← Chapters

အခန်း ၁၀၃၉

Vol. 70 Ch. 1039

အခန်း ၁၀၃၉

Vol. 70 Ch. 1039

အခန်း ( ၁၀၃၉ ) ဖော်ပြ၍မရသော ဖြစ်တည်မှု။

ကာကူရာမှာ တိုင်းပြည်များကိုပင် ပြိုပျက်စေနိုင်သည်အထိ လှပသော မိန်းကလေးတစ်ယောက် ဖြစ်သည်။

သူမ၏ အလှအပက တုရှန်အလှလေးငါးဦးထက် မနိမ့်ကျပ။ ထို့ပြင် သာမန်မိန်းကလေးများတွင် မရှိနိုင်သော အထူး စိတ်နေစိတ်ထားမျိုး ရှိသည်။

အနီးနားရှိ ကြည့်ရှုသူအားလုံး မနာလို မနာလိုဖြစ်ခဲ့ကြလေသည်။

သို့သော်လည်း သူတို့ မည်မျှပင် မနာလိုနေကြစေကာမူ၊ ကျွင်းရှောင်ယောက်၏ မကောင်းဆိုးရွားဆန်သော အရည်အချင်းနှင့် ချောမောခန့်ညားသည့် ရုပ်ရည်ကို တွေးမိသောအခါ... အခြေအနေကို လက်ခံရုံမှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

"ဒီမှာ လူအရမ်းများနေတယ်၊ တခြားနေရာ သွားကြရအောင်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"နင်က သီးခြားနေရာမှာ ထပ်ပြီး ချိန်းတွေ့ချင်တာလား။ ပထမဘုရင် သခင်က တကယ်ကို သန်မာတာပဲ"

ကာကူရာက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ဆွဲဆောင်မှုရှိစွာ ကြည့်လိုက်လေသည်။

ကျွင်းရှောင်ယောက်ကတော့ ပြုံးရုံပြုံးကာ ဘာမျှ ပြန်မပြောတော့ပေ။

သူတို့နှစ်ယောက်၏ ရုပ်ပုံများက တခဏချင်း ပျောက်ကွယ်သွားခဲ့သည်။

နတ်ဆိုးပြည်နယ်၏ တိမ်တိုက်နှင့် မြူခိုးများ လွှမ်းခြုံနေသော တောင်ထိပ်တစ်ခုတွင်...

ကျွင်းရှောင်ယောက်နှင့် ကာကူရာတို့ ပေါ်လာခဲ့ကြသည်။

ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖန်ကို ဆန့်ထုတ်ပြီး ဖမ်းဆုပ်ဟန် ပြုလိုက်သည်။ မြေသားများနှင့် ကျောက်တုံးကျောက်ခဲများက ရွေ့လျားလာပြီး လက်ရာမြောက်သော ကျောက်မဏ္ဍပ်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွား၏။

ကာကူရာလည်း ဤမြင်ကွင်းကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။

ဤသည်က ကြီးကျယ်ခမ်းနားသော လုပ်ဆောင်မှုတော့ မဟုတ်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ နိယာမထိန်းချုပ်နိုင်စွမ်းမှာ ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း မြင်နိုင်သည်။

အတွေးတစ်ခုတည်းဖြင့် ကမ္ဘာကို ပြောင်းလဲခြင်းက ထိပ်တန်း ကျွမ်းကျင်သူများသာ အသုံးပြုနိုင်သော နည်းလမ်းတစ်ခု ဖြစ်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က အတွင်းစကြာဝဠာကိုပင် ဖန်တီးထားပြီးဖြစ်ကြောင်းကိုတော့ ကာကူရာမှာ သဘာဝအတိုင်း မသိခဲ့ပေ။

သူ့အတွက် ဤနည်းလမ်းများမှာ အသေးအဖွဲမျှသာဖြစ်သည်။

"ထိုင်ပါ"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

"နင် အရင်ထိုင်ပါ၊ ပြီးရင် ငါထိုင်မယ်"

ကာကူရာက ပြုံးလျက် ‌ပြောသည်။

ကျွင်းရှောင်ယောက်လည်ူ မယဉ်ကျေးတော့ဘဲ ဦးစွာ ဝငိထိုင်လိုက်၏။

သို့သော်လည်း နောက်အခိုက်အတန့်တွင် ကာကူရာက ကျွင်းရှောင်ယောက်၏ ပေါင်ပေါ်တွင် အမှန်တကယ် ဝင်ထိုင်လိုက်တော့သည်။

ထို့နောက် ပျော့ပျောင်းသော လက်နှစ်ဖက်ဖြင့် ကျွင်းရှောင်ယောက်၏ လည်ပင်းကို ရစ်ပတ်ကာ နူးညံ့စွာပြောလိုက်သည်။

"ပထမဘုရင်၊ နင့်မှာ စားဖို့တစ်ခုခုရှိသေးလား"

"ဘာလဲ"

ကျွင်းရှောင်ယောက် မေးလိုက်၏။

"နင်ဘယ်လိုထင်လဲ"

ကာကူရာ၏ မျက်လုံးများက မရေရာသော အလင်းရောင်များ တောက်ပလာခဲ့သည်။

"ဒီအတောအတွင်းမှာ မိန်းမလှလေးငါးဦးကို ငါ မထိခဲ့ဘူးဆိုရင် မင်း ယုံကြည်နိုင်မလား"

ကျွင်းရှောင်ယောက်က အေးအေးဆေးဆေး ပြောလိုက်သည်။

အခြားသူတစ်ဦးသာ ကာကူရာ၏ လှုံ့ဆော်ခံရပါက ချက်ချင်း နိုးကြွပေလိမ့်မည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ခြားနားသည်။

သူ၏ လက်ရှိရည်ရွယ်ချက်ြ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါး၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို ရှာဖွေရန်ဖြစ်ပြီး အခြားအရာများကို စိတ်မ‌ဝင်စားပေ။

"သုံးလလုံးလုံး ဘာမှမဖြစ်ဘူးလား"

ကာကူရာလည်း အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

သဘာဝအတိုင်း၊ ကျွင်းရှောင်ယောက်က မလုပ်နိုင်ခြင်းဟုတော့ သူမ မထင်ပေ။

ကစဉ့်ကလျားခန္ဓာသာ မစွမ်းဆောင်နိုင်ပါက၊ ဤလောကတွင် မည်သူမျှ စွမ်းဆောင်နိုင်တော့မည်ဟု မထင်ပါ။

"အစကတည်းက ဒါတွေအားလုံးဟာ နားလည်မှုလွဲမှားနေခဲ့တာပါပဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ပထမဘုရင် သခင်ကို သဘာဝအတိုင်း ငါ ယုံကြည်ပါတယ်။ နောက်ဆုံးမှာတော့၊ ပထမဘုရင်သခင်က သာမန်လူမဟုတ်ဘူးလေ"

ကာကူရာ ခေါင်းညိတ်လိုက်သည်။

စစ်မှန်သော သူရဲကောင်းတစ်ဦးအတွက်၊ အမျိုးသမီးများက ဂုဏ်ဆောင်တစ်ခုထက် မပိုပေ။

"ငါမင်းကို ရှာနေတာက ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးအကြောင်းကို မေးချင်လို့ပဲ"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

"ပထမဘုရင်သခင်၊ နင် မမှတ်မိသေးဘူးလား"

ကာကူရာ၏ မျက်လုံးများက သံသယ အရိပ်အယောင်တို့ ပေါ်လာသည်။

"ငါ နိုးထလာတာ မကြာသေးတော့ အများကြီး မမှတ်မိသေးဘူး"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး‌ ပြောလိုက်၏။

"နားလည်ပါပြီ၊ ပထမဘုရင် သခင် မေးချင်တာမေးပါ။ ကူရာ သိထားတာမှန်သမျှ ပြောပြမယ်"

ကာကူရာက ပြုံးပြီး ပြောလိုက်သည်။

သူမ နားလည်နိုင်ပေသည်။

နောက်ဆုံးတွင်၊ သူသည်လည်း ပထမဆုံး နိုးလာချိန်က မှတ်ဥာဏ်အများစုကို မေ့လျော့နေခဲ့သည်။

သို့သော်လည်း သူ့နောက်ကွယ်မှ ယီရှဲ့မျိုးနွယ်စုက လျှို့ဝှက်ချက်တစ်ချို့ကို ပြောပြခဲ့ပေသည်။

"ငါတို့ ကမ္ဘာ့ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးဟာ ကောင်းကင်က ခန့်အပ်ထားတဲ့ ကမ္ဘာဖျက်ဆီးခြင်း ဘုရင်တွေလား၊ ဒါမှမဟုတ် နောက်ကွယ်မှာ ပိုနက်နဲတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာလား"

ဤကိစ္စကို ကျွင်းရှောင်ယောက် သိချင်နေတာ ကြာခဲ့ပြီ။

ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးသည် ယခင်က အင်မော်တယ်နယ်မြေကြီးကို အဆုံးမဲ့ ကပ်ဘေးကြီးများ ယူဆောင်လာခဲ့သူများ ဖြစ်ကြသည်။

သူတို့က အမှန်တကယ်ပင် ကောင်းကင်မှ ခန့်အပ်ထားသူများ ဖြစ်သလော။

သို့တည်းမဟုတ်၊ နောက်ကွယ်တွင် လျှို့ဝှက်ကြံစည်မှုတစ်ခုခု ရှိနေပါသလော။

ထိုစကားကိုကြားတော့ ကာကူရာ၏ အမူအရာက လေးနက်သွားခဲ့သည်။

"ပထမဘုရင်သခင်... ငါတို့ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးကို အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးဖို့ ကောင်းကင်က ခန့်အပ်ထားတာလို့ တိုင်းတပါးတစ်ခုလုံး ယုံကြည်ကြပေမဲ့... အမှန်တော့ ကောင်းကင်က ခန့်အပ်ထားတာထက် အန္တိမတည်ရှိမှုတစ်ခုက ခန့်အပ်ထားတာဆိုရင် ပိုမှန်မယ်"

"အဲဒီအရာက ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးကို ကိုယ်တိုင် ခန့်အပ်ထားခဲ့တာ"

အထူးသဖြင့် "ထိုအရာ"ဟု ပြောလိုက်ချိန်တွင် ကာကူရာ၏ လေသံက အလွန်လေးနက်ပေသည်။

"အဲဒီအရာက..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

"အန္တိမကပ်ဘေးကြီး"

ကာကူရာက ပြောလိုက်သည်။ ထိုစကားကို ပြောလိုက်ချိန်တွင် ကောင်းကင်ယံမှ မိုးခြိမ်းသံ ထွက်ပေါ်လာ၏။

ယင်းက ကောင်းကင်ကိုပင် ကြောက်ရွံ့စေနိုင်သော တည်ရှိမှုတစ်ခု ဖြစ်ပုံရသည်။

နတ်ဘုရားတစ်ပါးကို ရင်ဆိုင်ရသကဲ့သို့...

ဤအခိုက်တွင် ကာကူရာ၏ မျက်လုံးများက ရိုသေလေးစားမှုတို့ ပြည့်နှက်နေခဲ့လေသည်။

"အန္တိမကပ်ဘေးကြီးလား"

ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်သည်။

နာမည်အတိုင်းသာဆိုပါက၊ ဤသည်မှာ သေချာပေါက် ကောင်းမွန်သောအရာ မဖြစ်နိုင်ပေ။

"အဲဒါက ဘာလဲ၊ လူတစ်ယောက်လား"

ကျွင်းရှောင်ယောက် ဆက်မေးလိုက်သည်။

ကာကူရာက ခေါင်းကိုခါယမ်းလိုက်‌လေသည်။

"ကူရာလည်း အဲဒါက ဘာမှန်းသေချာမသိပါဘူး။ သူက အမည်မဲ့နယ်မြေကနေ ဆင်းသက်လာခဲ့တာ"

"အမည်မဲ့နယ်မြေက‌ အန္တိမဧကရာဇ်မျိုးနွယ်ရဲ့ မဟာပုဂ္ဂိုလ်ကြီးတချို့ကတော့ တစ်ခုခု သိနိုင်တယ်"

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်လည်း လေးလေးနက်နက် စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။

အမှန်တော့၊ အမည်မဲ့နယ်မြေက တိုင်းတပါး၏ ပဟေဠိဆန်သော နေရာတစ်ခု ဖြစ်ချေသည်။

ယင်းက တိုင်းတပါး၏ ပြည်နယ်ဆယ်ခု အပြင်ဘက်မှ လျှို့ဝှက်ဆန်းကြယ်ဆုံး နေရာတစ်ခု ဖြစ်သည်။

တချိန်တည်းမှာပင်၊ တတိုင်းတပါး၏ စစ်မှန်သော ထွတ်မြတ်တည်ရှိမှုများက အမည်မဲ့နယ်မြေတွင် ရှိပေသည်။

ယင်းကပင်၊ ကျွင်းရှောင်ယောက်၏ အမည်မဲ့နယ်မြေကို စူးစမ်းလေ့လာရန် အကြောင်းပြချက်များထဲမှ တစ်ခု ဖြစ်ခဲ့သည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ စနစ်၏အသံ ထွက်ပေါ်လာခဲ့သည်။

"ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်။ လက်မှတ်ထိုးဝင်ဖို့ တည်နေရာအသစ်ကို ပြန်လည်ဆန်းသစ်ပြီးပါပြီ။ ကျေးဇူးပြုပြီး အမည်မဲ့နယ်မြေမှာ လက်မှတ်ထိုးဝင်ပါ"

ထိုစကားသံကိုကြားတော့ ကျွင်းရှောင်ယောက် စိတ်လှုပ်ရှားသွားသည်။

အမည်မဲ့နယ်မြေတွင် မည်သို့သော ရတနာများ လက်မှတ်ရေးထိုးနိုင်မည်ကို အလွန် သိချင်မိ၏။

သေချာကတော့ ရိုးရှင်းမည် မဟုတ်ပေ။

"ဒါဆိုရင် မင်းပြောချင်တာက... ငါတို့ကို တကယ်သတ်မှတ်ပေးတဲ့အရာဟာ ကောင်းကင်မဟုတ်ဘဲ အန္တိမကပ်ဘေးကြီးပေါ့"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"အတိအကျတော့ မဟုတ်ဘူး"

ကာကူရာက ခေါင်းခါယမ်းလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါတို့အတွက် အန္တိမကပ်ဘေးကြီးက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒနဲ့ မတူဘူးလေ"

"ခန့်အပ်ထားတယ်ဆိုတာထက်၊ ငါတို့ ပထမမျိုးဆက် ဘုရင်ခြောက်ပါးစလုံးက အန္တိမကပ်ဘေးကြီးရဲ့ နောက်လိုက်တွေဆိုရင် ပိုမှန်လိမ့်မယ်"

ကာကူရာ၏ အဖြေစကားက ကျွင်းရှောင်ယောက်ကို အံ့ဩသွားစေခဲ့သည်။

တိုင်းတစ်ပါး၏ ဒဏ္ဍာရီထဲမှ၊ အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးရန် လုံလောက်သော ကမ္ဘာဖျက် ဘုရင်ခြောက်ပါးမှာ အမှန်တကယ်ပင် အန္တိမကပ်ဘေးကြီး၏ နောက်လိုက်များသာ ဖြစ်နေသည်။

သို့ဆိုလျှင်၊ အန္တိမကပ်ဘေးကြီးက မည်သို့သော တည်ရှိမှုမျိုး ဖြစ်မည်နည်း။

မည်မျှ အစွမ်းထက်သနည်း။

ကမ္ဘာဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးသည်ပင် မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး သူဌေးကြီးအဆင့် တည်ရှိမှုများ ဖြစ်ကြသည်။

သို့ဆိုလျှင်၊ အန္တိမကပ်ဘေးကြီးက မည်သို့သော တားမြစ်ချက်မျိုး ဖြစ်နိုင်မည်နည်း။

သူဌေးကြီးထက် ပိုကြောက်စရာကောင်းသည့် နောက်ဆုံး သူဌေးကြီး ဖြစ်မည်လော။

ထို့အပြင် ကျွင်းရှောင်ယောက်ဟာ တိုင်းတစ်ပါး၏ မူလဇာစ်မြစ်ကို အမြဲသိချင်နေခဲ့သည်။

နောက်ဆုံးတွင်၊ အင်မော်တယ်နယ်မြေကြီးက တိုင်းတစ်ပါးပြည်၏ ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ အမှောင်ထုက အတိုင်းအတာတစ်ခုအထိ ပါဝင်သည်။

အမှောင်ထုနှင့် အန္တိမကပ်ဘေးကြီးများမှာကော ဆက်စပ်မှုတို့ ရှိသလော။

မည်သို့ ပတ်သက်နေသနည်း။

ကျွင်းရှောင်ယောက်က လျှို့ဝှက်ဆန်းကြယ်မှုများကို ဖြေရှင်းရန် ဤနေရာတွင် ရှိနေခြင်း ဖြစ်သည်။

သို့သော်လည်း ယခုတော့ သူ့စိတ်ထဲမှာ သံသယများ ပိုများလာတော့သည်။

All Chapters