← Chapters

အခန်း ၁၀၄၂

Vol. 70 Ch. 1042

အခန်း ၁၀၄၂

Vol. 70 Ch. 1042

အခန်း ( ၁၀၄၂ ) လော့ရှန်းလင်၏ မကျေနပ်ချက်များနှင့် စိတ်ရှုပ်ထွေးမှု။

"ဘာလဲ၊ မင်းရဲ့အစ်ကိုကို ပြန်တွေးနေတာလား"

ရွယ်ယွဲ့မှာ သူ့ကိုစိုက်ကြည့်နေကြောင်း မြင်လိုက်ရတော့ ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ရွယ်ယွဲ့က သူ့ကို သေလွန်ပြီးသော သူမ၏ အစ်ကိုအဖြစ် သတ်နေမှတ်သည်ဟု တွေးထင်မိခဲ့ခြင်း ဖြစ်၏။

သူက မည်သူ့ကိုမျှ အစားထိုးမှာ မဟုတ်ပေ။

သို့သော်လည်း မထင်မှတ်ဘဲ ရွယ်ယွဲ့က ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ပါဘူး၊ ငါ နင့်ကို ကြည့်နေတာ"

ထိုစကားကြောင့် ကျွင်းရှောင်ယောက် အံ့သြသွား၏။

ဤမိန်းကလေးက ယောက်ျားများနှင့် ပရောပရည်လုပ်ရန် ဘယ်အချိန်က သင်ယူခဲ့သနည်း။

"မင်းရဲ့ အတိတ်ကို ဖြည်းဖြည်းချင်း ရှင်းပစ်လိုက်နိုင်ပုံရတယ်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

ရွယ်ယွဲ့က အတန်ကြာ တိတ်ဆိတ်နေပြီးနောက် မျက်မှောင်လေးကြုတ်ကာ ပြောလိုက်လေသည်။

"ငါ နင်နဲ့ စကားပြောပြီးနောက်ပိုင်း တစ်ခုခုကို တွေ့လိုက်ရတယ်"

"ငါဟာ တကယ်တော့ မှားယွင်းတဲ့ အစွဲလမ်းတစ်ခုမှာ ပိတ်မိနေပြီး မဖြစ်နိုင်တော့တာကို ရှာဖွေနေခဲ့တာပဲ"

"ဒါက ကိုယ့်ကိုယ်ကို အတင်း လှည့်စားနေတာပါပဲ"

ရွယ်ယွဲ့က ခါးသီးစွာဖြင့် ပြုံးလိုက်လေသည်။

ပိအန်းအဖွဲ့အစည်းနှင့် ဟွာလျန်အမည်ရှိသော အမျိုးသမီးက သူမကို လှည့်ဖြားနေခြင်းဖြစ်မှန်း သူသိခဲ့သည်။

သို့သော်လည်း ပြန်လည်ဝင်စားခြင်းဟူသော ကတိအတွက် သူကိုယ်တိုင်က ကျေကျေနပ်နပ် လှည့်စားခံခဲ့မိ‌ခြင်းပင်။

"မင်းနားလည်တာ ကောင်းတယ်၊ ဘဝက မင်းမျှော်လင့်သလိုမျိုး အမြဲတမ်းဖြစ်နေမှာ မဟုတ်ဘူး"

"မင်းအစ်ကိုကို သတိရဖို့ အကောင်းဆုံးနည်းလမ်းက မင်းကိုယ်မင်း ကောင်းကောင်းနေထိုင်ဖို့ပဲ"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

ရွယ်ယွဲ့ တုန်လှုပ်သွား၏။

ကျွင်းရှောင်ယောက်၏ စကားများက နားမလည်နိုင်သော စွမ်းအားများ ရှိနေပုံရသည်။

ယခင်က သူ့စိတ်မှာ အတိတ် အမှတ်တရများဖြင့် ချည်နှောင်ထားခဲ့ပြီး ဘယ်သောအခါမှ သက်တောင့်သက်သာ မရှိခဲ့ပေ။

ကိုယ့်ဘဝအကြောင်း ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။

ယခုတော့ ကျွင်းရှောင်ယောက်၏ စကားများကြောင့် သူ သတိဝင်လာခဲ့ပြီ ဖြစ်သည်။

ရွယ်ယွဲ့၏ နှလုံးသားက နွေးထွေးလာခဲ့သည်။

ကျွင်းရှောင်ယောက်တွင် ဤကဲ့သို့ နွေးထွေးသည့်ဘက်မျိုး ရှိနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူဟာ အပြင်ပန်းတွင် အေးစက်ပုံရသော်လည်း သူမ၏ နှလုံးသားထဲမှာ ကာလကြာရှည်စွာ ပျောက်ဆုံးနေသော နွေးထွေးမှုနှင့် ငြိမ်းချမ်းမှုကို ခံစားစေခဲ့သည်။

ရွယ်ယွဲ့၏ မျက်လုံးများမှ သိမ်မွေ့သော အပြောင်းအလဲများကို မြင်လိုက်ရတော့ ကျွင်းရှောင်ယောက် ကျေနပ်သွားသည်။

သူလိုချင်တာက ဤအကျိုးသက်ရောက်မှုမျိုးပင်။

ရွယ်ယွဲ့ကို သူ အနိုင်ယူရမည်။

ရွယ်ယွဲ့နှင့် စူးဟုန်ယီက သူ၏ အထက်ဆုံးဓားများ ဖြစ်လာကြလိမ့်မည်။

"ကောင်းပြီ၊ ငါဒီကို ရောက်လာတာက နောင်မှာ ပိအန်းအဖွဲ့အစည်းကိုသွားဖို ပြင်ဆင်နေလိမ့်မယ်လို့ မင်းကို လာပြောပြတာပဲ။ မင်းက လမ်းပြဦးဆောင်ပြီး ပိအန်းဧကရာဇ်မျိုးနွယ်ရဲ့ သဲလွန်စတချို့ ပြောပြနိုင်မယ်လို့ မျှော်လင့်တယ်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ရွယ်ယွဲ့ ခေါင်းညိတ်လိုက်၏။

သူ့အသက်ကိုပင် ကျွင်းရှောင်ယောက်က ကယ်တင်ထားခဲ့သည်။

သူမက သူ့ကို အဘယ်ကြောင့် မကူညီရဘဲရှိမည်နည်း။

"ဒါပေမဲ့ အခုချိန်မှာ အပြာရောင်လီလီပန်းမျိုးနွယ်က ငါ့အပေါ် ကောင်းမွန်တဲ့အမြင် မရှိနိုင်ဘူး"

ရွယ်ယွဲ့က တစ်စုံတစ်ခုကို သတိရသွားကာ ပြောလိုက်သည်။

ပိအန်းမင်းသားက သူမကို ကွပ်မျက်လိုခဲ့သော်လည်း...

အဆုံးတွင်၊ သူမ မသေဘဲ သူကိုယ်တိုင်သာ သေခဲ့ရပေသည်။

ထို့ကြောင့် အပြာရောင်လီလီပန်းမျိုးနွယ်ဟာ သူ့အပေါ်တွင် အထင်မြင်ကောင်း မရှိနိုင်ပေ။

“ကိစ္စမရှိပါဘူး၊ အဲဒီအချိန်ကျရင် ဘယ်သူက လုပ်ဝံ့မှာလဲ ငါ ကြည့်ချင်တယ်”

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

ယခုအခါ သူ့တွင် တခြား အထောက်အထားတစ်ခု တိုးလာပြ။

တုရှန်ဧကရာဇ်မျိုးနွယ်၏ သမက် ဖြစ်သည်။

တုရှန်ဧကရာဇ်မျိုးနွယ်၏ အမြီးကိုးချောင်း ဘုရင်မကလည်း ကတိတစ်ခု ပေးထားခဲ့သေးသည်။

ထို့အပြင် ရှန်းဘုရင်နှင့် နတ်ဘုရား၏မိစ္ဆာအတွေးကို အခြေခံ၍ သူ ထုတ်ဖော်ခဲ့သော... လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ပုံရိပ်လည်း ရှိ‌၏။

ကျွင်းရှောင်ယောက်ကို အင်မော်တယ်ဘုရင်သုံးပါးက‌ ထောက်ပံ့ထားခဲ့သည်ဟု ဆိုနိုင်သည်။

သူ့ကို မည်သူက နှောင့်ယှက်ဝံ့သလဲဟု မေးလိုက်ရုံပင်။

'ပြည်ပမှာ တခြားသူတွေကို လွှမ်းမိုးဖို့ ငါ့ရဲ့ နောက်ခံကို အားကိုးနိုင်မယ်လို့ မမျှော်လင့်ထားဘူး'

ကျွင်းရှောင်ယောက်၏စိတ်ထဲတွင် ထိုအကြောင်းကိုတွေးရင်း အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

အင်မော်တယ်နယ်မြေကြီးရှိ သူ၏အဆင့်အတန်းက မည်သူမျှမယှဉ်သာဘဲ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်အဖြစ်နှင့် လူတိုင်းကို တုန်လှုပ်စေနိုင်သည်။

နောက်ပိုင်းမှာတော့ တိုင်းတပါးသို့ ရောက်လာခြင်းကြောင့် နောက်ခံများ ဆုံးရှုံးခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် သေသေချာချာ စီစဉ်ခဲ့ရပေသည်။

ရလဒ်အနေဖြင့်၊ ယခုအခါ သူ့တွင် ခိုင်မာသော နောက်ခံရှိနေပြန်ပြီ ဖြစ်သည်။

သူတစ်ယောက်တည်းနေလျှင်ပင် အောင်မြင်မှုနှင့် ကျော်ကြားမှုများကို ရယူနိုင်သေးသည်။

ဤသည်မှာ စစ်မှန်သော ထာဝရကွဲလွဲမှု ဖြစ်သည်။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က လေ့ကျင့်ရန်အတွက် သူ့နေရာသို့ ပြန်ခဲ့သည်။

နဂါးသွေးကြောတစ်ခုလုံးကို သူ၏ အတွင်းစကြာဝဠာအတွင်းသို့ သန့်စင်ထည့်သွင်းထားခြင်းကြောင့်၊ သူ့အတွက်တော့ နေရာတိုင်းက မြင့်မြတ်နယ်မြေ ဖြစ်ချေသည်။

'နောက်ဆုံးတော့ ရှေးဦးဝိညာဉ်ကျမ်းကို စတင်လေ့ကျင့်နိုင်ပြီ'

ကျွင်းရှောင်ယောက်က ရှေးဦးဝိညာဉ်ကျမ်းကို ထုတ်လိုက်သည်။

ကောင်းကင်ကျမ်းကိုးအုပ်ထဲမှ တစ်အုပ်အနေဖြင့် ရှေးဦးဝိညာဉ်စာအုပ်၏ လျှို့ဝှက်ဆန်းကြယ်မှုများက အဆုံးမရှိပေ။

ချီရှောင်းဘုရင်၏ လမ်းညွှန်မှုဖြင့်ပင် ချီဟုန်ယွိမှာ ကောင်းစွာ နားမလည်နိုင်သေးပါ။

'ငါ ကြည့်စမ်းမယ်'

ကျွင်းရှောင်ယောက်က ရှေးဦးဝိညာဉ်ကျမ်းကိုဖွင့်ပြီး အာရုံစိုက်လိုက်သည်။

ရှေးဟောင်းစာလုံးတစ်ခုစီက အလင်းရောင်ဖြာနေပြီး လျှို့ဝှက်ဆန်းကြယ်ကာ ခန့်မှန်းမရနိုင်သော ရှေးဟောင်းကြယ်တစ်လုံးကဲ့သို့ ဖြစ်၏။

ကျွင်းရှောင်ယောက်က ရှေးဦးဝိညာဉ်ကျမ်းကို အလွန်အလေးထားသည်။

အကြောင်းမူ၊ ရှေးဦးဝိညာဉ်က ကျင့်ကြံခြင်းအတွက် အရေးကြီးဆုံးအရာ ဖြစ်နေသောကြောင့်ပင်။

ရှေးဦးဝိညာဉ်ကို အတိုင်းအတာတစ်ခုအထိ လေ့ကျင့်နိုင်ပါက၊ ရုပ်ခန္ဓာကို စွန့်ခွာပြီး စကြာဝဠာကို လှည့်ပတ်နိုင်သည်။

အတွေးတစ်ခုဖြင့် အပြောင်းအလဲမျိုးစုံကို လုပ်ဆောင်နိုင်လိမ့်မည်။

ဟုတ်သည်၊ ဤသည်က အလွန်မြင့်မားသော ဝိညာဉ်နယ်ပယ် ဖြစ်နေပြီ။

ကျွင်းရှောင်ယောက်၏ လက်ရှိ ဝိညာဉ်အဆင့်က

အနန္တအဆင့်တွင်သာ ရှိသေးသည်။

ယင်းက ပဏာမ ပြောင်းလဲမှုသာဖြစ်ပြီး အမှန်တကယ် အရည်အသွေးပြောင်းလဲမှုကို မဖြစ်စေသေးပါ။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ‌ ရှေးဦးဝိညာဉ်ကျမ်းဖြင့် သူ့ဝိညာဉ်၏ ပြောင်းလဲခြင်းက အချိန်တစ်ခုသာဖြစ်မည်ဟု ယုံကြည်မှုရှိသည်။

ထို့နောက်မှာတော့ ကျွင်းရှောင်ယောက်ဟာ လေ့ကျင့်ခြင်းတွင် နစ်မြုပ်သွားတော့သည်။

.........

တစ်ဖက်တွင်...

အကယ်ဒမီ၏ နက်ရှိုင်းသော နေရာမှာ...

ဘုရင်ဖုဖုန်း ကျေနပ်အားရ ဖြစ်နေသည်။

လော့ရှန်းလင်က တံခါးပိတ်ကျင့်ကြံပြီး ကျွင်းရှောင်ယောက်ကို မတွေ့ရန် ငြင်းဆိုကြောင်း သိရပြီးနောက် ဘုရင်ဖုဖုန်းမှာ အလွန်သက်တောင့်သက်သာရှိလာတော့သည်။

"မျိုးဆက်သစ်လူငယ်တွေက အရမ်းငယ်ပါသေးတယ်။ သူတို့က လော့ဝမ်ရဲ့ ခံစားချက်တွေကို ဘယ်လိုကစားနိုင်မှာလဲ"

"သူ တုရှန်မင်းသမီးငါးပါးနဲ့ လက်ထပ်ပြီးကတည်းက လော့ဝမ်နဲ့ အဆက်အသွယ်ရှိဖို့ မဖြစ်နိုင်တော့ဘူး"

ဘုရင်ဖုဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။

ယခင်က ‌ကျွင်းရှောင်ယောက်ဟာ သူ့အရိုးထဲမှ ဆူးတစ်ချောင်း ဖြစ်ခဲ့သည်။

အဘယ်ကြောင့် လော့ရှန်းလင်က ကျွင်းရှောင်ယောက်ကို ချစ်မိသွားမှန်း ရိုးရှင်းစွာ သူ နားမလည်နိုင်ခဲ့ပါ။

ယခုတော့ ကျွင်းရှောင်ယောက်နှင့် တုရှန်မင်းသမီးငါးပါးတို့ သုံးလကြာ တိုက်ပွဲဝင်ခဲ့ကြသည့် သတင်းက တိုင်းတပါးတခွင်သို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

လော့ရှန်းလင် လုံး စွန့်လွှတ်လိုက်သင့်ပြီဟု ဘုရင်ဖုဖုန်း ယုံကြည်ခဲ့ပေသည်။

"ဒီကောင်လေးက ခြိမ်းခြောက်မှုမဖြစ်သေးတာ တော်သေးတယ်။ သူ့ကိုထိရတာ တကယ်မလွယ်ဘူး"

ဘုရင်ဖုဖုန်းက ရေရွတ်လိုက်သည်။

ရှန်းအောင်ဘုရင်၏ ကာကွယ်မှုဖြင့် ကျွင်းရှောင်ယောက်ကို ထိရန် မဖြစ်နိုင်ပေ။

အလွန်ဆုံး၊ လျှို့ဝှက်ပြီး လှည့်ကွက်လေးများကိုသာ လုပ်နိုင်သည်။

..........

ခရမ်းရောင် ဝါးတောလေးတစ်ခု...

ဤနေရာမှာ လူသူအရောက်အပေါက်နည်းပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။

ဝါးတောထဲရှိ တိတ်ဆိတ်သော ခြံဝင်းထဲတွင်၊ ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း လှပသော အမျိုးသမီးတစ်ဦး တစ်ဦးတည်း တင်ပျဉ်ခွေထိုင်နေ၏။

လော့ဝမ်‌ဟု အများကခေါ်သော လော့ရှန်းလင် ဖြစ်သည်။

သို့သော်လည်း ဤအချိန်တွင်၊ သူမ စိတ်မတည်ငြိမ်နိုင်တော့ပါ။

မည်မျှပင် အာရုံစိုက်ထားပါစေ...

မျက်လုံးမှိတ်လိုက်သည်နှင့်၊ ကျွင်းရှောင်ယောက်၏ပေါင်ပေါ်တွင်ထိုင်နေသော အမျိုးသမီးကို မြင်လာရသည်။

မမှားပေ။

ထိုမြင်ကွင်းကို လော့ရှန်းလင် မြင်တွေ့ခဲ့ရသည်။

ယခင်က နတ်ဘုရားဝါးမျိုဧကရာဇ်သားတော်နှင့် ရင်ဆိုင်ပြီးနောက်၊ ကျွင်းရှောင်ယောက်ဟာ အိမ်‌ထောင်ရေးညီလာခံသို့ တစ်ယောက်တည်း သွားခဲ့သည်။

ထိုအချိန်က လော့ရှန်းလင်၏နှလုံးသားထဲတွင် အနည်းငယ် မနာလိုဖြစ်မိသော်လည်း...

ကျွင်းရှောင်ယောက်ကို သတို့သမီးရှာရန် သွားရောက်ခြင်းမဟုတ်ဟု ယုံကြည်ထားခဲ့သည်။

ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက်က တုရှန်ဧကရာဇ်မျိုးနွယ်၏ သမက်ဖြစ်လာကြောင်း ကြားခဲ့ရပေသည်။

ထို့ပြင်၊ မင်းသမီးငါးယောက်စလုံးနှင့် လက်ထပ်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် လော့ရှန်းလင် စိတ်ရှုပ်ထွေးသွားသည်။

သို့သော်လည်း သူဟာ လော့ဝမ်ဖြစ်ခြင်းကြောင့် သူမ၏ဂုဏ်သိက္ခာကို ထိန်းထားရဦးမည်။

ထို့ကြောင့် စိတ်ရှည်ရှည်နှင့် စောင့်ခဲ့သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်နှင့် မင်းသမီးငါးပါး၏ မင်္ဂလာဦးက သုံးလကြာသွားသည်ဟု သတင်းထွက်လာမည်ဟု မည်သူထင်ထားခဲ့မည်နည်း။

ထိုအချိန်တွင်၊ လော့ရှန်းလင် မထိန်းနိုင်တော့ဘဲ နတ်ဆိုးပြည်နယ်သို့ တိုက်ရိုက်သွားခဲ့သည်။

သူမ၏ စွမ်းရည်တို့ဖြင့် ကျွင်းရှောင်ယောက် မည်သည့်နေရာတွင် ရှိနေသည်ကို သဘာဝအတိုင်း သိပေသည်။

သို့သော်လည်း ထို့နောက်တွင်၊ ကာကူရာက ကျွင်းရှောင်ယောက်၏ပေါင်ပေါ်တွင် ထိုင်နေပြီး လည်ပင်းကိုဖက်၍ ရင်းရင်းနှီးနှီး စကားပြောနေကြောင်း တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် လော့ရှန်းလင်၏စိတ်ထဲတွင် အမျိုးအမည်မသိသော ခံစားချက်ကို ခံစားခဲ့ရပေသည်။

သို့သော်လည်း လော့ရှန်းလင်ကို စိတ်သက်သာရာရစေသည်မှာ၊ ကျွင်းရှောင်ယောက်နှင့် ကာကူရာက ယောက်ျားနှင့်မိန်းမ ဆက်ဆံရေးများ မရှိခဲ့ခြင်း ဖြစ်သည်။

ထိုအစား သူက တိုက်ရိုက် ထွက်သွားခဲ့ပေသည်။

ထိုအချိန်က သူဟာ ကျွင်းရှောင်ယောက်ကို ထွက်တွေ့ပြီး ရှင်းရှင်းလင်းလင်း မေးချင်ခဲ့သည်။

သို့သော်လည်း သူမ၏ ဂုဏ်သိက္ခာကြောင့် အဆုံးတွင် တိုက်ရိုက် ထွက်ခွာခဲ့လေသည်။

"သူက ပြန်လာတာတောင် ငါ့ဆီကိုမလာဘူး"

လော့ရှန်းလင် ရေရွတ်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း ဆုံးရှုံးမှုကို ခံစားလိုက်ရ၏။

သူ တံခါးပိတ်ကျင့်ကြံနေသည်ဟု သတင်းဖြန့်ခဲ့သော်လည်း...

ကျွင်းရှောင်ယောက်က လာကြည့်သင့်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က မလာခဲ့ပေ။

ဤအရာက လော့ရှန်းလင်ကို စိတ်တည်ငြိမ်မှု ဆုံးရှုံးစေခဲ့သည်။

'ငါ လွန်သွားတာလား၊ ဒါပေမဲ့ ငါ တကယ်ပဲ စိတ်မကျေနပ်ဘူးလေ'

လော့ရှန်းလင်မှာ အနည်းငယ် မှားယွင်းနေသည်ဟု ခံစားခံစားလိုက်မိသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော သူမ၏ နှလုံးသားသံစဥ်ကြိုးများကို ကျွင်းရှောင်ယောက်က ပထမဆုံး လှုပ်ခတ်စေခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် ကျွင်းရှောင်ယောက် အခြားမိန်းကလေးများနှင့်‌ ပေါင်းသင်းနေကြောင်း သိခဲ့ရပေသည်။ ထို့အပြင်၊ ငါးယောက်တောင် ဖြစ်သည်။

ထို့ထက်၊ ပြောရခက်သည့် လှုပ်ရှားမှုတို့ ပြုလုပ်ခဲ့သည့် ကာကူရာလည်း ရှိသေးသည်။

ဤအခြေအနေမျိုး ရင်ဆိုင်ရပါက၊ မည်သည့်မိန်းမမျှ အဆင်ပြေမည် မဟုတ်ပေ။

လော့ရှန်းလင် စိတ်အေးအေးထားနိုင်ရန် အမှန်တကယ် ခက်ခဲသည်။

အမှန်တော့၊ ကျွင်းရှောင်ယောက်သာ လာရောက်ရှင်းပြပါက... သတို့သမီးအခန်းထဲမှ ကိစ္စများကိုပင် သူ ခွင့်လွှတ်နိုင်ဦးမည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က မလာပေ။

နှစ်ပေါင်းမရေမတွက်နိုင်အောင် တစ်ကိုယ်တည်းနေလာခဲ့သော လော့ရှန်းလင်မှာ ပထမဆုံးအကြိမ် စိတ်ရှုပ်ထွေးသွားခဲ့ရပြီ ဖြစ်သည်။

All Chapters