာ အလွန်ရှားပါးပြီး စကြဝဠာတစ်ခုလုံးတွင် ကိုးအုပ်သာရှိသည်။
ချီဟုန်ယွိဟ သူ၏ ယခင်အရှက်တရားကို လက်စားချေရန်အတွက် အစွမ်းကုန် စွန့်စားခဲ့သည်ဟု ဆိုနိုင်ပေသည်။
"မဆိုးပါဘူး၊ အဲဒါက ငါ့ကို စိတ်ဝင်စားစေနိုင်တယ်"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
"အခု မင်းဘာတတ်နိုင်မလဲ ငါကြည့်ရအောင်"
ချီဟုန်ယွိက အချိန်မဆွဲတော့ပါ။
သူ့လက်ကို မြှောက်လိုက်သောအခါ မီးတောက်များက ကောင်းကင်ကိုပင် လောင်ကျွမ်းသွားကြောင်း မြင်လိုက်ကြရသည်။
ဇီးကွက်နီမှာ မီးထဲတွင် မွေးဖွားလာသည့် ထူးဆန်းသောငှက်တစ်မျိုးဖြစ်ပြီး အဆုံးစွန်မီးနိယာမကို ထိန်းချုပ်နိုင်ပေသည်။
ချီဟုန်ယွိ၏ နည်းလမ်းများကို ရင်ဆိုင်ရင်း ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။
စွမ်းအင်ခုခံကာကွယ်ခြင်း နတ်လက်စွပ်နှစ်ဆယ်က သူ့ကို ဖုံးအုပ်ထား၏။
မည်သည့်မီးမျှ သူ့အနားသို့ မကပ်နိုင်တော့ပေ။
"မော့ကျဲဧကရာဇ်မျိုးနွယ်ရဲ့ နည်းလမ်းလား"
ဖူခွေ့နတ်သမီးနှင့် အန်းလန်ဧကရာဇ်သားတော်၏ မျက်လုံးများက အရောင်လက်သွားသည်။
"လောကသုံးပါးနဲ့ လမ်းစဉ်ခြောက်သွယ်၊ မီးလျှံလှောင်အိမ်"
ယင်းကိုမြင်တော့ ချီဟုန်ယွိက မထိန်းချုပ်ထားတော့ပေ။ သူက ချီရှောင်းမျိုးနွယ်၏ လျှို့ဝှက်နည်းလမ်းကို အသုံးပြုလိုက်သည်။
တခဏချင်းမှာပင်...
ကမ္ဘာကြီးတစ်ခုလုံးက မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားပုံရ၏။
ထိုမီးလျှံထဲတွင်လည်း အဆုံးမရှိ အော်ဟစ်ငိုကြွေးနေသည့် သတ္တဝါများ ရှိနေပုံရသည်။
လောကသုံးပါးလုံးက အိမ်လှောင်အိမ်ကဲ့သို့ဖြစ်ပြီး သက်ရှိသတ္တဝါအားလုံး ဆင်းရဲဒုက္ခရောက်နေရတော့သည်။
ဤသည်မှာ ချီရှောင်းမျိုးနွယ်၏ ဘိုးဘွားကျင့်စဉ်ဖြစ်ပြီး အလွန်အစွမ်းထက်သည်။
ထို့အပြင်၊ ဤလှုပ်ရှားမှုက ချီဟုန်ယွိ၏ မီးနိယာမကို ထောက်ပံ့ပေးသောကြောင့် စွမ်းအားကို နှစ်ဆတိုးစေသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ နည်းလမ်းလဲ"
ကျင့်ကြံသူတချို့မှာ ထိုမြင်ကွင်းကြောင့် အမူအရာများ လေးနက်လာခဲ့ကြသည်။
အင်မော်တယ်ဘုရင်တစ်ပါး၏ လေ့ကျင့်ပေးမှုဖြင့် ချီဟုန်ယွိဟာ အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့ပုံပင်။
"ချီရှောင်းဘုရင်ရဲ့တပည့်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သူ့ရဲ့ လက်ရှိ အင်အားက ဧကရာဇ်ငယ် ခုနစ်ပါးထက် အားမနည်းဘူး"
ချီဟုန်ယွိ၏ အဆုံးစွန်နည်းလမ်းကို ရင်ဆိုင်ရသော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းလဲပါ။
သူက ဝါးမျိုခြင်း နိယာမကို အသက်သွင်းလိုက်သည်။
ဤသည်မှာ နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ နည်းလမ်းမဟုတ်ပေ။
ထိုအစား၊ ကျွင်းရှောင်ယောက်ကိုယ်တိုင် နားလည်ခဲ့သော နည်းလမ်း ဖြစ်သည်။
လေထဲတွင် တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။
မရေမတွက်နိုင်သော ဝါးမျိုခြင်းနိယာမ အက်ကြောင်းများကလည်း နေရာအနှံ့ ပျံ့နှံ့သွား၏။
အလွန်လွှမ်းမိုးပုံရသော မီးပင်လယ် တစ်ခုလုံးပါ တိမ်မြုပ်သွားတော့သည်။
"အဲဒါ... နတ်ဘုရားဝါးမျို ဧကရာဇ်မျိုးနွယ်ရဲ့ နည်းလမ်းပဲ"
ထိုမြင်ကွင်းကြောင့် ဖူခွေ့နတ်သမီးနှင့် အန်းလန်ဧကရာဇ်သားတော် တုန်လှုပ်သွားကြသည်။
ကျွင်းရှောင်ယောက်က မော့ကျဲဧကရာဇ်မျိုးနွယ်၏ နည်းလမ်းကို အသုံးပြုခဲ့သည်။
ယခုဆိုပါက၊ နတ်ဘုရားဝါးမျိုဧကရာဇ်သားတော်၏ ဝါးမျိုခြင်းနည်းလမ်းကိုပင် အသုံးပြုနေပြီ။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ချီဟုန်ယွိ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
သူ၏ ဘိုးဘွားနည်းလမ်းကို အဘယ်ကြောင့် လွယ်ကူစွာ ချိုးဖျက်နိုင်သနည်း။
"ဝှစ်"
ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်ချက်လှမ်းပြီး လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ရှေးဟောင်း ကျောက်စာချပ်တစ်ခုပေါ်လာခဲ့၏။
ယင်းက စစ်နတ်ဘုရားကျမ်းမှ စစ်နတ်ဘုရား လက်ဝါး ဖြစ်တော့သည်။
"ဝုန်း"
ချီဟုန်ယွိ နောက်သို့လွင့်သွားပြီး ရင်ဘတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
ထိုအချိန်တွင် ကျွင်းရှောင်ယောက်က ခြေတစ်ချက် ထပ်မံနင်းချလိုက်သည်။
လေထဲတွင်၊ ဟင်းလင်းပြင်လှိုင်းများ ပျံ့နှံ့သွားပြီး ဟင်းလင်းပြင်အက်ကြောင်းများ ပေါ်လာ၏။
ယင်းက စစ်နတ်ဘုရားကျမ်းမှ ဟင်းလင်းပြင်တုန်ခါခြင်းပင်။
နောက်ဆုံးတွင်၊ ချီဟုန်ယွိ မထိန်းချုပ်နိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်ရသည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ ပုံရိပ်က ချီဟုန်ယွိ၏ရှေ့တွင် တခဏချင်းပေါ်လာခဲ့သည်။ သူက ချီဟုန်ယွိ၏ ရင်ဘတ်ကိုဆောင့်နင်းလိုက်ရာ တောင်ထိပ်တစ်ခုပေါ်သို့ ထိုးကျ၏။
ချီဟုန်ယွိ၏ ပါးစပ်မှ သွေးများ ထပ်မံအန်ထွက်လာတော့သည်။
"ကောင်းကင်ကျမ်းကို ပေးပါ"
ကျွင်းရှောင်ယောက်က အေးစက်စက် ပြောလိုက်သည်။
ချီဟုန်ယွိသာ ခဏမျှ တုံ့ဆိုင်းနေပါက၊ ကျွင်းရှောင်ယောက်ဟာ သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ချေမှုန့်ပစ်လိုက်မည်။
"ဒီမှာ"
ချီဟုန်ယွိ အံကိုတင်းတင်းကြိတ်လိုက်သည်။
သို့သော်လည်း ရှေးဦးဝိညာဉ်ကျမ်းကို လွှဲပေးရန်မှတပါး အခြား မတတ်နိုင်တော့ပါ။
ကျွင်းရှောင်ယောက်လည်း ရှေးဦးဝိညာဉ်ကျမ်းကို လက်ခံပြီး သူ့ခြေထောက်ကို ဖယ်ရှားလိုက်သည်။
ထိုအချိန်တွင်၊ များပြားလှသော လောဘမျက်လုံးများက ကျွင်းရှောင်ယောက်ကို ကြည့်လာကြသည်။
နောက်ဆုံးတွင်၊ ကောင်းကင်ကျမ်းက အန္တိမရတနာဖြစ်ပြီး၊ မည်သူမျှ မတပ်မက်ဘဲနေမည်ကို ကြောက်ရသည်။
ကောင်းကင်ကျမ်းကို လူမြင်ကွင်းတွင် လက်ခံလိုက်ပါက ပြဿနာများ ဖြစ်မည်မှာ သေချာသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကို စစ်နတ်ဘုရားနန်းတော်က ထောက်ပံ့ထားသည်။ ရှန်းအောင်ဘုရင်နှင့် လော့ဝမ်ကလည်း ကာကွယ်ထား၏။
အပြင်လူများ၏အမြင်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်တစ်ပါးလည်း ရှိသေးသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ မည်သူမျှ သူ့ကို နှောင့်ယှက်ဝံ့မည်မဟုတ်ကြောင်း ယုံကြည်မှုရှိသည်။
"ဒီနေ့ အိမ်ထောင်ရေးညီလာခံရဲ့ ရလဒ်ကတော့ ပြောစရာမလိုတော့ဘူး ထင်တယ်"
"ယောက်ျားတစ်ယောက်နဲ့ မိန်းမလှလေး ငါးဦး၊ ဒါက တကယ်ကို မမျှော်လင့်ထားတာပဲ"
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်ဟာ သူ့လက်ကောက်ဝတ်က အနည်းငယ်ပူလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ယင်းမှာ ခြောက်ထောင့်ကြယ် အမှတ်အသားမှ ပူလောင်လာခြင်း ဖြစ်၏။
ကျွင်းရှောင်ယောက်လည်း အဝေးကို လှမ်းကြည့်လိုက်ရင်း တူညီသော အရင်းအမြစ်၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ပြပွဲက မပြီးသေးဘူး"