← Chapters

အခန်း ၁၀၃၅

Vol. 69 Ch. 1035

အခန်း ၁၀၃၅

Vol. 69 Ch. 1035

အခန်း ( ၁၀၃၅ ) ရက်ရောသော လက်ဆောင် ဆုလာဘ်များ။

ကျွင်းရှောင်ယောက်အတွက် လက်ဆောင်ထုပ်ကို လက်မှတ်ထိုးဝင်ရရှိသည်မှာ ပထမဆုံး ဖြစ်သည်။

'အထဲမှာ ဘာတွေများရှိနေပါ့လိမ့်၊ ဖွင့်လိုက်'

ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ တွေးပြီး ဖွင့်ကြည့်လိုက်သည်။

"ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်၊ ရွှမ်ယန် ရတနာကျည်ပွေ့ကို ရရှိပါပြီ"

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။

'ကျည်ပွေ့လား၊ တကယ်ကြီး ပြောနေတာလး'

ကျွင်းရှောင်ယောက် သူ့နှလုံးသားထဲမှ တိတ်တဆိတ် ညည်းညူလိုက်၏။

သို့သော်လည်း လက်ဆောင်ထုပ်ထဲမှ အကြောင်းအရာများက မပြီးသေးပါ။

"ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်၊ အင်မော်တယ်ကျောက်ကပ်ကို ရရှိပါပြီ"

'ကောင်းလှချေလားဟ'

ကျွင်းရှောင်ယောက် ဆွံ့အသွားပြန်သည်။

ကျင့်ကြံခြင်းအစတွင် နတ်ရတနာငါးပါးကို လေ့ကျင့်ကတည်းက...

သူ၏ ကျောက်ကပ်ရတနာမှာ အခြားသူများထက် များစွာပို၍ အားကောင်းခဲ့သည်။ သာမန်လူများထက် သာလွန်ပြီး ထူးကဲသည့် စွမ်းဆောင်ရည်ရှိသည်ဟု ဆို၍ရပေသည်။

ယခုတော့ အင်မော်တယ်ကျောက်ကပ်တစ်ခုကို ထပ်မံ ရခဲ့ပြီ ဖြစ်သည်။ ယင်းက သူ့ကို ထာဝရလှုပ်ရှားနိုင်သော စက်တစ်ခု ဖြစ်လုနီးပါး ဖြစ်စေ‌ခဲ့ပေသည်။

"ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်၊ စူးနုအင်မော်တယ်ကျမ်းကို ရရှိပါပြီ"

ဤဆုလာဘ်ကို ကြားရတော့မှ ကျွင်းရှောင်ယောက် စိတ်သက်သာရာရသွားသည်။

ယင်းက ကြယ်ရှစ်ပွင့် ဆုလာဘ် ဖြစ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ အင်မော်တယ်ကျမ်းတစ်ခုလည်း ပါဝင်သည်။

အင်မော်တယ်ကျမ်းမှန်သမျှက တန်ဖိုးမဖြတ်နိုင်ပေ။

ယခင်ကလည်း ကျွင်းရှောင်ယောက် လေ့ကျင့်ရန် မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကျမ်းကို ရရှိခဲ့ဖူးသည်။

ဤစူးနုအင်မော်တယ်ကျမ်းကလည်း နက်နဲသော ပညာရပ်တစ်မျိုး ဖြစ်လိမ့်မည်

ကျွင်းရှောင်ယောက်က နေရာတွင် ရပ်လိုက်သည်။

နားမလည်နိုင်သော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ကောင်းချီးပေးနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

ရွှမ်ယန်ရတနာကျည်ပွေ့ကတော့၊ နာမည်မှ နားလည်နိုင်ပြီး အထူး ရှင်းပြနေရန် လိုမည်မထင်ပေ။

ယင်းက ယောက်ျားတိုင်း၏ အိပ်မက်ဖြစ်နိုင်သည်။

ကျွင်းရှောင်ယောက်အတွက်တော့ ဤသည်မှာ အချိုပေါ် သကာလောင်းခြင်းပင်။

နောက်ဆုံးတွင်၊ သူကိုယ်တိုင်က အလွန်သန်မာနေပြီ ဖြစ်သည်။

သို့သော်လည်း စိတ်ဝင်စားစရာကောင်းသည်က၊ ဤရွှမ်ယန်ရတနာကျည်ပွေ့မှာ ရွှမ်ယန်စွမ်းအင် အနှစ်သာရကို ယူဆောင်လာနိုင်ခြင်းပင်။

အမျိုးသမီးများအတွက်၊ ဤအရာမှာ အဖိုးတန်ဆေးဝါးများထက် ပို၍ အဖိုးတန်သော အာဟာရတစ်မျိုး ဖြစ်သည်။

အင်မော်တယ်ကျောက်ကပ်အကြောင်းကလည်း ပြောစရာမလိုပေ။

သူ့အဖိုး ကျွင်းကျန်းထျန်းပင်လျှင် ကျွင်းရှောင်ယောက်၏ ကျောက်ကပ်ကို မနာလိုရသည်။

ယခုက ကိတ်မုန့်ပေါ်မှ သကြားတုံးများထက် မပိုသေးချေ။

ထို့နောက် ကျွင်းရှောင်ယောက်က စူးနုအင်မော်တယ်ကျမ်းကို အကြမ်းဖျင်း ကြည့်လိုက်သည်။

သူမျှော်လင့်ထားသည့်အတိုင်း အမှန်တကယ်ဖြစ်ခဲ့ပြီ။

ယင်းက တူနှစ်ကိုယ်ကျင့်ကြံနည်းများကို သင်ကြားပေးသည့် အင်မော်တယ်ကျမ်းတစ်ခုဖြစ်သည်။

ထိုကျမ်းကိုတော့ ကျွင်းရှောင်ယောက် စိတ်ဝင်စား၏။ အနာဂတ်တွင် ယင်းက အသုံးဝင်လိမ့်မည်။

သို့သော်လည်း ယခုအချိန်မှာတော့ ယင်းက ကျွင်းရှောင်ယောက်ကို အတွေးတစ်မျိုး ပေါ်လာစေသည်။

စူးနုအင်မော်တယ်ကျမ်းမှ နည်းလမ်းအချို့ကို နားလည်ပါက၊ တုရှန်ဧကရာဇ်မျိုးနွယ်၏ ချစ်ခြင်းအိပ်မက် အင်မော်တယ်ကျမ်းကို တိုးတက်အောင် ကူညီပေးနိုင်မည်လော။

နောက်ဆုံးမှာတော့ နှစ်ခုကြားမှာ တူညီသည့်အချက် အတော်များများ ရှိသည်။

ယင်းက အမျိုးသားနှင့် အမျိုးသမီး အတူလေ့ကျင့်ရန် လိုအပ်သော နည်းလမ်းများ ဖြစ်၏။

ကျွင်းရှောင်ယောက်ကတော့ စစ်နတ်ဘုရားကျမ်းကို ပိုင်ဆိုင်ထားသောကြောင့် အင်မော်တယ်ကျမ်းများကို ခွဲခြမ်းစိတ်ဖြာပြီး ပြုပြင်ရန် လုံးဝ မဖြစ်နိုင်တာ မဟုတ်ပေ။

ထို့အပြင် သူ့ကိုယ်ပိုင်အရည်အချင်းကလည်း မကောင်းဆိုးရွားထက် ပို၍ ဆရာကျသည်။

"သခင်... မပ်တတ်ကြီး အိပ်ပျော်နေတာလား"

တုရှန်ဝမ်ဝမ်က သတိထားကာ မေးလိုက်သည်။

"မဟုတ်လောက်ပါဘူး၊ ငါတို့ညီမငါးယောက်ရဲ့ အလှကြောင့် အံ့အားသင့်သွားတာပဲ ဖြစ်ရမယ်"

တုရှန်ယွဲ့ယွဲ့က ချိုသာသော အပြုံးဖြင့် ပြောလိုက်၏။

အနီရောင် သတို့သမီးဝတ်စုံဖြင့် လှချင်တိုင်းလှနေသော မိန်းမပျိုလေးငါးယောက်ကို တစ်နေရာတည်းတွင် မြင်ရပါက မည်သူမဆို မူးဝေသွားလိမ့်မည်။

သို့သော်လည်း သူတို့က ကျွင်းရှောင်ယောက်အပေါ်မှာ နားလည်မှုလွဲခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်ဟာ မရေမတွက်နိုင်သော အလှတရားများကို မြင်တွေ့ဖူးပြီး ထိုအပိုင်းတွင် ခံနိုင်ရည် မြင့်မားနေပြီ။

သတိပြန်ဝင်လာပြီးနောက် ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

သူ့စိတ်ထဲတွင် ပြဿနာကို ဖြေရှင်းနည်း ရှိနေပြီဖြစ်သောကြောင့် စိတ်အေးလက်အေး ဖြစ်ခဲ့၏။

ထို့အပြင်၊ စနစ်၏ လက်ဆောင်များက ရက်ရောလွန်းလှသည်။

ကံမကောင်းစွာဖြင့်၊ ယခုအချိန်တွင် ကျွင်းရှောင်ယောက်က အသုံးမချနိုင်သေးပါ။

"သခင်လေး... နင် ဘာကိုစောင့်နေတာလဲ"

တုရှန်ချွန်းချွန်းက ပြောလိုက်သည်။ ဤအခိုက်တွင် သူ့မျက်နှာလေးက ရှက်ရွံ့မှုကြောင့် နီမြန်းနေလေ၏။

ဤလိုလီလေး တုရှန်ချွန်းချွန်းက လူများကို အချုပ်ထဲပြေးစေရန် အမှန်တကယ် တိုက်တွန်းနိုင်သည်။

သို့ရာတွင်၊ ဤကမ္ဘာကြီးမှာတော့ ထိုကိစ္စကို စိုးရိမ်စရာ မလိုပါ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ နှလုံးသားထဲမှာ အတားအဆီးတစ်ခုက အမြဲရှိနေခဲ့သည်။

ကျွင်းရှောင်ယောက်က ရှေ့မတိုးတော့ကြောင်း မြင်လိုက်ရတော့ တုရှန်ယွဲ့ယွဲ့လည်း မရေရာသော အပြုံးတစ်ခုကို ထုတ်ဖော်ရင်း ပြောလိုက်သည်။

"ဘာလဲ၊ ကမ္ဘာကျော် စစ်နတ်ဘုရားလေးက လူပျိုလေးပဲမို့လား"

သူတို့ငါးယောက်စလုံးက တက်ကြွသော်လည်း အားလုံးမှာ အပျိုလေးများ ဖြစ်ကြသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကိုတော့ လူပျိုလေးဖြစ်မည်ဟု မထင်ပေ။

သူကဲ့သို့ ထူးချွန်သော အမျိုးသားတစ်ယောက်ကို နှစ်သက်သဘောကျသူ မိန်းကလေးများစွာ ရှိနေသည့်အချက်ကို အသာထား...

ဟာရမ် မိန်းမလှလေး သုံးထောင်ရှိလျှင်ပင် သူတို့အံ့ဩမှာ မဟုတ်ပါ။

"ဟုတ်ပါတယ်"

ကျွင်းရှောင်ယောက်က ဖုံးကွယ်မထားဘဲ ရိုးရိုးသားသား ပြောလိုက်သည်။

"တကယ်လား"

တုရှန်ရှောင်ရှောင်း၏ လှပသော မျက်လုံးများ ပြူးကျယ်သွားသည်။

တုရှန်ဝမ်ဝမ်လည်း အလွန်အံ့သြသွား၏။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်၏ ဝန်းကျင်မှာ မိန်းမလှလေးများ ရှားပါးမှု မရှိပေ။

ဖေးချင်ရွယ်၊ လော့ရှန်းလင်တို့အပြင် သူကောက်ယူလာသော စူးဟုန်ယီကတောင် ချစ်စရာကောင်းသည်။

ထို့ကြောင့် တုရှန်ဝမ်ဝမ်က ကျွင်းရှောင်ယောက်ကို မိန်းမရှိမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ဤအတွက် မကျေနပ်သော်လည်း စိတ်ထဲသိပ်မထားပေ။

အကြောင်းမှာ၊ သူတို့ မြေခွေးမျိုးနွယ်၏ အတွေးအခေါ် အယူအဆများက လူသားမျိုးနွယ်နှင့် ကွဲပြားနေသေးသောကြောင့် ဖြစ်သည်။

"ခစ်ခစ်ခစ်၊ အဲဒါဆိုရင် တကယ်ကို စိတ်ဝင်စားဖို့ကောင်းပြီ။ ငါ နင့်ကို ကူညီပေးပါရစေ။ ဒါက ငါ့ရဲ့ပထမဆုံးအကြိမ်ဆိုပေမဲ့ စာတွေ အများကြီးဖတ်ဖူးတယ်"

"လှေကြီးထိုး၊ ကျားကြီးရေသောက်၊ တစ်ပေါင်ကျော်၊ ပန်းစုပ် ပုံစံတွေအကြောင်း ငါ နည်းနည်းသိတယ်"

တုရှန်ယွဲ့ယွဲ့က အနီရဲရဲ လျှာဖျားလေးနှင့် နှုတ်ခမ်းကိုသပ်လိုက်သည်။ ထိုပုံစံလေးမှာ လွန်စွာ ဆွဲဆောင်နိုင်စွမ်းရှိ၏။

"မင်းက ငါ့ရဲ့စိတ်ကို စမ်းသပ်နေတာလား"

ကျွင်းရှောင်ယောက်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

သူသည် လက်တွေ့ ကွင်းမဆင်းဖူးသော်လည်း အကြားအမြင်ဗဟုသုတက ကြွယ်ဝပေသည်။

"ဒါဆိုရင် သခင်လေး... နင် သည်းခံနိုင်ပါ့မလား"

တုရှန်ယွဲ့ယွဲ့က ပြောရင်း ရင်ကိုအနည်းငယ်ကော့လိုက်၏။

အလှအပ ဖွံ့ဖြိုးမှုတွင် တုရှန်ယွဲ့ယွဲ့က အမှန်တကယ် ညီအစ်မငါးယောက်အနက် အစ်မအကြီးဆုံး ဖြစ်ထိုက်သည်။

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းသမီးက... တကယ်ကြီး အကြီးကြီးပဲ"

ကျွင်းရှောင်ယောက်၏စကားကြောင့် တုရှန်ယွဲ့ယွဲ့၏ မျက်နှာက ရဲခနဲဖြစ်သွားသော်လည်း ချစ်စရာကောင်းစွာ ပြုံးနေသေးသည်။

"သခင်လေးကလည်း တည်ငြိမ်တဲ့ သူတော်စင်တစ်ပါး မဟုတ်ဘူးထင်တယ်"

ကျွင်းရှောင်ယောက်လည်း တစ်ချက်ပြုံးပြီး ပြောလိုက်သည်။

"အလှအပကို လူတိုင်းက မြတ်နိုးကြပါတယ်။ အဆင်းလှတဲ့ မိန်းမဆိုတာ လူကြီးလူကောင်း တစ်ယောက်နဲ့ လိုက်ဖက်တယ်"

ကျွင်းရှောင်ယောက်က ပွင့်လင်းသည်။

သူ့ကိုယ်သူ သူတော်စင်တစ်ပါးဟု တစ်ခါမျှ မပြောခဲ့ဖူးပေ။

သို့သော်လည်း မိန်းမလှမြင်တိုင်း ပေါ့ပေါ့တန်တန် ဝင်လုံးမည့်သူ မဟုတ်ပါ။

"သခင်လေးက၊ ချွန်းချွန်းကို ငယ်လို့မကြိုက်ဘူးလား"

တုရှန်ချွန်းချွန်းက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

"သခင်လေး၊ လာပါဦး"

တုရှန်ဝမ်ဝမ်လည်း ထိုသို့ပင်။

မိန်းကလေးငါးယောက်က ကျွင်းရှောင်ယောက်ကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်သည်။

"သခင်လေး... စိတ်မပူပါနဲ့၊ ငါတို့ညီမငါးယောက်အတွက် ဒါက ပထမဆုံး အကြိမ်ဖြစ်ပေမဲ့ နင့်ကို စိတ်ရောကိုယ်ပါ ပြုစုပေးကြမှာပါ"

တုရှန်ယွဲ့ယွဲ့က သွယ်လျသော လက်ချောင်းလေးများဖြင့် ကျွင်းရှောင်ယောက်၏ရင်ဘတ်ကို ဖိထားလိုက်၏။

အခြားသူသာ ထိုသို့ ဝိုင်းရံခံရပါက အရိုးပင်ကျန်မည် မဟုတ်ပေ။

"အားလုံးပဲ ခဏနေကြပါဦး"

ကျွင်းရှောင်ယောက်ထံမှ နူးညံ့သိမ်မွေ့သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အလှလေးငါးပါးကို ဖယ်ခွာသွားစေခဲ့သည်။

"သခင်လေး... နင် ငါတို့ကို တကယ် အထင်မကြီးဘူးပဲ"

တုရှန်ဝမ်ဝမ် စိတ်ပျက်သွား၏။

"မင်းတို့ တစ်ယောက်ယောက်ကို လက်ထပ်ချင်ရတဲ့ အဓိကအကြောင်းအရင်းက မင်းတို့လေ့ကျင့်ထားတဲ့ ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းအရ... ကမ္မကြိုးနီ ချည်နှောင်ထားတဲ့ ယောက်ျားနဲ့ အတူတူ လေ့ကျင့်ရမယ်ဆိုတာ ငါသိပါတယ်"

"တကယ်လို့ ငါသာ မင်းတို့ရဲ့ အင်မော်တယ်ကျမ်းကို ပြောင်းလဲပေးနိုင်ရင် အနာဂတ်မှာ လေ့ကျင့်ဖို့ အခြားယောက်ျားတွေကို မှီခိုနေစရာ မလိုတော့ဘူး။ အဲဒီအချိန်မှာ မင်းတို့ဘာသာ လေ့ကျင့်နိုင်တယ်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

သူ့စကားကြောင့် မိန်းကလေး ငါးယောက်စလုံး အံ့အားသင့်သွားတော့သည်။

All Chapters