← Chapters

အခန်း ၁၀၃၃

Vol. 69 Ch. 1033

အခန်း ၁၀၃၃

Vol. 69 Ch. 1033

အခန်း ( ၁၀၃၃ ) ဘုရင်ခြောက်ပါး၏ တာဝန်။

ကျွင်းရှောင်ယောက်နှင့် အလွန်ရင်းနှီးပုံရသော ကာကူရာကိုကြည့်ရင်း ယွင်ရှောင်ဟေး၏ နှလုံးသားထဲမှ မနာလိုမှုများက ပို၍ ကြီးမားလာခဲ့သည်။

မိန်းမအားလုံးက ကျွင်းရှောင်ယောက်ကို အဘယ်ကြောင့် ဤမျှစေတနာထားပြီး တက်ကြွနေသနည်း။

ကျွင်းရှောင်ယောက်က ချောမောခြင်းကြောင့်ပင်လော။

ထိုကိစ္စပင် ဖြစ်ရမည်။

"ချီးပဲ"

ယွင်ရှောင်ဟေးမှာ သူ့ကိုယ်သူ ယုံတောင်မယုံနိုင်တော့ပါ။

ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် သူက တကယ့်အမှိုက်လို ဖြစ်သည်။

ရုပ်ရည်၊ ခွန်အား၊ ကိုယ်ရည်ကိုယ်သွေး မည်သည့်နေရာတွင်မှ နှိုင်းယှဥ်မှု မရှိသလောက်ပင်။

"ပထမဘုရင်သခင်၊ အခုချိန်မှာ ပဉ္စမမြောက်ဘုရင်ကို မတိုက်ခိုက်သင့်သေးဘူးလို့ ထင်တယ်"

ကာကူရာက ကျွင်းရှောင်ယောက်အနားကို မှီပြီး ပြောလိုက်သည်။

ထိုအချိန်တွင်၊ တုရှန်ဝမ်ဝမ်နှင့် အခြားသူများမှာ ဤမြင်ကွင်းကြောင့် သူတို့၏မျက်လုံးများ မီးတောက်နေကြပြီ။

အကယ်၍၊ ကာကူရာမှာ ယီရှဲ့ဧကရာဇ်မျိုးနွယ်မှဖြစ်ပြီး ကမ္ဘာဖျက်ဆီးခြင်းဘုရင်တစ်ပါး ဖြစ်နေခြင်းကြောင့် မဟုတ်ပါက...

မနေနိုင်တော့ဘဲ ရှေ့တိုးလာပြီး သူမကို ဆွဲထုတ်လိုက်ပြီးပြီ ဖြစ်သည်။

နောက်ဆုံးတွင်၊ ယနေ့ အိမ်ထောင်ရေးညီလာခံက သူတို့အတွက်ပင် မဟုတ်‌လော။

"အိုး၊ အခု မင်းက သူ့အတွက် ပြောပေးဖို့ ဒီကိုရောက်လာတာလား"

ကျွင်းရှောင်ယောက်၏ လေသံက မပြောင်းလဲပေ။

ကာကူရာက ခေါင်းကိုခါယမ်းပြီး ပြောလိုက်သည်။

"သေချာပေါက် ဒီလိုမဟုတ်ပါဘူး။ ငါ့နှလုံးသားထဲမှာ သူ့ရဲ့ အဆင့်အတန်းက ပထမဘုရင်ရဲ့ ဆံချည်တစ်မျှင်နဲ့တောင် ယှဉ်လို့မရဘူး"

ဤစကားများကြောင့် ယွင်ရှောင်ဟေးမှာ သွေးအန်‌တော့မလို ခံစားလိုက်ရသည်။

မင်း ယဉ်ကျေးချင်ရင်လည်း မင်းဘာသာမင်းနေလေ။ ဘာကိစ္စနဲ့ ငါ့ကိုပါ ဆွဲချရတာလဲ။

ကိုယ့်အိမ်မှာကိုယ်နေရင်း သူခိုးဖြစ်ရသည်။

ယွင်ရှောင်ဟေး အမှန်တကယ် အသည်းကွဲသွားလေသည်။

"မင်း ဘာပြောချင်တာလဲ"

ကျွင်းရှောင်ယောက်က မေးသည်။

"ဘုရင်ခြောက်ပါးမှာ သူတို့ရဲ့ တာဝန်တွေ ရှိနေတုန်းမို့ အချင်းချင်း မတိုက်ခိုက်တာ အကောင်းဆုံးပါပဲ"

"ဟုတ်ပါတယ်၊ ပထမဘုရင်သခင်က ဆန္ဒရှိရင် တိုက်ခိုက်လို့ရတယ်။ ငါက ပထမဘုရင်ဘက်မှာ သဘာဝအတိုင်း ရှိမှာပါ"

ကာကူရာက ပြောလိုက်၏။

ကျွင်းရှောင်ယောက်၏ မှန်းဆချက်က မှန်ကန်သည်။ ဤမိန်းကလေးက အတိုင်းပိုင်း အကြောင်းရာများကို သိနေသည်။

"ဘာတာဝန်လဲ"

ကျွင်းရှောင်ယောက် မေးလိုက်သည်။

"ဒါက..."

ကာကူရာက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။

"ကောင်းပြီ"

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။ ဤမျှများပြားသော လူအများရှေ့တွင် လျှို့ဝှက်ချက်များကို ပြောရန်ခက်လိမ့်မည်။

"မင်း ဒီလိုပြောလာတာကြောင့် ငါမင်းကို မျက်နှာသာပေးပြီး သူ့အသက်ကို ချမ်းသာပေးလိုက်မယ်"

ကျွင်းရှောင်ယောက်အတွက် ယွင်ရှောင်ဟေးမှာ အလွယ်တကူ သတ်ပစ်နိုင်သော တည်ရှိမှုတစ်ခုဖြစ်သည်။

အချိန်စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ထူးခြားသွားမည် မဟုတ်ပေ။

ထို့အပြင် ဘုရင်ခြောက်ပါး၏ တာဝန်ဆိုတာကိုလည်း အလွန်စိတ်ဝင်စားမိသည်။

ကာကူရာထံမှ လျှို့ဝှက်အချက်အလက်အချို့ကို ဖော်ထုတ်နိုင်လိမ့်မည်။

"ပထမဘုရင်သခင်က ငါ့ရဲ့ အတွေးအမြင်တွေကို ဂရုစိုက်သေးတာပဲ"

ကာကူရာမှာ ကျွင်းရှောင်ယောက်၏ မျက်နှာသာပေးခြင်းကြောင့် လွန်စွာပျော်ရွှင်သွားပုံရသည်။

ယွင်ရှောင်ဟေးလည်း နောက်တစ်ကြိမ် သွေးအန်ချင်လာပြန်တော့သည်။

မူလက သူဟာ မင်ကျောက်ဧကရာဇ်မျိုးနွယ်နှင့် အခြားအကြီးအကဲများ၏ အကာကွယ်ဖြင့် ကျွင်းရှောင်ယောက် သူ့ကို ဘာမျှမလုပ်နိုင်ဟု ထင်ခဲ့သည်။

သို့သော်လည်း အဆုံးမှာတော့ ကျွင်းရှောင်ယောက်က အကွက်ပြောင်းပြီး အလှလေးတစ်ဦးနှင့်လည်း ပရောပရည်လုပ်နိုင်ခဲ့လေသည်။

"မင်း ဘာဖြစ်လို့ ထွက်မသွားသေးတာလဲ"

ကျွင်းရှောင်ယောက်က ယွင်ရှောင်ဟေးကို ကြည့်လိုက်သည်။

ယွင်ရှောင်ဟေးက တုရှန်ဝမ်ဝမ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။

သို့သော်လည်း တုရှန်ဝမ်ဝမ်က သူ့ကို လုံးဝ ဂရုမစိုက်ပေ။

တွန့်ဆုတ်မှုနှင့် မနာလိုမှုများက ယွင်ရှောင်ဟေး၏ နှလုံးသားထဲတွင် ပေါက်ဖွားလာခဲ့သည်။

"ပညာရှိတဲ့သူက ဆုံးရှုံးမှုကို ခံစားရလို့ မတုန်လှုပ်တတ်ဘူး။ မင်းရဲ့အရည်အချင်းအရ အနာဂတ်မှာ အင်မော်တယ်ဘုရင် သေချာပေါက်ဖြစ်လာမှာပါ။ ဒီလိုရည်မှန်းချက်လေးတွေအတွက် စိတ်ရှုပ်မခံပါနဲ့"

မင်ကျောက်ဧကရာဇ်မျိုးနွယ်မှ အကြီးအကဲက အသံပို့လွှတ်ကာ ပြောလိုက်သည်။

အမှန်အတိုင်းပြောရလျှင်၊ ယွင်ရှောင်ဟေး၏ စွမ်းဆောင်မှုကြောင့် သူတို့ အံ့သြသွားရသည်။

မူလက သူတို့ဟာ ယွင်ရှောင်ဟေးကို ကျွင်းရှောင်ယောက်နှင့်ယှဉ်နိုင်သော ကျားစေ့တစ်စေ့ဟု ထင်ခဲ့သည်။

သို့သော်လည်း နောက်ဆုံးမှာတော့ အသုံးမဝင်ခဲ့ပေ။ ကျွင်းရှောင်ယောက်ရှေ့တွင် သူက အမှိုက်တစ်စနှင့် မခြားနားခဲ့ပါချေ။

ယင်းကြောင့် ဧကရာဇ်မျိုးနွယ်စုများမှ အကြီးအကဲများမှာ ယွင်ရှောင်ဟေးကို အထင်သေးသွားကြသည်။

သို့သော်လည်း ယွင်ရှောင်ဟေးက ကမ္ဘာဖျက်ဆီးခြင်းဘုရင်ဖြစ်ခြင်းကြောင့် သူတို့ အများကြီး မပြောနိုင်ပေ။

ယွင်ရှောင်ဟေးလည်း မည်မျှပင် မကျေမနပ်ဖြစ်နေပါစေ၊ ဤစိတ်ပျက်မှုကိုသာ မျိုချနိုင်ခဲ့သည်။

ထို့နောက်မှာတော့ ဟိတ်ဟန်များသော စကားများကိုပင် မပြောဝံ့တော့ဘဲ တိတ်တဆိတ် ထွက်သွားရတော့သည်။

အရှိန်အဝါကြီးစွာဖြင့် လာရောက်ပြီး အရှက်တကွဲဖြစ်ကာ ပြန်ခဲ့ရသည်။

မူလက သတို့သမီးကို လုယူပြီး ထင်ရှားလာမည့် ကံကောင်းခြင်း၏သားတော်ဟု သူ့ကိုယ်သူ ထင်ခဲ့သည်။

လူရွှင်တော်က အမှန်တကယ် သူကိုယ်တိုင်ဖြစ်နေမည်ဟု မည်သူထင်ထားခဲ့မည်နည်း။

ယွင်ရှောင်ဟေး ထွက်သွားပြီးနောက် အခြေအနေက ပြေလည်သွားခဲ့သည်။

ချီဟုန်ယွိကတော့ အိပ်မက်မက်နေသူတစ်ယောက်ပမာ နေရာတွင် ကြောင်တောင်တောင်ဖြင့် ရပ်နေဆဲပင်။

ကျွင်းရှောင်ယောက် သူ့ကို လျစ်လျူရှုပြီး စိတ်ဝိညာဉ်ကျမ်းကို ယူသွားသည်။

"ဟေး မိန်းကလေး၊ နင် အကွာ‌အဝေးကို ထိန်းထားသင့်တယ် မဟုတ်လား"

တုရှန်ချွန်းချွန်းက သည်းမခံနိုင်ဘဲ ကာကူရာကို အော်ပြောလိုက်သည်။

"ယိုယိုယို၊ ဒီကောင်မလေးက မနာလိုတာလား"

ကာကူရာက သဘောကျစွာ ပြုံးလိုက်၏။

"ဒါက ငါတို့ရဲ့ အိမ်ထောင်ရေးညီလာခံပဲ။ သခင်လေးကလည်း ငါတို့ကို ရွေးချယ်ထားပြီးပြီ"

တုရှန်ချွန်းချွန်းက နှုတ်ခမ်းကို အနည်းငယ်ကိုက်လိုက်သည်။

ဤမင်္ဂလာပွဲ၏ အဓိကလူမှာ မည်သူနည်း။

"ကောင်းပြီ၊ အခုအခြေအနေတွေကတော့ ပြေလည်သွားပြီပဲ။ ဘယ်သူမှ သခင်လေးရှောင်ယောက်ကို ထပ်ပြီး စိန်ခေါ်ချင်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်"

တုရှန်မင်ဖေးက ပြောလိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။

ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်ကို မည်သူက စိန်ခေါ်ဝံ့ဦးမည်နည်း။

"ဟားဟားဟား၊ ဂုဏ်ယူပါတယ် ညီကို"

အန်းလန်ဧကရာဇ်သားတော်က ပါးနပ်ပြီး ရယ်မောကာ လက်ယှက်ပြလိုက်သည်။

"ဂုဏ်ယူပါတယ် အစ်ကို"

ဖူခွေ့နတ်သမီးကလည်း ပြောလိုက်၏။

"ဂုဏ်ယူပါတယ် စစ်နတ်ဘုရား"

အရပ်ရပ်မှ စကားသံများလည်း ထွက်ပေါ်လာတော့သည်။

အကယ်၍ ‌ဤနေရာတွင် အလှလေးငါးဦးကို သိမ်းပိုက်ခဲ့သူမှာ အခြားလူတစ်ဦးဖြစ်ပါက လူအများ၏ဒေါသကို ခံစားရမည်မှာ သေချာသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ဖြစ်နေချိန်မှာတော့ မကျေမနပ် မဖြစ်သင့်အပြင် ဂုဏ်ပြုစကားများပင် ပြောနေရတော့သည်။

"စစ်နတ်ဘုရားက ဘယ်လိုလက်ဆောင်မျိုး ပေးမှာလဲမသိဘူး"

ရုတ်တရက်၊ လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်သွား၏။

ကျွင်းရှောင်ယောက်ဟာ မူလက အခမ်းအနားကို လာကြည့်ရုံသက်သက် ဖြစ်သည်။ သူက အိမ်ထောင်ရေးလက်ဆောင်ကို မည်ကဲ့သို့ ပြင်ဆင်လာနိုင်မည်နည်း။

"ကိစ္စမရှိပါဘူး၊ ငါတို့မလိုချင်ဘူး။ သခင်လေးက ငါတို့ကို နှစ်သက်နေရင် ကျေနပ်ပြီ"

တုရှန်ဝမ်ဝမ်က ချက်ချင်း ပြောလိုက်သည်။

"မှန်တယ်၊ မှန်တယ်"

တုရှန်ချွန်းချွန်းလည်း ကြက်အစာကောက်သကဲ့သို့ ခေါင်းကိုတဆတ်ဆတ် ညိတ်ပြလိုက်လေသည်။

ချီဟုန်ယွိ၏ မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။

သူတို့မှာ စမ်းသပ်မှု အဆင့်သုံးဆင့်ကို ကျော်ဖြတ်ရန် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ရုံသာမကဘဲ အိမ်ထောင်ရေး လက်ဆောင်များလည်း ပေးအပ်ခဲ့ကြပြီး ဖြစ်သည်။

ဤအိမ်ထောင်ရေးလက်ဆောင်များက ပြန်ယူရန်လည်း မဖြစ်နိုင်တော့ပေ။

ရလဒ်အနေဖြင့်၊ ယခုအချိန်မှာ ကျွင်းရှောင်ယောက်က အိမ်ထောင်ဖက်လက်ဆောင်များပင် မပေးရဘဲ အဆင်ပြေချောမွေ့နေသည်။

ဤစကားအတိုင်းပင်။

မိန်းမများသည် ယောက်ျားတစ်ယောက်ကို တကယ်ချစ်ပါက တင်တောင်းငွေကို ဂရုစိုက်တော့မည် မဟုတ်ပေ။

မိုးလောက်မြင့်မားသော တင်တောင်းငွေကို တောင်းခံနေသည့် အမျိုးသမီးက၊ ယောက်ျားများကို အမှန်တကယ်မချစ်ဘဲ သူတို့ကိုယ်သူတို့ ဈေးကောင်းကောင်းနှင့် ရောင်းစားနေခြင်းသာ ဖြစ်သည်။

ယခုလည်း ထိုကဲ့သို့ဖြစ်သည်။ တုရှန်အလှလေးငါးဦးက ကျွင်းရှောင်ယောက်အတွက် ပေးဆပ်ရန် ဆန္ဒရှိခဲ့ကြပေသည်။

"ဒီကမ္ဘာကြီး..."

ချီဟုန်ယွိ၏ တာအိုနှလုံးသားက လုံးလုံးပြိုကျသွားရသည်။

သူ့စိတ်ဓာတ်တို့ မတည်ငြိမ်နိုင်တော့ပေ။

ဤတစ်ကြိမ်တွင် သူ၏ ယခင်အရှက်တရားကို ချေဖျက်ရန် ရောက်လာခဲ့ခြင်းဖြစ်သော်လည်း ထပ်မံအရှက်ကွဲခဲ့ရသည်။

ထို့အပြင်၊ ရှေးဦးဝိညာဉ်ကျမ်းကိုလည်း ဆုံးရှုံးသွား၏။

ယင်းက နှစ်ဖူနာခြင်း ဖြစ်တော့သည်။

"ဒီလိုတော့ မကောင်းပါဘူး။ ဒီနေရာကို ရောက်လာမှတော့ ပေးသင့်ပေးထိုက်တဲ့ လက်ဆောင်တွေကို ပေးရဦးမယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သို့ရာတွင်၊ သတို့သမီး တင်တောင်းငွေဟုတော့ မပြောပေ။

ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ၊ ကစဉ့်ကလျား သွေးအနှစ်သာရငါးစက်က တုရှန်အလှလေးငါးဦးဆီသို့ ပျံသန်းသွားခဲ့သည်။

"ကစဉ့်ကလျားသွေးအနှစ်သာရ"

လှပသော ခန္ဓာကိုယ်လေးငါးခုမှာ ဆတ်ခနဲ တုန်လှုပ်သွား၏။

ယင်းက အလွန်တရာ ရှားပါးသော ရတနာဖြစ်ပြီး မြင်ရသူတိုင်း မနာလိုဖြစ်လိမ့်မည်။

၎င်းကို သန့်စင်ရုံဖြင့် ကစဉ့်ကလျားခန္ဓာအဖြစ်သို့ မပြောင်းလဲနိုင်သော်လည်း အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်သည်။

ဤအရာက မည်သည့် အိမ်ထောင်ရေး လက်ဆောင်များထက်မဆို ပို၍ အဖိုးတန်ပေသည်။

တုရှန်အလှလေးငါးဦးသာမကဘဲ အခြားသူများလည်း ကျွင်းရှောင်ယောက်၏ လက်ဆောင်ကြောင့် အံ့အားသင့်ခဲ့ကြသည်။

ကျွင်းရှောင်ယောက်ကတော့ ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။

သူ၏ အတွင်းစကြာဝဠာထဲမှာ ပို၍ ကောင်းမွန်သောအရာများ အများကြီးရှိသည်။

ကောင်းကင်အင်မော်တယ်သစ်ပင်၊ အင်မော်တယ်အရင်းမြစ် ဘိုးဘွားသွေးကြော၊ အရာအားလုံး၏မိခင်ချီစွမ်းအင်...

ထိုအထဲတွင် ကမ္ဘာသစ်ပင်တောင်မှ ရှိသည်။ ကမ္ဘာ့သစ်ပင်မှ သစ်ရွက်တစ်ရွက်ကို ထုတ်ယူလိုက်ရုံဖြင့် လူအားလုံး တုန်လှုပ်သွားစေနိုင်ပေသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ဤကောင်းမွန်သောအရာများကို မပေးအပ်သည်မှာ သဘာဝ ဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ တုရှန်မင်ဖေးက ချီတုံချတုံဖြစ်နေသည်။ နောက်ဆုံးတွင် လေသံခပ်တိုးတိုးဖြင့် ပြောလိုက်လေသည်။

"ရှောင်ယောက်၊ ငါ... ငါလည်း ကစဉ့်ကလျားသွေးအနှစ်သာရ တစ်စက်လောက် ရနိုင်မလား မသိဘူး"

"အကြီးအကဲ မင်ဖေးကလည်း ကျွန်တော်ရဲ့ သွေးအနှစ်သာရကို လိုချင်နေတာလား"

ကျွင်းရှောင်ယောက် မေးလိုက်သည်။

All Chapters