← Chapters

အခန်း ၁၀၃၈

Vol. 70 Ch. 1038

အခန်း ၁၀၃၈

Vol. 70 Ch. 1038

အခန်း ( ၁၀၃၈ ) အမြီးကိုးချောင်း ဘုရင်တာ့ဖေး၏ ကတိကဝတ်။

သုံးလကြာပြီးနောက်၊ နန်းတော်မှ ကျွင်းရှောင်ယောက် ထွက်လာခဲ့သည်။

သုံးလကြာ ပင်ပန်းခဲ့ရသည့် ဘဝက နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ။

ကျွင်းရှောင်ယောက်လည်း သက်ပြင်းချလိုက်မိသည်။

နောက်ဆုံးတွင်၊ မြေခွေးငါးကောင်၏ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ မဟုတ်လော။

သို့သော် သူမသိသေးသည်မှာ မြေခွေးငါးကောင်က သူ့ကိုပို၍ စိတ်ဝင်စားသွားခြင်း ဖြစ်သည်။

"ဝှစ်"

ဖွံ့ဖြိုးပြီး အချိုးအစားကျသော ခန္ဓာကိုယ်နှင့် လှပသည့် အမျိုးသမီးတစ်ဦး ကျွင်းရှောင်ယောက်ရှေ့တွင် ပေါ်လာသည်။

တုရှန်မင်ဖေး ဖြစ်၏။

"သမက်လေး၊ မင်း ဘယ်လိုနေလဲ"

တုရှန်မင်ဖေး အလွန် သိချင်နေခဲ့သည်။

သုံးလတိတိ စောင့်ခဲ့ရခြင်းကြောင့် သူ စိတ်မရှည်နိုင်တော့ပေ။

"ပင်ပန်းတယ်"

ကျွင်းရှောင်ယောက်က တစ်ခွန်းသာ ပြောလိုက်သည်။

သူ့မှာ ချစ်ခြင်းအိပ်မက် အင်မော်တယ်ကျမ်းကို ပြင်ဆင်နိုင်ရေးအတွက် သုံးလတိုင်တိုင် ကြိုးစားအားထုတ်ခဲ့ရသည်။ မပင်ပန်းဘဲ အဘယ်မှာရှိမည်နည်း။

"မင်းရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ် သမက်လေး၊ နောက်ဆုံးတော့ အလုပ်လုပ်ရတာက အရမ်းပင်ပန်းတယ်"

တုရှန်မင်ဖေးလည်း ဝံပုလွေအုပ်ကဲ့သို့ သူ၏ သမီးများအကြောင်းကိုတွေးရင်း တောင်းပန်ဟန်ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

သူများကို ညည်းတို့တွေ ဘယ်လိုလုပ်ခဲ့ကြတာလဲ၊ ကြည့်စမ်း။

"အမှန်ပါပဲ၊ နေ့ရောညပါ အချိန်မလပ် အလုပ်လုပ်ခဲ့ရတာ"

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။

"ဘယ်လို...၊ မင်းမှာ အနားယူဖို့တောင် အချိန်မရှိဘူးလား"

တုရှန်မင်ဖေး၏ မျက်လုံးလေးများ အနည်းငယ် ဝိုင်းစက်သွားသည်။

သူ့သမီးတော်များ လွန်သွားပြီ။

တစ်ဖက်လူကို အနားယူခွင့်တောင်မပေးပေ။

"အနားယူလို့လည်း မရဘူးလေ၊ ကျွန်တော် အနားယူလိုက်ရင် အရင် ကြိုးစားအားထုတ်မှုတွေ အလဟသ ဖြစ်ကုန်လိမ့်မယ်"

ကျွင်းရှောင်ယောက်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

အင်မော်တယ်ကျမ်း၏ တိုးတက်မှုကို နှောင့်ယှက်မိခြင်း သို့မဟုတ် ရပ်တန့်လိုက်မိပါက ဆက်လက်လုပ်ဆောင်ရန် ပို၍ ခက်ခဲလိမ့်မည်။

"မင်းရဲ့ကြိုးစားမှုတွေအားလုံး အလဟသဖြစ်သွားမယ်၊ ဟုတ်လား။ မင်း ဘာတွေပြောနေတာလဲ..."

တုရှန်မင်ဖေး စိတ်ရှုပ်ထွေးသွားသည်။

"ကံကောင်းထောက်မစွာနဲ့ အကြီးအကဲကို စိတ်မပျက်စေခဲ့ပါဘူး။ ရလဒ်ထွက်လာပြီ"

ကျွင်းရှောင်ယောက် ပြုံးလိုက်၏။

"ဘယ်လို၊ အောင်မြင်ခဲ့ပြီး ရလဒ်ထွက်လာပြီလား၊ သုံးလပဲ ရှိသေးတယ်လေ"

တုရှန်မင်ဖေး မအံ့ဩဘဲ မနေနိုင်တော့ပေ။

ကိုယ်ဝန်ဆောင်ရတာက ဒီလောက်လွယ်တာလား။

"ဟုတ်ပါတယ်၊ မကြာခင် သူတို့ငါးယောက် ထွက်လာလိမ့်မယ်။ အဲဒီအခါကျ အကြီးအကဲမင်ဖေးကို တွေ့ရပါလိမ့်မယ်"

ကျွင်းရှောင်ယောက် ပြုံးပြီး ပြောလိုက်လေသည်။

တုရှန်အလှလေး ငါးဦးစလုံး ပြန်လည်ပြင်ဆင်ထားသော အင်မော်တယ်ကျမ်းကို လေ့လာပြီးပြီ ဖြစ်သည်။ ဘာပြဿနာမှ မရှိပေ။

"ဟူး... ငါ အနားယူဖို့လိုနေပြီ"

တုရှန်မင်ဖေးလည်း သူမ၏နဖူးကို လက်နှင့်အုပ်ကာ အနည်းငယ် မယုံနိုင်သလို ခံစားလိုက်ရသည်။

ငါ မကြာခင် အဖွားဖြစ်တော့မှာလား။

ဒီသမက်ရဲ့ လက်ဖြောင့်မှုက တိကျလွန်းလှတယ်။

မကြာမီ တူးရှန်းယွဲ့ယွဲ့တို့ မိန်းမလှလေးတစ်သိုက် နန်းတော်ထဲမှ ထွက်လာခဲ့ကြသည်။

ထိုအခါ တုရှန်မင်ဖေးလည်း ရှေ့သို့ပြေးသွားပြီး သမီးတော်ငါးယောက်အား စိုးရိမ်မှု၊ ပြစ်တင်မှု အရိပ်အမြွက်တို့ဖြင့် ပြောလိုက်လေသည်။

"တကယ်ပဲ နင်တို့ လူကို ကောင်းကောင်း အနားမယူစေချင်ဘူးလား"

"ပင်ပန်းလို့သေတဲ့ နွားပဲရှိတယ်၊ လယ်ထွန်ခံရလို့ ပျက်စီးသွားတဲ့ လယ်ကွက်ဆိုတာ မရှိဘူး"

"ဒါနဲ့ နင်တို့ တကယ်ပဲ ကိုယ်ဝန်ရှိနေပြီလား"

တုရှန်မင်ဖေး၏ စကားများကိုကြားတော့ မိန်းကလေးငါးယောက်စလုံး အံ့ဩသွားကြသည်။

သူတို့အားလုံး အနည်းငယ် မျက်လုံးဝိုင်းသွား၏။

"မြေးလေ... ငါ့အတွက် မြေးရပြီလား"

တုရှန်မင်ဖေးက စိတ်အားထက်သန်စွာ မေးလိုက်သည်။

ယင်းက ကစဉ့်ကလျားခန္ဓာ သွေးမျိုးဆက်ဖြင့် သူ၏မြေး ဖြစ်၏။ သူမ အလျင်မလိုမှသာ ထူးဆန်းပေလိမ့်မည်။

ထိုအချိန်တွင်မှ မိန်းကလေး ငါးယောက်စလုံး ရုတ်တရက် သဘောပေါက်သွားကာ သူတို့၏ပါးပြင်များ နီရဲလာတော့သည်။

"အမေ၊ ဘာတွေလျှောက်ပြောနေတာလဲ"

မိန်းကလေးများ ဆွံ့အသွားကြသည်။

ထို့နောက် ရှင်းပြလိုက်လေသည်။

တုရှန်မင်ဖေးလည်း ခဏငြိမ်သွားပြီးနောက် သူမ၏မျက်နှာ နီမြန်းသွားသည်။

အစမှအဆုံးထိ ကြီးကြီးမားမား နားလည်မှုလွဲမှားနေခဲ့ခြင်းပင်။

လွန်ခဲ့သည့် သုံးလအတွင်း၌ ကျွင်းရှောင်ယောက်က မိန်းမလှလေးငါးဦးကို လုံးဝ မထိခဲ့ပါ။

ယင်းနောက်တွင်၊ ကျွင်းရှောင်ယောက်က မွမ်းမံထားသော ချစ်ခြင်းအိပ်မက် အင်မော်တယ်ကျမ်းကို တုရှန်မင်ဖေးထံ ပေးအပ်ခဲ့သည်။

တုရှန်မင်ဖေးလည်း တုန်လှုပ်သွားတော့သည်။

"အဲဒီလို အပြောင်းအလဲလုပ်လို့လည်း ရတာလား"

တုရှန်မင်ဖေး တုန်လှုပ်သွားသည်။

ဤသည်က အဓိပဓိတစ်ပါး လုပ်နိုင်သောအရာ ဖြစ်မည်လော။

ငါ့သမက်က တကယ်ကို နတ်ဘုရားတစ်ပါးလိုပဲ။

'ချစ်ခြင်းအိပ်မက် အင်မော်တယ်ကျမ်းရဲ့ မွမ်းမံပြင်ဆင်ထားတဲ့ ဗားရှင်းနဲ့ဆိုရင် တုရှန်ဧကရာဇ်မျိုးနွယ်က ကမ္မကြိုးနီ အချုပ်အနှောင်ကိုဖယ်ရှားပြီး အနာဂတ်မှာ လုံးဝ လွတ်မြောက်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်တယ်"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

"ဒါက ကြီးလေးတဲ့ကိစ္စပဲ၊ ဘုရင်မကို အကြောင်းကြားရမယ်"

တုရှန်မင်ဖေး၏ အမူအရာက လေးနက်သွားပြီး ဆက်သွယ်ရေးစတင်ရန် ကျောက်စိမ်းစလစ်တစ်ခုကို ထုတ်လိုက်သည်။

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

တုရှန်မင်ဖေးပြောသည့် ဘုရင်မက တုရှန်ဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင် ဖြစ်လိမ့်မည်။

ကျွင်းရှောင်ယောက်သည်သာ အင်မော်တယ်ကျမ်းတွင် လျှို့ဝှက်ချက်များ ထည့်သွင်းခဲ့ပါက ရလဒ်များမှာ မှန်းဆ၍ ရနိုင်မည် မဟုတ်ပေ။

အင်မော်တယ်ဘုရင်များက သူတို့၏ ဘိုးဘွားမြေတွင် အမြဲရှိနေကြသည် မဟုတ်ပါ။

အများစုက မြင့်မြတ်နယ်မြေများတွင် ရှိကြသည်။

မျိုးနွယ်စုဝင်များပင်လျှင် သာမာန်အခြေအနေများတွင် အလွယ်တကူ မနှောင့်ယှက်နိုင်ပေ။

သို့သော်လည်း ဤကိစ္စက အလွန်အရေးကြီးသောကြောင့် တုရှန်မင်ဖေးမှာ သတင်းပို့ခဲ့ရသည်။

မကြာလိုက်ပါ။

လေထဲမှ အနီရောင်ကြိုးတစ်ချောင်း ရုတ်တရက် ကျဆင်းလာပြီး ကျွင်းရှောင်ယောက်၏ လက်ကောက်ဝတ်ကို ရစ်ပတ်သွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ တုရှန်မင်ဖေးနှင့် တုရှန်အလှလေးငါးပါး အံ့ဩတုန်လှုပ်သွား၏။

"အဲဒါက..."

ထိုအချိန်တွင် အေးစက်သော်လည်း သာယာ‌သော အမျိုးသမီးအသံ ထွက်ပေါ်လာခဲ့သည်။

"မိတ်ဆွေလေး၊ ငါ တုရှန်... ဒီကိစ္စအတွက် မင်းကို ကောင်းကောင်းကျေးဇူးဆပ်မှာပါ"

"အနာဂတ်မှာ ပြဿနာတစ်ခုခု ကြုံလာရရင် ဒီအနီရောင်ကြိုးကို ဆွဲလိုက်ပါ။ ဘယ်လို အခက်အခဲပဲဖြစ်ဖြစ် တစ်ကြိမ် ကူညီပေးမယ်"

"ဘုရင်ကို နှုတ်ခွန်းဆက်ပါတယ်"

တုရှန်မင်ဖေးနှင့် တုရှန်အလှလေးငါးယောက်စလုံး ထိုအသံကိုကြားတော့ ရိုသေစွာ ဒူးထောက်ပြီး ဦးညွတ်လိုက်ကြလေသည်။

ဤသည်မှာ သူတို့ တုရှန်ဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်၊ အမြီးကိုးချောင်း တုရှန်တာ့ဖေး၏ အသံဖြစ်သည်။

တုရှန်တာ့ဖေးက အမြီးကိုးချောင်း သူတော်စင်မြေခွေးမျိုးဖြစ်ပြီး တုရှန်ဧကရာဇ်မျိုးနွယ်၏ မဟာပုဂ္ဂိုလ်ကြီး ဖြစ်သည်။

ယခင်က အမြီးဆယ်ချောင်း ကမ္ဘာဖျက်ဆီးခြင်း မြေခွေးနက် ပေါ်လာခဲ့ချိန်မှာပင်... အမြီးကိုးချောင်း တုရှန်တာ့ဖေးက တုံ့ပြန်မှု လုံးဝ မရှိခဲ့ပေ။

ရလဒ်အနေဖြင့် ယခုတွင်၊ ကျွင်းရှောင်ယောက်၏ မွမ်းမံထားသော အင်မော်တယ်ကျမ်းကြောင့် ကိုယ်တိုင်လှုပ်ရှားပြီး တစ်ကြိမ်မျက်နှာသာပေးမည်ဟုပင် ကတိပြုခဲ့သည်။

မြေခွေးမျိုးနွယ်မှမဟုတ်သော ပြင်ပလူများအတွက်၊ ဤသည်က အမြင့်ဆုံး ဂုဏ်ဆောင်မှုတစ်ခုဖြစ်တာ အသေအချာပင်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ကျွင်းရှောင်ယောက်လည်း လေထဲသို့ လက်ယှက်ပြကာ အနည်းငယ် ဦးညွတ်လိုက်သည်။

သုံးလသာ ကြိုးစားခဲ့ပြီး အင်မော်တယ်ဘုရင်၏ ကြင်နာမှုနှင့် တစ်ကြိမ်အကူအညီပေးရန် အခြေအနေကို ရရှိနိုင်ခဲ့သည်။

ယင်းက တကယ်ကို အမြတ်အစွန်းကြီးပင်။

ဤသည်မှာ ကျွင်းရှောင်ယောက်အတွက် အလွန်အကျိုးအမြတ်ရှိသည့် သဘောတူညီချက်တစ်ခု ဖြစ်သည်။

သို့သော်လည်း စဉ်းစားကြည့်လျှင်...

ကျွင်းရှောင်ယောက်၏ မွမ်းမံထားသော အင်မော်တယ်ကျမ်းက တုရှန်ဧကရာဇ်မျိုးနွယ်အတွက် ကြီးမားသော အကျိုးသက်ရောက်မှု ရှိခဲ့သည်။

ယင်းက တုရှန်ဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ကျမ်းကို မဆုံးရှုံးစေဘဲ သူတို့၏ ‌အချုပ်အနှောင်များကို ချိုးဖျက်ရန်လည်း ကူညီပေးနိုင်ခဲ့သည် မဟုတ်ပါလား။

ကျွင်းရှောင်ယောက်အတွက် ထိုသို့သော ကြင်နာမှုကို ရရှိခြင်းမှာ သာမန် ဖြစ်သည်။

"သခင်လေးက သခင်လေးပါပဲ။ သူသွားလေရာရာမှာ မိုးနဲ့မြေကို ဖြိုချပစ်နိုင်တယ်"

တုရှန်အလှလေးငါးဦး၏ မျက်လုံးများက ပို၍ တောက်ပလာခဲ့သည်။

ကျွင်းရှောင်ယောက်ကို နန်းတော်ထဲမှ အသာတကြည် ထွက်ခွာသွားခွင့် ပြုလိုက်မိခြင်းအတွက် သူတို့ နောင်တရနေပြီ။

ခဏအကြာတွင်၊ ကျွင်းရှောင်ယောက်၏ လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်ကြိုးက ပျောက်ကွယ်သွားသည်။

ဤအနီရောင်ကြိုးက အနာဂတ်တွင် ကျွင်းရှောင်ယောက်အတွက် အများကြီး အထောက်အကူဖြစ်စေမည်မှာ သေချာလှပေသည်။

ယခုတော့ တုရှန်ဧကရာဇ်မျိုးနွယ်၏ အရေးကိစ္စများ ပြီးဆုံးသွားပြီ ဖြစ်သည်။

"မင်းတို့ငါးယောက်၊ ငါ လုပ်စရာရှိသေးတာမို့ စစ်နတ်ဘုရားနန်းတော်ဘုရားဆီကို ပြန်‌ရတော့မယ်။ နောက်မှ ပြန်ဆုံကြတာပေါ့"

ကျွင်းရှောင်ယောက်က တုရှန်အလှလေးငါးဦးကို အနည်းငယ် လက်ယှက်ပြလိုက်သည်။

တုရှန်ချွန်းချွန်းနှင့် အခြားသူများမှာ တွန့်ဆုတ်နေကြသော်လည်း ကျွင်းရှောင်ယောက်ကို ဆွဲခေါ်ထားရန် အတင်းအကြပ် မလုပ်ဆောင်နိုင်ပေ။

"ငါတို့လည်း နောက်ကျရင် စစ်နတ်ဘုရားနန်းတော်ကို ပြန်လာခဲ့မယ်"

တုရှန်ဝမ်ဝမ်က ပြောလိုက်သည်။

"အချိန်တန်ရင် ငါတို့ နင့်ကို လာရှာမယ်"

တုရှန်ယွဲ့ယွဲ့ကလည်း ချိုသာသော အပြုံးဖြင့် ပြော၏။

ကျွင်းရှောင်ယောက်ကို အနိုင်ယူရန် သူတို့လက်လျှော့မည် မဟုတ်ပေ။

ကျွင်းရှောင်ယောက်လည်း တုရှန်ဧကရာဇ်မျိုးနွယ်မှ ထွက်ခဲ့သည်။

သူပေါ်လာသည်နှင့် တပြိုင်နက် ပြင်ပကမ္ဘာမှ ဆူဆူညံညံ အသံမျိုးစုံ ထွက်ပေါ်လာ၏။

"နောက်ဆုံးတော့ သူ ထွက်လာပြီဟေ့၊ သုံးလရှိပြီ"

"နောက်ပြီးတော့ တစ်ဦးတောင်မှ မဟုတ်ဘူး၊ ငါးဦး။ သူတို့ကို ရင်ဆိုင်ဖို့အတွက် ဘယ်လောက်တောင် ကြိုးစားလိုက်ရမလဲ"

"သန်မာလိုက်တာ၊ သူက ငါတို့မျိုးဆက်အတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ"

"စစ်နတ်ဘုရားအတွက် ဘုရားကျောင်းတစ်ဆောင် ဆောက်လုပ်ထားပြီး ငါတို့မကဲခင် သူ့ကို ပုံမှန်ရှိခိုးရမယ်"

ပတ်ဝန်းကျင်မှ ရုတ်ရုတ်သဲသဲ အခြေအနေများကိုမြင်တော့ ကျွင်းရှောင်ယောက်ပင်လျှင် အနည်းငယ် ထိတ်လန့်သွားမိသည်။

ကြည့်ရှုသူများ အများကြီးရှိနေရန် မမျှော်လင့်ထားပေ။

သို့သော်လည်း အားလုံးက နားလည်မှုလွဲနေကြကြောင်း ထင်ရှားသည်။

ကျွင်းရှောင်ယောက်သာ အတည်လုပ်ပါက သုံးနှစ်ကြာလျှင်ပင် ပုံမှန်ဖြစ်ကြောင်း သူတို့ မသိပေ။

"ပထမဘုရင် သခင်၊ နင် ငါ့ကို အကြာကြီးစောင့်ခိုင်းထားတာပဲ"

ချိုသာပြီး ကြည်လင်သောအသံ ထွက်ပေါ်လာခဲ့သည်။

မွှေးပျံ့သော ရနံ့တစ်ခုကို ရှူရှိုက်မိပြီးနောက် သူ့အနားကို ကာကူရာ ရောက်ရှိလာ၏။

အလှ‌လေးများ၏ အိမ်ထဲမှ ထွက်လာပြီးသည်နှင့်၊ အလှလေးတစ်ဦးနှင့် ထပ်တွဲနေသော ကျွင်းရှောင်ယောက်ကိုကြည့်ရင်း...

ကြည့်ရှုသူအားလုံး၏ နှလုံးသားထဲတွင် တူညီသော အတွေးတစ်ခု ပေါ်လာခဲ့သည်။

ချီးပဲလေ။

ကျွင်းရှောင်ယောက်ကတော့ အနည်းငယ်သာ မျက်ခုံးပင့်ကာ အမူအရာ မပြောင်းပေ။

သူ့တွင်လည်း ကာကူရာကို မေးစရာ မေးခွန်းများ များစွာရှိနေဆဲ ဖြစ်သည်။

ကမ္ဘာဖျက်ဆီးခြင်း ဘုရင်ခြောက်ပါး၏ လျှို့ဝှက်ချက်များကို သူ ထုတ်ဖော်ချင်သေးသည်။

All Chapters