အခန်း ၁၀၄၃
Vol. 70 Ch. 1043
အခန်း ( ၁၀၄၃ ) အနာဂတ်ရှေးဦးဝိညာဉ်ကို ဖွဲ့စည်းခြင်း။
"ငါများ တစ်ခုခုမှားသွားလို့လား"
လော့ရှန်းလင်မှာ စိတ်ရှုပ်ထွေးစွာဖြင့် ကိုယ့်ကိုယ့်ကိုယ် ပြန်တွေးလိုက်မိသည်။
သူ့တွင် အချစ်ရေးအတွေ့အကြုံ မရှိပေ။ ဤသည်က ပထမဆုံး ဖြစ်သည်။
ယခုတော့ လော့ရှန်းလင် အနည်းငယ် စိုးရွံ့နေခဲ့ပြီ။
ကျွင်းရှောင်ယောက်နှင့် လမ်းခွဲရပြီး သူစိမ်းများ ပြန်ဖြစ်သွားမည်ကို သူကြောက်သည်။
ထိုသို့ဖြစ်ပါက... မည်သို့ဖြစ်မည်မှန်း သူမ မတွေးဝံ့ပေ။
သူ့နှလုံးသား အမှန်တကယ် ကွဲကြေသွားမှာကို ကြောက်ရသည်။
လော့ရှန်းလင်က စိုးရိမ်ပူပန်လာချိန်တွင်...
ကျွင်းရှောင်ယောက်က အေးအေးဆေးဆေး လေ့ကျင့်နေခဲ့သည်။
သူ၏ မိစ္ဆာဆန်သော နားလည်နိုင်စွမ်းဖြင့် ရှေးဦးဝိညာဉ်ကျမ်းကို လျင်မြန်စွာ နားမလည်နိုင်သော်လည်း နှေးကွေးမည်တော့ မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်လအနည်းငယ်ကြာသွားသည်။
ကျွင်းရှောင်ယောက် တံခါးပိတ်လေ့ကျင့်သည်နှင့် တိုင်းတပါး ပြည်နယ်ဆယ်ခုစလုံးလည်း ခေတ္တ တိတ်ဆိတ်သွားပုံရလေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အမျိုးမျိုးသော လုပ်ဆောင်ချက်များက ပြည်နယ်ကြီး ဆယ်ခုတွင် ပျံ့နှံ့နေဆဲဖြစ်သည်။ မရေမတွက်နိုင်သော လူများကလည်း သူ့အကြောင်းများကို ပြောဆိုနေခဲ့ကြပေသည်။
ကျွင်းရှောင်ယောက်က အမျိုးသားများစွာ၏ စံပြပုဂ္ဂိုလ်ဖြစ်လာပြီး အမျိုးသမီးများစွာ၏ ကိုးကွယ်ရာလည်းဖြစ်လာခဲ့သည်။
ထိုပါ့ယွိဘက်မှာလည်း သာသနာပြုလုပ်ငန်းက ချောမွေ့နေခဲ့သည်။
ကျွင်းရှောင်ယောက်ကို နောက်ခံထားခြင်းကြောင့်လည်း သူတို့၏လမ်းကို တားဆီးမည့်သူ မရှိခဲ့ပေ။
ထို့အပြင်၊ ထိုပါ့ယွိက အလွန်ထက်မြက်ပြီး တော်ဝင်မျိုးနွယ်ကြီးများနှင့် ဧကရာဇ်တစ်ပိုင်း မျိုးနွယ်များကို ဆွယ်တရားဟောရန် မသွားပါ။
ကျွန်မျိုးနွယ်စုများသို့သာ သွား၍ ဆွယ်တရားဟောခဲ့သည်။
ထို့ကြောင့်ပင်၊ ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားကို ယုံကြည်သူအရေအတွက်မှာ နေ့စဉ်နှင့်အမျှ များပြားလာတော့သည်။
တိုင်းတပါးတွင် ကျွန်မျိုးနွယ်နှင့် စစ်သူကြီးမျိုးနွယ်များက ပုရွက်ဆိတ်အုံများကဲ့သို့ များလွန်းလှသည်။
ဤသည်က အရေအတွက် အလွန်များပြားသော မျိုးနွယ်များ ဖြစ်၏။
ထိုပါ့ယွိ၏ တွက်ချက်မှုများအရ...
ယခုအခါ၊ ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားကို ရိုသေစွာ ယုံကြည်သူအရေအတွက်မှာ သန်း ၁၀၀ ကျော်သွားပြီ ဖြစ်သည်။
တာအိုနှလုံးသားနတ်ဆိုးကျမ်းကို လေ့ကျင့်ကြသော သတ္တဝါများသည်လည်း သန်းနှင့်ချီတော့မည်။
ထို့အပြင် သွေးဝိညာဉ်တော်ဝင်မျိုးနွယ်၊ အစိမ်းရောင်တစ္ဆေတော်ဝင်မျိုးနွယ်၊ ဓားလက်မောင်းအသူရာမျိုးနွယ်နှင့် ယခင်က ကျွင်းရှောင်ယောက်ကို အညံ့ခံခဲ့သော အခြား တော်ဝင်မျိုးနွယ်စုများလည်း ရှိသေးသည်။
ယခုအခါ ယုံကြည်ခြင်းများက တော်ဝင်မျိုးနွယ်စုစာရင်း အောက်ခြေတွင်ရှိသော မျိုးနွယ်စုများကြားသို့ စတင်ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်လည်း အတွင်းစကြာဝဠာအတွင်းရှိ ယုံကြည်ခြင်းစွမ်းအားက နှစ်ဆတိုးလာသည်ဟု ခံစားခဲ့ရသည်။
ယုံကြည်ခြင်းစွမ်းအားများက ယုံကြည်ခြင်း ပင်လယ်ကြီးကဲ့သို့ စုစည်းလာခဲ့ပြီ။
ယုံကြည်ခြင်းပင်လယ်မှ တောက်ပသော လှိုင်းများက အတွင်းစကြာဝဠာတစ်ခွင်သို့ ဖြာထွက်သွားခဲ့သည်။
အကယ်၍၊ ဤယုံကြည်ခြင်းပင်လယ်ကိုသာ ဗုဒ္ဓဂိုဏ်းနှင့် ကုရ်အာန်ဂိုဏ်းကဲ့သို့ ဘာသာရေးအင်အားစုများသာ တွေ့မြင်ပါက အားလုံး မနာလိုဖြစ်ကြလိမ့်မည်။
နောက်ဆုံးတွင်၊ ယုံကြည်ခြင်းစွမ်းအားက ဘာသာရေးအင်အားစုများ၏ အုတ်မြစ် ဖြစ်သည်။
ယုံကြည်ခြင်းပင်လယ်၏ အလယ်ဗဟိုရှိ ယုံကြည်ခြင်းမျိုးစေ့မှာတော့...
ယခုအခါ နေတစ်စင်းကဲ့သို့ တောက်ပနေခဲ့ပြီ။
သို့သော်လည်း ကျွင်းရှောင်ယောက်က ယင်းကိုဂရုစိုက်ရန် အချိန်မရှိသေးပါ။
အကြောင်းမှာ၊ ယခုအခါ ကျွင်းရှောင်ယောက်က ရှေးဦးဝိညာဉ်ကျမ်းကို အသုံးပြုပြီး မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကျမ်း၏ အတားအဆီးများကို ဖြတ်ကျော်ကာ အနာဂတ်ရှေးဦးဝိညာဉ်ကို ဖွဲ့စည်းရန် ကြိုးစားနေခြင်းကြောင့်ပင်။
ကျွင်းရှောင်ယောက်၏ ဝိညာဉ်ပင်လယ်တွင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ကိုယ်စားပြုသော ပန်းသုံးပွင့် ရှိနေသည်။
အတိတ် ရှေးဦးဝိညာဉ်ပန်းနှင့် ပစ္စုပ္ပန် ရှေးဦးဝိညာဉ်ပန်းမှာတော့ ကျွင်းရှောင်ယောက် အသေးစားကဲ့သို့ ပုံရိပ်လေးနှစ်ခု တင်ပျဉ်ခွေထိုင်နေကြလေသည်။
ယင်းက အတိတ်ရှေးဦးဝိညာဉ်နှင့် ပစ္စုပ္ပန်၏ ရှေးဦးဝိညာဉ် ဖြစ်သည်။
တတိယမြောက် ရှေးဦးဝိညာဉ်ပန်းမှာတော့ အနာဂတ်၏ ရှေးဦးဝိညာဉ် ကင်းမဲ့နေဆဲ ဖြစ်သည်။
ဤသည်က ဖွဲ့စည်းရန် အခက်ဆုံးသော ဝိညာဉ်ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
ကျွင်းရှောင်ယောက်၏ မကောင်းဆိုးရွားဆန်သော အရည်အချင်းဖြင့်ပင်၊ ရှေးဦးဝိညာဉ်ကျမ်းကဲ့သို့ ကြီးမားသော အခွင့်အလမ်းကို မရရှိပါက အလွန်ခက်ခဲမည် ဖြစ်သည်။
ယခုမူကား ရှေးဦးဝိညာဉ်ကျမ်းဖြင့် ကျွင်းရှောင်ယောက်က တစ်ရှိန်ထိုး ချိုးဖြတ်မှုပြုလုပ်ရန် အသင့်ဖြစ်နေပြီ။
"ဝုန်း"
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပုံရသည်။
ရှေးဦးဝိညာဉ် စွမ်းအားများက ဒီရေကဲ့သို့ တဟုန်ထိုးတက်လာခဲ့၏။
ရှေးဦးဝိညာဉ်ကို အရည်အသွေးနှင့် သန်စွမ်းမှုအရ အဆင့် ရှစ်ဆင့် ခွဲထားသည်။
ယင်းက သာမန်အဆင့်၊ သာလွန်အဆင့်၊ ထူးကဲအဆင့်၊ အနန္တအဆင့်၊ ထာဝရသဲအဆင့်၊ လေကပ်ဘေးအဆင့်၊ အင်မော်တယ်အဆင့်၊ လွတ်မြောက်ခြင်း အဆင့်တို့ ဖြစ်ချေသည်။
ယခင်က ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ဟာ အနန္တသဲအဆင့်တွင် ရှိသည်။
အဓိပတိများကြားတွင်ပင် ယင်းက အလွန်မြင့်မားသောအဆင့်ဖြစ်နေပြီ။
ယခုတော့ သူ၏ ရှေးဦးဝိညာဉ်စွမ်းအားက တဟုန်ထိုးတက်လာပြီ ဖြစ်သည်။
အဆုံးတွင်၊ ရှေးဦးဝိညာဉ်ပင်လယ်က ဆူပွက်လာပြီးဝိညာဉ်၏အလင်းရောင်သည်လည်း နေကဲ့သို့ တောက်ပလာတော့သည်။
ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က အနန္တအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤအရာသည် အဓိပဓိနယ်ပယ်တွင် ရောက်ရှိနိုင်သည့် အကန့်အသတ်ပင်။
နောက်တစ်ခုကတော့ ထာဝရသဲအဆင့် ဖြစ်သည်။
ထိုအဆင့်တွင်၊ ရှေးဦးဝိညာဉ်ပင်လယ်က အဆုံးမဲ့ကျယ်ပြောလိမ့်မည်။
မူလအားဖြင့် စိတ်ဝိညာဉ်မှာ ရုပ်ခန္ဓာနှင့် ယှဉ်လျှင် အတော်လေး နုနယ်သည်။
သို့သော်လည်း ထာဝရသဲအဆင့်သို့ ရောက်ရှိပါက ဖျက်ဆီးပစ်ရန် အလွန်ခက်ခဲလိမ့်မည်။
ဝိညာဉ်အပိုင်းအစ အနည်းငယ် ကျန်နေသေးသရွေ့ ပြန်လည်ကောင်းမွန်လာနိုင်သည်။
အဓိပဓိနယ်ပယ်ခုနစ်ခုတွင် ထိုအဆင့် ရှေးဦးဝိညာဉ်က များများမရှိပေ။
"မဆိုးဘူး၊ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အနာတ်ဂတ်မှာ မြင့်မားလာတာနဲ့အမျှ ထာဝရသဲအဆင့်ကို ဖြတ်ကျော်ဖို့ကလည်း လွယ်လိမ့်မယ်။ အခုအချိန်မှာ အရေးကြီးဆုံးအရာက အနာဂတ်ရှေးဦးဝိညာဉ်ပဲ"
ကျွင်းရှောင်ယောက်က သူ့အသက်ရှူနှုန်းကို ထိန်းချုပ်ကာ အာရုံစူးစိုက်ကြည့်လိုက်သည်။
အနန္တသဲအဆင့် အထွတ်အထိပ်မှ ဝိညာဉ်စွမ်းအားများဖြင့် အနာဂတ်ရှေးဦးဝိညာဉ်ကို ဖွဲ့စည်းရန် ကြိုးစားလိုက်၏။
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် မိုးကြိုးထစ်ချုန်းသံများ၊ မိုးကြိုးများနှင့် မီးတောက်များလည်း တောက်လောင်လာတော့သည်။
ယင်းက အလွန်ကြောက်စရာကောင်းသော မြင်ကွင်း ဖြစ်သည်။
ရှေးဦးဝိညာဉ်(ယွမ်ရှန်း)ကို ယင်ဝိညာဉ်(ယင်ရှန်း)ဟုလည်း ခေါ်ပြီး ယင်ဓာတ်ရှိကြောင်း သိထားကြရမည်။
ယင်စွမ်းအင်များ အကြောက်ဆုံးအရာက မိုးကြိုး၊ မီးတောက်နှင့် နေအလင်းကဲ့သို့ အပူစွမ်းအား ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် မိုးကြိုး၊ မီးတောက်များဖြင့် ကျွင်းရှောင်ယောက်၏ အသိစိတ်ပင်လယ်က လွန်စွာ ကြောက်စရာကောင်းနေတော့သည်။
ရှေးဦးဝိညာဉ်အတွက် ဤသည်မှာ ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ အတိတ်ဝိညာဉ်နှင့် ပစ္စုပ္ပန်ဝိညာဉ်က တင်ပျဉ်ခွေထိုင်ကာ အင်မော်တယ်ကျမ်းကို ရွတ်ဆိုနေခဲ့သည်။ နတ်သူငယ်နှစ်ပါးကဲ့သို့ တောက်ပသော အလင်းများလည်း ဖြာထွက်နေ၏။
အခြား မျိုးဆက်တူပါရမီရှင်များသာ ဤအခြေအနေမျိုး ရင်ဆိုင်ရလျှင် သေဆုံးရမည်မှာ သေချာသလောက် ရှိသည်။
ရှေးဦးဝိညာဉ်အတွက် မိုးကြိုးနှင့် မီးတောက်များမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်အတွက်တော့ ဤသည်မှာ သံကိုပုံသွင်းမည့် တစ်လက်သာ ဖြစ်သည်။
တဖြည်းဖြည်းနှင့် အနာဂတ်ပန်းပွင့်တွင် မြူခိုးများ စီးဆင်းလာသည်။
အလင်းရောင်အနည်းငယ် လင်းလက်လာ၏။
ယင်းက အနာဂတ်ဝိညာဉ်၏ အလင်းပင်။
ကျွင်းရှောင်ယောက်လည်း အနာဂတ်အလင်းကို အာရုံစိုက်ကာ ဖွဲ့စည်းနေခဲ့သည်။
ရုတ်တရက်၊ အနာဂတ် အလင်းတန်းလေးမှတဆင့် အစိတ်စိတ်အမွှာမှာဖြစ်နေသော မြင်ကွင်းအချို့ကို မြင်လိုက်ရသည်။
အစိတ်စိတ်အမွှာမွှာဖြစ်နေသော မြင်ကွင်းထဲတွင်...
ကောင်းကင်က အက်ကွဲနေသလို မြေပြင်ကလည်း ပြိုကျနေပြီး အကောင်းမရှိတော့ပေ။
အားလုံး ပျက်စီးနေခဲ့ပြီ ဖြစ်သည်။
မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ သေဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော သွေးမြစ်သည်လည်း စကြဝဠာအတွင်း၌ စီးဆင်းနေ၏။
နေရာတိုင်းမှာလည်း အရိုးများနှင့် မျောပါနေသည့် မရေမတွက်နိုင်သော အလောင်းများစွာ ရှိနေကြသေးသည်။
အင်မော်တယ်နယ်မြေကြီးရှိ နယ်မြေတချို့ ကွဲအက်သွားပြီး အစိတ်အပိုင်းများစွာ ကွဲသွားသည်ကိုလည်း ကျွင်းရှောင်ယောက် မြင်တွေ့ခဲ့ရသည်။
စကြာဝဠာထဲတွင် မျောပါနေသည့် အလောင်းတချို့ဆိုလျှင်လည်း ဧကရာဇ်တစ်ပိုင်းအဆင့် အငွေ့အသက်များ ထုတ်လွှတ်နေ၏။
ယင်းက ဧကရာဇ်တစ်ပိုင်းအဆင့် အလောင်းများ ဖြစ်သည်။
ကျွင်းရှောင်ယောက်ကဲ့သို့ တည်ငြိမ်သူတစ်ဦးပင်လျှင် ဤအခိုက်တွင် အနည်းငယ် တုန်လှုပ်သွားမိသည်။
အင်မော်တယ်နယ်မြေကြီး ပြိုကျသွားပြီ။
ဧကရာဇ်တစ်ပိုင်း အကျော်အမော်၏ အလောင်းက စကြဝဠာအတွင်း၌ ပျံဝဲနေသည်။
သန်းနှင့်ချီသော သတ္တဝါများလည်း သေဆုံးသွား၏။
ယင်းက ကမ္ဘာပျက်မည့် မြင်ကွင်းတစ်ခုပင်။
"ဘာတွေဖြစ်နေတာလဲ"
ထိုအပိုင်းအစ မြင်ကွင်းများက ကျွင်းရှောင်ယောက်၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
"ကမ္ဘာနှစ်ဖက်ကြား စစ်ပွဲဖြစ်ပွားပြီး တိုင်းတစ်ပါးက နယ်နိမိတ်ကို ချိုးဖောက်ခဲ့တာလား"
ကျွင်းရှောင်ယောက်လည်း စဉ်းစားလိုက်သည်။
အနာဂတ်ဝိညာဉ်၏ ဖွဲ့စည်းမှုက သူ့အား အနာဂတ် တစေ့တစောင်းကို အမှန်ပင် သိစေခဲ့ပေသည်။
"မဟုတ်ဘူး၊ တစ်ခုခု လွဲနေတယ်"
ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်၏။
ထိုကဲ့သို့သော ဘေးဥပဒ်နှင့် မငြိမ်မသက်မှုမျိုးက တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်ပုံနှင့်မတူပေ။
ရုတ်တရက်... ကျွင်းရှောင်ယောက်၏ အမူအရာ ပြောင်းသွားသည်။
အကြောင်းမူ၊ အနာဂတ်၏ အပိုင်းအစတစ်ခုတွင် ရင်းနှီးသောရုပ်သွင်တစ်ခုကို မြင်လိုက်ရသောကြောင့်ပင်။
သွေးစွန်းနေသော အဖြူရောင်အဝတ်အစားနှင့် မိန်းကလေးတစ်ယောက်...
ထိုမိန်းကလေးက ကျန်းစန်းယီ...
ကျန်းစန်းယီက ဝမ်းနည်းကြေကွဲပြီး အဆုံးမရှိ လွမ်းဆွတ်နေသော မျက်လုံးများနှင့် ကြည့်လိုက်သည်။
ယင်းက ပစ္စုပ္ပန်နှင့် အနာဂတ်ကြားရှိ အချိန်နှင့်နေရာတို့ကို ဖြတ်ကျော်ကြည့်ရှုနေသကဲ့သို့ပင်။
"ရှောင်ယောက်... မင်းအတွက်ဆိုရင် ငါ ဆန္ဒရှိပါတယ်"
"ဒီတစ်ခါတော့ ငါ့ကို ရူးမိုက်ခွင့်ပြုပါ..."
ကျန်းစန်းယီက ကျောက်စိမ်းလက်တစ်ဖက်ကို သူ့ရင်ဘတ်ပေါ် တင်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်က နှင်းမှုန်လေးများအဖြစ်သို့ ပြောင်းသွားသည်။
အဆုံးမဲ့ နတ်အလင်းများ တောက်ပနေပြီး တဒုတ်ဒုတ်ခုန်နေသော နှလုံးသားကို ကျန်းစန်းယီက ကိုယ်တိုင်ထုတ်ယူလိုက်၏။
နှလုံးခုန်သံတိုင်းက စကြဝဠာ၏ မရေမတွက်နိုင်သော နိယာမများကို တုန်ခါစေသည်။
ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသား ဖြစ်တော့သည်။