← Chapters

အခန်း ၁၀၄၅

Vol. 70 Ch. 1045

အခန်း ၁၀၄၅

Vol. 70 Ch. 1045

အခန်း ( ၁၀၄၅ ) ကျွန်တော် ဟန်မဆောင်တော့ဘူး။

ကျွင်းရှောင်ယောက်၏ အောင်မြင်မှုများက စစ်နတ်ဘုရားနန်းတော်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်မှာ သေချာသည်။

ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုက စစ်နတ်ဘုရားနန်းတော်မှ တပည့်များအတွက်လည်း ကြီးမားသော သက်ရောက်မှုတို့ ဖြစ်စေခဲ့ပေသည်။ ယင်းက သူတို့ကို ဆတက်ထမ်းပိုးတိုး၍ လေ့ကျင့်စေခဲ့သည်။

အကြီးအကဲမူနှင့် အခြားသူများလည်း ကျွင်းရှောင်ယောက်ကို လာတွေ့ပြီးနောက် လွန်စွာ ကျေနပ်အားရမှု ဖြစ်ခဲ့ကြပေသည်။

ကျွင်းရှောင်ယောက်က နောင်တွင် ရှန်းအောင်ဘုရင်၏ နေရာကိုဆက်ခံကာ၊ စစ်နတ်ဘုရားနန်းတော်၏ မဏ္ဍိုင်အသစ်ဖြစ်လာမည်ဟုပင် သူထင်ခဲ့သည်။

ကျွင်းရှောင်ယောက်ကတော့ လူအများ၏ ချီးကျူးစကားများကြောင့် ပြုံးရုံသာ ပြုံးလိုက်သည်။

သူက တိုင်းတစ်ပါးတွင် ထာဝစဉ်နေမည် မဟုတ်ပေ။ သူတို့က တစ်နေ့တွင် ရန်ဘက်များ ဖြစ်လာခဲ့ရမည် ဖြစ်သည်။

အချိန်တန်သောအခါတွင်၊ သူ့ကို အရူးအမူးကိုးကွယ်နေပြီဖြစ်သော ဤတိုင်းတပါးသားများ မည်သို့ ခံစားရမည်ကို တွေးကြည့်ရန်ပင် မလွယ်ပေ။

ထို့နောက်တွင် ကျွင်းရှောင်ယောက်က လော့ရှန်းလင်ရှိရာ ခရမ်းရောင်ဝါးတောသို့ သွားခဲ့သည်။

ဝါးတောလေးက တိတ်ဆိတ်ငြိမ်သက်နေလေသည်။ စမ်းချောင်းငယ်လေးကတော့ တသွင်သွင် စီးဆင်းနေဆဲ ဖြစ်သည်။

လော့ရှန်းလင်မှ တံခါးပိတ်ကျင့်ကြံမည်ဟု သတင်းထွက်လာပြီးနောက် မည်သူမျှ သူ့ကို မတွေ့ရတော့ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ကိုတော့ မည်သူမျှ မတားဆီးဝံ့ပါ။

သူက သီးခြား ခြံဝင်းဆီသို့ ရောက်လာခဲ့သည်။

"ရှန်းလင်၊ မင်းမှာ အချိန်နည်းနည်းလောက် ရှိလား"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ဤတစ်ခေါက်တွင် သူက လော့ရှန်းလင်ကို ဖြေရှင်းရန် ရောက်လာခြင်း ဖြစ်သည်။

သို့သော်လည်း သူ့ပုံရိပ်ကိုတော့ နိမ့်ကျခံမည် မဟုတ်ပါ။

လျှာထိုးခွေးဖြစ်လာရန်ဆိုပါက ပို၍ ဖြစ်နိုင်ချေနည်းသည်။

စကားသံဆုံးသွားသော်လည်း ခြံဝင်းအတွင်းမှ လှုပ်ရှားမှုမရှိပါ။

ကျွင်းရှောင်ယောက်လည်း ခဏကြာ ရပ်နေပြီးနောက် လှည့်ထွက်ရန် ဟန်ပြင်လိုက်သည်။

‌လော့ရှန်းလင်သာ အမှန်တကယ် ထိုသဘောထားမျိုး ရှိနေပါက အဘယ်ကြောင့် ဆက်စောင့်နေရဦးမည်နည်း။

"ကျွီ"

တံခါးက အနည်းငယ် ပွင့်ဟသွားသည်။

ကျွင်းရှောင်ယောက် တိတ်တဆိတ် ပြုံးလိုက်လေသည်။

မိန်းမက မိန်းမသာ ဖြစ်သည်။

သို့သော်လည်း လော့ရှန်းလင်က ဤမျှ မာနကြီးနေရခြင်းမှာ သာမာန်ပင်။ အင်မော်တယ်တစ်ပိုင်း အကျော်အမော်တစ်ယောက်အနေဖြင့် သူ့မျက်နှာကို ထိန်းထားရဦးမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။

အထဲတွင် လှပပြီး ချစ်စရာကောင်းသော ရုပ်ပုံလွှာတစ်ခုကို မြင်လိုက်ရ၏။

လော့ရှန်းလင်က ထိုင်ဖုံတစ်ခုပေါ်တွင် ထိုင်နေသည်။ သူ့လက်ထဲတွင်လည်း စုတ်တံတစ်ခုကို ကိုင်ထားသေးသည်။

သူ့ရှေ့မှာတော့ ပန်းချီကားတစ်ချပ် ရှိနေသည်။

ပန်းချီကားက လော့မြစ်ကမ်းနံဘေးတွင် ရပ်နေသော အမျိုးသမီးတစ်ဦး၏ ပုံဟန်ပင်။ သူမက နတ်သမီးတစ်ပါးကဲ့သို့ လှပပြီး ကောင်းကင်ကို ပျံတက်သွားတော့မည့်ဟန် ရသည်။

ယင်းက လော့ရှန်းလင်ကို ကျွင်းရှောင်ယောက် ပေးထားခဲ့သည့် ပန်းချီကားပင်။

ပန်းချီကားပေါ်တွင်လည်း "လော့ရှန်းဖူ" ဆိုသော စာသားကို ရေးထားသည်။

သို့ရာတွင်၊ ပန်းချီကားက ယခင်ကနှင့် အပြည့်အဝ မတူတော့ပေ။

လော့မြစ်ကမ်းနားမှ အမျိုးသမီး၏ဘေးမှာ အမျိုးသားတစ်ယောက် ရှိနေသည်။

ထိုလူက အရပ်မြင့်မြင့်နှင့် အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ထား၏။ နတ်အလင်းများကလည်း သူ့ပတ်ဝန်းကျင်တွင် ရစ်ဝဲနေသေးသည်။

ကျွင်းရှောင်ယောက်၏ ပုံတူ ဖြစ်သည်။

ထိုပုံကိုတော့ လော့ရှန်းလင်ကိုယ်တိုင် ရေးဆွဲခဲ့ခြင်း ဖြစ်ချေသည်။

နတ်သားနှင့် နတ်သမီးကဲ့သို့ အမျိုးသားနှင့် အမျိုးသမီးက ‌မြစ်ကမ်းနံဘေးတွင် ရပ်နေခဲ့သည်။

"ကြည့်လို့ကောင်းလား"

လော့ရှန်းလင်က ရုတ်တရက် သူ့နှုတ်ခမ်းကို အသာဟကာ မေးလိုက်သည်။

"ကောင်းတယ်"

ခဏတာ နှုတ်ဆိတ်သွားပြီးနောက် ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။

"ငါ့ရဲ့ ပန်းချီစွမ်းရည်က ဘာမှမဟုတ်သေးဘူးလို့ ငါထင်တယ်၊ မင်းရဲ့ ကျက်သရေကို ဖော်ပြလို့မရဘူး"

လော့ရှန်းလင်က ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

ကျွင်းရှောင်ယောက်၏ ချောမောမှုကို ပုံဖော်နိုင်သော်လည်း... သူ၏ စိတ်နေစိတ်ထားမှာတော့ ဖော်ပြရန်မလွယ်ပေ။

"ကျားအရေထက် ကျားအရိုးကိုတော့ ရဖို့ခက်တယ်။ လူတစ်ယောက်ရဲ့ မျက်နှာကို မှတ်မိလွယ်ပေမဲ့ သူ့နှလုံးသားကို နားလည်ဖို့တော့ ခက်ပါတယ်"

လော့ရှန်းလင်က ပြောလိုက်၏။

ထိုစကားက အဓိပ္ပာယ်တစ်ခုခု ပါဝင်နေသလိုပင်။

ကျွင်းရှောင်ယောက် အနည်းငယ်ရှက်သွားသည်။

ဂုဏ်သိက္ခာရှိသော လော့ဝမ်သည်ပင် အသည်းကွဲကာ နာကြည်းသော မိန်းမအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။

ဤအခြေအနေကို ဆန်းစစ်ကြည့်မည်ဆိုပါက အဓိကမှာ ကျွင်းရှောင်ယောက်ကြောင့် ဖြစ်သည်။

"ရှန်းလင်၊ မင်း မေးချင်နေတာကို ကိုယ်သိပါတယ်။ တကယ်လို့ တုရှန်မင်းသမီးငါးပါးနဲ့ ကျွန်တော်ကြားမှာ ဘာမှမဖြစ်ခဲ့ဘူးလို့ပြောရင် မင်း ယုံမှာလား"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

လော့ရှန်းလင်၏ မျက်လုံးများက အရောင် မှိန်မှိန်လေး လင်းလက်သွား၏။

အမှန်တော့၊ အစကတည်းက သူဟာ ထိုကိစ္စကို မယုံခဲ့ပေ။

တုရှန်မင်းသမီးငါးပါးက အလွန်လှပသော်လည်း၊ ကျွင်းရှောင်ယောက်ဟာ ထိုကဲ့သို့ စိတ်ဖောက်လွယ်သူ မဟုတ်ပေ။

ထို့အပြင်၊ ကျွင်းရှောင်ယောက်သာ မိန်းမလှလေးများကို လိုက်စားသူဖြစ်ပါက...

တုရှန်မင်းသမီးငါးပါးထံ အထူးသွားနေစရာ လိုပါဦးမည်လော။

သူက တုရှန်မင်းသမီးငါးပါးထက် နိမ့်ကျသောသူ ဖြစ်သလော။

"အဲဒါဆိုရင် ဘာဖြစ်လို့..."

လော့ရှန်းလင်က တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းသွားသည်။

"အကြောင်းပြချက်တစ်ခုကြောင့်ပဲ ကိစ္စရပ်တွေ အများကြီးဖြစ်ခဲ့ရတယ်။ တကယ်လို့ ကျွန်တော်သာ တုရှန်ဧကရာဇ်မျိုးနွယ်ရဲ့ စွမ်းအားကို လိုအပ်တာကြောင့်လို့ပြောရင် ဘာပြောမလဲ"

ကျွင်းရှောင်ယောက်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"မင်းက ဧကရာဇ်မျိုးနွယ်ရဲ့ စွမ်းအားကို လိုအပ်တယ်၊ ဘာအတွက်လဲ..."

နောက်ဆုံးတွင်၊ လော့ရှန်းလင်က သူမ၏ခေါင်းကို အနည်းငယ်လှည့်ပြီး ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ယခင်ကတည်းက ကျွင်းရှောင်ယောက်ကို နားလည်ရခက်သော လျှို့ဝှက်ဆန်းကြယ်တစ်ခုလို ဖြစ်နေသည်ဟု သူမ ခံစားခဲ့ရပေသည်။

ကျွင်းရှောင်ယောက် အသက်ပြင်းပြင်းရှူလိုက်သည်။

သူ့အစီအစဉ်ကို ပြီးမြောက်စေရန် တစ်ခါတည်း လုပ်တော့မည်။

"ရှန်းလင်၊ မင်းမှာ မင်းရဲ့ ကိုယ်ပိုင်အတိတ်တွေရှိတယ်... ကျွန်တော်လည်း ဒီလိုပြောဖူးပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိတယ်"

"အခုတော့၊ ကျွန်တော်ရဲ့အကြောင်း အရာအားလုံးကို ရိုးရိုးသားသား ပြောပြနိုင်ပြီ"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ရှောင်ယောက်၊ မင်း..."

လော့ရှန်းလင်လည်း ကျွင်းရှောင်ယောက်မှာ တစ်ခုခု ထူးခြားနေကြောင်း သတိပြုမိသွားသည်။

သူ့လက်ကို အလိုအလျောက်ဝှေ့ယမ်းပြီး ချောင်းမြောင်းနားထောင်ခြင်းမှ တားဆီးရန် အကာရန်တစ်ခုကို ချက်ချင်း ပြုလုပ်လိုက်တော့သည်။

"ကျွန်တော်တို့ ပထမဆုံး စတွေ့ခဲ့တဲ့အချိန်ကို မှတ်မိသေးလား"

ကျွင်းရှောင်ယောက်က ရုတ်တရက် မေးလိုက်သည်။

လော့ရှန်းလင် မျက်လွှာချပြီး မျက်လုံးကို အနည်းငယ်ငုံ့ကာ ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်ပါတယ်၊ ငါမှတ်မိတယ်"

ထိုအချိန်က မဆုံစည်းခဲ့လျှင်...

ယနေ့ဇာတ်လမ်းမျိုး မည်သို့ဖြစ်လာနိုင်မည်နည်း။

"အဲဒီအချိန်က ကျွန်တော်ကို စစ်နတ်ဘုရား‌နန်းတော်ဆီ လျှို့ဝှက်ရောက်လာတဲ့ အင်မော်တယ်နယ်မြေကြီးရဲ့ သူလျှိုတစ်ယောက်လို့ မင်းပြောခဲ့တယ်"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

"အဲဒါက မင်းကို စမ်းသပ်နေရုံပါ"

လော့ရှန်းလင် အနည်းငယ်ရှက်ရွံ့သွားလေသည်။

"တကယ်တော့ မင်း မှန်းဆတာ မှန်ပါတယ်။ ကျွန်တော်ကို စတွေ့ကတည်းက မင်း ခန့်မှန်းတာ မမှားခဲ့ဘူး"

ကျွင်းရှောင်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။

လော့ရှန်းလင်၏ အမူအရာက အေးခဲသွားသည်။ သူမက ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်၏။

ကျွင်းရှောင်ယောက်က အတွင်းစကြာဝဠာအတွင်းရှိ အနက်ရောင်သွေး၏ အရှိန်အဝါကို ဖိနှိပ်လိုက်သောအခါ၊ မူလ အင်မော်တယ်နယ်မြေကြီး၏ အရှိန်အဝါသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

"ကျွန်တော်က အင်မော်တယ်နယ်မြေကြီးမှာရှိတဲ့ ကျွင်းမိသားစုကနေ လာခဲ့တာပါ။ ကျွန်တော်နာမည်ကတော့ ရှောင်ယောက်ပါပဲ၊ ဒါပေမဲ့... ယွီရှောင်ယောက် မဟုတ်ဘူး..."

"ကျွင်း ရှောင် ယောက်"

ကျွင်းရှောင်ယောက်က တစ်လုံးချင်း တည်ငြိမ်စွာ ပြောလိုက်သည်။

သို့ရာတွင်၊ လော့ရှန်းလင်၏ နားထဲမှာတော့ သူ့စကားတိုင်းက မီးတောင်ပေါက်ကွဲသွားသကဲ့သို့ပင်။

သူမ စိတ်ရှုပ်ထွေးသွားသည်။

ခေါင်းထဲတွင် နောက်ကျိသွား၏။

အင်မော်တယ်တစ်ပိုင်းအဆင့် သူမ၏ တည်ငြိမ်မှုဖြင့်ပင် ဤအခြေအနေကို လက်ခံရန် အနည်းငယ် ခက်ခဲသည်။

နောက်ဆုံးတွင်...

သူက ယွီရှောင်ယောက်မဟုတ်ဘဲ ကျွင်းရှောင်ယောက် ဖြစ်သည်။

သို့ဆိုလျှင်...

ယခင် အရာအားလုံးက သူမကို လိမ်ညာနေတာလား။

ပို၍ အရေးကြီးသည်မှာ ကျွင်းရှောင်ယောက်က ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးထဲမှ တစ်ပါး...

အင်မော်တယ်နယ်မြေကြီးသို့ ဘေးအန္တရာယ်နှင့် ပျက်စီးခြင်းများကို ယူဆောင်လာပေးမည့် ကမ္ဘာဖျက်ဘုရင် ဖြစ်သည်။

ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဖြစ်၏။

ယင်းက ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံး ဟာသတစ်ခု မဟုတ်လော။

ဤသတင်းသာ ပေါက်ကြားသွားလျှင် တိုင်းတစ်ပါးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားနိုင်သည်။

အကြောင်းမူ၊ သာမန်လူများအပြင်... အင်မော်တယ်ဘုရင်များပင်လျှင် ကျွင်းရှောင်ယောက်၏ လှည့်စားခြင်းကို ခံခဲ့ကြရသောကြောင့်ပင်။

လော့ရှန်းလင်၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။

သူမ၏ ပထမဆုံး တုံ့ပြန်မှုက၊ ဤသည်မှာ လိမ်ညာမှုတစ်ခုဖြစ်ပြီး ကျွင်းရှောင်ယောက်က သူမကို တမင်စနောက်နေခြင်းသာ ဖြစ်သည်။

သို့သော်လည်း အင်မော်တယ်နယ်မြေကြီး၏ အရှိန်အဝါက အတုအယောင် မဟုတ်ပေ။

ထို့အပြင်၊ ဤမျှအကဲဆတ်သော အရာကို သူ နောက်ပြောင်နေမည်ဟု မထင်ပါ။

လော့ရှန်းလင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

ဤသတင်း၏ သက်ရောက်မှုက ကြီးမားလွန်းပေသည်။

"ကျွင်းရှောင်ယောက်... ကျွင်းရှောင်ယောက်..."

လော့ရှန်းလင်လည်း ဤနာမည်ကို တစ်နေရာရာမှာ ကြားဖူးသလို ခံစားလိုက်ရသည်။

ထို့နောက်တွင်၊ ရုတ်တရက် သတိရလိုက်၏။

ယခင်က တိုင်းတပါးဟာ ရှန်းရွှီကမ္ဘာကို ဖြတ်ကျော်ရန် စီစဉ်ခဲ့သည်။

သို့သော်လည်း အင်မော်တယ်နယ်မြေကြီးရှိ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ဖြစ်သော ကျွင်းရှောင်ယောက်မှ ဖျက်ဆီးခြင်းကို ခံခဲ့ရပေသည်။

ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က ဤခေတ်တွင် အင်မော်တယ်နယ်မြေကြီးမှ မကောင်းဆိုးရွားဆန်ဆုံး လူငယ်များထဲတွင် တစ်ဦး ဖြစ်သည်။

သူက တိုင်းတပါးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုပင်။

သို့သော်လည်း နောက်ပိုင်းမှာတော့ ကျွင်းရှောင်ယောက် ကွယ်လွန်သွားကြောင်း သတင်းရရှိခဲ့သည်။

လော့ရှန်းလင်လည်း ထိုအကြောင်း သိပ်ဂရုမစိုက်မိခဲ့ပေ။

ယခုတော့...

တိုင်းတစ်ပါး၏ အကြံအစည်များကို ဖျက်စီးပြီး တိုင်းတစ်ပါးအတွက် ခြိမ်းခြောက်မှုကြီးဟု ယူဆရသည့် ကျွင်းရှောင်ယောက်က သူ့ရှေ့တွင် အသက်ရှင်လျက် ရပ်နေပြီ ဖြစ်သည်။

"ဝှစ်..."

လော့ရှန်းလင်က ရုတ်တရက် လှုပ်ရှားလိုက်သည်။ ရေငွေ့များက စီးဆင်းလာပြီး သူ့လက်ထဲတွင် ရေခဲဓားအဖြစ် စုဖွဲ့သွား၏။

ဓားဦးက ကျွင်းရှောင်ယောက်၏ နှလုံးသားတည့်တည့်ကို ချိန်ရွယ်လိုက်တော့သည်။

ကျွင်းရှောင်ယောက်လည်း မလှုပ်ရှားဘဲ ပြုံးကာ ရပ်ကြည့်နေခဲ့သည်။

All Chapters