အခန်း ၁၀၄၈
Vol. 70 Ch. 1048
အခန်း ( ၁၀၄၈ ) ပိအန်းမျိုးနွယ်ဆီသို့ အသွား။
ကျွင်းရှောင်ယောက်လည်း သူ့တွင် ကျိန်စာတစ်မျိုး ရှိနေသလို ခံစားလိုက်ရသည်။
အမြဲတမ်းအလိုလို အနိုင်ကျင့်ခံရ၏။
သူ့ဘက်မှ အစပြုရသည့်အချိန်က နည်းလွန်းသည်။
အနမ်းက သိပ်မကြာဘဲ ပြီးသွားသည်။
ဤအခိုက်တွင် လော့ရှန်းလင်၏ ပါးပြင်နှစ်ဖက်က ပန်းနုရောင်သန်းနေပြီး မျက်လုံးလေးများမှာလည်း ချစ်ရည်ရွှမ်းပြီး အရည်လဲ့နေလေသည်။
မသိနိုင်သော တွန်းအာတစ်ခုကြောင့် နမ်းခဲ့ခြင်းဖြစ်သော်လည်း...
ဤသည်မှာ ပထမဆုံးဖြစ်သောကြောင့် ထိတွေ့ရုံဖြစ်ကာ သိပ်ပြီး အဆင်မပြေခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ကျွင်းရှောင်ယောက်က သူမကို တွန်းမထုတ်ခဲ့ပါ။
မဟုတ်ပါက၊ ရှက်လွန်းသဖြင့် အသက်ပျောက်သွားနိုင်သည်။
ဟုတ်သည်၊ ကျွင်းရှောင်ယောက်ကလည်း သဘာဝအတိုင်း ငြင်းဆန်မည် မဟုတ်ပါ။
ယောက်ျားတစ်ယောက်အနေဖြင့် ဤအနိုင်ကျင့်မှုကို လက်ခံနိုင်သည်။
အနည်းဆုံးတော့ လော့ရှန်းလင်ကို အောင်နိုင်ခဲ့ပြီ။
ထူထဲသော ပေါင်လုံးကြီးကို တင်းတင်းကြပ်ကြပ် ဖက်ထားရမည် ဖြစ်သည်။
ဤအခိုက်တွင် အခြေအနေက အနည်းငယ် အဆင်မပြေ ဖြစ်နေသည်။
လော့ရှန်းလင်က မျက်လွှာချနေပြီး ကျွင်းရှောင်ယောက်၏ မျက်လုံးများကို မကြည့်ဝံ့တော့ပေ။
ကျွင်းရှောင်ယောက်က ခဏတာ ငြိမ်သက်နေပြီးနောက် ပြောလိုက်သည်။
"ရှန်းလင်၊ မင်းလေ့ကျင့်ဖို့ နည်းလမ်းကို ကျွန်တော် ရှာလိုက်ဦးမယ်"
"ဒါပေမဲ့... အမည်မဲ့နယ်မြေက အန္တရာယ်များတယ်..."
လော့ရှန်းလင်က စိုးရိမ်သောက မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။
ယင်းက တိုင်းတစ်ပါး၏ အဆန်းကြယ်ဆုံးနေရာဟု ပြောနိုင်ပေသည်။
သူကိုယ်တိုင်ပင် ခြေမချဖူးသေးပေ။
တိုင်းတစ်ပါး၏ တန်ခိုးအကြီးဆုံး၊ လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးအကျဆုံး အဆုံးစွန်ဧကရာဇ်မျိုးနွယ်စုများလည်း ထိုနေရာတွင် ရှိကြသည်။
ကျွင်းရှောင်ယောက်ကို သူမအတွက် မစွန့်စားစေချင်ပေ။
"ဒါက ကျွန်တော်လုပ်ရမဲ့အရာပဲ"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
လော့ရှန်းလင်သာ အင်မော်တယ်ဘုရင်နယ်ပယ်ကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့ပါက ကျွင်းရှောင်ယောက်အတွက် များစွာ အထောက်အကူ ဖြစ်လိမ့်မည်။
ထို့နောက်တွင် သူက လော့ရှန်းလင်နှင့် နောက်ထပ် တစ်လခန့် အတူနေခဲ့သည်။
ထိုကြားထဲမှာတော့ အခြား ဘာမျှမဖြစ်ခဲ့ပေ။
ထို့နောက် ကျွင်းရှောင်ယောက်က ထွက်ခွာသွားခဲ့သည်။
လမ်းတွင်၊ ကျွင်းရှောင်ယောက်က လော့ရှန်းလင်ကို ဝိညာဉ်အသိ နိုးထစေခဲ့သော ကစဉ့်ကလျားခန္ဓာအကြောင်း တွေးနေမိ၏။
ထိုကစဉ့်ကလျားခန္ဓာကို မပျောက်ကွယ်သင့်ဟု ယောင်ဝါးဝါး ခံစားမိသည်။
ပုံမှန်အားဖြင့် ကစဉ့်ကလျားခန္ဓာအမှန်ဖြစ်သရွေ့ အင်မော်တယ်နယ်မြေကြီးတွင် အလွန်နာမည်ကြီးသင့်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ အင်မော်တယ်နယ်မြေကြီးတွင် ထိုကစဉ့်ကလျားခန္ဓာအကြောင်း မကြားခဲ့ဖူးပေ။
ထိုသို့ဆိုလျှင် ဖြစ်နိုင်ချေက တစ်ခုသာ ရှိသည်။
ကစဉ့်ကလျားခန္ဓာမှာ အင်မော်တယ်နယ်မြေကြီး၏ လျှို့ဝှက် အင်အားတစ်ခုမှ အဖွဲ့ဝင်တစ်ဦး ဖြစ်နိုင်ပြီး သူ၏ အထောက်အထား ခြေရာများကို လုံးဝ ဖျောက်ဖျက်ပေးထားခြင်းပင်။
ကျွင်းရှောင်ယောက်လည်း အင်မော်တယ်နယ်မြေကြီးမှ မနိုးထသေးသော ကစဉ့်ကလျားခန္ဓာမျိုးစေ့အကြောင်းကို ရုတ်တရက် တွေးလိုက်မိသည်။
သူတို့ကြားတွင် ဆက်စပ်မှုတို့ ရှိနေပါသလော။
ကျွင်းရှောင်ယောက်က အများကြီး စဉ်းစားခဲ့သည်။
ထို့နောက်တွင် ကျွင်းရှောင်ယောက်က ရွယ်ယွဲ့ကို သွားတွေ့ခဲ့သည်။
နှစ်ယောက်သား စစ်နတ်ဘုရားနန်းတော်မှ တိတ်တဆိတ် ထွက်သွားကြ၏။
ဤတစ်ကြိမ်တွင်၊ ကျွင်းရှောင်ယောက်က ရွယ်ယွဲ့ကိုသာ ခေါ်ဆောင်လာပြီး မည်သူ့ကိုမျှ သတိပေးခြင်းမပြုခဲ့ပေ။
လမ်းတွင် ကျွင်းရှောင်ယောက်က ရွယ်ယွဲ့အား ပိအန်းမျိုးနွယ်နှင့်ပတ်သက်သည့် အကြောင်းအရာအချို့ကို မေးမြန်းခဲ့သည်။
ရွယ်ယွဲ့ကလည်း သူမသိသမျှကို ပြောပြခဲ့ပေသည်။
သို့ရာတွင်... သူမက ပိအန်းဧကရာဇ်မျိုးနွယ်သို့ အမှန်တကယ် မရောက်ဖူးသေးသဖြင့် အတိအကျတော့ မသိပေ။
ယခင်က သူဟာ ပိအန်းအဖွဲ့အစည်း၏ လျှို့ဝှက်လူသတ်သမားတစ်ဦးသာ ဖြစ်ခဲ့သည်။
ပိအန်းအဖွဲ့အစည်းက ပိအန်းဧကရာဇ်မျိုးနွယ်၏ လက်အောက်ခံ အင်အားစုတစ်ခုမျှသာ ဖြစ်ချေသည်။
အတိအကျပြောရလျှင် ၎င်းက အပြာရောင်လီလီပန်းမျိုးနွယ်ကဲ့သို့ ဘုရင်ခံတစ်ဦးဟုသာ ဆိုသင့်သည်။
'ပိအန်းဧကရာဇ်မျိုးနွယ်က တကယ်ကို ဆန်းကြယ်တာပဲ'
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
ယခုအချိန်တွင် သူက တိုင်းတပါးတွင် ရှိနေသော်လည်း စိုးရိမ်ပူပန်မှု မရှိပေ။
လတ်ရှိမှာ အဆုံးစွန်ဧကရာဇ်မျိုးနွယ် မဟုတ်ပါက မည်သည့် ဧကရာဇ်မျိုးနွယ်ကိုမဆို အေးဆေးစွာ ကိုင်တွယ်နိုင်သည်။
ပိအန်းဧကရာဇ်မျိုးနွယ်က ပိအန်းပြည်နယ်တွင် ရှိပေသည်။
ကြီးမားသော ပြည်နယ်တစ်ခုလုံးကို ဤမျိုးနွယ်စု၏ အမည်တပ်ထားခြင်းက၊ ဤမျိုးနွယ်စု၏ အင်အားကို ပြသနေသည်။
သို့သော်လည်း ဤမျိုးနွယ်စုက အလွန်လျှို့ဝှက်ပြီး ပြင်ပကမ္ဘာတွင် တွေ့ရခဲပေသည်။
ဆန့်ကျင်ဘက်အနေဖြင့်၊ အပြာရောင်လီလီပန်းမျိုးနွယ်ကဲ့သို့ ဘုရင်ခံများကိုသာ မြင်ရသည်။
တစ်လအကြာတွင်၊ ကျွင်းရှောင်ယောက်က ပိအန်းပြည်နယ်သို့ ရောက်ခဲ့သည်။
ထို့နောက် ပိအန်းဧကရာဇ်မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ တိုက်ရိုက်သွား၏။
လမ်းတွင်၊ ကျွင်းရှောင်ယောက်က ရုတ်တရက် ရပ်လိုက်ပြီး အေးစက်သော မျက်လုံးများဖြင့် ရှေ့ကို လှမ်းကြည့်လိုက်သည်။
မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦး တိတ်တဆိတ် ပေါ်လာ၏။
"ဟွာလျန်..."
ရွယ်ယွဲ့က စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
ထိုအချိန်က မြေအောက် သိုင်းပြိုင်ကွင်းတွင် ရွယ်ယွဲ့ မျှော်လင့်ချက်မဲ့သွားချိန်မှာ ဟွာလျန်ပေါ်လာပြီး မှားယွင်းသော မျှော်လင့်ချက်ကို ပေးခဲ့သည်။
ထိုစဉ်က ဟွာလျန်မှာ သူ့ကို လှည့်စားခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ဟွာလျန်ကြောင့်သာ မဟုတ်ပါက၊ သူမ ယခုအချိန်ထိပင် အသက်မရှင်နိုင်တော့ဘဲ ရူးသွားပေလိမ့်မည်။
ကျွင်းရှောင်ယောက်နှင့် တွေ့ဆုံပြီး နောက်ပိုင်းဇာတ်လမ်းများ ဖြစ်လာနိုင်ချေက ပို၍ပင် နည်းသည်။
ထို့ကြောင့် ဟွာလျန်နှင့် ပတ်သက်၍ ရွယ်ယွဲ့၏ ခံစားချက်များမှာ ရှုပ်ထွေးနေခဲ့ပေသည်။
"ဘာကိစ္စလဲ"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျော်ကြားလှတဲ့ စစ်နတ်ဘုရားက အမှန်တကယ်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်။ ငါမျိုးနွယ်က မင်းကို ကျေးဇူးတင်ကြောင်း ပြောပါရစေ"
ဟွာလျန်က ပြုံးပြီး ပြောလိုက်သည်။
"အိုး"
ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။
"ပိအန်းမင်းသားက နည်းနည်း စိတ်အနှောက်အယှက်ဖြစ်စေတယ်။ နောက်ပြီး ရွယ်ယွဲ့ကို ကယ်တင်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။"
"သူက ငါ့အဖွဲ့အစည်းရဲ့ အထက်ဆုံး ဓားတစ်လက်ပဲလေ၊ ငါ့မိသားစုက သူ့ကို ဘာမှမဖြစ်စေချင်ပါဘူး"
ဟွာလျန်က လေးလေးနက်နက် ပြောလိုက်သည်။
"ဒီအတွက် ရှင် ကျွန်မကို လှည့်စားခဲ့တာလား"
ရွယ်ယွဲ့က ရုတ်တရက် ပြောလိုက်၏။
"ငါ လှည့်စားခဲ့တာ မဟုတ်ပါဘူး။ ဖြစ်နိုင်ချေအရမ်းနည်းပေမဲ့ မင်းအစ်ကိုရဲ့ ဝိညာဉ်ကို မင်းပြန်ခေါ်လာနိုင်လောက်တယ်"
ဖြစ်နိုင်ချေ တစ်ဘီလီယံတွင် တစ်ခုဆိုလျှင်ပင် အနည်းဆုံးတော့ ဖြစ်နိုင်သေးသည်။ ထို့ကြောင့် ဟွာလျန်ဟာ သူမ လှည့်စားမိခဲ့သည်ဟု မထင်ပေ။
ရွယ်ယွဲ့လည်း ဘာမျှ ထပ်မပြောတော့ပါ။
သူမက အဝေးကို လှမ်းကြည့်လိုက်သည်။
သူ့အစ်ကိုက သာမန် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
သူ့ဝိညာဉ်ကို ပြန်ခေါ်လာရန်တော့ မဆိုထားဘိ၊ ဤလောကထဲမှာ ခြေရာတစ်ခု ချန်ထားရန်ပင် ခက်ပေသည်။
"မင်း ပိအန်းဧကရာဇ်မျိုးနွယ်ကို သွားနေတာလား"
ဟွာလျန်က အကြောင်းအရာကို ပြောင်းလိုက်သည်။
"မှန်တယ်"
ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။
"ငါ့မျိုးနွယ်က မင်းရဲ့လမ်းကို သဘာဝအတိုင်း မတားဆီးပါဘူး။ ဒါပေမဲ့... အပြာရောင်လီလီပန်းမျိုးနွယ်ကတော့ မင်းကို လက်ခဲစေမှာ ကြောက်ရတယ်"
ဟွာလျန်က ပြောသည်။
"ကိစ္စမရှိဘူး၊ သူတို့ တားဆီးဝံ့ရင် တန်ရာတန်ကြေးကို ပေးဆပ်ရလိမ့်မယ်"
ကျွင်းရှောင်ယောက်က လုံးဝ ဂရုမစိုက်ပေ။
"စစ်နတ်ဘုရားက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒါဆိုရင် ငါအနားယူတော့မယ်"
ဟွာလျန်လည်း အနည်းငယ် ပြုံးပြပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ကျွင်းရှောင်ယောက်က ရွယ်ယွဲ့ကိုခေါ်ပြီး ရှေ့ဆက်ခဲ့သည်။
ရက်အနည်းငယ် ကြာမြင့်သွားခဲ့ပြီ။
ရှေ့တွင် အပြာရောင် လီလီပန်းပွင့်များ မြင်လာခဲ့ရသည်။
ယင်းက ပင်လယ်ပြင်ကဲ့သို့ ပြာလဲ့နေပြီး တစ်ချက်ကြည်ရုံမျှဖြင့် လူများကို နစ်မြုပ်သွားစေနိုင်သော အတတ်တစ်မျိုး ရှိနေပုံရ၏။
ကျွင်းရှောင်ယောက်လည်း အားနည်းသော အစီရင်လှိုင်းတစ်ခုကို ခံစားမိသောကြောင့် မျက်ခုံးပင့်လိုက်မိသည်။
'ပိအန်းမျိုးနွယ်ရဲ့ ဘိုးဘွားမြေက ပိအန်းပြည်နယ်ရဲ့ အလယ်ဗဟိုမှာ ရှိပေမဲ့ အပြာရောင်လီလီပန်းမျိုးနွယ်က အစွန်အဖျားမှာနေပြီး... ငါ့ကိုတားဆီးပြီး ထိုးနှက်ချင်နေပုံရတယ်'
ကျွင်းရှောင်ယောက်က တွေးလိုက်သည်။
ပြီးပြည့်စုံသော မျိုးဆက်သုံးခု ရှေးဦး၀ိညာဉ်၏ ခံစားနိုင်စွမ်းက အလွန်ခိုင်မာပေသည်။
သူ၏ အသိစိတ်က အမှောင်ထုထဲတွင် ငြိမ်သက်နေသော အလင်းတန်းအချို့ကို ချက်ချင်း သတိပြုမိသွားသည်။
အပြာရောင်လီလီပန်းမျိုးနွယ်မှ လူများက မမိုက်မဲကြပေ။ ကျွင်းရှောင်ယောက်နှင့် ရှုပ်ရန်မလွယ်ကြောင်း သူတို့ သိကြသည်။
ထို့ကြောင့် သူသည် မျိုးနွယ်စု၏ အစီရင်ကြီးကို တိုက်ရိုက် ထုတ်ဖော်ခဲ့ပေသည်။
ဤအရာက အဓိပဓိများကို ထောင်ချောက်ဆင်ရန် လုံလောက်သော ဝင်္ကပါတစ်ခု ဖြစ်ချေသည်။
ကျွင်းရှောင်ယောက်အတွက် ခက်ခဲသောအရာများကို လုပ်ချင်နေကြကြောင်း ထင်ရှားသည်။
ကျွင်းရှောင်ယောက်၏ အမူအရာက အေးစက်သွားပြီး ရွယ်ယွဲ့နှင့်အတူ တိုက်ရိုက် လျှောက်သွားသည်။
အမှောင်ထဲမှာတော့ လူတစ်စုက အမှန်တကယ် စောင့်ကြည့်နေပေသည်။
ခေါင်းဆောင်က လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
သူကား ပိအန်းမင်းသား၏ သွေးသားရင်းဖြစ်ပြီး ကောင်းကင်အဓိပဓိငယ်အဆင့် ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်၏။
ပိအန်းမင်းသားမှာ ကျွင်းရှောင်ယောက်၏လက်ထဲတွင် သေဆုံးခဲ့ခြင်းဖြစ်ခြင်းကြောင့် သဘာဝအတိုင်း သူတို့ စိတ်မချမ်းသာပေ။
ထို့ကြောင့် အခွင့်အရေးရသည့်နှင့် ကျွင်းရှောင်ယောက်ကို ခက်ခဲအောင်လုပ်ချင်ခဲ့သည်။
ဟုတ်သည်၊ ကျွင်းရှောင်ယောက်ကိုသတ်ရန် မဖြစ်နိုင်တာကိုတော့ သူတို့အသိပင်။
သူတို့ လုပ်ချင်သော်လည်း အကျိုးဆက်က သူတို့ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပါ။
အပြာရောင် လီလီပန်းမျိုးနွယ် တစ်ခုလုံးတောင် ခံနိုင်မည်မဟုတ်ချေ။
သူ့အနားမှာတော့ ပိအန်းမင်းသား၏ မျိုးရိုးမှ ပါရမီရှင် လူငယ်အချို့ ရှိနေသည်။ သူတို့အားလုံးက ပွဲကောင်းတစ်ပွဲကို စောင့်မျှော်နေကြပေသည်။
"ပိအန်းမင်းသားအတွက် လက်စားချေရမယ်"
အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက ဝင်္ကပါထဲမှ ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေသည်။
သူမက ပိအန်းမင်းသား၏ ချစ်သူပင်။
သို့သော်လည်း ဤလူအုပ်စုကို ထိတ်လန့်စေသည့်အရာမှာ... ကျွင်းရှောင်ယောက်က ဝင်္ကပါအတွင်း၌ မိမိအိမ်နောက်ဖေး၌ လမ်းလျှောက်သကဲ့သို့ သွားလာနေခြင်း ဖြစ်သည်။
ပြီးပြည့်စုံသော မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ရှေ့တွင် ဤဝင်္ကပါက လုံးဝ အသုံးမဝင်ပေ။
ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်စွမ်းအားက လွပ်လပ်စွာ စီးဆင်းသွားခဲ့သည်။ သူ့ရှေ့တွင် မည်သည့် ပုံရိပ်ယောင်မဆို အသုံးမဝင်ချေ။
နောက်အခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ပျောက်သွားသည်။
"ဘာတွေဖြစ်နေတာလဲ"
လူလတ်ပိုင်းအရွယ် အမျိုးသား အံ့ဩသွားခဲ့သည်။
"ဝုန်း"
ရုတ်တရက်၊ သူတို့အပေါ်မှ ဟင်းလင်းပြင်က ကွဲထွက်သွား၏။
ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်ကဲ့သို့ လူရိပ်တစ်ခု ထွက်ပေါ်လာပြီး လူလတ်ပိုင်း အမျိုးသားကို လက်ဝါးဖြင့်ဖိချလိုက်တော့သည်။
"အတင့်ရဲလှချေလား"
လူလတ်ပိုင်းအရွယ် အမျိုးသား အံ့အားသင့်သွားပြီး ဒေါသတကြီး အော်လိုက်သည်။
သူသည်ကား တန်ခိုးကြီးသော ကောင်းကင်အဓိပဓိငယ် ကျွမ်းကျင်သူ ဖြစ်၏။
ကျွင်းရှောင်ယောက်က သူ့ကို အဘယ်သို့ အစပြု၍ တိုက်ခိုက်ဝံ့သနည်း။