အခန်း ၁၀၃၇
Vol. 70 Ch. 1037
အခန်း ( ၁၀၃၇ ) ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်း၏ မွမ်းမံပြင်ဆင်ထားသော ပုံစံ။
အမှန်အတိုင်းပြောရလျှင်၊ ကျွင်းရှောင်ယောက်က သူတို့၏ ခန္ဓာကိုယ်များကို ဝါးမျိုလိုသူ မဟုတ်ပါ။
သူတို့ကသာ အမှန်တကယ် ဝါးမျိုလိုသူများ ဖြစ်သည်။
အနည်းဆုံး၊ တုရှန်ယွဲ့ယွဲ့တစ်ဦးက အလွန်ဆာလောင်နေသူ ဖြစ်၏။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က ကစဉ့်ကလျားခန္ဓာဖြစ်ပြီး လူပျိုတစ်ဦးလည်း ဖြစ်နေသည် မဟုတ်လော။
သူနှင့် တူနှစ်ကိုယ်လေ့ကျင့်နိုင်လျှင် အကျိုးကျေးဇူးက အဆုံးမဲ့ဖြစ်လိမ့်မည်။
ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းက ကြီးမားစွာ တိုးတက်မှုကို ဘေးဖယ်ထားလျှင်ပင်...
အရည်အချင်းအားလုံးကို မြှင့်တင်နိုင်လိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်တွင် ထိုကဲ့သို့ ရည်ရွယ်ချက်မရှိသဖြင့် သူ့ကို အတင်းအကြပ် မလုပ်နိုင်ပါ။
အဓိက ကတော့ ကျွင်းရှောင်ယောက်ကို အတင်းအကြပ်လုပ်နိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်သည်။
နောက်ပိုင်းတွင် ကျွင်းရှောင်ယောက်က အင်မော်တယ်ကျမ်းနှစ်စောင်ကို ဆက်လက်လေ့လာနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ သုံးလကြာသွားပြီ။
ပြင်ပကမ္ဘာတွင်...
တုရှန်မင်ဖေးပင်လျှင် အံ့အားသင့်ခဲ့ရသည်။ ဤအချိန်က ရှည်လျားလွန်းပြီ မဟုတ်လော။
"ဒီနေ့ခေတ် လူငယ်တွေက အရမ်းတက်ကြွနေပြီလား"
တုရှန်မင်ဖေး အနည်းငယ် သိချင်လာမိသည်။
သို့သော်လည်း သူမက ဝင်မစွတ်ဖက်ခဲ့ပေ။
သူတို့ကို မည်သူမျှ နှောင့်ယှက်ခွင့် မပြုရန်လည်း အမိန့်ထုတ်ထားသည်။
သို့သော်လည်း ပြင်ပကမ္ဘာက ဆူညံသံများက ပို၍ ကျယ်လောင်လာတော့သည်။
"ဘုရားရေ၊ မိန်းမလှလေးငါးယောက်နဲ့ သုံးလကြာသွားပြီ။ စစ်နတ်ဘုရားက ကဏ္ဍပေါင်းစုံမှာ အစွမ်းထက်လွန်းပါပေတယ်"
အမျိုးသားတစ်ယောက်က အားကျစွာပြောလိုက်သည်။
မနာလိုကြသည့် အမျိုးသမီးများလည်း ရှိ၏။
သူတို့ မနာလိုသည်က သဘာဝအတိုင်း တုရှန်အလှလေးငါးဦးကို ဖြစ်တော့သည်။
"စစ်နတ်ဘုရားသာ ငါ့ကို မျက်နှာသာပေးနိုင်ခဲ့ရင်... တစ်ကြိမ်ပဲဖြစ်ရင်တောင် ဒီဘဝမှာ နောင်တရစရာ မရှိပါဘူး"
အမျိုးသမီးများလည်း မျှော်လင့်မိခဲ့ကြလေသည်။
အိပ်ခန်းထဲမှာတော့ အခြေအနေက လူတိုင်း စိတ်ကူးထားသည့် သာယာမှုနှင့် မတူပေ။
ကျွင်းရှောင်ယောက်က သုံးလပတ်လုံး တင်ပျဉ်ခွေထိုင်နေခဲ့သည်။
မိန်းကလေးငါးယောက်ကလည်း ထွက်မသွားဘဲ ကျွင်းရှောင်ယောက်ကို စောင့်ကြည့်နေကြ၏။
ယနေ့၊ နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ ကြံ့ခိုင်မှုဖြင့်ပင် ဤအချိန် သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ ရှိနေသေးသည်။
ဤလုပ်ရပ်မျိုးက ခန္ဓာနှင့် စိတ်စွမ်းအားကို များစွာသုံးရသည်။
အကယ်၍၊ ကျွင်းရှောင်ယောက်သည်သာ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် မဟုတ်ခဲ့ပါက ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
"သခင်လေး..."
ကျွင်းရှောင်ယောက် မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် မိန်းကလေး ငါးယောက်စလုံးက ချဉ်းကပ်လာကြသည်။
"အခု ငါမင်းတို့ကို သင်ပေးမယ်၊ အဲဒါကို အရင်စူးစမ်းကြည့်လိုက်ပါ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
သူက လက်ညိုးတစ်ချက်ညွှန်လိုက်သောအခါ ဝိညာဉ်အလင်းတန်းငါးခုက မိန်းကလေးငါးယောက်၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွား၏။
ရုတ်တရက်၊ လျှို့ဝှက်ဆန်းကြယ်သော ကျမ်းစာစာလုံးများက တောက်ပသောကြယ်များကဲ့သို့ မိန်းကလေးငါးယောက်၏ ခေါင်းထဲမှာ ပေါ်လာတော့သည်။
"ဒါက..."
လှပသော ခန္ဓာကိုယ်ငါးခုစလုံး တုန်လှုပ်သွားကြသည်။
အစပိုင်းတွင်၊ ကျွင်းရှောင်ယောက်ကို ယုံကြည်မှုအနည်းဆုံး တုရှန်ယွဲ့ယွဲ့ပင်လျှင် ဤအခိုက်တွင် အသက်ပြင်းပြင်းရှူလိုက်မိတော့သည်။
ရင်ဘတ်ကို ဖိလိုက်မိသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
တုရှန်ယွဲ့ယွဲ့ စိတ်ငြိမ်ငြိမ်မထားနိုင်တော့ပေ။
ဤကျမ်းစာတွင် ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်း၏ ခံစားချက်တို့ရှိသော်လည်း အတိအကျတော့ မတူပါ။
အရေးကြီးဆုံးအချက်က၊ ယခင်ကကဲ့သို့ မျှော်လင့်ချက်အားလုံးကို အိမ်ထောင်ရေးကမ္မကြိုးနီအပေါ် ပုံအပ်ထားရန် မလိုတော့ပေ။
ဤပြန်လည်ပြင်ဆင်ထားသော ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းက ပို၍လွှမ်းမိုးပြီး ပို၍အဆင်ပြေသည်။
အရေးကြီးဆုံးက သူတို့အပေါ် ချည်နှောင်ထားမှု မရှိတော့ခြင်းပင်။
တုရှန်မြေခွေးမျိုးနွယ်၏ ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းတွင် အကြီးမားဆုံး အတားအဆီးက ကံကြမ္မာရှိသူကို ရှာဖွေရန် အခက်အခဲ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ ပြန်လည်မွမ်းမံထားသော ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းကတော့ ဤအချက်ကို လုံးဝ ဖယ်ရှားပစ်ခဲ့ပြီ။
၎င်းက နတ်ဆိုးကျမ်းစာအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
သို့သော်လည်း သူတို့က လူသားမဟုတ်သောကြောင့် သိပ်အာရုံစိုက်နေစရာ မလိုပါ။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ သုံးလပဲရှိသေးတယ်"
တုရှန်ရှောင်ရှောင်းလည်း အလွန်အံ့သြသွားသည်။
"အမေသိရင် အရမ်းအံ့သြသွားလိမ့်မယ်"
တုရှန်ဝမ်ဝမ်၏ ရင်ဘတ်မှာလည်း ဖားဖိုတစ်ခုပမာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမ စိတ်မတည်ငြိမ်နိုင်တော့ပေ။
အကြမ်းဖျင်း လေ့လာပြီးနောက် ဤအင်မော်တယ်ကျမ်းဟာ အမှန်တကယ် အနှောင်အဖွဲ့ကင်းကြောင်း တွေ့ရှိခဲ့ရသည်။
တောက်ပသော မျက်လုံးအကြည့်များက ကျွင်းရှောင်ယောက်အပေါ် ကျရောက်လာတော့သည်။
ကျွင်းရှောင်ယောက်က သူတို့၏ မျှော်မှန်းချက်များကို အမှန်တကယ် ကျော်လွန်သွားခဲ့သည်။
ကျွင်းရှောင်ယောက် အနည်းငယ်ပြုံးလိုက်သည်။
ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းနှင့် စူးနုအင်မော်တယ်ကျမ်းတို့ကို ပေါင်းစပ်ခဲ့ခြင်းအပြင်...
မဟာကာလီအဆက်အနွယ်နှင် သက်ရှိသတ္တဝါများ၏ စတေးခံယဇ်ပူဇော်မှု အနှစ်သာရတစ်စိတ်တစ်ပိုင်းကိုလည်း ပေါင်းစပ်ထားသေးသည်။
ထို့အပြင် တာအိုနှလုံးသားနတ်ဆိုးကျမ်း၏ လက္ခဏာအချို့ကိုပင် ထည့်သွင်းထားခဲ့သည်။
အမှန်တော့ ကျွင်းရှောင်ယောက်၏ ကိုယ်ပိုင်နောက်ခံက မခိုင်မာဘူးဆိုလျှင် သူ့အရည်အချင်းက မည်မျှ မြင့်မားနေစေကာမူ...
ဤချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်း၏ ဗားရှင်းအသစ်ကို ဖန်တီးနိုင်မည် မဟုတ်ပေ။
အမှန်ဆိုလျှင် ကျွင်းရှောင်ယောက်က ဤအင်မော်တယ်ကျမ်းမှာ လှည့်ကွက်လေးများ လုပ်နိုင်သည်။
ထိုအခါ တုရှန်မြေခွေးမျိုးနွယ်က လေ့ကျင့်ပြီးနောက် ၎င်းတို့၏ အသက်သွေးကြောများကို သူအလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ထိုသို့မလုပ်ခဲ့ပေ။
ပထမဆုံးအနေဖြင့်၊ တုရှန်ဝမ်ဝမ်နှင့် တခြားသူများက သူ့အပေါ် အတော်ကောင်းကြသည်။ ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ သူတို့အပေါ် မျိုးစေ့မချနိုင်ပေ။
ဒုတိယအနေဖြင့်၊ တုရှန်မြေခွေးမျိုးနွယ်တွင် သဘာဝအတိုင်း အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများ ရှိနေသည်။
ကျွင်းရှောင်ယောက်က ဤအရာများကို လျှို့ဝှက်လုပ်ဆောင်နိုင်သော်လည်း ဖော်ထုတ်ခံရပါက၊ ကျွင်းရှောင်ယောက်နှင့် တုရှန်ဧကရာဇ်မျိုးနွယ်ကြားတွင် စာရင်းပြတ်သွားလိမ့်မည်။ ရန်သူများပင် ဖြစ်သွားနိုင်သည်။
ထိုအစား ကျွင်းရှောင်ယောက်က တုရှန်ဧကရာဇ်မျိုးနွယ်ကို ကျွင်းဧကရာဇ်ခုံရုံးသို့ မည်သို့ခေါ်ယူရမလဲ တွေးနေသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ မည်သည့်လှည့်ကွက်မျှ မပြုလုပ်ခဲ့ပေ။
ထို့နောက်မှာတော့ မိန်းကလေးငါးယောက်ဟာ အနည်းငယ် လေ့ကျင့်ကြည့်ခဲ့သည်။
ယင်းက အမှန်တကယ်ဖြစ်နိုင်ချေရှိသော နည်းလမ်းဖြစ်ကြောင်း သိလိုက်ရတော့ သူတို့ အံ့ဩဝမ်းသာ ဖြစ်သွားကြ၏။
ယင်းမှာ တုရှန်ဧကရာဇ်မျိုးနွယ် တစ်ခုလုံးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလိမ့်မည်။
"သခင်လေး၊ နင်က ငါတို့ တုရှန်ဧကရာဇ်မျိုးနွယ်အတွက် တကယ်ကို ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ"
တုရှန်ချွန်းချွန်းက ကျွင်းရှောင်ယောက်ကို ပြေးဖက်လိုက်သည်။
ကျန်သော မိန်းကလေးများကလည်း ကျွင်းရှောင်ယောက်အနားသို့ လျှောက်လာကြလေသည်။
"ဟုတ်ပါပြီ၊ အခုကစပြီး မင်းတို့ရဲ့ အင်မော်တယ်ကျမ်းပြဿနာကို ဖြေရှင်းပြီးပြီ။ အနာဂတ်မှာ အိမ်ထောင်ရေးကြိုးနီက မင်းတို့ကို ချုပ်နှောင်ထားမှာ မဟုတ်တော့ဘူး။ စိတ်အေးအေးထားပြီး လေ့ကျင့်နိုင်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ထို့နောက်မှာတော့ ထွက်သွားရန် အချိန်ကျပြီ။
တိုင်းတပါးတွင် သူလုပ်ရမည့်အရာများ အများကြီးရှိနေဆဲ ဖြစ်သည်။
"သခင်လေး၊ တကယ်တော့ ငါ နင့်ကို ချစ်ခြင်းအိပ်မက်အင်မော်တယ်ကျမ်းကြောင့် ရွေးချယ်ခဲ့တာမဟုတ်ပါဘူး"
တုရှန်ဝမ်ဝမ်က ဝမ်းနည်းနေဟန်ရသည်။
"ချွန်းချွန်းအတွက်လည်း အတူတူပါပဲ"
တုရှန်ချွန်းချွန်းကလည်း ခေါင်းလေးငုံ့ကာ ပြော၏။
"သခင်လေး၊ နင့်ရဲ့ သဘောထားက ငါတို့ညီမငါးယောက်ကို အရမ်းဝမ်းနည်းစေတယ်"
တုရှန်ယွဲ့ယွဲ့လည်း သက်ပြင်းချလိုက်လေသည်။
"မင်းတို့အားလုံးက မိန်းမကောင်းလေးတွေပါပဲ။ ဒါပေမဲ့ ငါ့မှာ လက်မလွှတ်နိုင်တဲ့ စွဲလမ်းမှုတစ်ခု ရှိနေပြီ"
ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။
"အိုး၊ သခင်လေးလိုလူမျိုးကို စွဲလန်းစေနိုင်တာက ဘယ်လိုလူမျိုးလဲ။ ငါသူ့ကို တကယ်တွေ့ချင်မိတယ်"
တုရှန်ယွဲ့ယွဲ့က ပြောသည်။
ကျွင်းရှောင်ယောက်လည်း ပြုံးရုံသာပြုံးပြီး ဘာမျှထပ်မပြောတော့ပေ။
အင်မော်တယ်နယ်မြေကြီးတွင် သူ ဂရုစိုက်ရသောသူများ ရှိသည်။
သို့သော်လည်း ယခုအချိန်တွင် သူစိုးရိမ်ရဆုံးက သူ့အဖေ ကျွင်းဝူဟွေ့အကြောင်း ဖြစ်ချေသည်။
"ကောင်းပါပြီ၊ သခင်လေးကို အတင်းအကြပ်မလုပ်တော့ဘူး"
တုရှန်ယွဲ့ယွဲ့ ပြောလိုက်သည်။
အဓိကကတော့ အတင်းလုပ်လို့မရခြင်းပင်။
ကျွင်းရှောင်ယောက်က သန်မာလွန်းသဖြင့် သူတို့ အတင်းဖိအားမပေးနိုင်ပါ။
ကျွင်းရှောင်ယောက်လည်း အနည်းငယ်ပြုံးပြီး နန်းတော်ထဲမှ ထွက်လာခဲ့သည်။
ကျွင်းရှောင်ယောက်၏ ကျောပြင်ကိုကြည့်ရင်း တုရှန်ထောင်ထောင်က စိတ်မကောင်းဟန်ဖြင့် ပြောလိုက်လေသည်။
"ငါတို့ သူ့ကို တကယ်စွန့်လွှတ်ရမှာလား"
"ညီမတို့ ဘယ်လိုထင်လဲ"
တုရှန်ယွဲ့ယွဲ့က မျက်လုံးဝေ့ကြည့်လိုက်သည်။
"သခင်လေးကလွဲလို့ ဒီဘဝမှာ ဘယ်သူမှ ထပ်မရှိတော့ဘူး"
တုရှန်ဝမ်ဝမ်က အခိုင်အမာ ပြောလိုက်၏။
"ငါရောပဲ"
တုရှန်ချွန်းချွန်းကလည်း ပြောသည်။
တုရှန်ရှောင်ရှောင်းနှင့် တုရှန်ထောင်ထောင်လည်း ခိုင်မာပြတ်သားသော အကြည့်ဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။
"ကောင်းပြီ၊ ငါတို့ညီအစ်မ ငါးယောက်စလုံးက တူညီတဲ့ ရည်ရွယ်ချက်ရှိမှတော့ ဒီအသားတုံးကို လက်မလွှတ်တော့ဘူး။ အကြမ်းနည်းနဲ့မရရင် အနုနည်းကို သုံးရမယ်။ သူ ဘယ်လောက်ထိ ခံနိုင်မလဲဆိုတာ ကြည့်ရအောင်"
တုရှန်ယွဲ့ယွဲ့လည်း နှုတ်ခမ်းကိုလျှာဖြင့်သပ်ပြီး ပြောလိုက်သည်။
ကျွင်းရှောင်ယောက်မှလွဲပြီး၊ သူတို့ညီအစ်မ ငါးယောက်အတွက် ဤဘဝမှာ နောက်ထပ်ယောက်ျား မရှိနိုင်တော့ပေ။