← Chapters

အခန်း ၁၀၄၄

Vol. 70 Ch. 1044

အခန်း ၁၀၄၄

Vol. 70 Ch. 1044

အခန်း ( ၁၀၄၄ ) မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကို စုစည်းပြီ။

"တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"

ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်သည်။

ကျွင်းရှောင်ယောက်ဟာ အမြဲတမ်း ‌တည်ငြိမ်ပြီး အားလုံးကို လျစ်လျူရှုထားတတ်သူ ဖြစ်သည်။

ယခုတော့ သူစိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးလာခဲ့ပြီ။

အင်မော်တယ်နယ်မြေကြီးကို ပြိုကွဲစေပြီး ဧကရာဇ်တစ်ပိုင်း အကျော်အမော်ကို သေစေခဲ့သည့် ကပ်ဘေးက အဘယ်နည်း။

ကျန်းစန်းယီက အဘယ်ကြောင့် ထိုသို့လုပ်ရသနည်း။

ကျွင်းရှောင်ယောက် နားမလည်‌နိုင်ပေ။

လုံးဝ နားမလည်နိုင်ပါ။

သူ မည်မျှပင် ထက်မြက်နေစေကာမူ၊ ဇာတ်ညွှန်းကို ကျွမ်းကျင်ပြီး အနာဂတ်နှင့်ပတ်သက်သည့် အရာအားလုံးကို သိရှိနိုင်မည် မဟုတ်ပေ။

ဤအနာဂတ်ထောင့်စွန်းက မည်သို့ဖြစ်သနည်း။

ကျန်းစန်းယီ သေဆုံးတော့မည်လော။

ကျွင်းရှောင်ယောက် မတွေးနိုင်တော့ပေ။

"မဟုတ်ဘူး၊ ဒါက ကပ်ဘေးကို ကျော်လွှားဖို့အတွက် အတွင်းနတ်ဆိုးလား"

ကျွင်းရှောင်ယောက် ရုတ်တရက် သတိဝင်လာခဲ့သည်။

လက်ရှိတွင် သူက ရှေးဦးဝိညာဉ်၏ ကပ်ဘေးဒုက္ခကို ဖြတ်သန်းနေသည်။

အနာဂတ်ထောင့်စွန်းဟုခေါ်သော ဤအစိတ်အပိုင်းများက အနာဂတ်ရှေးဦးဝိညာဉ်ကို မဖွဲ့စည်းနိုင်ရန် တားဆီးနေသော အတွင်းနတ်ဆိုး ဖြစ်နိုင်သည်။

ယင်းက မဖြစ်နိုင်တာလည်း မဟုတ်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ ထိုအနာဂတ်ထောင့်စွန်းက သူ၏ အတွင်းနတ်ဆိုး မဖြစ်နိုင်ကြောင်း မသိစိတ်မှ ခံစားခဲ့ရသည်။

ထိုအစား၊ ဤသည်မှာ အနာဂတ်တွင် အမှန်တကယ်ဖြစ်လာနိုင်သော အရာတစ်ခုပင်။

ကျွင်းရှောင်ယောက်လည်း အနာဂတ်တွင် ကျန်းစန်းယီ အမှန်တကယ် သေဆုံးသွားပါက သူ မည်သို့ဖြစ်မလဲဟု တွေးမိသည်။

သို့ရာတွင်၊ ထိုအကြောင်းကို သူ မတွေးချင်ပေ။။

"ဒီလို လွဲမှားနေတဲ့ အနာဂတ်နဲ့ ငါ့ကို စိတ်ရှုပ်ထွေးအောင် လုပ်ချင်တာလား"

ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။

သူ့စရိုက်နှင့် စိတ်ဆန္ဒက သာမန်ထက် သာလွန်သည်။

ကောင်းကင်ထောက်တိုင်ကြီး သူ့ရှေ့တွင် ပြိုလဲလျှင်ပင် သူ့မျက်နှာက ပြောင်းလဲမည် မဟုတ်ပါ။

ဤအနာဂတ်၏ ထောင့်စွန်းလေးဖြင့် စိတ်ရှုပ်ထွေး‌စေရန် ကြိုးစားခြင်းက သူ့အား အထင်သေးလွန်းသည်။

"ငါ့ရဲ့ကံကြမ္မာက ဘယ်သူနဲ့မဆိုင်ဘူး၊ ငါ့အနာဂတ်ကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ"

"နောက်ပြီးတော့ ဒီအခြေအနေကို ငါ ခွင့်မပြုဘူး"

ကျွင်းရှောင်ယောက်၏ စိတ်က တည်ငြိမ်လာခဲ့သည်။

အနာဂတ်၏ အပိုင်းအစများက အဆုံးမရှိသော အလင်းတန်းများအဖြစ် တခဏချင်း ပြိုကွဲသွားသည်။

ထို့နောက် အနာဂတ်၏ပန်းပွင့်ပေါ်တွင် အလင်းတန်းများ စုစည်းသွား၏။

တဖြည်းဖြည်းနှင့် ကျွင်းရှောင်ယောက် အသေးစားဗားရှင်းကဲ့သို့ ကြည်လင်သော လူသေး‌သေးလေး ထွက်ပေါ်လာတော့သည်။

ယင်းက အနာဂတ် ရှေးဦးဝိညာဉ် ဖြစ်သည်။

"ဝုန်း"

အနာဂါတ်၏ ရှေးဦးဝိညာဉ်က စုဝေးသွားချိန်တွင်...

ကျွင်းရှောင်ယောက်၏ အသိစိတ်ထဲရှိ မျိုးဆက်သုံးခု ပန်းသုံးပွင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ဝိညာဉ်သုံးခု ရှိနေပြီ ဖြစ်သည်။

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်။

ကျွင်းရှောင်ယောက်၏ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်က နောက်ဆုံးတွင် အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီ။

မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်က လုံး၀ ဖွဲ့စည်းပြီးသွားချိန်တွင်...

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ဝိညာဉ်သုံးပါးမှ ဝိညာဥ်နိယာမ အပိုင်းအစသုံးခု ပေါ်လာခဲ့သည်။

ထို့နောက် ဝိညာဥ်နိယာမ အပိုင်းအစသုံးခုက ပြီးပြည့်စုံသော နိယာမအဖြစ် ပေါင်းစပ်ဖွဲ့စည်းခဲ့၏။

ရှေးဦးဝိညာဉ်ကျမ်း။

ယခင်က ကျွင်းရှောင်ယောက်ဟာ ရှေးဦးဝိညာဉ် အင်မော်တယ်စွမ်းအင်ကို သိပ်သည်းထားခြင်း မရှိခဲ့ပေ။

ယခုမူကား၊ မျိုးဆက်သုံးခု ရှေးဦး၀ိညာဉ်၏ အကူအညီဖြင့် ဝိညာဉ်နိယာမကို တိုက်ရိုက်ပေါင်းစပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ယင်းက ကျွင်းရှောင်ယောက် ထိန်းချုပ်ထားသည့် တတိယမြောက် နိယာမပင်။

ခဏအတွင်း... ကျွင်းရှောင်ယောက်ဟာ သူ၏နယ်ပယ်က ရှေ့သို့ နောက်တစ်လှမ်းတိုးပြီး အဓိပဓိနယ်ပယ် သေးငယ်သော ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရသည်။

အမှန်ဆိုရလျှင် သူက နောက်ထပ် အဆင့်တက်နိုင်သေးသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က နိယာမများကို ထပ်မံစုဆောင်းပြီးမှ ဖြတ်ကျော်လိုခဲ့သည်။

ဤနည်းအားဖြင့် အဆင့်တက်ရာတွင် အကျိုးကျေးဇူးများက ပို၍ အားကောင်းလာလိမ့်မည်။

ကျွင်းရှောင်ယောက်၏ ရည်မှန်းချက်မှာ အဓိပဓိနယ်ပယ်၏ နိယာမကိုးပါးကိုသာ ထိန်းချုပ်ရန် မဟုတ်ပါ။

ထိုအစား အကန့်အသတ်ကို ဖြတ်ကျော်လိုသည်။

ကျွင်းရှောင်ယောက်က အဆင့်တက်သွားချိန်တွင်...

သူ တံခါးပိတ်လေ့ကျင့်နေသည့် နေရာမှာ...

ကောင်းကင်ယံက တိမ်မည်းများ ဖုံးလွှမ်းနေပြီး မိုးကြိုးထစ်ချုန်းသံများလည်း မြည်ဟီးနေသည်။

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဖိအားများ ပေါက်ကွဲထွက်လာ၏။ လူတိုင်း၏ ရှေးဦးဝိညာဉ်များ တုန်လှုပ်သွားသလို ခံစားလိုက်ရတော့သည်။

"ကြောက်စရာကောင်းလိုက်တဲ့ ဖိအား၊ အဲဒါက စစ်နတ်ဘုရားဆီကနေ လာနေတာပဲ"

"သွားကြည့်ကြရအောင်"

ပတ်ဝန်းကျင်ရှိ စစ်နတ်ဘုရားနန်းတော်မှ တပည့်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ထိုအချိန်တွင်၊ ဖေးချင်ရွယ်က လူတိုင်းကို တားဆီးလိုက်၏။

"ကျေးဇူးပြုပြီး... ငါတို့က စစ်နတ်ဘုရားကို မနှောင့်ယှက်ချင်ပါဘူး။ အဝေးကနေပဲ ဂါရဝပြုချင်တာ"

အဆင့်အတန်းမြင့် ပါရမီရှင် တပည့်တစ်ဦးက ပြောလိုက်သည်။

"သခင်လေး လေ့ကျင့်နေတယ်၊ ဘယ်သူမှ ဝင်လို့မရဘူး"

ဖေးချင်ရွယ်က ပြတ်ပြတ်သားသား ပြောသည်။

"အဲဒီလို‌တော့ မလုပ်နဲ့လေ၊ ငါတို့က စစ်နတ်ဘုရားရဲ့ အောင်မြင်မှုအတွေ့အကြုံကနေ သင်ယူချင်တာ"

ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုမှ ပါရမီရှင်က မျက်မှောင်ကြုတ်လိုက်သည်။

ကျွင်းရှောင်ယောက်၏ရှေ့တွင် သူတို့က သဘာဝအတိုင်း အလွန်နှိမ့်ချသည်။

သို့သော်လည်း ဖေးချင်ရွယ်ကတော့ တော်ဝင်မျိုးနွယ်၏ မင်းသမီးလေးတစ်ပါးထက် မပိုပေ။

ကျွင်းရှောင်ယောက်၏ အစေခံဟူသော အထောက်အထားသာ မရှိပါက နန်းတော်ကိုပင် တက်ရောက်နိုင်မည် မဟုတ်ပါ။

"နင်တို့..."

ဖေးချင်ရွယ်က အံကိုတင်းတင်းကြိတ်လိုက်သည်။ သူ့ထံမှ အေးစက်စက် အငွေ့အသက်များလည်း ထွက်ပေါ်လာ၏။

သူမ၏ ရေခဲအရိုးကို အသက်သွင်းလိုက်တော့မည်။

သို့သော်... လူတိုင်းက အတင်းအကြပ် ဖောက်ဝင်တော့မည့်အချိန်တွင်...

ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်ကို လူတိုင်း ခံစားလိုက်ရသည်။

ထိုသတ်ဖြတ်ချင်စိတ်အောက်တွင် သူတို့၏ နှလုံးသားများ အေးခဲသွားပုံရ၏။

ဧကရာဇ်တစ်ပိုင်းမျိုးနွယ်၏ ပါရမီရှင်များပင် ထူးခြားမှုမရှိပေ။

"သခင်လေးကို ဘယ်သူက နှောင့်ယှက်ဝံ့တာလဲ"

အေးစက်စက် စကားသံနှင့်အတူ အနီရောင်ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ဦး ပေါ်လာခဲ့သည်။

"မဟာကာလီ... စူးဟုန်ယီ..."

ထိုမိန်းကလေးကို မြင်ရသည်နှင့် တပြိုင်နက်၊ ဧကရာဇ်တစ်ပိုင်း မျိုးနွယ်များ၏ ပါရမီရှင်များပင်လျှင် ခေါင်းမွှေးထောင်ထသွားတော့သည်။

စူးဟုန်ယီက ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးအနက်မှ တစ်ပါးဖြစ်လာခြင်းမှာ လျှို့ဝှက်ချက်မဟုတ်ပေ။

ထိုအတွက် သူ့ကိုမြင်တော့ လူတိုင်း တုန်လှုပ်သွားကြခြင်း ဖြစ်သည်။

"သခင်လေးရဲ့ လေ့ကျင့်မှုကို အနှောင့်အယှက်ပြုဝံ့သူတိုင်း သေရမယ်"

စူးဟုန်ယီ၏ သွေးနီရောင်မျက်လုံးများက မန္ဒလာပန်းများ ပေါ်လာခဲ့သည်။ သူမက လှုပ်ရှားတော့မည်။

သို့သော်...

"ရွှပ်"

အနက်ရောင် တံစဉ်ကောက်တစ်ချောင်းက ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ပါရမီရှင်တစ်ဦးကို ထက်ခြမ်းခွဲချသွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် စူးဟုန်ယီပင် အံ့အားသင့်သွားမိ၏။

ခန္ဓာကိုယ်နှစ်ခြမ်းက ဘေးကို ကွဲကျသွားတော့သည်။

ထိုအချိန်တွင် ကောင်းကင်ယံမှ သေမင်းတံစဉ်ကောက်ကို ကိုင်ထားပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး လျှောက်လှမ်းလာခဲ့သည်။

ထိုမိန်းကလေးကတော့ ရွယ်ယွဲ့ပင်။

"ဂလု"

ပတ်ဝန်းကျင်မှ ပါရမီရှင်အားလုံး တံတွေးကို ပြိုင်တူ မြိုချလိုက်မိသည်။

ကျွင်းရှောင်ယောက်၏ နောက်လိုက် အားလုံးက ချောမောလှပသော မိန်းကလေးများသာ။

သို့ရာတွင်... တစ်ယောက်က တစ်ယောက်ထက်ပို၍ ရက်စက်သည်။

အစွမ်းထက်မြက်၏။

"ဘာလို့ ထွက်မသွားသေးတာလဲ"

ရွယ်ယွဲ့က အေးစက်စက် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

လူသတ်အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ သူမ၏ သတ်ဖြတ်ချင်စိတ်က သဘာဝအတိုင်း အားမနည်းပေ။

"အခုထွက်သွားပါ့မယ်"

ပါရမီရှင် လူငယ်အားလုံး အလောတကြီး ပြောဆိုကာ ထွက်သွားသည်။

သေဆုံးသွားသော ပါရမီရှင်၏အလောင်းကို ကောက်ယူရန်တော့ မည်သူမျှ ရောက်မလာခဲ့ပါ။

သူတို့နောက်ကွယ်မှ ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုကလည်း ကျွင်းရှောင်ယောက်ကို ဒုက္ခပေးဝံ့မည် မဟုတ်‌ပေ။

"နင်..."

စူးဟုန်ယီက မျက်မှောင်ကြုတ်ပြီး ရွယ်ယွဲ့ကို ကြည့်လိုက်သည်။

ထိုမိန်းကလေးမှာ ပါရမီရှင်ရွေးချယ်ပွဲနေ့တွင် သူမနှင့်အတူ ကျွင်းရှောင်ယောက်၏ ကယ်တင်ခံခဲ့ရသူဖြစ်ကြောင်း အမှတ်ရမိသည်။

"အားလုံးက သခင်ငယ်လေးအတွက် လုပ်နေကြတာပဲ"

ရွယ်ယွဲ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။

နှစ်ယောက်သား မျက်လုံးချင်းဆုံသွားကြသည်။

အတိုင်းအတာတစ်ခုထိ သူတို့၏ စိတ်နေစိတ်ထားများက အနည်းငယ် ဆင်တူကြပေသည်။

တစ်ဦးက အနီရောင်ဝတ် နတ်ဆိုးဘုရင်မနှင့် တူပြီး နောက်တစ်ယောက်ကတော့ အမှောင်ယံညမှ သတ်ဖြတ်ခြင်းနတ်သမီးကဲ့သို့ပင်။

လူတစ်ဦးတွင် မဟာကာလီ၏ စွမ်းရည်ရှိပြီး ကျန်လူတစ်ဦးက တာအိုခန္ဓာအားလုံးကို ဝါးမျိုချသော အထူးခန္ဓာတစ်မျိုး ရှိသည်။

ဖေးချင်ရွယ်လည်း အကြောင်းတစ်ခုခုကြောင့် ဤမိန်းကလေးနှစ်ယောက်က ပြိုင်ဆိုင်နေကြသလို ခံစားလိုက်ရလေသည်။

အပြင်ဘက်မှ လှုပ်ရှားမှုများ ငြိမ်သက်သွားချိန်၊ ကျွင်းရှောင်ယောက် လေ့ကျင့်နေသောနေရာတွင်...

ကျွင်းရှောင်ယောက်က မျက်လုံးဖွင့်လိုက်သည်။

ယခုအခါ သူ့အရှိန်အဝါက ယခင်ကထက် ပို၍ အားကောင်းလာခဲ့ပြီ။

ခန္ဓာက အဓိပဓိနယ်ပယ် သေးငယ်သော ပြီးပြည့်စုံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ရှေးဦးဝိညာဉ်အဆင့်ကလည်း အနန္တအဆင့် အထွတ်အထိပ်သို့ ရောက်သွား၏။

အနာဂတ်ဝိညာဉ်ကို စုစည်းနိုင်ကာ ဝိညာဉ်သုံးပါးလည်း စုဝေးခဲ့ပြီ။

ရှေးဦးဝိညာဉ်နိယာမကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။

ရှေးဦးဝိညာဉ်ကျမ်း၏ အကုအညီဖြင့် ကျွင်းရှောင်ယောက်ဟာ ယခုအချိန်တွင် ကြီးကြီးမားမား တိုးတက်ခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော်လည်း အနာဂတ်မြင်ကွင်း၏ ထောင့်စွန်းက ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် တွေးတောစေခဲ့သည်။

ခဏကြာပြီးနောက် ကျွင်းရှောင်ယောက်က သူ့ခေါင်းကို ခါယမ်းလိုက်လေသည်။

"တော်ပါ၊ ဘာဖြစ်လို့ အများကြီး စဉ်းစားနေရမှာလဲ။ ငါ ကျွင်းရှောင်ယောက်က ကံကြမ္မာကို မယုံဘူး"

ကျွင်းရှောင်ယောက်က အဝေးကို လှမ်းကြည့်လိုက်သည်။

ထိုအကြောင်းများကို ယခုစဉ်းစားနေလျှင်ပင် အသုံးမဝင်ပေ။ သူ့ခွန်အားကို မြှင့်တင်ခြင်းကသာ စစ်မှန်သည့်နည်းလမ်း ဖြစ်သည်။

မိမိခွန်အားသာ အထွတ်အထိပ်သို့ ရောက်ရှိပါက၊ ရှည်လျားသော အချိန်မြစ်ကြောင်းကိုပင် ဖြတ်ကျော်နိုင်သည် သို့မဟုတ် ဖြတ်တောက်နိုင်လိမ့်မည်။

အနာဂတ်၏ ထောင့်စွန်းကို အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။

'နောက်တစ်ခုက သရဲမျက်နှာဖုံးနဲ့ အမျိုးသမီးရဲ့အကြောင်းကို စုံစမ်းဖို့အတွက် ပိအန်းဧကရာဇ်မျိုးနွယ်ကို သွားဖို့ပဲ'

'ဒါက ငါ့စိတ်ကို နှောင့်ယှက်နေတာ ကြာပြီ'

'ဒါပေမဲ့ ဒီမတိုင်ခင် လော့ရှန်းလင်ဆီကို သွားရဦးမယ်'

ပြန်လာပြီးနောက်၊ သူဟာ လော့ရှန်းလင်ကို သွားမတွေ့ခဲ့သည့်အပြင် လအနည်းငယ်ကြာ လျစ်လျူရှုခဲ့မိသည်။

ယခုတော့ လော့ရှန်းလင်ကိစ္စကို ဖြေရှင်းရဦးမည်။

ပိအန်းဧကရာဇ်မျိုးနွယ်နှင့် အမည်မဲ့နယ်မြေကို ပြဿနာကို ဖြေရှင်းပြီးနောက် ကျွင်းရှောင်ယောက်ဟာ အင်မော်တယ်နယ်မြေကြီးသို့ ပြန်သွားတော့မည် ဖြစ်သည်။

ထိုအချိန်ကျလျှင်၊ သူတို့ အမှန်တကယ် လမ်းခွဲရနိုင်ချေရှိပေသည်။

အင်မော်တယ်တစ်ပိုင်း အကျော်အမော်တစ်ဦးကို အချည်းနှီး မစွန့်လွှတ်ချင်ပေ။

အင်မော်တယ်တစ်ပိုင်း အကျော်အမော်က မည်သည့်နေရာတွင်မဆို၊ တန်ခိုးထွားသော တည်ရှိမှုများ ဖြစ်ကြသည်။ သူက ကျွင်းဧကရာဇ်ခုံရုံးသို့ လော့ရှန်းလင်ကို ဆွဲခေါ်လိုပေသည်။

ထို့ပြင်၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေပြီ ဖြစ်သည်။

သူက ပွဲတက်ရန် အဆင်သင့် ဖြစ်နေပြီ။

All Chapters