← Chapters

အခန်း ၁၀၂၉

Vol. 69 Ch. 1029

အခန်း ၁၀၂၉

Vol. 69 Ch. 1029

အခန်း ( ၁၀၂၉ ) ဒီအိမ်ထောင်ရေးကို ငါ‌သဘောမတူဘူး။

ကျွင်းရှောင်ယောက်က ချီဟုန်ယွိကို တိုက်ကွက်အနည်းငယ်ဖြင့် အနိုင်ယူခဲ့ကြောင်း မြင်ရပြီးနောက်...

စမ်းသပ်မှု အဆင့်သုံးဆင့်ကို ဖြတ်ကျော်ခဲ့သော ကျန်ပါရမီရှင် ဆယ့်ကိုးဦး၏ နှလုံးသားများမှာ တုန်လှုပ်သွားကြသည်။

ချီဟုန်ယွိ၏ အင်အားက ဧကရာဇ်ငယ်ခုနစ်ပါးအဆင့်သို့ ရောက်ရှိနေပြီ။

သို့သော်လည်း အဆုံးတွင် ကျွင်းရှောင်ယောက်က တိုက်ကွက်အနည်းငယ်ဖြင့် အနိုင်ယူခဲ့သည်။

"ကမ္ဘဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးအပြင် အန္တိမဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင်တွေကလွဲပြီး၊ တိုင်းတပါးရဲ့ လူငယ်မျိုးဆက်မှာ ကစဉ့်ကလျားခန္ဓာရဲ့ပြိုင်ဘက် မရှိလောက်တော့ဘူး"

လူအများက တီးတိုးပြောဆိုလိုက်ကြသည်။

"ဟားဟားဟား၊ အကြိမ်တစ်ရာ ကြားရတာထက် တစ်ကြိမ်မြင်ရတာက ပိုကောင်းတယ်။ ညီနောင်ရှောင်ယောက်ရဲ့ အင်အားက စစ်နတ်ဘုရားဘွဲ့နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်"

"‌ဒီနေ့တော့ အမြင်ကျယ်သွားပြီ"

အန်းလန်ဧကရာဇ်သားတော်က ရယ်မောပြီး လက်ယှက်ပြကာ နောက်ဆုတ်သွားခဲ့သည်။

သူက မတုံးအပေ။ သူနှင့် မသက်ဆိုင်သေးသော အမျိုးသမီးတစ်ဦးအတွက် ကျွင်းရှောင်ယောက်ကို ဆန့်ကျင်မည် မဟုတ်ပါ။

အန်းလန်ဧကရာဇ်သားတော်က ချက်ချင်း ဆုတ်ခွာသွားခဲ့သည်။

အခြား ဆန်ကာတင်စာရင်းဝင် ပါရမီရှင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားခဲ့ကြလေသည်။

သူတို့တွင် မိန်းမတစ်ယောက်အတွက် ကျွင်းရှောင်ယောက်နှင့် ယှဉ်ပြိုင်နိုင်သော သတ္တိနှင့် အရည်အချင်း မရှိပါ။

တစ်ချက်တည်းဖြင့် လူအားလုံးကို လွှမ်းမိုးခဲ့သော ကျွင်းရှောင်ယောက်ကိုကြည့်ကာ...

တုရှန်ဝမ်ဝမ်၏ လှပသော မျက်လုံးလေးများက ဝင်းလက်လာခဲ့သည်။

မူလကတည်းက သူဟာ သန်မာသူများကို သဘောကျသည်။

ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုက တိုင်းတပါးရှိ မျိုးဆက်သစ်လူငယ်များကြားတွင် သူ၏လွှမ်းမိုးမှုကို တစ်ဖန်သက်သေပြခဲ့သည်မှာ သေချာလှပေသည်။

'တကယ်ထူးချွန်တာပဲ'

တုရှန်ယွဲ့ယွဲ့လည်း ရေရွတ်လိုက်သည်။ ကျွင်းရှောင်ယောက်ထံတွင် အပြစ်အနာအဆာတို့ကို အနည်းငယ်မျှ ရှာမတွေ့ပေ။

ဤမျှထူးချွန်သူနှင့် ရင်ဆိုင်ရသောအခါ တုရှန်အလှလေးငါးဦးကို မဆိုထားဘိ။

တုရှန်မင်ဖေး၏ နှလုံးသားပင်လျှင် အနည်းငယ် လှုပ်ရှားခဲ့မိသည်။

'ငါသာ အနှစ်ပေါင်း တစ်သောင်း‌ကျော် ငယ်သေးရင်...'

တုရှန်မင်ဖေး ထိုအကြောင်းကို မတွေးဝံ့တော့ပေ။

ယခုအချိန်မှာတော့ သူ့တွင် ဤရည်ရွယ်ချက်မျိုး မရှိပါ။

သူ့သမီးငါးယောက်နှင့် ယှဉ်ပြိုင်ရန်က သူ့အတွက် မဖြစ်နိုင်ပါချေ။

မိန်းမလှလေး ငါးယောက်က ကျွင်းရှောင်ယောက်ကို ဝိုင်းထားလိုက်ကြသည်။

ပြည့်ပြည့်ဖောင်းဖောင်း၊ ပိန်ပိန်သွယ်သွယ်နှင့် လှပသော မိန်းကလေးငါးယောက်ကိုကြည့်ရင်း ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းကိုက်သွားလေသည်။

သူဟာ ရည်ရွယ်ချက်တစ်ခုအတွက် ဤနေရာကို လာခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင်၊ ထိုရည်ရွယ်ချက်က မိန်းမလှလေးငါးဦးအတွက် မဟုတ်ပေ။

"ညီမလေးတို့ ဘာပြောဦးမလဲ"

တုရှန်ယွဲ့ယွဲ့က သူ့ညီမလေး ငါးယောက်ကို ကြည့်လိုက်သည်။

"ပြောစရာမရှိဘူး"

တုရှန်ချွန်းချွန်းက ပထမဆုံး ပြောလိုက်သည်။

"ငါရောပဲ"

တုရှန်ဝမ်ဝမ်က ပြတ်ပြတ်သားသား ပြော၏။

"ငါစိတ်ဝင်စားတယ်"

တုရှန်ရှောင်ရှောင်းက မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။

"ဒီထက်ကောင်းတာ ဘာမှ မရှိဘူး မဟုတ်လား"

တုရှန်ထောင်ထောင်ကလည်း ပြောလေသည်။

ယင်းကိုမြင်တော့ တုရှန်ယွဲ့ယွဲ့လည်း အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။

"ညီမတွေ ဘယ်သူကမှ လက်မလွှတ်ချင်ဘူးဆိုတော့ တစ်လမ်းပဲရှိတော့တယ်"

တုရှန်ယွဲ့ယွဲ့က လှပသော မျက်လုံးများနှင့် ကျွင်းရှောင်ယောက်ကို လှည့်ကြည့်လိုက်သည်။

"စစ်နတ်ဘုရားသခင်၊ ငါးယောက်နဲ့ နင်... လုပ်နိုင်ပါ့မလား"

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်က အမူအရာ မပြောင်းလဲဘဲ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"လက်ရှိအခြေအနေပဲဖြစ်ဖြစ် တစ်စုံတစ်ခုပဲဖြစ်ဖြစ် ယောက်ျားတစ်ယောက်ကို မေးတာက အန္တရာယ်ရှိတဲ့ အပြုအမူပဲ"

"ဘာဖြစ်လို့လဲဆိုတော့…"

ကျွင်းရှောင်ယောက်က ရုတ်တရက် ရှေ့သို့ တိုးလာပြီး တုရှန်ယွဲ့ယွဲ့၏ ချောမွတ်သောမေးစေ့ကိုကိုင်ကာ ဆွဲမော့လိုက်သည်။

"ထမင်းစားပြီး သန့်ရှင်းရေးလုပ်ရသလို လွယ်လွန်းတယ်"

တုရှန်ယွဲ့ယွဲ့၏ လှပသော မျက်နှာလေးက နီရဲသွားခဲ့သည်။

တုရှန်ရှောင်ရှောင်းလည်း အနည်းငယ် အံ့ဩသွားသည်။

သူတို့၏ နှလုံးသားထဲတွင်၊ အကြီးဆုံး အစ်မကြီးမှာ အမြဲတမ်း အေးစက်ပြီး လွှမ်းမိုးထားသူ ဖြစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်က လုံးဝ အနိုင်

ယူခဲ့ပြီ။

"သခင်လေးရှောင်ယောက်က တကယ်ကို သန်မာပါတယ်"

တုရှန်ယွဲ့ယွဲ့ နောက်ပြန်ဆုတ်သွားသည်။

ပထမဆုံးအကြိမ် သူ ဖိနှိပ်ခံရသလို ခံစားလိုက်ရလေသည်။

"ငါ့သမီးငါးယောက်မှာ ဘယ်သူမှ ကန့်ကွက်စရာမရှိဘူး ထင်တယ်၊ ဒီလိုဆိုမှ..."

တုရှန်မင်ဖေးက ဆုံးဖြတ်ချက်ချရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

သို့သော်... ထိုအချိန်တွင် တစ်ခုခုကို ခံစားရဟန်ဖြင့် သူမ၏မျက်လုံးများက အရောင်ပြောင်းသွားသည်။

'ဟမ်၊ ငါ့သွေးတွေက လှုပ်ရှားနေသလို ခံစားနေရပါလား'

တုရှန်မင်ဖေး အနည်းငယ် အံ့သြသွား၏။

သူမတင်မကဘဲ တုရှန်မြေခွေးမျိုးနွယ်မှ လူအားလုံး ခံစားလိုက်ကြရသည်။

သူတို့၏သွေးများ ဆူပွက်လာသလို ခံစားကြရပေသည်။

ယင်းက တစ်ခုခုကို ကြိုဆိုနေပုံရပြီး တချိန်တည်းမှာပင် ကြောက်ရွံ့နေပုံရပေသည်။

"အဲဒါက..."

တုရှန်အလှလေးငါးဦးလည်း အဝေးကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။

ရုတ်တရက်၊ ကောင်းကင်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒီအိမ်ထောင်ရေးကို ငါသဘောမတူဘူး"

အေးစက်စက် အော်သံတစ်ခုက ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

ရောက်ရှိနေကြသူအားလုံး အံ့အားသင့်သော အမူအရာများကို ပြသလာခဲ့ကြသည်။

"ဘယ်သူက ဒီလိုစကားမျိုးပြောဝံ့တာလဲ၊ သူ အသက်မရှင်ချင်တော့ဘူးလား"

"သတို့သမီးကို လုယူဖို့ စိတ်အားထက်သန်နေတဲ့ လူငယ်လေး ရှိသေးတာလား"

"သတို့သမီး လုယူတာလား။ စစ်နတ်ဘုရားရဲ့ရှေ့မှာ သတို့သမီးကို လုဖို့ ဘယ်သူက အရည်အချင်းရှိမှာလဲ"

အားလုံးက အသံလာရာကို လှမ်းကြည့်လိုက်ကြသည်။

အဝေးက ကောင်းကင်ယံမှာ တိမ်မည်းများ တလိပ်လိပ်တက်လာခဲ့သည်။

အနက်ရောင် တိမ်တိုက်များကြားတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

လူအများလည်း ထိုမျှ အတင့်ရဲသူကို သိလိုစိတ်ဖြင့် ကြည့်နေခဲ့ကြလေသည်။

သို့သော်...

ထိုရုပ်သွင် ပေါ်လာသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

ယင်းက လုံးဝ မမျှော်လင့်ထားသောသူ ဖြစ်၏။

မိန်းမလှငါးဦးထဲမှ တုရှန်ဝမ်ဝမ်ဆိုလျှင် ပို၍ပင် အံ့အားသင့်သွားတော့သည်။

"ရှောင်... ရှောင်ဟေးလား"

ပေါ်လာသည့်ပုံရိပ်မှာ ယခင်က ပျောက်ကွယ်သွားခဲ့သော မြင်းထိန်းလေး ယွင်ရှောင်ဟေး ဖြစ်သည်။

ယခုမူ၊ ယွင်ရှောင်ဟေး၏ အငွေ့အသက်နှင့် ဖိအားများက လွန်စွာ ခြားနားနေခဲ့ပြီ။

ယင်းက အဓိပတိ၏ ဖိအား ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ တုရှန်မြေခွေးမျိုးနွယ်စု၏ သွေးမျိုးဆက်အားလုံးကို တုန်လှုပ်သွားစေသည့် အရှိန်အဝါတစ်ခု ရှိသေးသည်။

"ဒါက တုရှန်မြေခွေးမျိုးနွယ်ရဲ့ ပါရမီရှင်လား"

"ဒါပေမဲ့ ဘာဖြစ်လို့ မြေခွေးနက်ဖြစ်ရတာလဲ။ တုရှန်မြေခွေးမျိုးနွယ်တွေထဲမှာ မြေခွေးနက်က အနိမ့်ကျဆုံး မဟုတ်ဘူးလား"

"နောက်ပြီးတော့ သူ့ရဲ့ အရှိန်အဝါက အဓိပဓိအဆင့်မှာ ရောက်နေပြီ။ ဒီလို ပါရမီရှင်တစ်ယောက်က တုရှန်မြေခွေးမျိုးနွယ်မှာ ဘယ်တုန်းက ပေါ်လာခဲ့တာလဲ"

လူအများ၏ မျက်နှာမှာ အံ့အားသင့်မှုတို့ ပြည့်နှက်သွားခဲ့သည်။

အန်းလန်ဧကရာဇ်သားတော်၊ ဖူခွေ့နတ်သမီးနှင့် အခြားသူများလည်း လွန်စွာ စိတ်ရှုပ်ထွေးသွား၏။

သူတို့က အတွင်းပိုင်း ဇာတ်လမ်းများကို မသိကြပေ။

ယွင်ရှောင်ဟေးကတော့ ပြင်ပကမ္ဘာ၏ မျက်လုံးအကြည့်များကို လျစ်လျူရှုလိုက်သည်။

သူပေါ်လာကတည်းက သူ့မျက်လုံးများဟာ တုရှန်ဝမ်ဝမ်ကို စိုက်ကြည့်နေ၏။

ယခုတော့၊ နောက်ဆုံးတွင် သူဟာ တုရှန်ဝမ်ဝမ်ကို မျက်နှာချင်းဆိုင်ရန် ယုံကြည်မှုရှိလာပြီ။

အကြောင်းမူကား၊ သူဟာ ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးထဲမှ တစ်ပါးဖြစ်သောကြောင့်ပင်။

"ဝမ်ဝမ်၊ နောက်ဆုံးတော့ ငါ မင်းနဲ့အတူရှိဖို့ အရည်အချင်းပြည့်မီသွားပြီ။ ငါက အရင်ကလို နိမ့်ကျတဲ့ မြေခွေးတစ်ကောင် မဟုတ်တော့ဘူး"

ယွင်ရှောင်ဟေးက ပြောလိုက်သည်။ သူ့လေသံတွင် စိတ်လှုပ်ရှားမှုတို့ကလည်း ဖုံးဖိမရဘဲ ပေါ်လွင်နေ၏။

ထူးကဲသော စွမ်းအားများကို နိုးထလာစေခဲ့သော်လည်း သူ့ပင်ကိုယ်စရိုက်ကတော့ ယခင်အတိုင်း ရှိသေးသည်။

"ယွင်ရှောင်ဟေး၊ နင်ဘာတွေပြောနေတာလဲ၊ နင် ဘာဖြစ်လို့ ထွက်ပြေးသွားတာလဲ၊ ဒီအချိန်အတွင်းမှာ နင် ဘာတွေကြုံခဲ့ရတာလဲ"

တုရှန်ဝမ်ဝမ် နားမလည်နိုင်တော့ပေ။

"ဝမ်ဝမ်၊ ငါ မင်းကိုလက်ထပ်ချင်တယ်။ ငါကလွဲပြီး ဘယ်သူမှ မင်းကို ပိုင်ဆိုင်ခွင့်မရှိဘူး"

ယွင်ရှောင်ဟေး၏ မျက်လုံးများတွင် မီးတောက်များ လောင်ကျွမ်းသွားသည်။

ယင်းက သီးသန့်ဆန္ဒတစ်ခု ဖြစ်၏။

တုရှန်ဝမ်ဝမ်ဟာ သူ၏နှလုံးသားထဲမှ အဖြူရောင် လနတ်သမီး ဖြစ်သည်။

ယခုတော့ သူဟာ သူ၏နတ်သမီးကို လက်ထပ်ရန် အရည်အချင်းပြည့်မီနေပြီ။

"နင် ဘာတွေ လျှောက်ပြောနေတာလဲ။ နင်က ငါ့ရဲ့မြင်းထိန်းပဲ"

တုရှန်ဝမ်ဝမ် မျက်မှောင်ကြုတ်လိုက်သည်။

ယခင်က သူဟာ ယွင်ရှောင်ဟေးကို သနားသောကြောင့် ခေါ်ယူထားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင်၊ ယွင်ရှောင်ဟေးက သူမကို အမှန်တကယ် တောင့်တနေမည်ဟု မထင်ထားခဲ့ပေ။

သို့သော်လည်း သူ့ကိုတောင့်တပြီး လူအများရှေ့တွင် ထုတ်ပြောလျှင်ပင် အဆင်ပြေသည်။

သို့ပေသော်ငြား၊ ကျွင်းရှောင်ယောက်၏ရှေ့တွင် အဘယ်ကြောင့် ပြောသနည်း။

"ဟုတ်ပါတယ်၊ ငါက မင်းရဲ့ မြင်းထိန်းတစ်ယောက်ပဲ။ ဒါပေမဲ့ အခု ငါ့ရဲ့ အထောက်အထားက မတူတော့ဘူး။ မင်းကိုလက်ထပ်ဖို့ အရည်အချင်း ပြည့်မီသွားပြီ"

ယွင်ရှောင်ဟေး၏ မျက်လုံးများက စိတ်အားထက်သန််မှုတို့ ပြည့်နေဆဲပင်။

"နင့်ရဲ့ အထောက်အထားကို ငါဂရုမစိုက်ဘူး။ နင့်ကို လက်ထပ်မှာလည်း မဟုတ်ဘူး။ နင်ဒီလိုပြောတာက သခင်လေးကို အထင်လွဲစေလိမ့်မယ်"

တုရှန်ဝမ်ဝမ်မှာ ကျွင်းရှောင်ယောက် နားလည်မှုလွဲသွားမည်ကို လွန်စွာ စိုးရိမ်သွားမိသည်။

သူမက ကျွင်းရှောင်ယောက်ဘက်သို့ လှည့်လိုက်ပြီး ရှင်းပြလိုက်၏။

"သခင်လေး၊ သူက ငါ့ရဲ့ မြင်းထိန်းတစ်ယောက်ပ်ပဲ။ ဒါကို နားလည်မှုမလွဲဖို့ မျှော်လင့်ပါတယ်။ ဝမ်ဝမ်ရဲ့ နှလုံးသားထဲမှာ သခင်လေးပဲ ရှိတာပါ"

တုရှန်ဝမ်ဝမ်၏ စကားလုံးများကကျွင်းရှောင်ယောက်၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုတို့ကို ချက်ချင်း အေးခဲသွားစေခဲ့သည်။

ထို့နောက် သူသည် အလွန်အေးစက်သော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်တော့သည်။

All Chapters