← Chapters

အခန်း ၁၀၄၁

Vol. 70 Ch. 1041

အခန်း ၁၀၄၁

Vol. 70 Ch. 1041

အခန်း ( ၁၀၄၁ ) လော့ရှန်းလင် လျှို့ဝှက်စွာ စောင့်ကြည့်နေသည်။

လေထဲတွင် ကျွင်းရှောင်ယောက်၏ ရုပ်ပုံ ပေါ်လာခဲ့သည်။

ကာကူရာနှင့် စကားပြောရင်း အချက်အလက်များစွာကို ရရှိခဲ့၏။ ထိုအချက်အလက်များကို အစီစဉ်ချရမည်။

နောက်ပိုင်းတွင် ဘာဆက်လုပ်ရမလဲဆိုတာကို ကြိုတင်စီစဉ်ထားရန် လိုအပ်သည်။

ယခုအချိန်ထိဆိုလျှင် ကျွင်းရှောင်ယောက်ဟာ အကြောင်းရာများစွာကို ပို၍ သိလာခဲ့ပြီ။

နောက်ကွယ်မှ အကြောင်းတရားနှင့် သက်ရောက်မှုများကလည်း ပိုကြီးမားလာပြီ ဖြစ်သည်။

ထိုအထဲတွင် တိုင်းတစ်ပါးပြည်၏ မူလအစနှင့် အမှောင်ထု၏ မူလအစလည်း ပါဝင်ပေသည်။

ယင်းက အစမှအဆုံးထိ တားမြစ်ချက်ဖြစ်ပြီး လျှို့ဝှက်ဆန်းကျယ်သည်။

ဤကမ္ဘာကြီးတွင် စူးစမ်းလို့မရနိုင်သော လျှို့ဝှက်ချက်ကြီးများ အများကြီးရှိသေးသည်။

ခေတ်ကာလတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သော ထိပ်တန်းကျွမ်းကျင်သူများဟာ စူးစမ်းချင်စိတ်ကြောင့် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ထူးဆန်းမှုများကို ရှာဖွေခဲ့ကြသည်။

သို့သော်လည်း အဆုံးမှာတော့ ဘယ်လိုသေသွားရမှန်းပင် မသိခဲ့ကြပေ။

ကျွင်းရှောင်ယောက်၏ ရည်ရွယ်ချက်များက ပါးလွှာသော ရေခဲပြင်ပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ ဖြစ်သည်။ သတိမထားမိပါက ကျဆုံးသွားလိမ့်မည်။

ဤအချိန်မျိုးတွင် ဗလာနယ်ကံကြမ္မာဖြစ်ခြင်း၏ အကျိုးကျေးဇူးများက ထင်ရှားလာခဲ့သည်။

အနည်းဆုံးတော့ အကြောင်းနှင့်အကျိုး သက်ရောက်မှုများက ရှုပ်ထွေးမည်မဟုတ်ဘဲ မည်သူမျှ သူ့အကြောင်းကို စူးစမ်းနိုင်မည် မဟုတ်ပေ။

'ငါက အချိန်ခရီးသွားတစ်ဦးဖြစ်ပြီး ဗလာနယ်ကံကြမ္မာလည်းဖြစ်တာကြောင့် လောကရဲ့ ကမ္မရေစက်ကြိုးတွေက ငါ့အပေါ်မှာ သက်ရောက်မှုမရှိဘူး'

'ဒါပေမဲ့လည်း ငါ သတိထားရဦးမယ်၊ မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်တယ်'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက နက်ရှိုင်းစွာ တွေးတောမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

အဓိပဓိတစ်ဦးသာဖြစ်သေးသော ကျွင်းရှောင်ယောက်က ဤလျှို့ဝှက်ဆန်းကျယ်မှုများကို စူးစမ်းရန် စိတ်ကူးနေသည်မှာ တွေးကြည့်ရန်ပင် မလွယ်ပေ။

ဧကရာဇ်များပင်လျှင် အလွယ်တကူ မဝင်ရောက်ဝံ့သည့် တားမြစ်ချက်များ အများကြီးရှိကြောင်း သိထားကြရမည် ဖြစ်သည်။

'အခုချိန်မှာ နောက်တစ်ခုကတော့ ကျန်တဲ့ဘုရင်နှစ်ပါး ပေါ်ထွက်ဖို့ကို စောင့်ဖို့ပဲ၊ ဒါကလည်း သိပ်တော့ကြာမယ်မထင်ဘူး'

'အဲဒီဘုရင်နှစ်ပါး ပေါ်လာပြီးရင် အမည်မဲ့နယ်မြေကိုသွားဖို့ အချိန်ကျပြီ။ အဲဒီမှာ လက်မှတ်ထိုးဝင်ဖို့ အခွင့်အရေးလည်း ရှိသေးတယ်'

'ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ သရဲမျက်နှာနဲ့ အမျိုးသမီးရဲ့ အကြောင်းရင်းကို စုံစမ်းဖို့ ပိအန်းဧကရာဇ်မျိုးနွယ်ကို သွားရဦးမယ်'

ကျွင်းရှောင်ယောက်က အစီအစဉ်များ ချမှတ်လိုက်သည်။

သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေးစေသည့် တစ်ခုတည်းသောအရာက သူ့အဖေ ကျွင်းဝူဟွေ့၏ တည်နေရာကိုပင်။

ကျွင်းဝူဟွေ့ဟာ နယ်စပ်တွင် ချီရှောင်းဘုရင်နှင့် တိုက်ပွဲအပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

သူက အင်မော်တယ်နယ်မြေကြီးကို ပြန်မသွားတာတော့ အသေချာပင်။

သို့ရာတွင်၊ တိုင်းတစ်ပါးမှာလည်း ကျွင်းဝူဟွေ့နှင့် ပတ်သက်သော သတင်းများ အနည်းငယ်မျှ မရှိပါ။

သူဟာ လေထဲတွင် လုံးဝ အငွေ့ပျံသွားသကဲ့သို့ ဖြစ်သည်။

ဤနေရာတွင် ဖြစ်နိုင်ခြေ နှစ်ခုရှိသည်။

ပထမအချက်က ကျွင်းဝူဟွေ့သည် တိုင်းတစ်ပါးတွင် လုံးဝ မရှိတော့ပေ။

ဒုတိယအချက်ကတော့ ကျွင်းဝူဟွေ့က တိုင်းတပါးတွင် အလွန်နက်ရှိုင်းစွာ ပုန်းအောင်းနေခြင်း ဖြစ်သည်။

ယင်းက မဖြစ်နိုင်တာ မဟုတ်ပေ။

အင်မော်တယ်နယ်မြေကြီးတွင် ပိအန်းအဖွဲ့အစည်းကဲ့သို့ တိုင်းတပါး၏ လျှို့ဝှက်အဖွဲ့အစည်းများ ရှိသည်။

သို့ဖြစ်ပေရာ တိုင်းတစ်ပါးတွင်လည်း အင်မော်တယ်နယ်မြေကြီး၏ လျှို့ဝှက်သူအချို့ သဘာဝအတိုင်း ရှိလိမ့်မည်။

သို့သော်လည်း ထိုသူများက အလွန်နက်နဲစွာ ဖုံးကွယ်ထားသောကြောင့် ကျွင်းရှောင်ယောက်လည်း သူတို့အကြောင်းကို မသိနိုင်သေးပေ။

'ပထမအချက်က သိပ်မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒုတိယတစ်ခု ဖြစ်ဖို့များတယ်'

ကျွင်းရှောင်ယောက်က တွေးလိုက်သည်။

အကြောင်းပြချက်ကတော့ ရိုးရှင်းပေသည်။

ထိုအချိန်က ကျွင်းဝူဟွေ့ ပျောက်ကွယ်သွားခြင်းမှာ အကြောင်းအရင်းတစ်ခုခု ရှိရမည်ဟု သူ အမြဲတမ်း ခံစားခဲ့ရသည်။

ကျွင်းဝူဟွေ့နှင့် ချီရှောင်းဘုရင်တို့၏ တိုက်ပွဲက သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လိမ့်မည်။

ကျွင်းရှောင်ယောက်လည်း လွန်စွာ သိချင်မိခဲ့သည်။ ကျွင်းဝူဟွေ့၏ အစီအစဉ်က ဘာများဖြစ်မည်နည်း။

သူ့ရည်ရွယ်ချက်က အဘယ်နည်း။

'ငါ မွေးကတည်းက ဒီအဖေကို မတွေ့ဖူးသေးဘူး။ ဒီတစ်ခါတော့ တိုင်းတပါးမှာ ဘယ်လိုလှုပ်ရှားမှုမျိုး ဖြစ်စေမလဲဆိုတာ ငါသိချင်မိတယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ကျားကို တိုက်ခိုက်ဖို့ ညီကိုရင်းဖြစ်မှရမည်။

တိုက်ပွဲဝင်ဖို့ သားအဖ ဖြစ်ရမည်။

ကျွင်းဝူဟွေ့နှင့် ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ရမည့်အချိန်ကို သူ မျှော်လင့်နေမိသည်။

ထို့နောက်တွင် ကျွင်းရှောင်ယောက်က ရွယ်ယွဲ့၏ အခြေအနေကို စစ်ဆေးရန်အတွက် စစ်နတ်ဘုရားနန်းတော်သို့ ပြန်ခဲ့သည်။

ရုတ်တရက်၊ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။

အကြောင်းမူကား၊ ရင်းနှီးသော ရနံ့တစ်ခုကို ရရှိလိုက်ခြင်းကြောင့်ပင်။

သို့သော်လည်း ထိုမွှေးရနံ့က ခဏသာ ထွက်ပေါ်လာပြီး ပြန်လည် ပျောက်ကွယ်သွားလေသည်။

ယခင်က ကျွင်းရှောင်ယောက်ဟာ လော့ရှန်းလင်နှင့် အတူရှိနေချိန်တွင် မွှေးရနံ့တစ်မျိုးကို တမင်ထားခဲ့သည်။။

ဤနည်းအားဖြင့်၊ လော့ရှန်းလင် လျှို့ဝှက်စွာ စောင့်ကြည့်နေခြင်း ရှိ၊မရှိ သူသိနိုင်လိမ့်မည်။

ကျွင်းရှောင်ယောက်တွင်လည်း ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များ ရှိသည်။

အကယ်၍ အင်မော်တယ်တစ်ပိုင်း အကျော်အမော်က သူ့ကိုယ်သူ အမှန်တကယ် ဖုံးကွယ်ထားလိုပါက၊ ကျွင်းရှောင်ယောက် သိရှိနိုင်မည် မဟုတ်ပေ။

ယခုတော့ ထိုမွှေးရနံ့ကြောင့် ကျွင်းရှောင်ယောက်ဟာ အူတိုတတ်သော လော့ရှန်းလင်ရောက်နေကြောင်း သဘာဝအတိုင်း သိလိုက်ရပြီ ဖြစ်သည်။

သူက အင်မော်တယ်တစ်ပိုင်း အကျော်အမော်ဖြစ်သော်လည်း တိတ်တဆိတ် ချောင်းကြည့်တတ်သေးသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲခဲ့ပါ။

မဟုတ်ပါက၊ လော့ရှန်းလင်ဟာ သူ့ကို ကျွင်းရှောင်ယောက်က သတိပြုမိသွားပြီဖြစ်ကြောင်း သိသွားနိုင်သည်။

ထိုမွှေးရနံ့က ခဏသာပေါ်လာပြီး ပျောက်ကွယ်သွားလေသည်။

လော့ရှန်းလင်က သူ့ဂုဏ်သိက္ခာအတွက်ကြောင့် ကိုယ်ထင်မပြချင်ကြောင်း ထင်ရှားသည်။

အင်မော်တယ်တစ်ပိုင်း အကျော်အမော်တစ်ဦးအနေဖြင့် ဂုဏ်သိက္ခာကို ထိန်းထားရဦးမည်။

'အီး၊ ငါကတော့ မြေခွေးငါးကောင်ရဲ့ ပြဿနာကို ဖြေရှင်းပြီးလို့ အေးသွားပြီထင်နေတာ။ အခုတော့ တကယ့်ပြဿနာက မရောက်လာသေးဘူးပဲ'

ကျွင်းရှောင်ယောက် ခေါင်းကိုက်သွားသည်။

ထိုမြေခွေးငါးကောင်က မည်မျှ ဆန္ဒပြင်းပြနေပါစေ...

ကျွင်းရှောင်ယောက်ကို အတင်းအကြပ် မလုပ်နိုင်ပါ။

သို့ရာတွင်၊ လော့ရှန်းလင်ကတော့ မတူတော့ပေ။

သူမက အင်မော်တယ်တစ်ပိုင်း အကျော်အမော် ဖြစ်သည်။

သူ အမှန်တကယ် လှုပ်ရှားပါက ကျွင်းရှောင်ယောက် ခုခံနိုင်မည် မဟုတ်ချေ။

'စစ်နတ်ဘုရားနန်းတော်ကို ပြန်ရောက်မှပဲ ငါသူ့ကို သွားပြီးနှစ်သိမ့်ပေးတော့မယ်'

ကျွင်းရှောင်ယောက်လည်း ခေါင်းကို ခါယမ်းလိုက်သည်။

မကြာမီ၊ စစ်နတ်ဘုရားနန်းတော်ကို ကျွင်းရှောင်ယောက် ပြန်ရောက်လာခဲ့သည်။

သူ ပြန်ရောက်လာသည်နှင့် စစ်နတ်ဘုရားနန်းတော်တစ်ခုလုံး တုန်လှုပ်သွား၏။

ကောင်းကင်သင်္ချိုင်းပြည်နယ်တွင်၊ ဧကရာဇ်ငယ်ခုနစ်ပါးထဲမှ တစ်ဦးဖြစ်သော နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ကို သတ်ခဲ့သည်။

အိမ်ထောင်ရေးညီလာခံတွင် ချီဟုန်ယွိကို ချေမှုန်းခဲ့၏။ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးအနက်မှ တစ်ဦးဖြစ်သော ကမ္ဘာဖျက်ဆီးခြင်း အမြီးဆယ်ချောင်း မြေခွေးနက်သည်ပင် ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်မဟုတ်ပေ။

တုရှန်မင်းသမီးငါးပါးစလုံး၏ အိမ်ထောင်ရေး ကြိုးနီများကလည်း ကျွင်းရှောင်ယောက်ကို ချည်နှောင်ခဲ့၏။

ထို့ထက်၊ တရားလွန်အောင် တုရှန်‌မင်ဖေး၏ အိမ်ထောင်ရေးကြိုးနီကပင် ချည်နှောင်ထားတော့သည်။

ဤအရာတစ်ခုစီက အရပ်ရပ်ကို တုန်လှုပ်ချောက်ချားစေရန် လုံလောက်သည်။

"စစ်နတ်ဘုရားက ငါတို့မျိုးဆက်အတွက် စံပြပုဂ္ဂိုလ်ပဲ"

"ဧကရာဇ်သားတော်ကို သတ်၊ ဖျက်ဆီးခြင်းဘုရင်ကို အနိုင်ယူပြီး မိန်းမလှလေးကို သိမ်းပိုက်တယ်။ သခင် ရှောင်ယောက်က ငါတို့ရဲ့ စံပြနဲ့ ယုံကြည်ချက်ပဲ"

စစ်နတ်ဘုရားနန်းတော်၏ တပည့်များ အားလုံးနီးပါးက ကျွင်းရှောင်ယောက်၏ ဖန်များ ဖြစ်လာခဲ့လေသည်။

ကျွင်းရှောင်ယောက်နှင့်အတူတူ အကယ်ဒမီကို တက်ရခြင်းက သူတို့အတွက် ဂုဏ်ယူစရာ ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း ထိုသူများကိုကြည့်ရင်း ပြုံးလိုက်မိသည်။

"ပျော်လိုက်တာ၊ သခင်ရှောင်ယောက်က ငါ့ကို ပြုံးပြနေတယ်"

"တော်စမ်းပါ၊ သခင်ရှောင်ယောက်က ငါ့ကိုပြုံးပြနေတာ"

နန်းတော်မှ ကျောင်းသားများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဤတုံ့ပြန်မှုကိုမြင်တော့ ကျွင်းရှောင်ယောက်၏စိတ်ထဲတွင် စိတ်ကူးသစ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

ယခုအချိန်တွင် ကံကြမ္မာနတ်ဘုရားဂိုဏ်းက ယုံကြည်သူများကို စုဆောင်းနေသည်။

တိုင်းတပါးတွင် သူ၏ ကျော်ကြားမှုဖြင့် ယုံကြည်သူများ ပို၍ ဝင်လာလိမ့်မည်။

ဟုတ်သည်၊ ဤသည်က ကျွင်းရှောင်ယောက်၏ လတ်တလော စိတ်ကူးသက်သက်ပင်။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက် ပြန်ရောက်လာကြောင်း သိရသောကြောင့် စူးဟုန်ယီက ဆီးကြိုနှုတ်ဆက်ခဲ့သည်။

စူးဟုန်ယီက ကျွင်းရှောင်ယောက်၏ လက်ထပ်ခြင်းကို ကန့်ကွက်ခြင်း မရှိပေ။

သူမ၏ အထောက်အထားမှာ ကျွင်းရှောင်ယောက်၏နောက်လိုက် ဖြစ်သည်။

သူ့တွင် သူ့ဆရာသခင်အပေါ် မနာလိုရန် အခွင့်အရေး မရှိပေ။

"ဒီမှာ အားလုံး အဆင်ပြေတယ် မဟုတ်လား၊ လော့ဝမ်ကော ဘယ်မှာလဲ"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

ကျွင်းရှောင်ယောက်က လော့ဝမ်ကို နှစ်သိမ့်ရန် သွားချင်ခဲ့ပေသည်။

"သခင်လေး၊ မကြာသေးခင်ကပဲ လော့ဝမ်က တံခါးပိတ်ကျင့်ကြံတော့မယ်လို့ ကြေညာခဲ့တယ်။ ‌ဒါကြောင့် လောလောဆယ် ဘယ်သူမှ ‌တွေ့ခွင့်မပြုသေးဘူး"

စူးဟုန်ယီက လေးလေးစားစား ပြောလိုက်သည်။

"အိုး"

ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။

သူ တကယ်ပဲ အူတိုသွားတာလား။

သို့သော်လည်း ကျွင်းရှောင်ယောက်က သွားမတွေ့တော့ပေ။

သူက ခွေးလျှာထိုးသူ ဖြစ်ခံမည် မဟုတ်ပါ။

'ဒီအတောအတွင်းမှာ ရှေးဦးဝိညာဉ်ကျမ်းကို လေ့လာရမယ်။ ဒါပေမဲ့ ဒီမတိုင်မီမှာတော့ ရွယ်ယွဲ့ကို သွားရှာရဦးမယ်'

မကြာမီ၊ အဆောင်တစ်ခုသို့ ကျွင်းရှောင်ယောက် ရောက်လာခဲ့သည်။

တံခါးကို တွန်းဖွင့်လိုက်၏။

အထဲတွင် အနက်ရောင်ဝတ်စုံဖြင့် သွယ်လျသော မိန်းကလေးတစ်ဦး တင်ပျဉ်ခွေ ထိုင်နေသည်။

သူ့မျက်နှာလေးက လှပပြီး၊ မျက်လုံးထောင့်မှ သွေးရောင်မှဲ့လေးကြောင့်လည်း ဆွဲဆောင်မှုတစ်မျိုး တိုးလာစေ၏။

ကြော့ရှင်းသော လည်တိုင်အောက်မှ ညှပ်ရိုးတစ်ဖက်မှာတော့ အနီရောင်ပန်းတစ်ပွင့်ကို ရေးထိုးထားသည်။

ထိုမိန်းကလေးက ရွယ်ယွဲ့ပင်။

"မင်းဒဏ်ရာ သက်သာလာပြီလား"

ကျွင်းရှောင်ယောက်က ညင်သာစွာ ပြောလိုက်သည်။

ရွယ်ယွဲ့ အံ့အားသင့်သွား၏။ ကျွင်းရှောင်ယောက်မှ သူ့ကို နူးညံ့သိမ်မွေ့စွာ စကားပြောသည်မှာ ဒါပထမဆုံးအကြိမ်ပင်။

ယခင်က၊ သူဟာ ကျန်းစန်းယီကို နာကျင်စေခဲ့သောကြောင့် ကျွင်းရှောင်ယောက်၏ သူ့အပေါ်သဘောထားမှာ အမြဲတမ်း အေးစက်နေခဲ့သည်။

"ကောင်းသွားပါပြီ၊ နင့်ရဲ့ ကစဉ့်ကလျား သွေးအနှစ်သာအတွက်လည်း ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ငါ့ဒဏ်ရာက မြန်မြန်သက်သာလာမှာ မဟုတ်ဘူး"

ရွယ်ယွဲ့က ခပ်တိုးတိုးလေး ပြောလိုက်သည်။

"ကောင်းတယ်"

ကျွင်းရှောင်ယောက် အနည်းငယ်ပြုံးလိုက်၏။

ရွယ်ယွဲ့၏ တန်ဖိုးကို ပြသစေရန် အချိန်တန်ပြီ။

သို့သော်လည်း ကြည်လင်စွာပြုံးနေသော ကျွင်းရှောင်ယောက်ကိုကြည့်ရင်း ရွယ်ယွဲ့ အနည်းငယ် မိန်းမောသွားသလို ခံစားလိုက်ရသည်။

ကျွင်းရှောင်ယောက်က သူမကို ပထမဆုံးအကြိမ် ပြုံးပြခြင်း ဖြစ်၏။

ထိုအပြုံးက နေရောင်ကဲ့သို့ နွေးထွေးပြီး လူတို့ကို တည်ငြိမ်မှုခံစားချက်မျိုး ပေးစွမ်းသည်။

ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရပြီး ခက်ခဲသည့် ဘဝအတွေ့အကြုံများစွာရှိခဲ့သော ရွယ်ယွဲ့မှာ ဤတည်ငြိမ်နွေးထွေးမှုတွင် သဘာအတိုင်း မျောပါသွားတော့သည်။

All Chapters