အခန်း ၁၀၄၇
Vol. 70 Ch. 1047
အခန်း ( ၁၀၄၇ ) အစီအစဉ် ပြီးပြည့်စုံခဲ့ပြီ။
အခန်းထဲတွင် တိတ်ဆိတ်နေသည်။
ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် လော့ရှန်းလင်မှာ ထိုကဲ့သို့သော အတိတ်မျိုး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မူလက သူဟာ အင်မော်တယ်နယ်မြေကြီးရှိ မြစ်တစ်စင်းဖြစ်သော်လည်း နောက်ဆုံးတွင် တိုင်းတစ်ပါး၏ လော့ဝမ် ဖြစ်လာခဲ့ရသည်။
ကျွင်းရှောင်ယောက်လည်း ဒဏ္ဍာရီလာ ဧကရာဇ် လော့ရှန်မီဖေးအကြောင်းကို အလိုအလျောက် တွေးလိုက်မိသည်။
မြွေလူသားမျိုးနွယ်၏ ထိုက်အယ်ဘုရားကျောင်းတွင် ရှိခဲ့စဉ်က သူဟာ မီးဖေး၏ အကြွင်းအကျန်ဝိညာဉ်နှင့် စကားစမြည် ပြောခဲ့ဖူးပေသည်။
မီဖေးက မြစ်ဝိညာဉ်မှ ပြောင်းလဲခဲ့ခြင်း မဟုတ်ပေ။
သော်လည်း
သို့သော်လည်း သူမက မြစ်များကို အုပ်စိုးသော လော့မြစ်နတ်သမီး ဖြစ်သည်။
ဤရှုထောင့်မှကြည့်လျှင် လော့မြစ်နတ်သမီးမီဖေးက လော့ရှန်းလင်၏ ဘိုးဘွား ဖြစ်သင့်သည်။
"ဒါက ငါ့အတိတ်၊ ငါ့ရဲ့ လျှို့ဝှက်ချက်ပဲ"
လော့ရှန်းလင်က ပြောလိုက်သည်။
သူမ၏ အတိတ်ကို မည်သူ့ကိုမျှ မပြောခဲ့ဖူးပေ။
ယခုတော့ သူဟာ ကျွင်းရှောင်ယောက်ကို အရာအားလုံး ပြောပြပေးခဲ့ပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ သံသယများကိုလည်း နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့ပြီ။
လော့ရှန်းလင်ကို ပထမဆုံး စတွေ့ချိန်ကတည်းက သူမသည် လူသားနှင့်မတူသော ရိုးရှင်းမှုတို့ရှိနေသည်ဟု ကျွင်းရှောင်ယောက် ခံစားခဲ့ရသည်။
သူမ၏ ကြည်လင်သော မျက်လုံးအစုံက ရိုးသားဖြူစင်မှုတို့ ရှိပေသည်။
ယခုတော့ အရာအားလုံးက အဓိပ္ပာယ်ရှိခဲ့ပြီ ဖြစ်သည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်ဟာ ဇာတ်လမ်းထဲက အမျိုးသားကို အတော်လေး စိတ်ဝင်စားသည်။
တင်ပျဉ်ခွေထိုင်ကာ တာအိုတရား နားလည်ဆင်ခြင်ရုံဖြင့် မြစ်တစ်စင်းကို ဝိညာဉ်အသိ မွေးထုတ်ပေးစေနိုင်ခဲ့သည်။
ယင်းက ထိုလူ၏ကျင့်ကြံခြင်းအဆင့်မှာ သာမန်မဟုတ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။
"အဲဒီလူက ကစဉ့်ကလျားခန္ဓာလား"
ကျွင်းရှောင်ယောက်က မေးသည်။
လော့ရှန်းလင် အနည်းငယ် ခေါင်းညိတ်လိုက်၏။
ကျွင်းရှောင်ယောက်၏ သံသယများက ထပ်မံ ပြေလည်သွားပြန်သည်။
လော့ရှန်းလင်က သူ့ကို ပထမဆုံး စတွေ့ခဲ့ချိန်တွင် အဘယ်ကြောင့် စိတ်ဝင်စားခဲ့သနည်း။
အကြောင်းမှာ သူက ကစဉ့်ကလျားခန္ဓာဖြစ်ခြင်းကြောင့် ဖြစ်သည်။
"တကယ်တော့ အစက မင်းကို စစ်နတ်ဘုရားဖြစ်လာဖို့ အကြံပြုခဲ့ချိန် ငါ့မှာ ရည်ရွယ်ချက်ကောင်း မရှိခဲ့ဘူး"
"အဲဒီလူကြောင့်လည်း ငါ့မှာ ကစဉ့်ကလျားခန္ဓာနဲ့ပတ်သက်ပြီး အထင်မြင်ကောင်း မရှိခဲ့ဘူးလေ"
"ဒါပေမယ့် မင်းနဲ့တွေ့ပြီးတဲ့နောက် ငါစိတ်ပြောင်းသွားတယ်။ မင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့သူတစ်ယောက်ပါပဲ"
လော့ရှန်းလင်မှာ ပြောရင်း အနည်းငယ်ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။
ပထမတော့ သူဟာ ကျွင်းရှောင်ယောက်ကို အမှန်တကယ် လှောင်ပြောင်လိုခဲ့သည်။
နောက်ဆုံးတွင်၊ ကစဉ့်ကလျားခန္ဓာက သူမကို သတ်လုနီးပါးဖြစ်ခဲ့သည် မဟုတ်လော။
သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် တွေ့ခဲ့ပြီးနောက် လော့ရှန်းလင်ဟာ ကျွင်းရှောင်ယောက်ကို စိတ်ဝင်စားစရာကောင်းသော လူတစ်ယောက်ဟု ခံစားခဲ့ရသည်။
ဤသို့ဖြင့် နောက်ပိုင်းဇာတ်လမ်းများ ဖြစ်ခဲ့ရခြင်းပင်။
ကျွင်းရှောင်ယောက်လည်း အနည်းငယ် ကံကောင်းသည်ဟု ခံစားခဲ့ရသည်။
ကံကောင်းတဲ့အချက်က ငါဟာ ရုပ်ချောတယ်။
ရုပ်ဆိုးပန်းဆိုးဖြစ်ပါက လော့ရှန်းလင် စိတ်ဝင်စားရန် မလွယ်ပေ။
နောက်ဆုံးတွင် ဤခေတ်က ရုပ်ရည်ကိုကြည့်သောခေတ် ဖြစ်သည်။
"ဒါဆိုရင် ကျွန်တော်အသက်ကို ချမ်းသာပေးခဲ့အတွက် ရှန်းလင်ကို ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်က အနည်းငယ် လက်ယှက်ကာ ဦးညွတ်လိုက်သည်။
လော့ရှန်းလင်လည်း လွင်လွင်လေး ရယ်မောလိုက်လေသည်။
ကျွင်းရှောင်ယောက်က သူမကို စနောကနေမှန်း သူ သိသည်။
သူတို့နှစ်ဦးကြား လျှို့ဝှက်ဖလှယ်မှုအပြီးတွင် လေထုက ယခင်ကကဲ့သို့ တင်းမာမှုမရှိတော့ပေ။
"အခု မင်းက အင်မော်တယ်နယ်မြေကြီးကဆိုရင် ငါကလည်း အင်မော်တယ်နယ်မြေကြီးကပဲ။ ငါက မင်းအကြောင်းကို ဘယ်လိုလုပ်ပြီး ဖော်ထုတ်မှာလဲ"
လော့ရှန်းလင်က ခပ်တိုးတိုးလေး ပြောလိုက်သည်။
ကျွင်းရှောင်ယောက်၏ အထောက်အထားက သူမကို အံ့ဩစေခဲ့သည်။
သို့ရာတွင်၊ လော့ရှန်းလင်က တိုင်းတစ်ပါးနှင့်ပတ်သက်သော ခံစားချက် မရှိပါ။
ဟုတ်သည်၊ အင်မော်တယ်နယ်မြေကြီးနှင့်လည်း စိတ်ခံစားချက် မရှိပေ။
သူမက မြစ်တစ်စင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် မည်သည့်နေရာမှဆိုသော စိတ်ခံစားချက် မရှိပါချေ။
သူမကို အိမ်ဟု ဝိုးတဝါး ခံစားရစေခဲ့သော တစ်ခုတည်းသောအရာမှာ စစ်နတ်ဘုရားနန်းတော် ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် စစ်နတ်ဘုရားနန်းတော်က ဘာမျှ မဟုတ်တော့ပါ။
"ရှန်းလင်၊ မင်း အင်မော်တယ်နယ်မြေကြီးကို ပြန်ဖို့ တွေးဖူးလား"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
သူက အကဲစမ်းလိုက်၏။
"အင်မော်တယ်နယ်မြေကြီးကို ပြန်ဖို့လား"
လော့ရှန်းလင် အံ့အားသင့်သွား၏။ သူမ၏ လှပသော မျက်လုံးများက အနည်းငယ် အရောင်မှိန်ဖျော့သွားကာ ပြောလိုက်သည်။
"အဲဒီလူပြောတာ ငါက မြစ်တစ်စင်းသာဖြစ်တာကြောင့် မြစ်တစ်စင်းပဲ ဖြစ်နိုင်တယ်တဲ့"
"ဝိညာဉ်အသိ မွေးဖွားလာတာက သဘာဝကို ဆန့်ကျင်နေတဲ့ အမှားအယွင်းတစ်ခု ဖြစ်နိုင်တယ်"
လော့ရှန်းလင်၏ စိတ်ထဲတွင် အမြဲတမ်း ရှုပ်ထွေးနေခဲ့သည်။
သူက တည်ရှိနေသင့်သလား၊ မရှိဘူးလား။
သို့တည်းမဟုတ်၊ သာမန်မြစ်တစ်စင်းအဖြစ်ပဲ ရှိနေမယ်ဆိုရင် ပိုပြီးကောင်းမှာလား။
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။
သူက ရှေ့ကိုလှမ်းပြီး လော့ရှန်းလင်ကို ညင်သာစွာ ပွေ့ဖက်လိုက်၏။
လော့ရှန်းလင်၏ နူးညံ့သော ခန္ဓာကိုယ်လေးက အေးစက်တောင့်တင်းသွားတော့သည်။
"ရှန်းလင်၊ ကမ္ဘာကြီးပေါ်မှာရှိတဲ့ အရာအားလုံးမှာ ကိုယ်ပိုင် အကြောင်းပြချက်ရှိတယ်"
"အရင်က မင်းဟာ သာမာန်မြစ်တစ်စင်းဖြစ်နိုင်ပေမဲ့ အခု မင်းမှာ နာမည်တစ်ခုရသွားပြီ။ မင်းက အသက်ဝိညာဉ်နဲ့ ရှင်သန်နေတဲ့ လော့ရှန်းလင်ပဲ"
"ဒါကြောင့် မင်းရဲ့ကိုယ်ပိုင်ဖြစ်တည်မှုကို သံသယဖြစ်စရာမလိုပါဘူး။ လူသားတစ်ယောက်အနေနဲ့ နေထိုင်ဖို့က မင်းရဲ့ကံကြမ္မာပဲ"
ကျွင်းရှောင်ယောက်၏ စကားများက လော့ရှန်းလင်၏စိတ်ထဲမှာ လှုပ်ရှားသွားစေခဲ့သည်။
ယခင်က ထိုအတွေးများကြောင့် သူမ၏ နှလုံးသားမှာ တည်ငြိမ်မှုမရှိခဲ့ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ စကားက သူ့နှလုံးသားကို ငြိမ်သက်စေခဲ့သည်။
လော့ရှန်းလင်၏ မျက်လုံးထောင့်များမှ မျက်ရည်များ စီးကျလာတော့သည်။
ကျွင်းရှောင်ယောက်ကို ပြန်လည် ပွေ့ဖက်ထားလိုက်မိသည်။
ခပ်တင်းတင်း ပွေ့ဖက်လိုက်၏။
အင်မော်တယ်နယ်မြေကြီးနှင့် တိုင်းတစ်ပါးပြည်တို့ကြား တိုက်ပွဲများကို သူမ လုံးဝ ဂရုမစိုက်တော့ပါ။
သူမကို နားလည်သူနှင့်တွေ့ဖို့က တခြားအရာများထက် ပိုအရေးကြီးသည်။
ပွေ့ဖက်ခြင်းဖြင့် နှစ်သိမ့်ပြီးနောက် လော့ရှန်းလင်မှာ တည်ငြိမ်သွားခဲ့သည်။ သို့သော်လည်း သူမ၏ လှပသော မျက်နှာလေးကတော့ နီမြန်းနေတော့သည်။
"ကျွန်တော်ရဲ့အသက်ကို ကယ်လိုက်နိုင်ပြီ ထင်တယ်"
ကျွင်းရှောင်ယောက်က စနောက်ဟန်ဖြင့် ပြုံးလိုက်သည်။
လော့ရှန်းလင်လည်း ချစ်စဖွယ် မျက်စောင်းလေးထိုးလိုက်လေသည်။
သူမအတွက် ကျွင်းရှောင်ယောက်ကို အန္တရာယ်ပြုရန် သဘာဝအတိုင်း မဖြစ်နိုင်ပေ။
ထိုအစား၊ သူဟာ ကျွင်းရှောင်ယောက်ကို တိုင်းတစ်ပါးတွင် တစ်ခုခုဖြစ်မည်အား စတင် စိုးရိမ်လာခဲ့သည်။
"ရှောင်ယောက်၊ မင်းရဲ့အထောက်အထားက တိုင်းတပါးမှာ အရမ်းအန္တရာယ်များတယ်"
လော့ရှန်းလင်က စိုးရိမ်ပူပန်စွာ ပြောသည်။
ကျွင်းမိသားစုဟာ တိုင်းတပါးအတွက် အသားထဲမှ ဆူးဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။
ကျွင်းရှောင်ယောက်ကတော့ ကျွင်းမိသားစုမှ နတ်ဘုရားသားတော် ဖြစ်၏။ သူ၏ အထောက်အထားကို ထုတ်ဖော်ခံရပါက အကျိုးဆက်များမှာ မှန်းဆ၍ပင် မရနိုင်ပေ။
"စိတ်မပူပါနဲ့ ရှန်းလင်၊ ကျွန်တော်ရဲ့ဝိသေသလက္ခဏာကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ဘူး"
"အားလုံး ပြီးသွားတဲ့အခါ ကျွန်တော် ရှန်းလင်ကို ပြန်ခေါ်သွားမယ်"
ကျွင်းရှောင်ယောက်က လော့ရှန်းလင်ကိုကြည့်ပြီး ခိုင်မာစွာ ပြောလိုက်သည်။
"အင်မော်တယ်တယ်နယ်မြေကြီးကို ပြန်ရောက်တဲ့အခါ အဲဒီလူနဲ့တွေ့ရင်..."
လော့ရှန်းလင်က အနည်းငယ် စိုးရိမ်နေသေးသည်။
ယင်းက ကစဉ့်ကလျားခန္ဓာ ဖြစ်သည်။
ထို့ပြင်၊ လော့ရှန်းလင်ဟာ ထိုကစဉ့်ကလျားခန္ဓာတွင် ကြီးမားသော ဇာစ်မြစ်ရှိရမည်ဟု ခံစားခဲ့ရသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူ မသေလောက်သေးပေ။
"စိတ်မပူပါနဲ့၊ အင်မော်တယ်နယ်မြေကြီးက ကျွန်တော် ကျွင်းမိသားစုရဲ့ ကမ္ဘာပဲ။ အဲဒီကစဉ့်ကလျားခန္ဓာ ရှိနေသေးရင်တောင် သူ့ကို ကြောက်နေစရာ မလိုဘူး"
ကျွင်းရှောင်ယောက်၏ စကားများက လော့ရှန်းလင်ကိူ သက်တောင့်သက်သာရှိပြီး လုံခြုံမှု အပြည့်အဝ ခံစားရစေခဲ့သည်။
အမျိုးသမီးများအတွက် အလိုအပ်ဆုံးအရာက အမျိုးသားများထံမှ လုံခြုံနွေးထွေးမှု ခံစားချက်ပင်။
သူမ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်က ကျွင်းရှောင်ယောက်ထက် များစွာမြင့်မားသော်လည်း ထိုခံစားချက်ကိ ခံစားခဲ့ရသည်။
"ဒါနဲ့ ရှန်းလင်၊ မင်းက အမှောင်မြစ်ရဲ့ မြစ်လက်တက်က စွမ်းအားတွေနဲ့ အင်မော်တယ်ဘုရင်တစ်ပိုင်း ဖြစ်လာတာလို့ပြောတယ်"
"အမှောင်မြစ်ရဲ့ အရင်းအမြစ်က အမည်မဲ့နေရာမှာ ရှိနေတဲ့ပုံပဲ။ အနာဂတ်မှာ အခွင့်အရေးရရင် ရှန်းလင်ကို စစ်မှန်တဲ့ အင်မော်တယ်ဘုရင်ဖြစ်လာစေဖို့ ကျွန်တော် ကူညီပေးမယ်"
"အဲဒီအချိန်ကျရင် ရှန်းလင်ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ ဘယ်သူကမှ မင်းကို ခြိမ်းခြောက်လို့မရတော့ဘူး"
ကျွင်းရှောင်ယောက်က အခိုင်အမာ ပြောလိုက်သည်။
ယခုအခါ လော့ရှန်းလင်ဟာ သူ့လူများထဲမှ တစ်ယောက်ဖြစ်လာခဲ့ပြီ။
ထို့ကြောင့် သူ့အတွက်လည်း စဉ်းစားပေးရမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူ့လူများကိုတော့ အမြဲဂရုစိုက်ပေသည်။
သူက ရှားပါးသော အသက်စမ်းရေတချို့ကိုပင် ထုတ်ယူခဲ့သည်။
ယင်းက လော့ရှန်းလင်၏ ကျင့်ကြံမှုအတွက် အထောက်အကူ ဖြစ်လိမ့်မည်။
"ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်က သူမကို စိတ်ရင်းမှန်ဖြင့် ဂရုစိုက်နေကြောင်း မြင်လိုက်ရတော့ လော့ရှန်းလင်၏ မျက်လုံးများ ဝင်းပသွားခဲ့သည်။
ကာကွယ်စောင့်ရှောက်ခြင်းခံရသည့် ခံစားချက်ကို သူမ ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။
တစ်နေရာရာမှ အင်အားတစ်ခု စီးဆင်းလာသလိုခံစားရကာ...
လော့ရှန်းလင်လည်း ရှေ့သို့တိုးလာပြီး ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများကို နမ်းလိုက်တော့သည်။
ကျွင်းရှောင်ယောက်လည်း အံ့အားသင့်သွားပြီး နောက်မှ တုံ့ပြန်ခဲ့မိသည်။
သူ အနိုင်ကျင့်ခံရပြန်ပြီ။