အခန်း ၁၀၃၆
Vol. 70 Ch. 1036
အခန်း ( ၁၀၃၆ ) အင်မော်တယ်ကျမ်းကို ဆယ်ရက်အတွင်း နားလည်နိုင်သည်။
ချစ်ခြင်းအိပ်မက် အင်မော်တယ်ကျမ်းကို ပို၍ ကောင်းမွန်စေရန် မွမ်းမံပြင်ဆင်မည်လော။
မိန်းကလေး ငါးယောက်လည်း ထိုစကားကိုကြားတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
ထို့နောက်တွင် တုရှန်ယွဲ့ယွဲ့က ရယ်မောလိုက်၏။
"သခင်လေး၊ နောက်မနေပါတော့နဲ့။ သာမာန်လူတွေက အင်မော်တယ်ကျမ်းကို ဘယ်လိုလုပ်ပြီး မြှင့်တင်နိုင်မှာလဲ"
တုရှန်ရှောင်ရှောင်းလည်း ထောက်ခံသည်။
"ဟုတ်တယ် သခင်လေး၊ နင့်ရဲ့အရည်အချင်းကို မယုံကြည်လို့ မဟုတ်ပါဘူး။ ဒါက နည်းနည်း မယုံနိုင်စရာကောင်းလွန်းလို့"
အင်မော်တယ်ကျမ်းမှာ ထွတ်မြတ်ပညာရပ်တစ်မျိုး ဖြစ်သည်။
ဧကရာဇ်အဆင့် အင်အားစုများအတွက်ပင် မျိုးနွယ်စုရတနာအဖြစ်ရှိပြီး အပြင်ကို ပေါက်ကြားစေ၍ မရပေ။
ထို့အပြင် သာမန်ပါရမီရှင်များအတွက် နားလည်နိုင်ရန် အလွန်ခက်ခဲသည်။
သူတို့ကဲ့သို့ ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းကို နှစ်ပေါင်းရှည်ကြာစွာ လေ့ကျင့်ခဲ့သူများပင် သုံးဆယ်ရာခိုင်နှုန်းအထိသာ နားလည်ကြသေးသည်။
ယခုတော့ ကျွင်းရှောင်ယောက်က ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းကို မြှင့်တင်လိုကြောင်း အမှန်တကယ် ပြောခဲ့သည်။
ထို့ကြောင့် သူတို့ မယုံနိုင်တာ သဘာဝပင်။
အားမနာတမ်းပြောရလျှင် ယင်းက မျက်လုံးပြူးပြီး အိပ်မက်မက်နေသည်ဟု ပြောခြင်း ဖြစ်သည်။
"မင်းတို့ ငါ့ကို မယုံဘူးလား ဒါမှမဟုတ် မင်းတို့ရဲ့ အင်မော်တယ်ကျမ်း လိုချင်လို့ လှည့်ဖြားနေတယ်လို့ ပြောနေတာလား"
ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်သည်။
"အဲဒီလိုမဟုတ်ပါဘူး၊ သခင်လေးမှာ အစွမ်းထက် နည်းလမ်းတွေရှိပြီး ထူးကဲတဲ့ ပညာရပ်တွေလည်း ပိုင်ဆိုင်ထားတာ... ငါတို့ရဲ့ အင်မော်တယ်ကျမ်းကို ဘယ်လိုလုပ်ပြီး လိုချင်တပ်မက်မှာလဲ"
တုရှန်ဝမ်ဝမ်က ကမန်းကတန်း ပြောလိုက်၏။
ညီအစ်မငါးယောက်ထဲတွင် သူဟာ ကျွင်းရှောင်ယောက်နှင့် ပို၍ ဆက်သွယ်မိခဲ့သူ ဖြစ်သည်။
ကျွင်းရှောင်ယောက်ထံမှ လမ်းညွှန်မှုကိုလည်း မကြာခဏ ရယူခဲ့ဖူးပေသည်။
ထို့ပြင် ကျွင်းရှောင်ယောက်၏ နောက်ခံက သူတို့ထက် များစွာ နက်ရှိုင်းသည်။ အဘယ်ကြောင့် သူတို့၏ အင်မော်တယ်ကျမ်းကို အာရုံစိုက်နေမည်နည်း။
"မင်းတို့ စိတ်မရှိရင် ငါ့ကိုကြည့်ခွင့်ပြုပါ။ ငါ ဒီကျင့်စဉ်ကို တခြားသူတွေကို ဘယ်တော့မှ သင်ပေးမှာမဟုတ်ဘူး"
"အဲဒါမှအဆင်မပြေရင်လည်း အင်မော်တယ်ကျမ်းတစ်ခုနဲ့ လဲလှယ်လို့ရတယ်"
ကျွင်းရှောင်ယောက် ပြောလာသော စကားများကြောင့် မိန်းကလေးငါးယောက်မှာ ထပ်မံအံ့ဩရပြန်သည်။
အင်မော်တယ်ကျမ်းကဲ့သို့ အလွန် ရှားပါးသောအရာများကိုပင် ပေါ့ပေါ့ဆဆ ဖလှယ်မည်ဟု ပြောနေလေသည်။
"သခင်လေးကို ငါတို့ ယုံတာပေါ့၊ ဒါပေမဲ့..."
တုရှန်ချွန်းချွန်းက ပြောရင်း တုံ့ဆိုင်းသွားသည်။
သူ့မျက်နှာလေးကလည်း အနီရောင် ပန်းသီးတစ်လုံးပမာ ရဲခနဲ ဖြစ်သွား၏။
"ဒါပေမဲ့ ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက် နားမလည်ပေ။
တုရှန်ယွဲ့ယွဲ့လည်း လှပသော မျက်လုံးများနှင့် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"သခင်လေး တကယ်မသိတာလား၊ ဒါမှမဟုတ် မသိဟန်ဆောင်နေတာလား"
"ဘာကိုဆိုလိုတာလဲ"
ကျွင်းရှောင်ယောက် စိတ်ရှုပ်ထွေးသွား၏။
"ငါတို့ တုရှန်မြေခွေးမျိုးနွယ်ရဲ့ ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းကို ခန္ဓာကိုယ်ပေါ်မှာပဲ ရေးထိုးထားပြီး လေ့ကျင့်ရတာ"
"သခင်လေးက အင်မော်တယ်ကျမ်းကို တွေ့ချင်တယ်ဆိုတော့... ငါတို့ခန္ဓာကိုယ်ကို မြင်ချင်တယ်လို့ ပြောနေတာပဲ မဟုတ်လား"
တုရှန်ယွဲ့ယွဲ့၏ စကားကြောင့် ကျွင်းရှောင်ယောက် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
အမှန်ပင်။
ကြွက်သားများ၊ အရိုးများနှင့် သွေးကြောများတွင် ရေးထွင်းရမည့် အင်မော်တယ်ကျမ်းအချို့ရှိကြောင်းကို သူလည်း သိထားသည်။
သို့သော်လည်း၊ ဤသည်က ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်ချေသည်။
"သခင်လေး ငါတို့ရဲ့ခန္ဓာကိုယ်တွေကို တွေ့ချင်ရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ။ ဘာဖြစ်လို့ ဒီလောက် လျှို့ဝှက်နေရတာလဲ။ ငါတို့အားလုံးက နင့်အတွက်ပါပဲ"
တုရှန်ရှောင်ရှောင်းက ချစ်စဖွယ်ပြုံးရင်း ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ငါအဲဒီလို မဆိုလိုပါဘူး"
ကျွင်းရှောင်ယောက်လည်း ကမန်းကတန်း ငြင်းဆိုလိုက်လေသည်။
"အဲဒါက တကယ် ဟုတ်၊မဟုတ် အရေးမကြီးတော့ပါဘူး။ ဒီနေရာအထိ ရောက်နေမှတော့ လုပ်လိုက်ကြရအောင်ပါ"
အစ်မအကြီးဆုံးအနေဖြင့် တုရှန်ယွဲ့ယွဲ့က အပွင့်လင်းဆုံး ဖြစ်သည်။
သို့သော်လည်း ဤပွင့်လင်းမှုက သူမအသိအမှတ်ပြုသည့် တစ်ဦးတည်းသောလူအတွက်သာ ကန့်သတ်ထားပေသည်။
တုရှန်ယွဲ့ယွဲ့က သူမ၏ အနီရောင်သတို့သမီးဝတ်စုံကို တစ်လွှာချင်း ချွတ်ချလိုက်သည်။
နူးညံ့ပြီး ချောမွေ့သော အသားအရေက ဖယောင်းတိုင် မီးအလင်းရောင်အောက်တွင် ပေါ်လွင်လာ၏။
သူမ၏ ပြေပြစ်သောရုပ်ရည်ကို ထည့်မတွက်လျှင်ပင်...
တကယ်ကို မိုက်သည်။
'မျှော်လင့်ထားတဲ့အတိုင်း၊ ကိုယ်ဝန်ဆောင်လွယ်မဲ့သူပဲ'
ကျွင်းရှောင်ယောက်လည်း တုရှန်ယွဲ့ယွဲ့ကိုကြည့်ရင်း သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
တုရှန်ယွဲ့ယွဲ့က ဦးဆောင်သောအခါ တခြားမိန်းကလေး လေးယောက်လည်း ရှက်ရွံ့စွာဖြင့် သူတို့၏ အဝတ်အစားများကို ချွတ်လိုက်ကြလေသည်။
လှပလွန်းသည့် လက်ရာတစ်ခုက သူ့ရှေ့တွင် ပေါ်လာသည်။
တုရှန်ယွဲ့ယွဲ့က ပြည့်ဝသည်။
တုရှန်ရှောင်ရှောင်းက ညီမျှသည်။
တုရှန်ထောင်ထောင်က ကြည်လင်ဝင်းပသည်။
တုရှန်ဝမ်ဝမ်က အချိုးအစားကျသည်။
တုရှန်ချွန်းချွန်းက ဖြူစင်ပြီး သေးသေးလေး ဖြစ်၏။
တစ်ဦးစီက ကိုယ်ပိုင်အလှရားများဖြင့် ဆွဲဆောင်မှုရှိနေသည်။
ကျွင်းရှောင်ယောက်က တည်ငြိမ်သော်လည်း မချီးကျူးဘဲတော့ မနေနိုင်တော့ပေ။
ဤမြင်ကွင်းက လူတစ်ယောက်၏ စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်နေသည်ဟု ဆိုရမည်။
ရွှေစင်ပန်းလေးငါးပွင့်က ဆွတ်ခူးရန် အသင့်ဖြစ်နေပြီ။
ကျွင်းရှောင်ယောက် ဆန္ဒရှိသရွေ့ ပျော်ရွှင်မှု ငါးဆက သူ့လက်ဖျားမှာ ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ရှေ့မတိုးပေ။
သူလုပ်ရမည့်အရာကိုသာ လုပ်သည်။
ကျွင်းရှောင်ယောက်၏ စူးရဲသောအကြည့်ကြောင့် ပေါ့ပေါ့ပါးပါး အရှိဆုံး တုရှန်ယွဲ့ယွဲ့ပင်လျှင် ရှက်ရွံ့သွားလေသည်။
"စလိုက်ကြရအောင်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
မိန်းကလေးငါးယောက်လည်း စိတ်ကို တည်ငြိမ်စေပြီနောက် အင်မော်တယ်ကျမ်းကို တပြိုင်နက်တည်း လှုံ့ဆော်လိုက်၏။
ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော စာလုံးများက ကျောက်စိမ်းကဲ့သို့ ခန္ဓာကိုယ်လေးများတွင် ပေါ်လာတော့သည်။
၎င်းက လူသားမျိုးနွယ်၏ စာများမဟုတ်ဘဲ မိစ္ဆာမျိုးနွယ်စု၏ စာလုံးများ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က အလွန်ထက်မြက်ပေသည်။ ငယ်စဉ်ကတည်းက ကျွင်းမိသားစု၏ စာကြည့်ဆောင်တွင် မျိုးနွယ်စုအမျိုးမျိုး၏ စာပေများနှင့် ရင်းနှီးခဲ့သည်။
ထို့ကြောင့် အခက်အခဲတော့ မရှိပေ။
"အိမ်း၊ ဒီအစိတ်အပိုင်းလေးက..."
ကျွင်းရှောင်ယောက်က တုရှန်ယွဲ့ယွဲ့၏ အနီးသို့ကပ်ကာ တစ်နေရာမှ စာလုံးများကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"သခင်လေး၊ နင်..."
တုရှန်ယွဲ့ယွဲ့လည်း သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်မိ၏။
ဤအခြေအနေက ရှက်စရာကောင်းလွန်းသည်။
ထို့နောက်တွင် ကျွင်းရှောင်ယောက်က တုရှန်ထောင်ထောင်၊ တုရှန်ရှောင်ရှောင်းနှင့် အခြားသူများ၏ အင်မော်တယ်ကျမ်းမျာကို ကြည့်ရှုပြီး နှိုင်းယှဉ်ကြည့်ခဲ့သည်။
"ရပါပြီ"
ကျွင်းရှောင်ယောက်က ရုတ်တရက် ပြောလိုက်သည်။
"အာ"
တုရှန်ချွန်းချွန်း အံ့အားသင့်သွားသည်။
ကျွင်းရှောင်ယောက်က သူတို့ကို လှည့်စားနေပုံမရပေ။
ယခုအချိန်တွင် သူက ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းကို အမှန်တကယ် နားလည်ဆင်ခြင်နေပြီ ဖြစ်သည်။
စစ်နတ်ဘုရားကျမ်းမှတဆင့် ဤအင်မော်တယ်ကျမ်းကို ခွဲခြမ်းစိတ်ဖြာနိုင်ပေသည်။
ယင်းက သာမန်လူများအတွက် လုံးဝမဖြစ်နိုင်သော အလုပ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် အားလုံးက ကျွင်းရှောင်ယောက်ကို နောက်ပြောင်သည်ဟု ထင်မိခဲ့ခြင်း ဖြစ်ချေသည်။
"ဒါက ပွဲမဝင်ခင် အကြိုကျင်းပနေတာလား"
တုရှန်ယွဲ့ယွဲ့က ရေရွတ်လိုက်သည်။
အချို့လူသားများက ထိုသို့ ထူးထူးဆန်းဆန်း ကစားနည်းများကို နှစ်သက်ကြကြောင်း သူကြားဖူးပေသည်။
သူတို့က အိမ်ထဲကို တစ်ခါတည်း တန်းမဝင်ကြပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ကြာသွားသည်။
အပြင်ဘက်တွင်...
တုရှန်မင်ဖေးက ထူးဆန်းသောအမူအရာဖြင့် စေ့စေ့ပိတ်ထားသည့် နန်းတော်အား ကြည့်နေသည်။
'ဆယ်ရက်တောင်ရှိပြီ၊ မထွက်လာကြသေးဘူးလား'
သို့သော်လည်း အလှည့်ကျသွားလျှင်တော့ အချိန်ယူရဦးမည်ဟု သူတွေးမိခဲ့လေသည်။
သူ့အပြင်၊ အပြင်မှာလည်း ပွဲကြည့်ရန် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသည့် လူများရှိနေကြသေးသည်။
"ဟေး၊ ဆယ်ရက်ရှိသွားပြီ။ ဘာလို့ လှုပ်ရှားမှုမရှိသေးတာလဲ"
"မင်းဆိုရင်ကော ဆယ်ရက်တည်းနဲ့ လက်လျှော့လိုက်မှာလား"
"မှန်ပါတယ်၊ ငါသာဆိုရင် သေခါမှသေရော... အားနဲ့မာန်နဲ့ ကြိုးစားမိလိမ့်မယ်"
"ဒါပေမဲ့လည်း အမှန်အတိုင်းပြောရရင် ကစဉ့်ကလျားခန္ဓာရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက မြင့်မားလွန်းလှတယ်။ တုရှန်မြေခွေးမျိုးနွယ်ကလည်း ပြင်းပြတဲ့ဆန္ဒကြောင့် ကျော်ကြားခဲ့တယ် မဟုတ်လား"
လူများစွာက ကျွင်းရှောင်ယောက် ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း တီးတိုးပြောဆိုလိုက်ကြသည်။
ထို့အပြင်... အဆောင်တစ်ခုမှာလည်း တိုင်းပြည်များကို ပြိုလဲစေနိုင်အောင် လှပသော မိန်းကလေးတစ်ယောက် ရှိနေသေးသည်။
သူမက ယီရှဲ့မျိုးနွယ်၏ ကာကူရာ ဖြစ်သည်။
"ဆယ်ရက်ရှိသွားပြီ။ ပထမဘုရင်သခင်က အခုထိ မလာသေးဘူး၊ ငါ ဘယ်လိုလုပ်ရပါ့မလဲ"
ကာကူရာလည်း မျက်လုံးမှိတ်ပြီး သူ့ကိုယ်သူ သနားစိတ်ဖြင့် သက်ပြင်းချလိုက်လေသည်။
အပြင်ဘက်တွင်၊ လူအများက သိချင်စိတ် များလာချိန်တွင်...
ကျွင်းရှောင်ယောက်က နောက်ဆုံးမှာ ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းကို နားလည်ခဲ့သည်။
ပြီးပြည့်စုံစွာ နားလည်မှုမဟုတ်သော်လည်း အနည်းဆုံးတော့ လုံလောက်သွားခဲ့ပြီ။
"ဒီလောက်ဆိုရင် လုံလောက်ပြီ။ ငါ့ကို မနှောင့်ယှက်တော့နဲ့"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းနှင့် စူးနုအင်မော်တယ်ကျမ်းတို့ကို ပေါင်းစပ်ပြီး တိုးတက်အောင်လုပ်ရမည်။
ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်မှ ယုံကြည်မှုအပြည့်ရှိသော အကြည့်ကို မြင်လိုက်ရတော့...
မိန်းကလေးငါးယောက်၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားသည်။
"သခင်လေး၊ ဒါက ကြိုတင်ကစားတာ မဟုတ်ဘူးဆိုတာ သေချာလား"
တုရှန်ယွဲ့ယွဲ့က မေးသည်။
"ဘာကို ကြိုတင်ကစားရမှာလဲ"
ကျွင်းရှောင်ယောက် နားမလည်သလို ပြန်ကြည့်လိုက်၏။
နောက်တော့၊ ကျွင်းရှောင်ယောက်က တစ်ယောက်တည်း တင်ပျဉ်ခွေထိုင်လိုက်တော့သည်။
"မိန်းမလှလေးငါးယောက်ကို ပစ်ထားပြီး အင်မော်တယ်ကျမ်းကို တိုးတက်အောင်လုပ်မယ်ပဲ ပြောနေတယ်။ သူတကယ်ကော လုပ်နိုင်မှာလား"
တုရှန်ယွဲ့ယွဲ့ ဘာပြောရမှန်းမသိတော့ပေ။
"သခင်လေး ဆန္ဒရှိသရွေ့ သူ့ကို ပံ့ပိုးပေးမှာပါ"
တုရှန်ဝမ်ဝမ်က ပြောလိုက်သည်။
"ဒါပေမဲ့ ငါသူ့ကို ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းကြောင့် စိတ်ဝင်စားတာ မဟုတ်ဘူး"
တုရှန်ချွန်းချွန်းက နှုတ်ခမ်းစူလိုက်၏။
"သခင်လေး ဘာလုပ်နိုင်မလဲဆိုတာ အရင်ကြည့်သေးတာပေါ့။ အလုပ်မဖြစ်ရင်တော့ ငါတို့ညီအစ်မတွေ စားရမှာပဲ"
တုရှန်ယွဲ့ယွဲ့လည်း ဆွဲဆောင်မှုရှိစွာဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေသည်။