← Chapters

အခန်း ၁၀၄၀

Vol. 70 Ch. 1040

အခန်း ၁၀၄၀

Vol. 70 Ch. 1040

အခန်း ( ၁၀၄၀ ) သော့ခြောက်ခုနှင့် ဘုရင်ခြောက်ပါး၏ ခေါင်းဆောင်။

ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးမှုများကိုမြင်ဟန်ဖြင့်...

ကာကူရာက ပြုံးပြီး ပြောလိုက်သည်။

"ပထမဘုရင် သခင်၊ ဒီကိစ္စအတွက် နင်စိတ်ပူစရာ မလိုပါဘူး"

"အန္တိမကပ်ဘေးကြီးဟာ ဘယ်သူမှ စိတ်ကူးမယဉ်နိုင်တဲ့ ဖြစ်တည်မှု၊ ဖော်ပြလို့မရနိုင်တဲ့ တည်ရှိမှုတစ်ခုပဲ"

"အဲဒါက လူသားလား ဒါမှမဟုတ် တခြားသက်ရှိသတ္တဝါလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ပုံရိပ်တစ်ခု ဒါမှမဟုတ် အခြား ထူးခြားဖြစ်စဉ်ပဲ ဖြစ်လိမ့်မယ်"

ကာကူရာ၏ စကားကြောင့် ကျွင်းရှောင်ယောက်မှာ ပို၍ တွေးတောရပြန်သည်။

ယင်းက မဖြစ်နိုင်ပေ။

အန္တိမကပ်ဘေးကြီးမှာ ဘေးအန္တရာယ်ဘက် သီးခြားသက်ရှိသတ္တဝါကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။

ဥပမာအားဖြင့် ရှေးသမိုင်းတွင် ရေးထိုးထားသော အမှောင်ထု ဖြစ်သည်။

ယင်းက ပုံရိပ်တစ်ခုသာဖြစ်လျှင်...

အဘယ်ကြောင့် ကိုယ်ပိုင်ဆန္ဒရှိပြီး အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးရန် ဘုရင်ခြောက်ပါးကို ခန့်ထားနိုင်သနည်း။

"အန္တိမကပ်ဘေးကြီးက ဘုရင်ခြောက်ပါးကို ခန့်အပ်ထားနိုင်တာကြောင့် အနည်းဆုံးတော့ သက်ရှိသတ္တဝါတွေလိုမျိုး တွေးခေါ်မှုပုံစံတစ်ခု ရှိနေတာ သေချာတယ်"

"သက်ရှိသတ္တဝါတွေလို တွေးခေါ်နိုင်စွမ်းရှိနေပြီဆိုရင် ပုံရိပ်တစ်ခုခု မဖြစ်နိုင်တော့ဘူး"

ကျွင်းရှောင်ယောက်က တွေးတွေးဆဆ ပြောလိုက်သည်။

"အမှန်ပါပဲ၊ ဒါပေမဲ့ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ အန္တိမကပ်ဘေးကြီး ပေါ်ထွက်ခဲ့ချိန်မှာ ရှိနေခဲ့ပြီး အခုထိ ရှင်သန်နေသေးတဲ့ သဘာဝကပ်ဘေးအဆင့် တစ်ဦးဦးရှိရင်တော့ သူ သိနိုင်လိမ့်မယ်။ မဟုတ်ရင် ဘယ်သူကမှ မပြောနိုင်ပါဘူး"

ကာကူရာက သက်ပြင်းချလိုက်သည်။

"အန္တိမကပ်ဘေးကြီးရဲ့အဆင့်က..."

ကျွင်းရှောင်ယောက် တိတ်ဆိတ်သွားသည်။

ထိုသို့သောတည်ရှိမှုမျိုးက အင်မော်တယ်ဘုရင်ထက်ပင် ပို၍ကြောက်စရာကောင်းလိမ့်မည်။

တချိန်က သဘာဝကပ်ဘေးအဆင့် တည်ရှိမှုတစ်ခုပေါ်လာပြီး နယ်စပ်ကိုဖောက်ကာ အက်ကြောင်းတစ်ခုကို ပြုလုပ်ခဲ့ဖူးသည်။

သို့ရာတွင်၊ ထိုအဆင့် တည်ရှိမှုက ကျွင်းရှောင်ယောက်၏မေးခွန်းကို မည်သို့ဖြေနိုင်မည်နည်း။

ထို့အပြင်၊ ကျွင်းရှောင်ယောက်က အခွင့်အရေးရှိလျှင်ပင် နှစ်ခါပြန်စဉ်းစားရဦးမည် ဖြစ်သည်။

နောက်ဆုံးတွင်၊ ထိုအဆင့်တည်ရှိမှုရှေ့တွင် ကျွင်းရှောင်ယောက်ဟာ သူ၏လျှို့ဝှက်ချက်များကို ဖုံးကွယ်နိုင်မည်ဟု အာမ မခံနိုင်ပေ။

"အရင်းအမြစ်၊ သဘာဝကပ်ဘေးအဆင့်၊ အန္တိမကပ်ဘေးကြီး၊ အမှောင်ထု၊ သင်္ချိုင်းကမ္ဘာမှာ မြှုပ်နှံထားတဲ့ တည်ရှိမှု၊ အကန့်သတ်မဲ့ပင်လယ်ရဲ့ လျှို့ဝှက်ချက်'

ကျွင်းရှောင်ယောက်လည်း အံ့ဖွယ်ခုနစ်ပါးထက်ပင် ပို၍ ထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများက၊ လျှို့ဝှက်ဆန်းကျယ်သော တည်ရှိမှုတစ်ခုခု ရှိနေပုံရသလို နားမလည်နိုင်စွာ ခံစားလိုက်ရသည်။

သူ့ဖခင် ကျွင်းဝူဟွေ့ဟာ ချီတစ်ခုကို သုံးခုပြောင်းနည်းဖြင့် တိုင်းတပါး၊ သင်္ချိုင်းကမ္ဘနှင့် အကန့်သတ်မဲ့ပင်လယ်တို့တွင် ကိုယ်ပွားများထားရှိကြောင်း သူ အမှတ်ရလိုက်၏။

သင်္ချိုင်းကမ္ဘာ၏ ထာဝရသင်္ချိုင်းမြေ နက်နဲရာအရပ်တွင်... အန္တိမကပ်ဘေးကဲ့သို့ စိတ်ကူးမယဉ်နိုင်သော တည်ရှိမှုများ ရှိနေနိုင်သလော။

ကျွင်းရှောင်ယောက်လည်း သူ့အဖေဟာ လျှို့ဝှက်ချက်တချို့ကိုသိသင့်ပြီး တစ်ခုခုကို ကြိုတင်စီစဉ်နေတာ ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။

ကျွင်းဝူဟွေ့က အကြောင်းပြချက်မရှိဘဲ ဤအထူးတည်နေရာသုံးခုကို ရွေးချယ်ခဲ့မည်ဟု သူမထင်ပေ။

ကျွင်းရှောင်ယောက်လည်း ထိုအကြောင်းကို ပိုတွေးလေလေ၊ သူဟာ ဤကမ္ဘာကြီး၏ အမှန်တရားနှင့် ဝေးကွာနေသေးသည်ဟု ခံစားလာရလေလေ ဖြစ်သည်။

ရေက နက်နဲလွန်းသဖြင့် မှန်းဆ၍ပင် မရပေ။

ကျွင်းရှောင်ယောက်လည်း ခေါင်းကိုက်သွားမိသည်။

သူ့မိသားစုကိုလည်း လေးစားလာ၏။

လျှို့ဝှက်သည့် ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နိုင်သော်လည်း အမွေမျိုးဆက်က ယနေ့တိုင် ရှင်သန်နေဆဲပင်။

ကျွင်းမိသားစု၏ အခြေခံအုတ်မြစ်ကလည်း အလွန်ခိုင်မာပြီး နက်နဲကြောင်း သိသာထင်ရှားလာသည်။

သို့သော်လည်း ယခုကဲ့သို့ တိုင်းတစ်ပါးမှာတော့ ကျွင်းမိသားစု၏ စွမ်းအားကို အားကိုး၍မရတော့ဘဲ လျှို့ဝှက်ချက်အားလုံးကို သူ့ဘာသာသူ စူးစမ်းရလိမ့်မည်။

"ပထမဘုရင် သခင်၊ တကယ်တော့ နင် သိပ်တွေးနေစရာ မလိုပါဘူး။ ငါတို့ ဘုရင်ခြောက်ပါးဟာ အဆုံးမဲ့လူဝင်စားတွေ ဖြစ်တယ်ဆိုတာကို သိထားရင်ရပြီ"

"အန္တိမကပ်ဘေးကြီးက ငါတို့ကို ဘုရင်ခြောက်ပါးအဖြစ် ပြန်လည်ဝင်စားနိုင်တဲ့ စွမ်းအားကို ပေးတယ်"

"ငါတို့သေရင် ဒါမှမဟုတ် မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်ခဲ့ရင်တောင်မှ တစ်စုံတစ်ယောက်ဟာ အနာဂတ်မှာ နိုးထလာပြီး တူညီတဲ့ ကံကြမ္မာကို အမွေဆက်ခံသွားလိမ့်မယ်"

"ဒါကို ချိုးဖျက်ဖို့ တစ်ခုတည်းသော နည်းလမ်းက အင်မော်တယ်နယ်မြေကြီးကို ဖျက်စီးခြင်းရဲ့ ကံကြမ္မာကို ဖြည့်ဆည်းဖို့ပဲ။ ဒီလိုမှပဲ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးရဲ့ ပြန်လည်ဝင်စားခြင်းက အဆုံးသတ်မှာ"

ကာကူရာက အားနည်းသောလေသံဖြင့် ပြောလိုက်သည်။

"မဟုတ်ဘူး၊ တခြားနည်းလမ်း ရှိနိုင်တယ်..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားသည်။

"ဟုတ်လား၊ ဘာနည်းလမ်းလဲ"

ကာကူရာ သိချင်သွားမိသည်။

"ဒါကတော့ အန္တိမကပ်ဘေးကြီးကို လုံးဝ ပျောက်..."

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

သို့သော်လည်း သူစကားမဆုံးမီတွင် ရပ်တန့်သွား၏။

ကာကူရာက ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများကို ကျောက်စိမ်းလက်ချောင်းလေးဖြင့် ချက်ချင်း ပိတ်လိုက်ခြင်းကြောင့် ဖြစ်သည်။

"ပထမဘုရင်၊ ကျေးဇူးပြုပြီး စကားကို အရမ်းမပြောပါနဲ့။ မဟုတ်ရင် မထင်မှတ်ထားတဲ့ အကျိုးဆက်တွေကို နင်ခံစားရလိမ့်မယ်"

ကာကူရာက ကြောက်ရွံ့နေသော အမူအရာဖြင့် ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း ဘာမျှထပ်မပြောတော့ပေ။

ဤလောက၌ တန်ခိုးကြီးသော တားမြစ်တည်ရှိမှုတို့ အမှန်တကယ် ရှိသည်။ ၎င်းတို့၏အမည်ကို ရွတ်ဆိုရုံမျှဖြင့် တုံ့ပြန်မှုနှင့် သဘာဝ ရူပါရုံများကို ဖြစ်ပေါ်စေလိမ့်မည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ ဗလာနယ်ကံကြမ္မာ ဖြစ်သည်။

အန္တိမကပ်ဘေးကြီးက အမှန်တကယ်ခံစားရလျှင်ပင် သူ၏ ရေစက်ကြိုးကို ခြေရာခံရန် ခက်ခဲလိမ့်မည်။

တစ်စုံတစ်ယောက်က မည်မျှပင် အစွမ်းထက်စေကာမူ ခြေရာခံရန် မဖြစ်နိုင်ပေ။

အကယ်၍၊ ဤမျှ ကောင်းကင်ကိုမဆန့်ကျင်နိုင်ပါက... ဗလာနယ်ကံကြမ္မာသည် တာအိုခန္ဓာသုံးထောင်တွင် ပထမအဆင့်ကို မည်သို့ ရရှိနိုင်မည်နည်း။

"ကောင်းပါပြီ၊ လောလောဆယ် ဒီအကြောင်းကို မပြောတော့ဘူး။ နောက်ပြီး၊ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်ရတနာတွေအကြောင်းကို ငါသိချင်မိတယ်"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ဒီအချက်ကိုပြောရရင်... အဲဒါကြောင့်ပဲ ကူရာက နင့်ကို ပဉ္စမမြောက်ဘုရင်ကိုမသတ်ဖို့ တားဆီးခဲ့တာ"

ကာကူရာက ပြောလိုက်၏။

"ဆက်ပါဦး"

ကျွင်းရှောင်ယောက်လည်း ပို၍ စိတ်ဝင်စားလာမိသည်။

အမှန်အတိုင်းပြောရလျှင်၊ ကာကူရာသာ သူ့ကို မတားဆီးပါက... ယွင်ရှောင်ဟေးကို တစ်ခါတည်း ရိုက်သတ်မိခဲ့လိမ့်မည်။

"ငါတို့ ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးစလုံးမှာ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်ရတနာ တစ်ခုစီရှိတယ်လေ။ အဲဒါက ငါတို့ရဲ့ ကိုယ်ပိုင်ရတနာဖြစ်တဲ့အပြင် အမည်မဲ့နယ်မြေရဲ့နက်နဲရာက သော့လည်းဖြစ်တယ်"

ကာကူရာက ပြောလိုက်သည်။

ထိုစကားကြောင့်တော့ ကျွင်းရှောင်ယောက်က သိပ်ပြီးမအံ့ဩပါ။

ကမ္ဘာကိုဖျက်ဆီးခြင်း တားမြစ်ရတနာများတွင် လျှို့ဝှက်ချက်တစ်ခု ရှိသင့်သည်ဟု ယခင်ကတည်းက သူ မှန်းဆမိခဲ့သည်။

ယခုတော့ သူ့မှန်းဆချက်က မှန်ကန်နေပြီ။

ကမ္ဘာဖျက်ဆီးခြင်း တားမြစ်ရတနာခြောက်ခုက သော့ခြောက်ခု ဖြစ်သည်။

သော့ခြောက်ခုကို စုစည်းနိုင်မှသာလျှင် အမည်မဲ့နယ်မြေ နက်နဲရာမှ တံခါးကို ဖွင့်နိုင်ပေလိမ့်မည်။

ကာကူရာက သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဓားတစ်လက် ထွက်ပေါ်လာခဲ့သည်။ ယင်းက ငါးပေခန့် ရှည်လျားပြီး အမှောင်နှင့် အေးစက်စက် အငွေ့အသက်တို့လည်း ထွက်ပေါ်နေသေးသည်။

"ဒါက ကူရာရဲ့ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်ရတနာ ကောင်းကင်ငိုကြွေးနတ်ဆိုးဓားပဲ။ လက်နက်ပိုင်ရှင်တွေက တားမြစ်ရတနာခြောက်ခုကို ကိုယ်တိုင်အသက်သွင်းမှပဲ သော့တွေအဖြစ် အသုံးပြုနိုင်လိမ့်မယ်"

ကာကူရာက ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း အနည်းငယ် ခေါင်းညိတ်ပြီး ကာကူရာ၏ လက်ထဲမှ နတ်ဆိုးဓားကို ကြည့်လိုက်သည်။

နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်၊ ကောင်းကင်ငိုကြွေးနတ်ဆိုးဓား၊ မဟာကာလီ၏ကြေးမုံ၊ အမြီးဆယ်ချောင်း ဖျက်ဆီးခြင်းချပ်ပြား။

ယခုအခါ ကမ္ဘဖျက်ဆီးခြင်း တားမြစ်ရတနာခြောက်ခုအနက် လေးခုပေါ်လာပြီ ဖြစ်သည်။

"အမည်မဲ့နယ်မြေတံခါးကို ဖွင့်လိုက်မယ်ဆိုရင် ဘာရနိုင်မလဲ"

ကျွင်းရှောင်ယောက်က မေးသည်။

"အဲဒါတော့ မသိဘူး။ ဒါက ငါတို့ ဘုရင်ခြောက်ပါးရဲ့ အမွေဖြစ်နိုင်သလို နောက်အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်တယ်။ အန္တိမကပ်ဘေးကြီးနဲ့တောင် တွေ့နိုင်သေးတယ်။ ဘယ်သူမှ သေချာ မပြောနိုင်ဘူး"

ကာကူရာ၏ စကားကြောင့် ကျွင်းရှောင်ယောက်၏မျက်လုံးများ တောက်ပလာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ယွင်ရှောင်ဟေးကို မသတ်မိခဲ့ပေ။ မဟုတ်ပါက၊ အမည်မဲ့နယ်မြေ၏ နက်နဲရာကို စူးစမ်းနိုင်မည် မဟုတ်ပါ။

"ဒီခေတ်မှာတော့ ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးစလုံး တကယ်စုဝေးကြနိုင်တယ်။ အဲဒီအခါကျရင် အမည်မဲ့နယ်မြေကိုသွားပြီး အခွင့်အလမ်းကို ရယူနိုင်လိမ့်မယ်လို့ ကူရာ ခံစားရတယ်"

"ငါတို့ ကြီးပြင်းလာပြီး အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးတဲ့အခါ ထာဝရဘုန်းအသရေကို ခံစားရလိမ့်မယ်"

ကာကူရာ၏ မျက်လုံးများက တောင့်တမှုတို့ ပေါ်လွင်နေခဲ့သည်။

အင်မော်တယ်နယ်မြေကြီး ဖျက်ဆီးခံရသည်နှင့် သူတို့ ဘုရင်ခြောက်ပါး၏ ကံကြမ္မာသည်လည်း ဆုံးခန်းတိုင်လိမ့်မည်။

သူတို့က ဤကံကြမ္မာနှင့် လုံးဝ ကင်းစင်ပြီး ဤဘဝမျိုး ပြန်ဝင်စားရန် မလိုတော့ပါ။

သူမ ထာဝရလေးစားရသော ပထမဘုရင်နှင့်လည်း အတူရှိနေနိုင်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသော်လည်း ဘာမျှ မပြောတော့ပေ။

အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးပစ်ရန် သူ့အတွက် မဖြစ်နိုင်သလို သူ့အနားတွင် သူမကိုခေါ်ထားရန်လည်း မဖြစ်နိုင်ပါ။

ကျွင်းရှောင်ယောက်က သနားကြင်နာတတ်ပြီး ပရဟိတစိတ်ရှိသည့် သူရဲကောင်းဖြစ်ချင်နေတာ မဟုတ်ချေ။

အကြောင်းမှာ ကျွင်းမိသားစု၊ ကျန်းမိသားစု၊ ကျွင်းဧကရာဇ်ခုံရုံးနှင့် သူဂရုစိုက်ရသူများ အားလုံးက အင်မော်တယ်နယ်မြေကြီးတွင် ရှိနေကြခြင်းကြောင့် ဖြစ်သည်။

ထို့အပြင်၊ စူးဟုန်ယီကလည်း သူ့ဘက်တွင်ရပ်တည်ကာ သူ့နောက်ကိုလိုက်ပါမည်ဟု ကတိပြုထားပြီးပြီ။

ဘုရင်ခြောက်ပါးထဲတွင် နှစ်ဦးက ဆန့်ကျင်ဘက်များဖြစ်ခြင်းကြောင့် နောက်ဆုံးတွင် မအောင်မြင်မှသာ ထူးဆန်းမည် ဖြစ်သည်။

"ငါ့မေးခွန်းတွေကို ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်၊ အခုတော့ ကျန်တဲ့ဘုရင်နှစ်ပါး မွေးဖွားလာတာကို‌ စောင့်နေလိုက်ဖို့ပဲ ရှိတော့တယ်"

ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။

"ဒါဆိုရင် ပထမဘုရင်သခင်၊ နောက်ပိုင်းက..."

ကာကူရာက ကျွင်းရှောင်ယောက်၏ ပေါင်ပေါ်တွင် ထိုင်နေဆဲပင်။ သူက ညှို့မျက်ဝန်းတို့ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

"စစ်နတ်ဘုရားနန်းတော်ကို ပြန်သွားတော့မယ်လေ၊ နောက်မှပဲ မင်းကို လာရှာတော့မယ်"

ကျွင်းရှောင်ယောက်က ကာကူရာကို ညင်သာစွာ တွန်းထုတ်ပြီး ထရပ်လိုက်သည်။

"ပထမဘုရင် သခင်၊ နင်..."

ကာကူရာ အနည်းငယ် အံ့ဩသွားသည်။

ကျွင်းရှောင်ယောက်က သူမကို သတင်းအချက်အလက်ရှာဖွေရန် ကိရိယာတစ်ခုအနေဖြင့် အသုံးပြုပြီးနောက် ဘေးဖယ်ထားလိုက်ပါသလော။

"ကျေးဇူးတင်ပါတယ်၊ စကားစမြည်ပြောရတာ ကောင်းတယ်"

ကျွင်းရှောင်ယောက်က ပြုံးပြလိုက်သည်။ ထို့နောက်မှာတော့ ခြေတစ်ချက်လှမ်းကာ နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

ကာကူရာလည်း ခဏတာ ကြောင်တက်တက်ဖြစ်နေပြီးနောက် ခြေဆောင့်လိုက်သည်။

"ပထမဘုရင် သခင်၊ နောက်တစ်ခါကျရင် နင့်ကို အလွတ်မပေးတော့ဘူး"

ကာကူရာက တစ်ယောက်တည်း ပြောလိုက်လေသည်။

ထို့နောက် တစ်ခုခုကို ပြန်တွေးနေသကဲ့သို့ သူမ၏ အမူအရာက လေးနက်လာခဲ့သည်။

ကျွင်းရှောင်ယောက်ကို မပြောရသေးသော အကြောင်းရာတစ်ခုလည်း ရှိသေးသည်။

'ကောလဟာဘတွေအရ ဘုရင်ခြောက်ပါးစလုံး ပေါ်ထွန်းလာတဲ့အခါ ဘုရင်ခြောက်ပါးကို အမိန့်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် မွေးဖွားလာလိမ့်မယ်။ သူက အမှောင်နတ်ဆိုးဧကရာဇ်တဲ့။ ဒါက ဒဏ္ဍာရီသက်သက်လား ဒါမှမဟုတ် အမှန်တရားပဲလား'

ကာကူရာက သူ့စိတ်ထဲမှ တွေးလိုက်သည်။

ယခင်က၊ ခေတ်တစ်ခုတွင် ဘုရင်ခြောက်ပါးစလုံး တပြိုင်နက်တည်း မွေးဖွားခဲ့ခြင်း မရှိသောကြောင့်... ဤဒဏ္ဍာရီကို အမှန်မဟုတ်၊မဟုတ် ကာကူရာ မသိပေ။

ကာကူရာကိုယ်တိုင် အမှန်တရားကို မသိသောကြောင့် ကျွင်းရှောင်ယောက်ကို အထင်မမှားစေရန် မပြောခဲ့ခြင်း ဖြစ်သည်။

ပထမဘုရင်၏မာနကြောင့်လည်း မည်သူ့ထံတွင်မျှ လက်နက်ချရန် မဖြစ်နိုင်ကြောင်းကို သူမ သိပေသည်။

"အမှောင်နတ်ဆိုးဧကရာဇ် ဒဏ္ဍာရီက လွဲမှားနေဖို့ပဲ ငါမျှော်လင့်ပါတယ်"

"မဟုတ်ရင် ပထမဘုရင်နဲ့ အမှောင်နတ်ဆိုးဧကရာဇ်ကြားမှာ ငြင်းခုန်မှုတွေ ရှိလာမှာကို ငါကြောက်တယ်"

ကာကူရာ သက်ပြင်းချလိုက်လေသည်။

All Chapters