အခန်း ၁၀၄၉
Vol. 70 Ch. 1049
အခန်း ( ၁၀၄၉ ) ကောင်းကင်အဓိပဓိငယ် ကျွမ်းကျင်သူကို တိုက်ခိုက်ခြင်း။
အဓိပဓိနယ်ပယ်ခုနစ်ခုကြားတွင် ကျော်ဖြတ်ရန် မဖြစ်နိုင်လောက်သော ကွာဟချက်များ ရှိသည်။
သူတော်စင်နယ်ပယ် အဆင့်ကိုးခုတွင် ပါရမီရှင်တချို့က အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်ကြသည်။
သို့ရာတွင်၊ အဓိပဓိနယ်ပယ် ခုနစ်ခုမှာတော့ မဖြစ်နိုင်သလောက်ပင်။
ယခုတော့ ကျွင်းရှောင်ယောက်က သူ့အား တိုက်ရိုက် တိုက်ခိုက်နေသောကြောင့်... လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ပထမ အံ့အားသင့်သွားသည်။
ထို့နောက် သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ပေါ်လာတော့သည်။
လူလတ်ပိုင်း အမျိုးသားက ကောင်းကင်အဓိပဓိငယ် စွမ်းအားများဖြင့် ပေါက်ကွဲထွက်ပြီး ကျွင်းရှောင်ယောက်၏လက်ဝါးကြီးကို ရင်ဆိုင်လိုက်၏။
နိယာမစွမ်းအားကလည်း ကျယ်ပြောလှသော သမုဒ္ဒရာကြီးကဲ့သို့ ဖြန့်ကျက်လာတော့သည်။
ကောင်းကင်အဓိပဓိငယ်အဆင့် ကျွမ်းကျင်သူများက နိယာမကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ကြသည်။ ထို့ကြောင့် အံ့မခန်းနည်းလမ်းများကို ထုတ်ဖော်ရန် နိယာမစွမ်းအားကို အသုံးပြုနိုင်ကြ၏။
နိယာမက သူတို့လက်ထဲတွင် ကြောက်စရာကောင်းသော တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည်။
ယေဘူယျအားဖြင့် ကောင်းကင်အဓိပဓိငယ်များ၏ နိယာမကို နားလည်နိုင်မှုမှာ အဓိပဓိများထက် များစွာသာလွန်ကြပေသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က မတူပေ။
သူက ခန္ဓာနိယာမကို ထုတ်ဖော်လိုက်သောအခါ သူ၏ သွေးကြောတိုင်းမှ အံ့မခန်းစွမ်းအားများ တုန်ခါပြီး ပေါက်ကွဲထွက်လာပုံရသည်။
ထို့ပြင်၊ ကစဉ့်ကလျားစွမ်းအင်က ထောက်ပံ့ထားသည်။
နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်မျိုးနွယ်၏ အင်အား သဘာဝစွမ်းရည်ကလည်း ဖြည့်ဆည်းပေးနေ၏။
သူ့ကိုယ်ပိုင် နယ်ပယ်ကလည်း အဓိပဓိနယ်ပယ် သေးငယ်သော ပြီးပြည့်စုံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏အမြင်တွင်၊ ကောင်းကင်အဓိပဓိငယ်က မဖြတ်ကျော်နိုင်သောတောင် မဟုတ်တော့ပေ။
"ဝုန်း"
နိယာမစွမ်းအားများက တိုက်မိသွားကြသည်။ ကစဉ့်ကလျားစွမ်းအင်များက ဒီရေကဲ့သို့ ပျံ့နှံ့သွား၏။
တိုက်ခိုက်မှု အားလှိုင်းများကြောင့် ဝင်္ကပါမှာပင် များစွာထိခိုက်သွားတော့သည်။
ထိပ်တိုက် ရင်ဆိုင်ပြီးနောက်တွင်...
ကျွင်းရှောင်ယောက်၏ရုပ်သွင်က မလှုပ်ရှားခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ရသည်။
ခြေတစ်လှမ်းဆုတ်လိုက်တိုင်း ဟင်းလင်းပြင်က ပြိုကျသွားရလေသည်။
"ဟင်... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ဦးလေး ဖိအားပေးခံလိုက်ရပြီ"
ပိအန်းမင်းသား၏ မျိုးရိုးမှ လူငယ်များနှင့် အပြာရောင်ဝတ် မိန်းကလေးတို့အားလုံး တုန်လှုပ်သွားကြသည်။
ယုတ္တိနည်းဗေဒအရ၊ မျိုးဆက်သစ်လူငယ်များ၏ ပြဿနာများကို သူတို့ဘာသာ ဖြေရှင်းသင့်သည်။
သို့ရာတွင် ကျွင်းရှောင်ယောက်က မည်မျှ အစွမ်းထက်ကြောင်း သူတို့သိထားသောကြောင့်၊ လူလတ်ပိုင်းအမျိုးသားကို ဦးဆောင်စေခဲ့ပေသည်။
ပုံမှန်အားဖြင့် ကောင်းကင်အဓိပဓိငယ် စွမ်းအားဖြင့် အဓိပဓိတစ်ပါးကိုဖိနှိပ်ရန် လုံလောက်သည်ထက် ပိုသင့်သည်။
ယခုမူကား အဘယ်အရာကို မြင်နေရသနည်း။
ဖိနှိပ်ခံခဲ့ရသူမှာ လူလတ်ပိုင်းအမျိုးသား ဖြစ်နေခဲ့ချေပြီ။
"အဓိပဓိနယ်ပယ်ကို ကျော်လွန်နေတဲ့ ရုပ်ခန္ဓာ"
လူလတ်ပိုင်းအမျိုးသား တုန်လှုပ်သွားခဲ့သည်။ သူ့အရိုးများမှ တဖျစ်ဖျစ်မြည်သံများကိုပင် ကြားလိုက်ရ၏။
ကျွင်းရှောင်ယောက်၏ ရုပ်ခန္ဓာက အဓိအဓိအဆင့်ကို ကျော်လွန်နေခဲ့ပြီ။
ကောင်းကင်အဓိပဓိငယ်ဖြစ်သော သူ၏ ရုပ်ခန္ဓာသည်ပင်၊ ကျွင်းရှောင်ယောက်လောက် မသန်မာပေ။
"ရုပ်ခန္ဓာချင်း ရင်ဆိုင်နေလို့ မရဘူး"
သက်လတ်ပိုင်း အမျိုးသား၏ အမူအရာမှာ လေးနက်လာခဲ့သည်။
ပုံမှန်အားဖြင့် အဓိပတိတစ်ပါးကို ဖိနှိမ်ခြင်းမှာ သူ့အတွက် အလွန်ရိုးရှင်းသောကိစ္စ ဖြစ်သင့်သည်။
သို့ရာတွင်၊ နယ်ပယ်နှင့် တိုက်ခိုက်ရေးစွမ်းအားက တစ်ဖက်လူအား ယှဉ်မရဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ပိအန်းရဲ့ အလင်းရောင်"
သက်လတ်ပိုင်းအရွယ် အမျိုးသားက အပြာရောင်လီလီပန်းမျိုးနွယ်၏ နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့သည်။
ပိအန်းဧကရာဇ်မျိုးနွယ်မှ ကျောထောက်နောက်ခံပြုထားသည့် အပြာရောင်လီလီပန်းမျိုးနွယ်၏ နတ်ဘုရားစွမ်းရည်က သဘာဝအတိုင်း မရိုးရှင်းပေ။
လေထဲတွင် နိယာမစွမ်းအားများ စုစည်းလာပြီးနောက် အလွန်တောက်ပသော အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အပြာရောင်ပန်းပင်လယ်ကြီး ပေါ်လာခဲ့၏။
တောက်ပသော အပြာရောင် အလင်းက ပန်းပင်လယ် ထဲတွင် ပျံ့လွင့်ကာ အရာအားလုံးကို ချေမှုန်းနိုင်သော အလင်းရောင်စဉ်ပင်လယ်အဖြစ် ပြောင်းလဲသွားတော့သည်။
ပိအန်း၏အလင်းရောင်က တစ်ဖက်ကမ်းသို့ ရောက်ရှိပါက ဝိညာဉ်လည်းရောက်သွားမည် ဖြစ်သည်။
တစ်နည်းဆိုရသော်၊ ကျဆုံးရလိမ့်မည်။
ကျွင်းရှောင်ယောက်၏ အမူအရာကတော့ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိပေ။ သူက ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တပြိုင်နက်၊ ကမ္ဘာသစ်တစ်ခု ပေါ်လာသကဲ့သို့ ကစဉ့်ကလျားစွမ်းအင်များက ပေါက်ကွဲထွက်လာခဲ့သည်။
အုံ့ဆိုင်းနေသော ကစဉ့်ကလျားစွမ်းအင်များကြားတွင် ကြီးမားသော ရှေးနတ်ဘုရားပုံရိပ်လည်း ရှိနေပုံရ၏။
ကစဉ့်ကလျားခန္ဓာ၏ သဘာဝရူပါရုံ၊ ကစဉ့်ကလျားကောင်းကင်ကိုဖွင့်ခြင်း။
ပိအန်းအလင်းရောင်က ဖြာထွက်လာသော်လည်း ရှေးနတ်ဘုရားကြီး၏ ပုံရိပ်ကြောင့် ကွဲထွက်သွားရသည်။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ အနှိုင်းမဲ့နတ်သွေးများကလည်း ဆူပွက်လာ၏။
သူ၏ ဘယ်ညာလက်တစ်ဖက်စီတွင်လည်း ထက်မြက်သော အလင်းတစ်ခုစီ ပေါ်လာတော့သည်။
ယင်းက ယခင် အနှိုင်းမဲ့အရိုး၏ နတ်ဘုရားစွမ်းရည်... ကောင်းကင်ကပ်ဘေးအလင်းနှင့် ဆမ်ဆာရာနီဗားနား၏အလင်းရောင်တို့ပင်။
ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူ့ထံမှ ထုတ်လွှတ်နေသော အလင်းရောင်က ပိအန်း၏အလင်းရောင်ထက် အားမနည်းဘဲ အလွန်တောက်ပ၏။
နတ်ဘုရားစွမ်းရည်ခြင်း နှိုင်းယှဉ်လျှင်လည်း ကျွင်းရှောင်ယောက်က နောက်မကျပေ။
'ချီးပဲ...'
သက်လတ်ပိုင်း အမျိုးသား၏အမူအရာက ပျက်ယွင်းစပြုလာခဲ့သည်။
အထူးသဖြင့် အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးနှင့် အခြားသူများ မယုံကြည်နိုင် ဖြစ်သွားကြ၏။
ကောင်းကင်အဓိပဓိငယ်အဆင့် ကျွမ်းကျင်သူမှာ အမှန်တကယ်ပင် အဓိပဓိတစ်ပါး၏ ဖိနှိပ်ခြင်း ခံနေရသည်။
ကိုယ့်မျက်စိနှင့် မမြင်ဖူးပါက၊ လုံးဝ ယုံနိုင်ကြမည် မဟုတ်ပေ။
"လန်တျဲ၊ မင်းပြောတော့ ကစဉ့်ကလျားခန္ဓာက ပိအန်းမင်းသားကို လှည့်ကွက်သုံးပြီး သတ်ပစ်ခဲ့တာပဲ ဖြစ်ရမယ်ဆို"
"အခုတော့ ကြည့်ရတာ ပိအန်းမင်းသားကို သတ်ဖို့ ကစဉ့်ကလျားခန္ဓာအတွက် သိပ်အားစိုက်ထုတ်စရာ မလိုဘူးထင်တယ်"
လူငယ်တစ်ယောက်က ကြောင်တက်တက်ဖြင့် ပြောလိုက်သည်။
ဤအခိုက်တွင်၊ အပြာရောင်ဝတ်စုံဝတ် မိန်းကလေး လန်တျဲ၏ မျက်နှာမှာလည်း ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့သည်။
သူမနှင့် ပိအန်းမင်းသားဟာ ငယ်ချစ်များ ဖြစ်သည်။
ထို့ကြောင့် ပိအန်းမင်းသားကို အလွန်ယုံကြည်ပြီး၊ ကျွင်းရှောင်ယောက်က လှည့်ကွက်သုံး၍ သတ်ခဲ့ခြင်းဖြစ်မည်ဟု သူမ အမြဲတွေးခဲ့မိပေသည်။
သို့သော်လည်း လက်ရှိမြင်ကွင်းက သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ခဲ့သည်။
ကောင်းကင်အဓိပဓိငယ်ပင်လျှင် ကျွင်းရှောင်ယောက်ကို မယှဉ်နိုင်ပါ။
သို့ဖြစ်ပေရာ၊ ပိအန်းမင်းသားက ဘာများ စွမ်းဆောင်နိုင်ဦးမည်နည်း။
ဤအခိုက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာက အလွန်လေးနက်နေခဲ့သည်။ သူက ထပ်မံတိုက်ခိုက်လိုက်သော်လည်း ယခုတစ်ကြိမ်တွင်၊ ရှေးဦးဝိညာဉ်စွမ်းအားကို အသုံးချလိုက်၏။
တခဏချင်းမှာပင်၊ ကျွင်းရှောင်ယောက်လည်း ထူးဆန်းသော ဝိညာဉ်နယ်မြေတစ်ခုထဲကို ဆွဲသွင်းခံရသလို ခံစားလိုက်ရတော့သည်။
ပတ်ဝန်းကျင်ရှိ အပြာရောင် ပန်းပွင့်များက ကြီးမားကျယ်ပြန့်သော ပင်လယ်တစ်ခုကဲ့သို့ လှိုင်းထနေခဲ့သည်။
ထို့နောက်၊ အလယ်ဗဟိုတွင် လူလတ်ပိုင်းတစ်ဦး၏ ဝိညာဉ်ခန္ဓာပေါ်လာ၏။ သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ငါ့ပိအန်းမျိုးရိုးရဲ့ တကယ့်အနှစ်သာရက ဝိညာဉ်ပဲ"
"တစ်ဖက်ကမ်းမှာ ပန်းတွေပွင့်ပြီး ဝိညာဉ်က ငရဲကို ရောက်သွားလိမ့်မယ်"
သက်လတ်ပိုင်းအရွယ် အမျိုးသားက သူ၏ လျှို့ဝှက်နည်းလမ်းကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
သို့သော်...
ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အထင်မြင်သေးမှုဖြင့် တွန့်ကွေးသွားခဲ့သည်။
အကယ်၍သာ ယခင်ကဆိုလျှင် ကျွင်းရှောင်ယောက် အခက်တွေ့ရမည်မှာ အမှန်ပင်။
အကြောင်မှာ၊ သူ၏ ရုပ်ခန္ဓာထက် နည်းလမ်းများထက် ရှေးဦးဝိညာဉ်က များစွာပို၍ အားနည်းသောကြောင့် ဖြစ်သည်။
ယခုမူ၊ ဝိညာဉ်ကျမ်းကို ရရှိသွားခဲ့ပြီ။
ဝိညာဉ်ကျမ်းဖြင့် သူ၏ ရှေးဦးဝိညာဉ်နည်းလမ်းများက ရုပ်ခန္ဓာကျင့်ကြံနည်းများထက် အားနည်းသည် မဟုတ်တော့ပေ။
"ဝုန်း"
ကျွင်းရှောင်ယောက်လည်း သူ၏ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကို ထုတ်ဖော်လိုက်သည်။
လေထဲတွင် တောက်ပသော တာအိုပန်းသုံးပွင့် ထွက်ပေါ်လာ၏။
တာအိုပန်းပွင့်တိုင်း၏ အပေါ်မှာလည်း တင်ပျဉ်ခွေထိုင်နေသော ဝိညာဉ်တစ်ခုစီ ရှိနေသေးသည်။
ဝိညာဉ်တစ်ခုစီက ထူးကဲသော အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဝိညာဉ်သုံးပါး"
သက်လတ်ပိုင်းအမျိုးသား၏ ဝိညာဉ်မှာ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။
ထူးခြားသော ဝိညာဉ်မဟုတ်ပါက...
ပုံမှန်အားဖြင့် ဝိညာဉ်တစ်ခုသာ ရှိလိမ့်မည်။
"ဒါက မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်များ ဖြစ်နိုင်မလား"
သက်လတ်ပိုင်းအမျိုးသား၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
ဤကဲ့သို့ ကောင်းကင်ဘုံကို အံတုနိုင်သော ဝိညာဉ်တစ်မျိုးကို သူကြားဖူး၏။
သေချာတာကတော့ ယင်းက ရှေးဦးဝိညာဉ်များထဲမှာ အကောင်းဆုံးပင်။
ယင်းက အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို ထင်ရှားစေနိုင်သည်။
ယင်းကို အဆင့်တစ်ခုထိ လေ့ကျင့်နိုင်ပါက...
အတိတ်၏ ရှေးဦးဝိညာဉ်က အတိတ်၌ ကွယ်ဝှက်နေနိုင်သည်။
အနာဂတ်ဝိညာဉ်ကိုလည်း အနာဂတ်တွင် ဖုံးကွယ်ထား၍ရ၏။
ပစ္စုပ္ပန်ရှေးဦးဝိညာဉ်က ပျက်စီးသွားလျှင်ပင် အတိတ်နှင့် အနာဂတ်တို့မှ ပြန်လည်မွေးဖွားနိုင်သေးသည်။
ဤမှ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ဟာ ကောင်းကင်ကို မည်မျှအံတုနိုင်ကြောင်း တွေ့နိုင်သည်။
ယခုမူကား၊ ဝိညာဉ်သုံးပါးလုံးက လှုပ်ရှားနေကြပြီ။
အတိတ်ရှေးဦးဝိညာဉ်က ပြန်လည်ဝင်စားခြင်းကပ်ဘေးကို ထုတ်ဖော်လိုက်သည်။
ပစ္စုပ္ပန်ရှေးဦးဝိညာဉ်က မဟာနေမင်းသထ္ထကထာပုံရိပ်ကြီး ပေါ်လာပြီး ဖိနှိပ်လိုက်၏။
အနာဂတ်ဝိညာဉ်အတွက်တော့ တူညီသော ဝိညာဉ်စွမ်းရည် မရှိသေးပါ။
သို့ရာတွင်၊ ၎င်းက အနာဂတ်၏ အသွင်အပြင်ကို သယ်ဆောင်လာပြီး မရေမတွက်နိုင်သော အချိန်အပိုင်းအစများဖြင့် ပြည့်နှက်စေခဲ့သည်။
ဝိညာဉ်သုံးပါးစလုံးက ပြိုင်တူလှုပ်ရှားပြီးနောက်...
"ဝုန်း"
ချက်ချင်းဆိုသလိုပင်၊ သက်လတ်ပိုင်းအမျိုးသား၏ ရှေးဦးဝိညာဉ်က ပြိုကွဲသွားတော့သည်။
တစ်ဖက်ကမ်းရှိ အပြာရောင် ပန်းပင်လယ်သည်လည်း တခဏချင်း ပြိုကျသွားသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ဝိညာဉ်ခန္ဓာ အစိတ်အပိုင်းအများစုသည်ပင် ဖျက်ဆီးခံလိုက်ရသေးသည်။
လေထဲတွင်၊ သက်လတ်ပိုင်း အမျိုးသား၏ နာကျင်စွာ အော်ဟစ်လိုက်သံကြီး ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှလည်း ကွဲအက်ပြီး သွေးများ စီးကျလာတော့သည်။
"ဦးလေး..."
လန်တျဲနှင့် အခြားသူများ၏ မျက်နှာများက သွေးဆုတ်ဖြူရော်သွားကာ အော်ဟစ်လိုက်ကြသည်။
တန်ခိုးကြီးသော ကောင်းကင်အဓိပဓိငယ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ကျွင်းရှောင်ယောက်၏လက်မှာ ရုပ်ပျက်ဆင်းပျက်ဖြင့် ရှုံးနိမ့်သွားခဲ့ပြီ။